Property Expo
×

မကၠဆီကုိႏုိင္ငံတြင္ မီးေတာင္ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့ရာ ေကာင္းကင္သုိ႔ အ ျမင့္ သံုးမုိင္အထိ ျပာမႈန္႔မ်ား ပန္းထြက္လာသျဖင့္ အစုိးရတာ၀န္ ရိွသူမ်ားက ကမၻာ့လွည့္ခရီးသြားမ်ားႏွင့္ ေဒသခံမ်ားအား ေ၀းရာတြင္ ေနထိုင္ၾကရန္ သတိေပးထားသည္။

ပူဘလိုျပည္နယ္တြင္ တည္ ရိွေသာ ပိုပုိကက္ပီတယ္မီးေတာင္ သည္ ႏုိ၀င္ဘာ ၂၅ ရက္ နံနက္အေစာပုိင္းက ေပါက္ကြဲခဲ့ၿပီး ေကာင္း ကင္၌ ျပာမႈန္တိမ္တုိက္ႀကီးမ်ား ထြက္ေပၚလာခဲ့သည္။

မီးေတာင္ေပါက္ကြဲမႈ စတင္ ၿပီး ၂၄ နာရီအတြင္း မကၠဆီကုိ တာ၀န္ရိွသူမ်ားက ထုိမီးေတာင္ မွ ျပာမႈန္႔မ်ား မႈတ္ထုတ္ျခင္း ၁၂၉ ႀကိမ္ျဖစ္ပြားခဲ့ၿပီး မီးေတာင္ေပါက္ကြဲမႈ သံုးႀကိမ္၊ ၁ ဒသမ ၈ မဂၢနီက်ဳ႕ဒ္အင္အားရိွ ငလ်င္တစ္ႀကိမ္ လႈပ္ခတ္ခဲ့ေၾကာင္း ေျပာသည္။

ပုိပိုကက္ပီတယ္ မီးေတာင္ သည္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ ၿငိမ္သက္ေနခဲ့ၿပီး ၁၉၉၄ တြင္ ျပန္လည္ေပါက္ကြဲခဲ့ သည္။

ထိုအခ်ိန္ကစ၍ ျဖစ္ပြားခဲ့ ေသာ အေသးစားေပါက္ကြဲမႈမ်ား ေၾကာင့္ အနီးအနားရိွၿမိဳ႕မ်ားတြင္ ေနထုိင္ၾကေသာ ေဒသခံမ်ားအတြက္ ေန႔စဥ္ဘ၀တစ္စိတ္တစ္ ပုိင္းျဖစ္လာခဲ့သည္။

မကၠဆီကုိႏုိင္ငံ၏ ျပည္သူ႔ ကာကြယ္ေရးဌာနမွ ၫႊန္ၾကား ေရးမွဴး လူစီဖီလပီပန္တီက စူးစမ္းၾကည့္႐ႈလိုသူမ်ား ထိုမီး ေတာင္တြင္ ပုန္းမေနၾကရန္ သတိေပးခဲ့ၿပီး ျပာပူမ်ားသည္ အႏၲ ရာယ္ရိွေၾကာင္း ေျပာသည္။

အနီးအနားတြင္ ေနထိုင္ၾက ေသာ ေဒသခံမ်ားအေနျဖင့္ ျပာ မႈန္႔မ်ား စတင္က်လာျခင္းအ တြက္ ႀကိဳတင္ကာကြယ္မႈမ်ား ျပဳလုပ္သင့္သည္။

အဘယ္ေၾကာင့္ဆုိေသာ္ ထိုျပာမႈန္႔မ်ားက အထူးသျဖင့္ ကေလးငယ္မ်ား၊ အသက္ႀကီးသူ မ်ားႏွင့္ ယခင္ကတည္းက အ သက္႐ွဴက်ပ္ေသာ ေရာဂါရိွသူ မ်ားအတြက္ အသက္႐ွဴလမ္း ေၾကာင္းဆုိင္ရာျပႆနာမ်ား ျဖစ္ ေစႏုိင္၍ ျဖစ္သည္။

ပိုပိုကက္ပီတယ္ မီးေတာင္ သည္ မကၠဆီကုိစီးတီး ေတာင္ ဘက္ ကီလုိမီတာ ၄၀ အကြာခန္႔ တြင္ တည္ရိွၿပီး ၿပီးခဲ့ေသာဧၿပီက ေနာက္ဆံုးအႀကိမ္ ေပါက္ကဲြမႈ ျဖစ္ပြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 မက္ကဆီကိုနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ကောင်းကင်သို့ အ မြင့် သုံးမိုင်အထိ ပြာမှုန့်များ ပန်းထွက်လာသဖြင့် အစိုးရတာဝန် ရှိသူများက ကမ္ဘာ့လှည့်ခရီးသွားများနှင့် ဒေသခံများအား ဝေးရာတွင် နေထိုင်ကြရန် သတိပေးထားသည်။

ပူဘလိုပြည်နယ်တွင် တည် ရှိသော ပိုပိုကက်ပီတယ်မီးတောင် သည် နိုဝင်ဘာ ၂၅ ရက် နံနက်အစောပိုင်းက ပေါက်ကွဲခဲ့ပြီး ကောင်း ကင်၌ ပြာမှုန်တိမ်တိုက်ကြီးများ ထွက်ပေါ်လာခဲ့သည်။


မီးတောင်ပေါက်ကွဲမှု စတင် ပြီး ၂၄ နာရီအတွင်း မက္ကဆီကို တာဝန်ရှိသူများက ထိုမီးတောင် မှ ပြာမှုန့်များ မှုတ်ထုတ်ခြင်း ၁၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးတောင်ပေါက်ကွဲမှု သုံးကြိမ်၊ ၁ ဒသမ ၈ မဂ္ဂနီကျု့ဒ်အင်အားရှိ ငလျင်တစ်ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ပြောသည်။

ပိုပိုကက်ပီတယ် မီးတောင် သည် ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ငြိမ်သက်နေခဲ့ပြီး ၁၉၉၄ တွင် ပြန်လည်ပေါက်ကွဲခဲ့ သည်။

ထိုအချိန်ကစ၍ ဖြစ်ပွားခဲ့ သော အသေးစားပေါက်ကွဲမှုများ ကြောင့် အနီးအနားရှိမြို့များတွင် နေထိုင်ကြသော ဒေသခံများအတွက် နေ့စဉ်ဘဝတစ်စိတ်တစ် ပိုင်းဖြစ်လာခဲ့သည်။

မက္ကဆီကိုနိုင်ငံ၏ ပြည်သူ့ ကာကွယ်ရေးဌာနမှ ညွှန်ကြား ရေးမှူး လူစီဖီလပီပန်တီက စူးစမ်းကြည့်ရှုလိုသူများ ထိုမီး တောင်တွင် ပုန်းမနေကြရန် သတိပေးခဲ့ပြီး ပြာပူများသည် အန္တ ရာယ်ရှိကြောင်း ပြောသည်။

အနီးအနားတွင် နေထိုင်ကြ သော ဒေသခံများအနေဖြင့် ပြာ မှုန့်များ စတင်ကျလာခြင်းအ တွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်သည်။

အဘယ်ကြောင့်ဆိုသော် ထိုပြာမှုန့်များက အထူးသဖြင့် ကလေးငယ်များ၊ အသက်ကြီးသူ များနှင့် ယခင်ကတည်းက အ သက်ရှူကျပ်သော ရောဂါရှိသူ များအတွက် အသက်ရှူလမ်း ကြောင်းဆိုင်ရာပြဿနာများ ဖြစ် စေနိုင်၍ ဖြစ်သည်။

ပိုပိုကက်ပီတယ် မီးတောင် သည် မက္ကဆီကိုစီးတီး တောင် ဘက် ကီလိုမီတာ ၄၀ အကွာခန့် တွင် တည်ရှိပြီး ပြီးခဲ့သောဧပြီက နောက်ဆုံးအကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top