Property Expo
×

  ႏို၀င္ဘာ ၆ ရက္က အီရတ္ႏိုင္ငံရွိ ၿမိဳ႕ႏွစ္ၿမိဳ႕တြင္ အ ေရးေပၚ ကားမ်ားေပၚသို႔ ေဖာက္ခဲြေရးပစၥည္းမ်ား တင္ေဆာင္ ေမာင္းႏွင္လာေသာ အေသခံဗံုးခဲြ သူမ်ားသည္ စစ္ေဆးေရးဂိတ္ တစ္ခုႏွင့္ ရွီးဟိုက္ဘုရားဖူးမ်ား ရပ္နားရာ ကားပါကင္တစ္ခုတို႔ ကို ပစ္မွတ္ထား၍ ေဖာက္ခဲြမႈမ်ား ျပဳလုပ္ခဲ့ျခင္းေၾကာင့္ အနည္းဆံုး လူ ၂၁ ဦး ေသဆံုးၿပီး ဒါဇင္ေပါင္းမ်ားစြာ ဒဏ္ရာရရွိခဲ့ေၾကာင္း တာ၀န္ရွိသူမ်ားကေျပာသည္။


အိုင္အက္စ္စစ္ေသြးႂကြမ်ား ထံမွ အီရတ္ေျမာက္ပိုင္း မိုဆူးလ္ ၿမိဳ႕ကို ျပန္လည္ရယူရန္ အီရတ္ စစ္တပ္အဖဲြ႕ႏွင့္ လံုၿခံဳေရးတပ္ဖဲြ႕ မ်ားက တိုက္ပဲြ၀င္ေနစဥ္ အဆိုပါ တိုက္ခိုက္မႈႏွစ္ခုသည္ တီကရစ္ ႏွင့္ ဆာမာရာေဒသတို႔တြင္ ျဖစ္ပြားခဲ့သည္။

နံနက္ပိုင္း ႐ံုးတက္႐ံုးဆင္း ခ်ိန္အတြင္း တီကရစ္ၿမိဳ႕အ၀င္ ေတာင္ပိုင္းတြင္ အေသခံဗံုးခဲြသူ တစ္ဦးက ေဖာက္ခဲြေရးပစၥည္း မ်ားကို တင္ေဆာင္လာေသာ အ ေရးေပၚကားအား ေဖာက္ခဲြခဲ့ရာ လူ ၁၃ ဦး ေသဆံုးခဲ့ေၾကာင္း ရဲတပ္ ဖဲြ႕ႏွင့္ ေဆး႐ံုသတင္းရင္းျမစ္မ်ား က ေျပာသည္။

ေနာက္ထပ္တိုက္ခိုက္မႈတစ္ ခုမွာ ရွီးဟိုက္မြတ္စလင္မ်ား၏ အ ျမင့္ျမတ္ဆံုး ဘုရားေက်ာင္းမ်ား အနက္ တစ္ခုျဖစ္သည့္ တီကရစ္ ေတာင္ပိုင္း ဆာမာရာရွိ အယ္ အက္စ္ကာရီဗလီသို႔ လာေရာက္ ေသာ ဘုရားဖူးမ်ားကို ပစ္မွတ္ ထား၍ ကားပါကင္တြင္ ကားတစ္ စီးကို ေဖာက္ခဲြခဲ့သည္။

ထိုေပါက္ကဲြမႈေၾကာင့္ အီ ရန္ ဘုရားဖူးႏွစ္ဦး အပါအ၀င္ အနည္းဆံုး လူရွစ္ဦး ေသဆံုးခဲ့ ေၾကာင္း ေဒသဆိုင္ရာ တာ၀န္ရွိ သူမ်ားက ေျပာသည္။

 ဆာမာရာေပါက္ကဲြမႈတြင္ အသံုးျပဳခဲ့ေသာ ကားသည္လည္း အေရးေပၚကားတစ္စီးျဖစ္သည္။

ေပါက္ကဲြမႈျဖစ္ပြားေသာ ၿမိဳ႕ ႏွစ္ၿမိဳ႕ရွိ အာဏာပိုင္မ်ားက ည မထြက္ရအမိန္႔ ထုတ္ျပန္ခဲ့ၿပီး ေနာက္ထပ္တိုက္ခိုက္မႈမ်ား ျဖစ္ ပြားမည္ကို ေၾကာက္ရြံ႕ေနၾက သည္။

အေမရိကန္ ဦးေဆာင္သည့္  ႏိုင္ငံတကာမဟာမိတ္အဖဲြ႕ ေက်ာ ေထာက္ေနာက္ခံျပဳ အီရတ္စစ္ တပ္အဖဲြ႕ႏွင့္ လံုၿခံဳေရးတပ္မ်ား က အီရတ္ေျမာက္ပိုင္း မိုဆူးလ္ ၿမိဳ႕တြင္ အိုင္အက္စ္အဖဲြ႕ႏွင့္ တုိက္ ပဲြမ်ား ျဖစ္ပြားေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  နိုဝင်ဘာ ၆ ရက်က အီရတ်နိုင်ငံရှိ မြို့နှစ်မြို့တွင် အ ရေးပေါ် ကားများပေါ်သို့ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင် မောင်းနှင်လာသော အသေခံဗုံးခွဲ သူများသည် စစ်ဆေးရေးဂိတ် တစ်ခုနှင့် ရှီးဟိုက်ဘုရားဖူးများ ရပ်နားရာ ကားပါကင်တစ်ခုတို့ ကို ပစ်မှတ်ထား၍ ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။


အိုင်အက်စ်စစ်သွေးကြွများ ထံမှ အီရတ်မြောက်ပိုင်း မိုဆူးလ် မြို့ကို ပြန်လည်ရယူရန် အီရတ် စစ်တပ်အဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ များက တိုက်ပွဲဝင်နေစဉ် အဆိုပါ တိုက်ခိုက်မှုနှစ်ခုသည် တီကရစ် နှင့် ဆာမာရာဒေသတို့တွင် ဖြစ်ပွားခဲ့သည်။

နံနက်ပိုင်း ရုံးတက်ရုံးဆင်း ချိန်အတွင်း တီကရစ်မြို့အဝင် တောင်ပိုင်းတွင် အသေခံဗုံးခွဲသူ တစ်ဦးက ဖောက်ခွဲရေးပစ္စည်း များကို တင်ဆောင်လာသော အ ရေးပေါ်ကားအား ဖောက်ခွဲခဲ့ရာ လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ရဲတပ် ဖွဲ့နှင့် ဆေးရုံသတင်းရင်းမြစ်များ က ပြောသည်။

နောက်ထပ်တိုက်ခိုက်မှုတစ် ခုမှာ ရှီးဟိုက်မွတ်စလင်များ၏ အ မြင့်မြတ်ဆုံး ဘုရားကျောင်းများ အနက် တစ်ခုဖြစ်သည့် တီကရစ် တောင်ပိုင်း ဆာမာရာရှိ အယ် အက်စ်ကာရီဗလီသို့ လာရောက် သော ဘုရားဖူးများကို ပစ်မှတ် ထား၍ ကားပါကင်တွင် ကားတစ် စီးကို ဖောက်ခွဲခဲ့သည်။

ထိုပေါက်ကွဲမှုကြောင့် အီ ရန် ဘုရားဖူးနှစ်ဦး အပါအဝင် အနည်းဆုံး လူရှစ်ဦး သေဆုံးခဲ့ ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိ သူများက ပြောသည်။

 ဆာမာရာပေါက်ကွဲမှုတွင် အသုံးပြုခဲ့သော ကားသည်လည်း အရေးပေါ်ကားတစ်စီးဖြစ်သည်။

ပေါက်ကွဲမှုဖြစ်ပွားသော မြို့ နှစ်မြို့ရှိ အာဏာပိုင်များက ည မထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး နောက်ထပ်တိုက်ခိုက်မှုများ ဖြစ် ပွားမည်ကို ကြောက်ရွံ့နေကြ သည်။

အမေရိကန် ဦးဆောင်သည့်  နိုင်ငံတကာမဟာမိတ်အဖွဲ့ ကျော ထောက်နောက်ခံပြု အီရတ်စစ် တပ်အဖွဲ့နှင့် လုံခြုံရေးတပ်များ က အီရတ်မြောက်ပိုင်း မိုဆူးလ် မြို့တွင် အိုင်အက်စ်အဖွဲ့နှင့် တိုက် ပွဲများ ဖြစ်ပွားနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top