Property Expo
×







Unicode Version

အမေဇုန် အွန်လိုင်းဈေးဝယ်စင်တာရဲ့ အိမ်အရောက်ပို့ဝန်ဆောင် မှုပေးတဲ့ ကားမောင်းသမားတစ်ဦးက သန့်စင်ခန်းအသုံးပြုဖို့အချိန် မရတဲ့အတွက် မစင်(အလေး) သွားခြင်းကို ပလက်စတစ်အိတ်နဲ့သာ အသုံးပြုခိုင်းစေရလောက်တဲ့အထိ အချိန်မအားလပ်ကာ အလုပ် လုပ်ကိုင်ခဲ့ရတယ်လို့ တိုင်ကြားစာတစ်စောင် ရေးသားခဲ့ပါတယ်။ 


တရားမဝင် သတ်မှတ်ထားတဲ့ အလုပ်လုပ်ချိန်က တစ်ဆိုင်းကို ၁၁ နာရီအတွင်းမှာ လုံးဝကို အနားယူခြင်းမရှိပဲ စေခိုင်းအလုပ်လုပ်ရတာ လည်း ဖြစ်တယ်လို့ သိရပါတယ်။ ပစ္စည်းလိုက်ပို့တဲ့ ကားသမားက တစ်ရက်ကို ပါဆယ်ပုံး ၂၀၀ ကို နေ့စဉ်လိုက်ပို့နေ ရတာလည်း ဖြစ်ပါတယ်။
သူတို့အနေနဲ့ ဒီလိုမျိုး အချိန်နာရီများစွာ အလုပ်လုပ်ကိုင်ရသည့် တိုင်အောင်ကို ရတဲ့လုပ်ခလစာမှာလည်း အနိမ့်ဆုံးလစာထက်ကို နည်းနေတယ်လို့လည်း ဘီဘီစီသတင်းသို့ ပြောကြားခဲ့ပါတယ်။



အလုပ်သမားတွေဆီကနေ မကျေမနပ်ဖြစ် တိုင်ကြားသံတွေထဲမှာ ဆိုရင် အဲ့ဒီလို မစင်ကိုအိတ်ထဲမှာ စွန့်နေရသည့်တိုင်အောင်ကို အားလပ်ချိန်လုံးဝမရတာကိုပါပဲလို့ သိရပါတယ်။



Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top