Kantharyar Centre
×

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအားေဘးက အေမရိကန္ႏုိင္ငံ၏ ေရြးေကာက္ခံသမၼျဖစ္ေသာ
 ေဒၚနယ္ထရမ့္အေပၚ အလြန္ယုံေၾကာင္း ေျပာလိုက္ကာ သစၥာရွိေသာ ဆက္ဆံေရးကို တည္ေထာင္သြားႏုိင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ေျပာသည္။

ထရမ့္တာဝါတြင္ မိနစ္ကိုးဆယ္ၾကာ ႏွစ္ဦးေတြ႔ဆုံမႈက ပြင့္လင္းကာ ေႏြးေထြးေသာ ေတြ႔ဆုံမႈျဖစ္ခဲ့ေၾကာင္း အာေဘးက ဆိုသည္။

ထရမ့္၏ ေရြးေကာက္ပြဲမဲဆြယ္စကားတစ္ခ်ိဳ႕အတြက္ ဂ်ပန္အပါအဝင္ ေရရွည္မဟာမိတ္ႏိုင္ငံမ်ားအတြက္ သံသယအစြန္းအထင္းတစ္ခ်ိဳ႕ျဖစ္ေစခဲ့သည္။

ယခုေတြ႔ဆုံမႈသည္ ေရြးေကာက္ပြဲႏုိင္ၿပီးေနာက္ပိုင္း ထရမ့္၏ ကမာၻ႔ေခါင္းေဆာင္တစ္ဦးႏွင့္ ပထမဆုံးေတြ႔ဆုံမႈျဖစ္သည္။

အေမရိကန္ႏွင့္ ဂ်ပန္ႏုိင္ငံသည္ ဒုတိယကမာၻစစ္ ၿပီးဆုံးခ်ိန္မွစကာ အဓိကမဟာမိတ္မ်ားျဖစ္ခဲ့ၿပီး စစ္ၿပီးကာလ ဂ်ပန္ႏိုင္ငံ၏ စီးပြားေရးနာလန္ထူေရးကို အေမရိကန္က ကူညီေထာက္ပံ့ခဲ့သည္။

ေရြးေကာက္ခံသမၼတ ထရမ့္က ပစိဖိတ္ျဖတ္ေက်ာ္မိတ္ဖက္ကုန္သြယ္ေရး သေဘာတူမႈကို ပစ္ပယ္ရန္ သံႏိၵဌာန္ခ်ထားၿပီး အာေဘးကမူ တ႐ုတ္၏ ႀကီးထြားလာေသာ စီးပြားေရးကို ကာျပန္ႏိုင္မႈအျဖစ္   ေထာက္ခံလ်က္ရွိေနသည္။

အဆိုပါ သေဘာတူညီမႈအား ေဒၚနယ္ထရမ့္ အိမ္ျဖဴေတာ္ေရာက္ခ်ိန္တြင္ ပယ္ဖ်က္ႏုိင္ေျခရွိလင့္ကစား ဂ်ပန္လႊတ္ေတာ္က အတည္ျပဳခဲ့ၿပီးလည္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေးက အမေရိကန်နိုင်ငံ၏ ရွေးကောက်ခံသမ္မဖြစ်သော ဒေါ်နယ်ထရမ့်အပေါ် အလွန်ယုံကြောင်း ပြောလိုက်ကာ သစ္စာရှိသော ဆက်ဆံရေးကို တည်ထောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

ထရမ့်တာဝါတွင် မိနစ်ကိုးဆယ်ကြာ နှစ်ဦးတွေ့ဆုံမှုက ပွင့်လင်းကာ နွေးထွေးသော တွေ့ဆုံမှုဖြစ်ခဲ့ကြောင်း အာဘေးက ဆိုသည်။

ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်စကားတစ်ချို့အတွက် ဂျပန်အပါအဝင် ရေရှည်မဟာမိတ်နိုင်ငံများအတွက် သံသယအစွန်းအထင်းတစ်ချို့ဖြစ်စေခဲ့သည်။

ယခုတွေ့ဆုံမှုသည် ရွေးကောက်ပွဲနိုင်ပြီးနောက်ပိုင်း ထရမ့်၏ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးနှင့် ပထမဆုံးတွေ့ဆုံမှုဖြစ်သည်။

အမေရိကန်နှင့် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်မှစကာ အဓိကမဟာမိတ်များဖြစ်ခဲ့ပြီး စစ်ပြီးကာလ ဂျပန်နိုင်ငံ၏ စီးပွားရေးနာလန်ထူရေးကို အမေရိကန်က ကူညီထောက်ပံ့ခဲ့သည်။

ရွေးကောက်ခံသမ္မတ ထရမ့်က ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ကုန်သွယ်ရေး သဘောတူမှုကို ပစ်ပယ်ရန် သံန္ဒိဌာန်ချထားပြီး အာဘေးကမူ တရုတ်၏ ကြီးထွားလာသော စီးပွားရေးကို ကာပြန်နိုင်မှုအဖြစ်   ထောက်ခံလျက်ရှိနေသည်။

အဆိုပါ သဘောတူညီမှုအား ဒေါ်နယ်ထရမ့် အိမ်ဖြူတော်ရောက်ချိန်တွင် ပယ်ဖျက်နိုင်ခြေရှိလင့်ကစား ဂျပန်လွှတ်တော်က အတည်ပြုခဲ့ပြီးလည်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top