Property Expo
×

 ►► သတိျပဳလုိက္နာရမည့္အခ်က္မ်ား

- ခ်င္း(ဂ်င္း)နဲ႔ပ်ားရည္ကိုအသက္ 2 ႏွစ္ေအာက္ကေလးငယ္မ်ားကို တုိက္ေကၽြးျခင္းမျပဳရပါ။

- အသက္ 6 ႏွစ္နဲ႔ 10 ႏွစ္အရြယ္ကေလးေတြကိုေတာ့ တစ္ေန႔လွ်င္ ခ်င္း(ဂ်င္း)ေဖ်ာ္ရည္ 2 မီလီဂရမ္အထိ တုိက္ေကၽြးႏုိင္ပါတယ္။

- အရြယ္ေရာက္ၿပီးသူေတြအေနနဲ႔ တစ္ေန႔လွ်င္ 4 ဂရမ္ထက္ပို၍ မေသာက္သင့္ပါဘူး။

- ကေလးယူေတာ့မယ့္ မိခင္ေလာင္းေတြအေနနဲ႔ တစ္ေန႔လွ်င္ 1 ဂရမ္သာေသာက္ေပးဖုိ႔ လိုအပ္ပါတယ္။

►► ခ်င္း(ဂ်င္း)ျပဳတ္ရည္ကိုဘာေၾကာင့္ေသာက္သင့္လဲ

အိမ္ရွင္မအမ်ားစုဟာ ခ်င္း(ဂ်င္း)ကိုဟင္းခ်က္ရာမွာသာ ထည့္သံုးတတ္ၾကပါတယ္။ ဒါေပမယ့္ ေစ်းႏႈန္းကလည္း မျမင့္မား၊ အလြယ္တကူလည္း၀ယ္ယူရရွိႏုိင္တဲ့ ခ်င္း(ဂ်င္း)တစ္လက္မွာ ေဆးစြမ္း ထက္မႈ မ်ားစြာ ပါရွိေနပါတယ္။ ဒါေၾကာင့္ ေရာဂါမ်ားစြာကိုသက္သာေပ်ာက္ကင္းေစႏုိင္တဲ့ ခ်င္း(ဂ်င္း)ရဲ႕အသံုး၀င္ပံုေတြကို ေလ့လာလုိက္ၾကရေအာင္။

1. အေအးမိေ၀ဒနာသက္သာေစႏုိင္ျခင္း

ခ်င္း(ဂ်င္း)ျပဳတ္ရည္ပူပူေလးကိုေသာက္ေပးပါက အဖ်ားေပ်ာက္ကင္းေစႏုိင္ပါတယ္။ ခ်င္း(ဂ်င္း)ျပဳတ္ရည္ထဲမွာ လက္ဖက္ေျခာက္ခတ္ၿပီး လက္ဖက္ရည္ၾကမ္းအျဖစ္လည္း ေသာက္သံုးေပးႏုိင္ပါ တယ္။

2. ေခ်ာင္းဆိုးေပ်ာက္ေစႏုိင္ျခင္း

ခ်င္း(ဂ်င္း)ေဖ်ာ္ရည္ကိုပ်ားရည္နဲ႔ေရာကာ တစ္ေန႔ 3 ႀကိမ္ေလာက္ ေသာက္ေပးပါက လည္ေခ်ာင္းနာသက္သာေစပါတယ္။ ခၽြဲ၊ သလိပ္ေတြကို ေခ်ဖ်က္ေပးၿပီး ခံတြင္းရွင္းေစပါတယ္။ အကယ္၍ ေခ်ာင္းေျခာက္ဆိုးသူျဖစ္ပါက ခ်င္း(ဂ်င္း)ႏုေဖ်ာ္ရည္ကိုေသာက္ေပးသင့္ၿပီး ခၽြဲ၊ သလိပ္သံပါတဲ့ ေခ်ာင္းဆိုးေနသူျဖစ္ပါက ခ်င္း(ဂ်င္း)အရင့္ကိုေဖ်ာ္ၿပီးေသာက္ေပးသင့္ပါတယ္။

3. ေသြးခဲျခင္းမွကာကြယ္ႏိုင္တဲ့ ဂုဏ္သတၱိရွိျခင္း

မိမိေန႔စဥ္စားသံုးေနတဲ့ အစားအစာေတြထဲမွာ ခ်င္း(ဂ်င္း)ထည့္ၿပီးခ်က္ျပဳတ္စားေသာက္ျခင္း ဒါမွမဟုတ္ အေဖ်ာ္ယမကာထဲကို ခ်င္း(ဂ်င္း)ႏုရည္လက္ဖက္ရည္ဇြန္း 1 ဇြန္းထည့္ၿပီး ေသာက္သံုးေပးျခင္းျဖင့္ ေသြးခဲျခင္းမွ ကာကြယ္ေပးႏုိင္ပါတယ္။

4. စိတ္ဆႏၵကို ႏိႈးဆြေပးႏုိင္ျခင္း

ထမင္းစားၿပီးတဲ့အခါ ခ်င္း(ဂ်င္း)လက္ဖက္ရည္ပူပူေလးေသာက္ေပးပါက လိင္စိတ္ကို ႏိႈးဆြေပးႏုိင္ပါ တယ္။

5. အစာအိမ္အူလမ္းေၾကာင္းနဲ႔ပတ္သက္တဲ့ေရာဂါမ်ားကိုေပ်ာက္ကင္းေစႏုိင္ျခင္း

ေရတစ္ဖန္ခြက္ထဲမွာ ခ်င္း(ဂ်င္း)ႏုရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ သံပရာရည္လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ပူဒီနာလက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ပ်ားရည္အနည္းငယ္ေရာေဖ်ာ္၍ ေသာက္သံုးပါကရင္ပူျခင္း၊ အစာမေၾကျခင္း၊ ပ်ိဳ႕အန္ျခင္း စတဲ့ေ၀ဒနာေတြကို သက္သာေပ်ာက္ကင္းေစႏုိင္ပါတယ္။

6. ပင္ပန္းႏြမ္းလ်မႈကိုသက္သာေစႏုိင္ျခင္း

ပါးပါးလွီးထားတဲ့ခ်င္း(ဂ်င္း)ကို သစ္ၾကားပိုးေခါက္နဲ႔ေရာျပဳတ္ပါ။ ျပဳတ္ၿပီးသားအရည္ကို ေရႊေရာင္ သန္းလာသည္အထိ နာရီ၀က္ေလာက္ အဖံုးနဲ႔ဖံုးအုပ္ထားပါ။ ယင္းျပဳတ္ရည္ကိုေသာက္ေပးျခင္းျဖင့္ ပင္ပန္းႏြမ္းလ်မႈကိုေျပေပ်ာက္ေစၿပီး ႂကြက္သားမ်ားနာက်င္ကိုက္ခဲမႈဒဏ္မွ ကင္းေ၀းေစပါတယ္။

7. ေလပြျခင္းနဲ႔ ရာသီလာခ်ိန္မွာျဖစ္တတ္တဲ့ နာက်င္ကိုက္ခဲမႈမ်ားကို သက္သာေပ်ာက္ကင္းေစႏုိင္ျခင္း

ေထာင္းၿပီးသားခ်င္း(ဂ်င္း)ႏုကိုျပဳတ္ၿပီး ပ်ားရည္အနည္းငယ္ထည့္ကာ တေန႔ 2-3 ႀကိမ္ ေသာက္ေပးပါက ရာသီလာခ်ိန္မွာျဖစ္တတ္တဲ့ ႂကြက္သားေတြ ကိုက္ခဲနာက်င္ျခင္းကို ေပ်ာက္ကင္းေစ ပါတယ္။ ရာသီမလာခင္ 3 ရက္ အလိုကစၿပီး ရာသီၿပီးတဲ့အထိ ေသာက္ေပးသင့္ပါတယ္။ တခါတရံရာသီလာရမယ့္ရက္ကိုေရာက္ေပမယ့္ မလာေသးဘဲေနာက္က်ေနရင္လည္း ဒီခ်င္း(ဂ်င္း)ေဖ်ာ္ရည္ကိုေသာက္ေပးျခင္းျဖင့္ ရာသီလာေစႏိုင္ပါတယ္။

8. ေရာင္ရမ္းမႈေတြကိုသက္သာေစႏုိင္ျခင္း

ခ်င္း(ဂ်င္း)ဟာေရာင္ရမ္းမႈေတြကိုသက္သာေစႏုိင္တဲ့ ေဆးဖက္၀င္အပင္ျဖစ္တ့ဲ အတြက္ ေရာင္ရမ္းျခင္းေၾကာင့္ျဖစ္ေစတဲ့ ေဂါက္ေရာဂါ (Gout)၊ အ႐ိုးအဆစ္ေရာင္ေရာဂါ (Osteoarthritis)နဲ႔ Autoimmune ေရာဂါတစ္မ်ိဳးျဖစ္တဲ့ Rheumatoid Arthritis ေတြကိုသက္သာေစႏုိင္တဲ့အျပင္ ဖူးေရာင္ေနတဲ့ဒဏ္ရာေတြကို ေလ်ာ့ပါးေစႏုိင္တဲ့ အစြမ္းအာနိသင္ရွိပါတယ္။

9. မူးေ၀ျခင္းႏွင့္ ပ်ိဳ႕အန္ျခင္းကိုသက္သာေစႏုိင္ျခင္း

ခ်င္း(ဂ်င္း)ႏုေဖ်ာ္ရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ပ်ားရည္ကိုေရာၿပီးေသာက္ေပးပါက ကိုယ္၀န္ေဆာင္စတြင္ နံနက္ခင္းတိုင္းခံစားရေလ့ရွိတဲ့ ပ်ိဳ႕အန္ျခင္း၊ ကင္ဆာေဆးသြင္းကုသျခင္းရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြျဖစ္တဲ့ ပ်ိဳ႕အန္ျခင္းနဲ႔မအီမသာျဖစ္ျခင္း၊ ေမ့ေဆးေပး၍ ခြဲစိတ္ကုသမႈအၿပီးျဖစ္ေလ့ရွိတဲ့ မူးေ၀ျခင္းတို႔ကို သက္သာေပ်ာက္ကင္းေစႏုိင္ပါတယ္။

10. ကိုက္ခဲမႈေတြကိုေပ်ာက္ကင္းေစႏုိင္ျခင္း

ခ်င္း(ဂ်င္း)ေဖ်ာ္ရည္ဟာ ကိုက္ခဲမႈေ၀ဒနာေတြကို သက္သာေပ်ာက္ကင္းေစႏုိင္တဲ့ ေဆးစြမ္းေကာင္း တစ္လက္ျဖစ္ပါတယ္။

11. ကိုယ္ခံစြမ္းအားျမွင့္တင္ေပးႏုိင္ျခင္း

ေရေႏြးတစ္၀က္ခန္႔မွာ ခ်င္း(ဂ်င္း)ေဖ်ာ္ရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းေရာၿပီး အစာမစားခင္ေသာက္ေပးပါက ကိုယ္ခံစြမ္းအားေကာင္းေစပါတယ္။

12. ကင္ဆာေရာဂါနဲ႔ အသည္းေရာဂါမ်ားကို ကာကြယ္ေပးႏုိင္စြမ္းရွိျခင္း

ခ်င္း(ဂ်င္း)ေဖ်ာ္ရည္ကိုေသာက္သံုးေပးျခင္းေၾကာင့္ ကင္ဆာနဲ႔ အသည္းေရာဂါေတြကို အတိုင္းအတာတစ္ခုအထိ ကာကြယ္ေပးႏိုင္ပါတယ္။

13. ကိုလက္စထေရာကိုေလ်ာ့က်ေစႏုိင္ျခင္း

ခ်င္း(ဂ်င္း)ဟာ ခႏၶာကိုယ္အတြင္းရွိမေကာင္းတဲ့ ကိုလက္စထေရာေတြကိုေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေနတဲ့သူေတြလည္း စားသံုးေပးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar

Unicode Version

 ►► သတိပြုလိုက်နာရမည့်အချက်များ

- ချင်း(ဂျင်း)နဲ့ပျားရည်ကိုအသက် 2 နှစ်အောက်ကလေးငယ်များကို တိုက်ကျွေးခြင်းမပြုရပါ။

- အသက် 6 နှစ်နဲ့ 10 နှစ်အရွယ်ကလေးတွေကိုတော့ တစ်နေ့လျှင် ချင်း(ဂျင်း)ဖျော်ရည် 2 မီလီဂရမ်အထိ တိုက်ကျွေးနိုင်ပါတယ်။

- အရွယ်ရောက်ပြီးသူတွေအနေနဲ့ တစ်နေ့လျှင် 4 ဂရမ်ထက်ပို၍ မသောက်သင့်ပါဘူး။

- ကလေးယူတော့မယ့် မိခင်လောင်းတွေအနေနဲ့ တစ်နေ့လျှင် 1 ဂရမ်သာသောက်ပေးဖို့ လိုအပ်ပါတယ်။

►► ချင်း(ဂျင်း)ပြုတ်ရည်ကိုဘာကြောင့်သောက်သင့်လဲ

အိမ်ရှင်မအများစုဟာ ချင်း(ဂျင်း)ကိုဟင်းချက်ရာမှာသာ ထည့်သုံးတတ်ကြပါတယ်။ ဒါပေမယ့် ဈေးနှုန်းကလည်း မမြင့်မား၊ အလွယ်တကူလည်းဝယ်ယူရရှိနိုင်တဲ့ ချင်း(ဂျင်း)တစ်လက်မှာ ဆေးစွမ်း ထက်မှု များစွာ ပါရှိနေပါတယ်။ ဒါကြောင့် ရောဂါများစွာကိုသက်သာပျောက်ကင်းစေနိုင်တဲ့ ချင်း(ဂျင်း)ရဲ့အသုံးဝင်ပုံတွေကို လေ့လာလိုက်ကြရအောင်။

1. အအေးမိဝေဒနာသက်သာစေနိုင်ခြင်း

ချင်း(ဂျင်း)ပြုတ်ရည်ပူပူလေးကိုသောက်ပေးပါက အဖျားပျောက်ကင်းစေနိုင်ပါတယ်။ ချင်း(ဂျင်း)ပြုတ်ရည်ထဲမှာ လက်ဖက်ခြောက်ခတ်ပြီး လက်ဖက်ရည်ကြမ်းအဖြစ်လည်း သောက်သုံးပေးနိုင်ပါ တယ်။

2. ချောင်းဆိုးပျောက်စေနိုင်ခြင်း

ချင်း(ဂျင်း)ဖျော်ရည်ကိုပျားရည်နဲ့ရောကာ တစ်နေ့ 3 ကြိမ်လောက် သောက်ပေးပါက လည်ချောင်းနာသက်သာစေပါတယ်။ ချွဲ၊ သလိပ်တွေကို ချေဖျက်ပေးပြီး ခံတွင်းရှင်းစေပါတယ်။ အကယ်၍ ချောင်းခြောက်ဆိုးသူဖြစ်ပါက ချင်း(ဂျင်း)နုဖျော်ရည်ကိုသောက်ပေးသင့်ပြီး ချွဲ၊ သလိပ်သံပါတဲ့ ချောင်းဆိုးနေသူဖြစ်ပါက ချင်း(ဂျင်း)အရင့်ကိုဖျော်ပြီးသောက်ပေးသင့်ပါတယ်။

3. သွေးခဲခြင်းမှကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိခြင်း

မိမိနေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ချင်း(ဂျင်း)ထည့်ပြီးချက်ပြုတ်စားသောက်ခြင်း ဒါမှမဟုတ် အဖျော်ယမကာထဲကို ချင်း(ဂျင်း)နုရည်လက်ဖက်ရည်ဇွန်း 1 ဇွန်းထည့်ပြီး သောက်သုံးပေးခြင်းဖြင့် သွေးခဲခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

4. စိတ်ဆန္ဒကို နှိုးဆွပေးနိုင်ခြင်း

ထမင်းစားပြီးတဲ့အခါ ချင်း(ဂျင်း)လက်ဖက်ရည်ပူပူလေးသောက်ပေးပါက လိင်စိတ်ကို နှိုးဆွပေးနိုင်ပါ တယ်။

5. အစာအိမ်အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါများကိုပျောက်ကင်းစေနိုင်ခြင်း

ရေတစ်ဖန်ခွက်ထဲမှာ ချင်း(ဂျင်း)နုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သံပရာရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပူဒီနာလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည်အနည်းငယ်ရောဖျော်၍ သောက်သုံးပါကရင်ပူခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်း စတဲ့ဝေဒနာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

6. ပင်ပန်းနွမ်းလျမှုကိုသက်သာစေနိုင်ခြင်း

ပါးပါးလှီးထားတဲ့ချင်း(ဂျင်း)ကို သစ်ကြားပိုးခေါက်နဲ့ရောပြုတ်ပါ။ ပြုတ်ပြီးသားအရည်ကို ရွှေရောင် သန်းလာသည်အထိ နာရီဝက်လောက် အဖုံးနဲ့ဖုံးအုပ်ထားပါ။ ယင်းပြုတ်ရည်ကိုသောက်ပေးခြင်းဖြင့် ပင်ပန်းနွမ်းလျမှုကိုပြေပျောက်စေပြီး ကြွက်သားများနာကျင်ကိုက်ခဲမှုဒဏ်မှ ကင်းဝေးစေပါတယ်။

7. လေပွခြင်းနဲ့ ရာသီလာချိန်မှာဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုများကို သက်သာပျောက်ကင်းစေနိုင်ခြင်း

ထောင်းပြီးသားချင်း(ဂျင်း)နုကိုပြုတ်ပြီး ပျားရည်အနည်းငယ်ထည့်ကာ တနေ့ 2-3 ကြိမ် သောက်ပေးပါက ရာသီလာချိန်မှာဖြစ်တတ်တဲ့ ကြွက်သားတွေ ကိုက်ခဲနာကျင်ခြင်းကို ပျောက်ကင်းစေ ပါတယ်။ ရာသီမလာခင် 3 ရက် အလိုကစပြီး ရာသီပြီးတဲ့အထိ သောက်ပေးသင့်ပါတယ်။ တခါတရံရာသီလာရမယ့်ရက်ကိုရောက်ပေမယ့် မလာသေးဘဲနောက်ကျနေရင်လည်း ဒီချင်း(ဂျင်း)ဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် ရာသီလာစေနိုင်ပါတယ်။

8. ရောင်ရမ်းမှုတွေကိုသက်သာစေနိုင်ခြင်း

ချင်း(ဂျင်း)ဟာရောင်ရမ်းမှုတွေကိုသက်သာစေနိုင်တဲ့ ဆေးဖက်ဝင်အပင်ဖြစ်တဲ့ အတွက် ရောင်ရမ်းခြင်းကြောင့်ဖြစ်စေတဲ့ ဂေါက်ရောဂါ (Gout)၊ အရိုးအဆစ်ရောင်ရောဂါ (Osteoarthritis)နဲ့ Autoimmune ရောဂါတစ်မျိုးဖြစ်တဲ့ Rheumatoid Arthritis တွေကိုသက်သာစေနိုင်တဲ့အပြင် ဖူးရောင်နေတဲ့ဒဏ်ရာတွေကို လျော့ပါးစေနိုင်တဲ့ အစွမ်းအာနိသင်ရှိပါတယ်။

9. မူးဝေခြင်းနှင့် ပျို့အန်ခြင်းကိုသက်သာစေနိုင်ခြင်း

ချင်း(ဂျင်း)နုဖျော်ရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည်ကိုရောပြီးသောက်ပေးပါက ကိုယ်ဝန်ဆောင်စတွင် နံနက်ခင်းတိုင်းခံစားရလေ့ရှိတဲ့ ပျို့အန်ခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပျို့အန်ခြင်းနဲ့မအီမသာဖြစ်ခြင်း၊ မေ့ဆေးပေး၍ ခွဲစိတ်ကုသမှုအပြီးဖြစ်လေ့ရှိတဲ့ မူးဝေခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

10. ကိုက်ခဲမှုတွေကိုပျောက်ကင်းစေနိုင်ခြင်း

ချင်း(ဂျင်း)ဖျော်ရည်ဟာ ကိုက်ခဲမှုဝေဒနာတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ ဆေးစွမ်းကောင်း တစ်လက်ဖြစ်ပါတယ်။

11. ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်ခြင်း

ရေနွေးတစ်ဝက်ခန့်မှာ ချင်း(ဂျင်း)ဖျော်ရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းရောပြီး အစာမစားခင်သောက်ပေးပါက ကိုယ်ခံစွမ်းအားကောင်းစေပါတယ်။

12. ကင်ဆာရောဂါနဲ့ အသည်းရောဂါများကို ကာကွယ်ပေးနိုင်စွမ်းရှိခြင်း

ချင်း(ဂျင်း)ဖျော်ရည်ကိုသောက်သုံးပေးခြင်းကြောင့် ကင်ဆာနဲ့ အသည်းရောဂါတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။

13. ကိုလက်စထရောကိုလျော့ကျစေနိုင်ခြင်း

ချင်း(ဂျင်း)ဟာ ခန္ဓာကိုယ်အတွင်းရှိမကောင်းတဲ့ ကိုလက်စထရောတွေကိုလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချနေတဲ့သူတွေလည်း စားသုံးပေးသင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top