Property Expo
×

အိမ္ေထာင္ျပဳတယ္ဆုိတာ ဘဝတစ္ဆစ္ခ်ိဳးအတြက္ တကယ့္ အေရးႀကီးတဲ့ ေရြးခ်ယ္မႈတစ္ခုပါ။
 ေကာင္းမြန္တဲ့ အိမ္ေထာင္ဘက္ လက္တြဲေဖာ္နဲ႔ ေတြ႔ရလုိ႔ အိမ္ေထာင္ရွင္ဘဝမွာ စိတ္ခ်မ္းသာစြာနဲ႔ ေနထုိင္ရတာမ်ိဳးေတြ၊ ခ်စ္ခင္စသမီးရည္းစားဘဝတုန္းကေတာ့ ကုိယ့္အေပၚ အစစအရာရာေကာင္းေပးသေလာက္ အိမ္ေထာင္ရက္ သားျပဳခ်ိန္ေရာက္ေတာ့ အရာရာေျပာင္းလဲသြားခဲ့ပါၿပီ။

မိမိထင္ထား ခဲ့သေလာက္ ဆက္ဆံေရးေတြ၊ ျပဳမူမႈေတြက စိတ္သက္ေတာင့္ သက္သာမျဖစ္မႈေတြနဲ႔ အဆိုးဆံုးအေျခအေနေတြျဖစ္လာတဲ့ အထိမွာ လက္တြဲေဖာ္ကုိ စိတ္ကုန္ၿပီး အိမ္ေထာင္ေရး ကေမာက္ကမနဲ႔ ဆက္ဆံေရးကုိ ျပတ္စဲပစ္လုိက္ခ်င္သည္အထိကုိ ျဖစ္ခ်င္လာေတာ့တာပဲ ျဖစ္ပါတယ္။

အမ်ိဳးသားေတြနဲ႔ယွဥ္ရင္ အရာရာမွာ အား ႏြဲ႔တဲ့ မိန္းမသား အမ်ိဳးသမီးေတြရဲ႕ အိမ္ေထာင္ဖက္ေရြးခ်ယ္မႈက လည္း သူမရဲ႕ဘဝအတြက္ အေရးႀကီးတဲ့ ေရြးခ်ယ္မႈကံၾကမၼာျဖစ္ ပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ အမ်ိဳးသမီးေတြအတြက္ မေရြးခ်ယ္သင့္တဲ့ လက္တြဲေဖာ္ ေယာက်္ား (၄) မ်ိဳးကုိ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ ေငြေရးေၾကးေရး ျပႆနာ အၿမဲတမ္းျဖစ္ေပၚေနတတ္သူ။
ေငြေၾကးအတြက္ လံုေလာက္ျပည့္စံုတဲ့ အလုပ္အကုိင္ေကာင္း ေကာင္း မရွိတာထက္ကုိ အလုပ္တစ္ခုက ရတဲ့ ဝင္ေငြကိုေလာက္ငစြာ စီမံခန္႔ခြဲတတ္မႈ မရွိတာေၾကာင့္ အၿမဲလုိလုိ
 ေငြေၾကးအခက္အခဲ ျဖစ္ေပၚေနရသူျဖစ္ပါတယ္။ ဝင္ေငြနဲ႔ထြက္ေငြ မမွ်တတဲ့အျပင္ တျခား လူမႈေရးကိစၥေတြ၊ အေပါင္းအသင္းေတြၾကားထဲမွာလည္း ေငြေၾကးပတ္သက္မႈေတြ အရႈပ္အရွင္းကိစၥေတြ စသျဖင့္ ရွိတဲ့သူကုိ ေရွာင္ရွားပါ။ သင့္အတြက္ ေငြေၾကးနဲ႔ ေနာင္ေရးမွာ အၿမဲလုိရတက္မေအးနဲ႔ ေငြေၾကးကိစၥေတြကုိလုိက္လံရွင္းေပးရတာမ်ိဳးေတြ ျပဳလုပ္ ေပးေနတာမ်ိဳးေတြနဲ႔ပဲ
အခ်ိန္ကုန္ေနမွာပဲ ျဖစ္ပါတယ္။

၂။ ေမေမ့သား။
သင့္အေနဲ႔ သူ႔ရဲ႕ မိခင္နဲ႔ အၿမဲလုိလုိ ႏႈိင္းယွဥ္ေနရတာမ်ိဳးေတြ၊ ယွဥ္ၿပိဳင္ေနရတာမ်ိဳးကုိ မုန္းလိမ့္မယ္ထင္ပါတယ္။ မိဘေတြကုိ သားသမီးတုိင္းကေတာ့ ခ်စ္ခင္ၾကပါတယ္။ မိခင္ေတြကုိသား ေတြက ပုိၿပီးေတာ့ ခ်စ္ခင္ခံုတြယ္တတ္ၾကတာကုိလည္း လက္ခံ ေပးလုိ႔ရပါတယ္။ ဒါေပမဲ့ ေမေမ့သား၊ ေမေမ့ အသည္းႏွလံုးလုိ မ်ိဳးေတာ့ သည္းသည္းလႈပ္ခ်စ္ၿပီး အျဖစ္သည္းျပတာကေတာ့ လူပ်ိဳ၊ လူလြတ္အခ်ိန္မွာပဲေကာင္းပါတယ္။ အိမ္ေထာင္ရက္သားက်သြား တဲ့ အခါဆုိရင္ေတာ့ မိခင္ေကာ၊ သားျဖစ္သူကပါ မိသားစုထဲဝင္လာ မယ့္ မိန္းကေလးအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ရေလာက္ ေအာင္ထိ မျဖစ္ေအာင္ေတာ့ ေရွာင္ေပးသင့္ပါတယ္။ အေၾကာင္းအ ရာ ကိစၥတစ္ခုခုႀကံဳလာတုိင္း သားအမိႏွစ္ဦးသားက တစ္ဖက္တည္း နဲ႔ တစ္ဖက္မိန္းကေလးကုိ ထိုးႏွက္တာမ်ိဳးေတြ၊ မိခင္ျဖစ္သူခ်ည္းပဲ ဦးစားေပးခံရတာမ်ိဳးေတြ၊ အေလးေပးခံရတာမ်ိဳးေတြက သိပ္ကုိစိတ္ ပ်က္ဖုိ႔ေကာင္းပါတယ္။ အေျခအေနအရပ္ရပ္မွာ သင့္ေတာ္တဲ့၊ မွန္ ကန္တဲ့အျမင္မရွိတဲ့ တစ္ဖက္ခ်ည္းပဲလုိက္လြန္းတဲ့ ေမေမ့ခ်စ္သား ေတြ ဆုိရင္ေတာ့ အခုကတည္းက စိတ္ကူးထဲကထုတ္လုိက္ပါ။

၃။ စိတ္ဓာတ္ေပ်ာ့ညံ့၊ စိတ္အားငယ္လြယ္တတ္တဲ့ သူကုိ ေရွာင္ပါ။
မိန္းကေလးေတြခ်ည္းပဲ ထိခုိက္လြယ္၊ စိတ္အားငယ္တတ္တာမဟုတ္ပါဘူး။ ေယာက်္ားေလးေတြလည္း
စိတ္ထိခိုက္တတ္ၾကပါ တယ္။ ဒါေပမဲ့ ေယာက်္ားေလးသဘာဝကေတာ့ စိတ္ဓာတ္မာၿပီး ၾကံ႔ခုိင္တတ္ၾကပါတယ္။ ေယာက်္ားေလးျဖစ္ၿပီးေတာ့ အရာရာကုိ စိုးရိမ္ပူပန္ေနတာေတြ၊ အေျပာင္းအလဲေတြကုိ စိုးေၾကာက္ေနတာ ေတြ၊ ကိစၥတစ္ခုခုျဖစ္ေပၚလာတုိင္းမွာ ပုိၿပီးေတာ့စိတ္ဓာတ္က်လြယ္၊ စိတ္ထိခုိက္လြယ္တဲ့ အမ်ိဳးသားကုိ ေရြးခ်ယ္ထားမိခဲ့ရင္ေတာ့ သင့္ အတြက္ေတာ့ ကံဆိုးသြားတယ္လုိ႔ ဆုိႏုိင္ပါတယ္။ အရာရာကုိ သင္ သာလွ်င္ ဦးစီးဦးေဆာင္ေနရတဲ့ အိမ္ေထာင္ေရးမ်ိဳးမွာ တခ်ိန္ခ်ိန္ ေမာဟုိက္ပင္ပန္းလာတဲ့ အခါက် သင္ကုိယ္တုိင္ေတာင္ သင့္ကုိယ္ သင္ စိတ္ပ်က္သြားႏုိင္ပါတယ္။

၄။ သူသာလွ်င္ အဓိက ႀကိဳးကုိင္သူမ်ိဳးကုိ ေရွာင္ပါ။
အိမ္ေထာင္ေရးတစ္ခုမွာ အမ်ိဳးသားေကာ၊ အမ်ိဳးသမီးေကာ ႏွစ္ဦး စလံုး အေရးပါ ပါတယ္။ အိမ္ေထာင္ဦးစီး အမ်ိဳးသားျဖစ္လုိ႔ ဒီအိမ္ ေထာင္ကုိ သူပဲ ဦးေဆာင္ရတာမ်ိဳး မျဖစ္ရသလုိ၊ အိမ္တြင္းအိမ္ရွင္မ တစ္ဦးျဖစ္လုိ႔ သူမခ်ည္းပဲ ဦးေဆာင္ရတာမ်ိဳး မရွိပါဘူး။ အိမ္ေထာင္ ဦးစီးဆုိတဲ့ အမည္ကုိယူထားၿပီး အရာရာမွာ သူ႔ပါးစပ္၊ သူ႔လက္ထဲ မွာ ခ်ဳပ္ကုိင္စီမံထားတာက အိမ္ေထာင္ေရးမွာ ႀကီးမားတဲ့ျပႆနာ ျဖစ္ေပၚလာႏုိင္ပါတယ္။ ဇနီးမယားအေပၚ၊ သားသမီးေတြအေပၚ၊ မိဘေဆြမ်ိဳး ေမာင္ႏွမေတြၾကားမွာ သူသာလွ်င္ၾသဇာအရွိဆံုးနဲ႔ ဆံုး ျဖတ္ေပးမယ့္ သူအျဖစ္ တစ္ကုိယ္တည္းခံစားခ်က္ဆန္စြာ ေနထုိင္ တတ္တ့ဲသူမ်ိဳးဆုိရင္ေတာ့ သင့္အတြက္က သူ႔စိတ္န႔ဲ အသက္ရွင္ေန ရတာမ်ိဳး ျဖစ္ေနပါလိမ့္မယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

အိမ်ထောင်ပြုတယ်ဆိုတာ ဘဝတစ်ဆစ်ချိုးအတွက် တကယ့် အရေးကြီးတဲ့ ရွေးချယ်မှုတစ်ခုပါ။

 ကောင်းမွန်တဲ့ အိမ်ထောင်ဘက် လက်တွဲဖော်နဲ့ တွေ့ရလို့ အိမ်ထောင်ရှင်ဘဝမှာ စိတ်ချမ်းသာစွာနဲ့ နေထိုင်ရတာမျိုးတွေ၊ ချစ်ခင်စသမီးရည်းစားဘဝတုန်းကတော့ ကိုယ့်အပေါ် အစစအရာရာကောင်းပေးသလောက် အိမ်ထောင်ရက် သားပြုချိန်ရောက်တော့ အရာရာပြောင်းလဲသွားခဲ့ပါပြီ။

မိမိထင်ထား ခဲ့သလောက် ဆက်ဆံရေးတွေ၊ ပြုမူမှုတွေက စိတ်သက်တောင့် သက်သာမဖြစ်မှုတွေနဲ့ အဆိုးဆုံးအခြေအနေတွေဖြစ်လာတဲ့ အထိမှာ လက်တွဲဖော်ကို စိတ်ကုန်ပြီး အိမ်ထောင်ရေး ကမောက်ကမနဲ့ ဆက်ဆံရေးကို ပြတ်စဲပစ်လိုက်ချင်သည်အထိကို ဖြစ်ချင်လာတော့တာပဲ ဖြစ်ပါတယ်။

အမျိုးသားတွေနဲ့ယှဉ်ရင် အရာရာမှာ အား နွဲ့တဲ့ မိန်းမသား အမျိုးသမီးတွေရဲ့ အိမ်ထောင်ဖက်ရွေးချယ်မှုက လည်း သူမရဲ့ဘဝအတွက် အရေးကြီးတဲ့ ရွေးချယ်မှုကံကြမ္မာဖြစ် ပါတယ်။ ဒါ့ကြောင့်မို့လို့ အမျိုးသမီးတွေအတွက် မရွေးချယ်သင့်တဲ့ လက်တွဲဖော် ယောကျ်ား (၄) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ငွေရေးကြေးရေး ပြဿနာ အမြဲတမ်းဖြစ်ပေါ်နေတတ်သူ။
ငွေကြေးအတွက် လုံလောက်ပြည့်စုံတဲ့ အလုပ်အကိုင်ကောင်း ကောင်း မရှိတာထက်ကို အလုပ်တစ်ခုက ရတဲ့ ဝင်ငွေကိုလောက်ငစွာ စီမံခန့်ခွဲတတ်မှု မရှိတာကြောင့် အမြဲလိုလို

 ငွေကြေးအခက်အခဲ ဖြစ်ပေါ်နေရသူဖြစ်ပါတယ်။ ဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့အပြင် တခြား လူမှုရေးကိစ္စတွေ၊ အပေါင်းအသင်းတွေကြားထဲမှာလည်း ငွေကြေးပတ်သက်မှုတွေ အရှုပ်အရှင်းကိစ္စတွေ စသဖြင့် ရှိတဲ့သူကို ရှောင်ရှားပါ။ သင့်အတွက် ငွေကြေးနဲ့ နောင်ရေးမှာ အမြဲလိုရတက်မအေးနဲ့ ငွေကြေးကိစ္စတွေကိုလိုက်လံရှင်းပေးရတာမျိုးတွေ ပြုလုပ် ပေးနေတာမျိုးတွေနဲ့ပဲ အချိန်ကုန်နေမှာပဲ ဖြစ်ပါတယ်။

၂။ မေမေ့သား။
သင့်အနေဲ့ သူ့ရဲ့ မိခင်နဲ့ အမြဲလိုလို နှိုင်းယှဉ်နေရတာမျိုးတွေ၊ ယှဉ်ပြိုင်နေရတာမျိုးကို မုန်းလိမ့်မယ်ထင်ပါတယ်။ မိဘတွေကို သားသမီးတိုင်းကတော့ ချစ်ခင်ကြပါတယ်။ မိခင်တွေကိုသား တွေက ပိုပြီးတော့ ချစ်ခင်ခုံတွယ်တတ်ကြတာကိုလည်း လက်ခံ ပေးလို့ရပါတယ်။ ဒါပေမဲ့ မေမေ့သား၊ မေမေ့ အသည်းနှလုံးလို မျိုးတော့ သည်းသည်းလှုပ်ချစ်ပြီး အဖြစ်သည်းပြတာကတော့ လူပျို၊ လူလွတ်အချိန်မှာပဲကောင်းပါတယ်။ အိမ်ထောင်ရက်သားကျသွား တဲ့ အခါဆိုရင်တော့ မိခင်ကော၊ သားဖြစ်သူကပါ မိသားစုထဲဝင်လာ မယ့် မိန်းကလေးအတွက် စိတ်အနှောင့်အယှက်ဖြစ်ရလောက် အောင်ထိ မဖြစ်အောင်တော့ ရှောင်ပေးသင့်ပါတယ်။ အကြောင်းအ ရာ ကိစ္စတစ်ခုခုကြုံလာတိုင်း သားအမိနှစ်ဦးသားက တစ်ဖက်တည်း နဲ့ တစ်ဖက်မိန်းကလေးကို ထိုးနှက်တာမျိုးတွေ၊ မိခင်ဖြစ်သူချည်းပဲ ဦးစားပေးခံရတာမျိုးတွေ၊ အလေးပေးခံရတာမျိုးတွေက သိပ်ကိုစိတ် ပျက်ဖို့ကောင်းပါတယ်။ အခြေအနေအရပ်ရပ်မှာ သင့်တော်တဲ့၊ မှန် ကန်တဲ့အမြင်မရှိတဲ့ တစ်ဖက်ချည်းပဲလိုက်လွန်းတဲ့ မေမေ့ချစ်သား တွေ ဆိုရင်တော့ အခုကတည်းက စိတ်ကူးထဲကထုတ်လိုက်ပါ။

၃။ စိတ်ဓာတ်ပျော့ညံ့၊ စိတ်အားငယ်လွယ်တတ်တဲ့ သူကို ရှောင်ပါ။
မိန်းကလေးတွေချည်းပဲ ထိခိုက်လွယ်၊ စိတ်အားငယ်တတ်တာမဟုတ်ပါဘူး။ ယောကျ်ားလေးတွေလည်း

စိတ်ထိခိုက်တတ်ကြပါ တယ်။ ဒါပေမဲ့ ယောကျ်ားလေးသဘာဝကတော့ စိတ်ဓာတ်မာပြီး ကြံ့ခိုင်တတ်ကြပါတယ်။ ယောကျ်ားလေးဖြစ်ပြီးတော့ အရာရာကို စိုးရိမ်ပူပန်နေတာတွေ၊ အပြောင်းအလဲတွေကို စိုးကြောက်နေတာ တွေ၊ ကိစ္စတစ်ခုခုဖြစ်ပေါ်လာတိုင်းမှာ ပိုပြီးတော့စိတ်ဓာတ်ကျလွယ်၊ စိတ်ထိခိုက်လွယ်တဲ့ အမျိုးသားကို ရွေးချယ်ထားမိခဲ့ရင်တော့ သင့် အတွက်တော့ ကံဆိုးသွားတယ်လို့ ဆိုနိုင်ပါတယ်။ အရာရာကို သင် သာလျှင် ဦးစီးဦးဆောင်နေရတဲ့ အိမ်ထောင်ရေးမျိုးမှာ တချိန်ချိန် မောဟိုက်ပင်ပန်းလာတဲ့ အခါကျ သင်ကိုယ်တိုင်တောင် သင့်ကိုယ် သင် စိတ်ပျက်သွားနိုင်ပါတယ်။

၄။ သူသာလျှင် အဓိက ကြိုးကိုင်သူမျိုးကို ရှောင်ပါ။
အိမ်ထောင်ရေးတစ်ခုမှာ အမျိုးသားကော၊ အမျိုးသမီးကော နှစ်ဦး စလုံး အရေးပါ ပါတယ်။ အိမ်ထောင်ဦးစီး အမျိုးသားဖြစ်လို့ ဒီအိမ် ထောင်ကို သူပဲ ဦးဆောင်ရတာမျိုး မဖြစ်ရသလို၊ အိမ်တွင်းအိမ်ရှင်မ တစ်ဦးဖြစ်လို့ သူမချည်းပဲ ဦးဆောင်ရတာမျိုး မရှိပါဘူး။ အိမ်ထောင် ဦးစီးဆိုတဲ့ အမည်ကိုယူထားပြီး အရာရာမှာ သူ့ပါးစပ်၊ သူ့လက်ထဲ မှာ ချုပ်ကိုင်စီမံထားတာက အိမ်ထောင်ရေးမှာ ကြီးမားတဲ့ပြဿနာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဇနီးမယားအပေါ်၊ သားသမီးတွေအပေါ်၊ မိဘဆွေမျိုး မောင်နှမတွေကြားမှာ သူသာလျှင်သြဇာအရှိဆုံးနဲ့ ဆုံး ဖြတ်ပေးမယ့် သူအဖြစ် တစ်ကိုယ်တည်းခံစားချက်ဆန်စွာ နေထိုင် တတ်တဲ့သူမျိုးဆိုရင်တော့ သင့်အတွက်က သူ့စိတ်နဲ့ အသက်ရှင်နေ ရတာမျိုး ဖြစ်နေပါလိမ့်မယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top