Property Expo
×

   ေဒၚေအာင္ဆန္းစုၾကည္ ေရးဆြဲသည့္ ပန္းခ်ီကား
                   
 ႏိုင္ငံေတာ္၏အတုိင္ပင္ ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္က်ခံရစဥ္ ၂၀၀၉ က ေရးဆြဲခဲ့ေသာ ေရေဆး ပန္းခ်ီကားကို ေလလံတင္ရာ တစ္ ရက္အတြင္း အေမရိကန္ေဒၚလာ တစ္သိန္းခြဲအထိ(က်ပ္သိန္းႏွစ္ ေထာင္ခန္႔ထိ) ေစ်းရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ ပန္းခ်ီကားကို ေဒၚခင္ၾကည္ေဖာင္ ေဒးရွင္းရန္ပံုေငြအတြက္ ေလလံ တင္ရာ ႏုိဝင္ဘာ ၁ ရက္တြင္ ၾကမ္းခင္းေစ်းအေမရိကန္ေဒၚ လာ ၅၀၀၀ ျဖင့္ ေစ်းစဖြင့္ခဲ့သည္။ သို႔ေသာ္ ေစ်းစဖြင့္ၿပီး ေနာက္တစ္ ရက္ ႏိုဝင္ဘာ ၂ ရက္တြင္ အေမရိကန္ေဒၚလာ တစ္သိန္းခြဲအထိ ေစ်းေပးသူရွိခဲ့သည္။

‘‘ပန္းခ်ီကားရဲ႕မူရင္းပိုင္ရွင္ က အေမစုပါ။ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းရန္ပံုေငြအတြက္ လုိသလို သံုးဖို႔ေပးထားတာပါ’’ဟု ေလလံပြဲအတြက္ ကူညီေပးေနသူ ကိုေမာင္ေမာင္ေအး(အိမ္မက္ ေလွ)က ေျပာသည္။

လက္ရွိတြင္ ေလလံေစ်းကို ကိုေမာင္ေမာင္ေအး၏ Mg Mg Aye ေဖ့စ္ဘြတ္ခ္အေကာင့္၏ Chat Box မွတစ္ဆင့္ ေပးႏိုင္ ေၾကာင္း သိရသည္။

ကန္ေဒၚလာတစ္သိန္းခြဲအ ထိ ေစ်းေပးသူသည္ ‘‘အရည္ႀကိဳ’’ အေကာင့္ပိုင္ရွင္ျဖစ္ေၾကာင္း ကို ေမာင္ေမာင္ေအး၏လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

ေလလံပြဲေနာက္ဆံုးရက္ကို ႏုိဝင္ဘာ ၂၅ ရက္ေန႔ ညေန ၆ နာရီခြဲမွ ည ၉ နာရီအထိ က်င္းပမည္ ျဖစ္ၿပီး ေလလံေအာင္သူကို အမ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နာယက ဦးတင္ဦးက ပန္းခ်ီကားလက္ ေရာက္ေပးအပ္မည္ျဖစ္ေၾကာင္း ကိုေမာင္ေမာင္ေအး(အိမ္မက္ ေလွ)ထံမွ သိရသည္။

ျပည္တြင္းေရာ ျပည္ပကပါ ေလလံဆြဲႏိုင္ရန္ ခြင့္ျပဳထားရာ ၂၄ စင္တီမီတာ×၁၆ စင္တီမီတာ အရြယ္အစားသာရွိေသာ ပန္းခ်ီ ကားတန္ဖိုး ဆက္လက္ျမင့္တက္ လာဖြယ္ရွိသည္။

ယင္းပန္းခ်ီကားတြင္ သံဆန္ခါမ်ား၊ ၿခံစည္း႐ိုးမ်ားႏွင့္ လံုၿခံဳ ေရးမ်ားေစာင့္ၾကပ္ေနသည့္ ကင္း တစ္ခုအထက္၌ အျပာေရာင္ငါး ႀကီးတစ္ေကာင္ ကူးခတ္ေနပံုကို ျခယ္မႈန္းထားၿပီး ပန္းခ်ီကား ေအာက္ေျခ၌ ေဒၚေအာင္ဆန္း စုၾကည္၏လက္မွတ္ကို အဂၤလိပ္ ဘာသာျဖင့္ ေရးထိုးထားသည္။

ပန္းခ်ီကားျဖစ္ေပၚလာပံုသ မုိင္းေၾကာင္းကို ေလလံပြဲကူညီ ေပးလ်က္ရွိသူ ကိုေမာင္ေမာင္ ေအး၏လူမႈကြန္ရက္စာမ်က္ႏွာ တြင္ ေအာက္ပါအတုိင္း ေရးသား ထားသည္။

‘‘ႏုိင္ငံေတာ္အတုိင္ပင္ခံ ပုဂၢၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ေရးဆြဲခဲ့ၿပီး အမွတ္ရစ ရာမ်ားစြာျဖင့္ အဖိုးမျဖတ္ႏိုင္ ေသာ သမုိင္းတြင္မည့္ ရွားပါးပန္း ခ်ီကားတစ္ခ်ပ္...၂၀၀၉ မွာ ကိုယ့္ အိမ္ၿခံထဲ ပိုင္နက္က်ဴးလာတဲ့သူ ေၾကာင့္ အိမ္ရွင္ကို ေထာင္ခ်ခဲ့တဲ့ အာဏာရွင္စစ္အစိုးရရဲ႕ ကမၻာ ေက်ာ္ရယ္စရာဟာသျဖစ္ရပ္အ ၿပီးမွာ... ေထာင္က ျပန္ထြက္လာ ၿပီး ေနအိမ္ျပန္အေရာက္ ေရစပ္ မွာပါ ရဲကင္းခ်သံဆန္ခါေတြခတ္ ၿပီး ေလးဘက္ေလးတန္ အက်ယ္ ခ်ဳပ္ထားခံရတဲ့ ျမင္ကြင္းကို ၾကည့္ၿပီး ေရးဆြဲျဖစ္ခဲ့တဲ့ ပန္းခ်ီကား တစ္ခ်ပ္...’’ဟု ေရးဖြဲ႕ထားသည္။

ရန္ကုန္ၿမိဳ႕ အင္းလ်ားကန္စပ္တြင္တည္ရွိသည့္ ေဒၚေအာင္ဆန္းစုၾကည္ အက်ယ္ခ်ဳပ္ခ်ခံထားရေသာ ၿခံနံပါတ္(၅၄)သို႔ ဗီယက္နမ္စစ္ျပန္ အေမရိကန္ႏိုင္ငံသား ဂြၽန္ဝီလီယံယက္ေတာက အင္းလ်ားကန္ကို ျဖတ္၍ ေရကူးဝင္ေရာက္လာခဲ့ရာ ၂၀၀၉ ေမလ ၆ ရက္က အဖမ္းခံခဲ့ရသည္။

အက်ိဳးဆက္အျဖစ္ စစ္အစိုးရက ေဒၚေအာင္ဆန္းစုၾကည္ကို ေနအိမ္အက်ယ္ခ်ဳပ္ ၁၈ လ ထပ္မံခ်မွတ္ခဲ့သျဖင့္ ေဒၚေအာင္ဆန္းစု ၾကည္သည္ ၂၀၁၀ ေရြးေကာက္ပြဲ ႏွင့္လြဲခဲ့ရသည္။

သို႔ေသာ္ ေဒၚေအာင္ဆန္းစု ၾကည္သည္ ၂၀၁၂ ၾကားျဖတ္ေရြး ေကာက္ပြဲမွတစ္ဆင့္ လႊတ္ေတာ္ အမတ္ျဖစ္လာခဲ့သည္။ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲတြင္မူ ဒီခ်ဳပ္ပါတီ ေတာင္ၿပိဳကမ္းၿပိဳအႏိုင္ရၿပီး အစိုးရဖြဲ႕ႏိုင္ခဲ့ကာ ေဒၚေအာင္ ဆန္းစုၾကည္လည္း ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ျဖစ္လာသည္။

ေဒၚေအာင္ဆန္းစုၾကည္အက်ယ္ခ်ဳပ္က်ခဲ့သည့္ၿခံအမွတ္(၅၄)ေနအိမ္ၿခံတံခါးေဟာင္း၊ ေဒၚေအာင္ဆန္းစုၾကည္
ကိုယ္တိုင္ထိုး ခဲ့သည့္ ဆြယ္တာအက်ႌတို႔ကို လည္း ေလလံတင္ခဲ့ဖူးသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရစဉ် ၂၀၀၉ က ရေးဆွဲခဲ့သော ရေဆေး ပန်းချီကားကို လေလံတင်ရာ တစ် ရက်အတွင်း အမေရိကန်ဒေါ်လာ တစ်သိန်းခွဲအထိ(ကျပ်သိန်းနှစ် ထောင်ခန့်ထိ) ဈေးရရှိခဲ့ကြောင်း သတင်းရရှိသည်။


ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကားကို ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းရန်ပုံငွေအတွက် လေလံ တင်ရာ နိုဝင်ဘာ ၁ ရက်တွင် ကြမ်းခင်းဈေးအမေရိကန်ဒေါ် လာ ၅၀၀၀ ဖြင့် ဈေးစဖွင့်ခဲ့သည်။ သို့သော် ဈေးစဖွင့်ပြီး နောက်တစ် ရက် နိုဝင်ဘာ ၂ ရက်တွင် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲအထိ ဈေးပေးသူရှိခဲ့သည်။

‘‘ပန်းချီကားရဲ့မူရင်းပိုင်ရှင် က အမေစုပါ။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရန်ပုံငွေအတွက် လိုသလို သုံးဖို့ပေးထားတာပါ’’ဟု လေလံပွဲအတွက် ကူညီပေးနေသူ ကိုမောင်မောင်အေး(အိမ်မက် လှေ)က ပြောသည်။

လက်ရှိတွင် လေလံဈေးကို ကိုမောင်မောင်အေး၏ Mg Mg Aye ဖေ့စ်ဘွတ်ခ်အကောင့်၏ Chat Box မှတစ်ဆင့် ပေးနိုင် ကြောင်း သိရသည်။

ကန်ဒေါ်လာတစ်သိန်းခွဲအ ထိ ဈေးပေးသူသည် ‘‘အရည်ကြို’’ အကောင့်ပိုင်ရှင်ဖြစ်ကြောင်း ကို မောင်မောင်အေး၏လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

လေလံပွဲနောက်ဆုံးရက်ကို နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၆ နာရီခွဲမှ ည ၉ နာရီအထိ ကျင်းပမည် ဖြစ်ပြီး လေလံအောင်သူကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက ပန်းချီကားလက် ရောက်ပေးအပ်မည်ဖြစ်ကြောင်း ကိုမောင်မောင်အေး(အိမ်မက် လှေ)ထံမှ သိရသည်။

ပြည်တွင်းရော ပြည်ပကပါ လေလံဆွဲနိုင်ရန် ခွင့်ပြုထားရာ ၂၄ စင်တီမီတာ×၁၆ စင်တီမီတာ အရွယ်အစားသာရှိသော ပန်းချီ ကားတန်ဖိုး ဆက်လက်မြင့်တက် လာဖွယ်ရှိသည်။

ယင်းပန်းချီကားတွင် သံဆန်ခါများ၊ ခြံစည်းရိုးများနှင့် လုံခြုံ ရေးများစောင့်ကြပ်နေသည့် ကင်း တစ်ခုအထက်၌ အပြာရောင်ငါး ကြီးတစ်ကောင် ကူးခတ်နေပုံကို ခြယ်မှုန်းထားပြီး ပန်းချီကား အောက်ခြေ၌ ဒေါ်အောင်ဆန်း စုကြည်၏လက်မှတ်ကို အင်္ဂလိပ် ဘာသာဖြင့် ရေးထိုးထားသည်။

ပန်းချီကားဖြစ်ပေါ်လာပုံသ မိုင်းကြောင်းကို လေလံပွဲကူညီ ပေးလျက်ရှိသူ ကိုမောင်မောင် အေး၏လူမှုကွန်ရက်စာမျက်နှာ တွင် အောက်ပါအတိုင်း ရေးသား ထားသည်။

‘‘နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆွဲခဲ့ပြီး အမှတ်ရစ ရာများစွာဖြင့် အဖိုးမဖြတ်နိုင် သော သမိုင်းတွင်မည့် ရှားပါးပန်း ချီကားတစ်ချပ်...၂၀၀၉ မှာ ကိုယ့် အိမ်ခြံထဲ ပိုင်နက်ကျူးလာတဲ့သူ ကြောင့် အိမ်ရှင်ကို ထောင်ချခဲ့တဲ့ အာဏာရှင်စစ်အစိုးရရဲ့ ကမ္ဘာ ကျော်ရယ်စရာဟာသဖြစ်ရပ်အ ပြီးမှာ... ထောင်က ပြန်ထွက်လာ ပြီး နေအိမ်ပြန်အရောက် ရေစပ် မှာပါ ရဲကင်းချသံဆန်ခါတွေခတ် ပြီး လေးဘက်လေးတန် အကျယ် ချုပ်ထားခံရတဲ့ မြင်ကွင်းကို ကြည့်ပြီး ရေးဆွဲဖြစ်ခဲ့တဲ့ ပန်းချီကား တစ်ချပ်...’’ဟု ရေးဖွဲ့ထားသည်။

ရန်ကုန်မြို့ အင်းလျားကန်စပ်တွင်တည်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချခံထားရသော ခြံနံပါတ်(၅၄)သို့ ဗီယက်နမ်စစ်ပြန် အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံယက်တောက အင်းလျားကန်ကို ဖြတ်၍ ရေကူးဝင်ရောက်လာခဲ့ရာ ၂၀၀၉ မေလ ၆ ရက်က အဖမ်းခံခဲ့ရသည်။

အကျိုးဆက်အဖြစ် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချမှတ်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစု ကြည်သည် ၂၀၁၀ ရွေးကောက်ပွဲ နှင့်လွဲခဲ့ရသည်။

သို့သော် ဒေါ်အောင်ဆန်းစု ကြည်သည် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲမှတစ်ဆင့် လွှတ်တော် အမတ်ဖြစ်လာခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မူ ဒီချုပ်ပါတီ တောင်ပြိုကမ်းပြိုအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ကာ ဒေါ်အောင် ဆန်းစုကြည်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာသည်။

ဒေါ်အောင်ဆန်းစုကြည်အ ကျယ်ချုပ်ကျခဲ့သည့် ခြံအမှတ် (၅၄)နေအိမ်ခြံတံခါးဟောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ထိုး ခဲ့သည့် ဆွယ်တာအကျႌတို့ကို လည်း လေလံတင်ခဲ့ဖူးသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top