Kantharyar Centre
×




Credit: 7 day daily

#Unicode Version

အော်စကာဆုရှင်မင်းသမီး ဟယ်လီဘယ်ရီက အဆိုတော်ဘရူနိုမားစ်၏ 24K Magic တေး အယ်လ်ဘမ်သစ်တွင် အထူးပါဝင်သရုပ်ဆောင်မည့်အကြောင်း တရားဝင် အသိပေးကြေညာသည်။

မင်းသမီးဟယ်လီဘယ်ရီသည် ယင်းအယ်လ်ဘမ်တွင်ပါရှိသော 'Calling All My Lovelies' သီချင်းတွင် သရုပ်ဆောင်မည်ဖြစ်သည်။ အယ်လ်ဘမ် ထွက်ရှိပြီးနောက် 24K Magic အမည်ရှိ သီချင်းကို ကြည့်ရှုသူများစွာက ကြိုက်နှစ်သက်ခဲ့သည်။

ယခုလအစောပိုင်းက အင်တာဗျူးတစ်ခုတွင် ‘‘ကျရှုံးမှုမရှိဘဲနဲ့ ကျွန်တော်ဒီနေရာအထိ ရောက်လာမှာ မဟုတ်ဘူး။ ကြုံလာသမျှ အရာအားလုံးကို ဖြတ်ကျော်ရမယ်။ လွယ်တော့မလွယ်ဘူးပေါ့။ ဒါက လွယ်တယ်ဆိုရင် လူတိုင်းလုပ်နိုင်မှာပေါ့’’ဟု ဘရူနိုမားစ်က အနုပညာရှင်တစ်ဦး အဖြစ် ဖြတ်သန်းခဲ့ရသော အစောပိုင်းကာလများကို ပြောပြခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top