Property Expo
×

ဆြစ္ဇာလန္ႏုိင္ငံက ၃၆ ေပအျမင့္ရိွ "Redeemer Replica" ခရစ္ေတာ္ရုပ္ပြားေတာ္ကို တည္ထားစရာ ေနာက္ေတာင္ထိပ္သစ္တစ္ခုသို႔ ရဟတ္ယာဥ္နဲ႔ ဆြဲတင္ခဲ့ပါတယ္။ ၾကိဳတင္ေမွ်ာ္လင့္မထားတဲ့ ဆြစ္ဇာလန္ေက်းရြာတစ္ခုက ေဒသခံေတြ ၃၆ ေပအျမင့္ရိွတဲ့ အဲဒီ Juses ရုပ္ထုၾကီး မုိးေပၚပ်ံဝဲေနတာေတြ႔ရလို႔ ခရစ္ယာန္ဘာသာေရးအရ လက္ဝါးကတ္တုိင္ သေကၤတျပဳမိမယ္ ထင္ပါတယ္။ 

ဘရာဇီးလ္ႏုိင္ငံ Rio d Janeiro ျမိဳ႕ရဲ႕ လူသိမ်ား ထင္ရွားတဲ့ ခရစ္ေတာ္ရုပ္ပြားေတာ္နဲ႔ တေထရာတည္းတူညီတဲ့ ၂.၄ တန္အေလးခ်ိန္ရိွ အဲဒီရုပ္တုၾကီးကို ဆြစ္ဇာလန္ႏုိင္ငံအေရွ႕ဘက္ျခမ္းရိွ St Gallen အနီး pfaefers အထက္ Guschastein ေတာင္ကုန္းေပၚသုိ႔ ရဟတ္ယာဥ္နဲ႔ ေရြ႕ေျပာင္းသယ္ေဆာင္ခဲ့ပါတယ္။


အရင္က အဲဒီရွပ္ပြားေတာ္ဟာ ဆြစ္ဇာလန္ႏုိင္ငံ Bad Ragaz ရြာအနီးမွာ တည္ရိွခဲ့တာျဖစ္ေပမယ့္ ဧျပီလက ေဒသလုံးဆုိင္ရာ ဆႏၵခံယူပြဲတစ္ခု ျပဳလုပ္ခဲ့ျပီးေနာက္ ၁.၂ တန္အေလးခ်ိန္ရိွတဲ့ ယင္းရုပ္ထုၾကီး ေနရာေရႊ႕ေျပာင္းဖုိ႔ ေဒသခံေတြ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ၾကတာလုိ႔ FM1 Today က ေဖာ္ျပခဲ့ပါတယ္။

အဆုိပါခရစ္ေတာ္ဆင္းတုၾကီးကို ျမစ္ဝွမ္းအထက္ ေပ ၈၀၀ အျမင့္မွာ တည္ရိွတဲ့ Wartenstein ရဲတုိက္နားေဘး ေနရာသစ္မွာ ေနာက္ ၅ ႏွစ္ထိ ထားရိွခြင့္ျပဳသြားမွာ ျဖစ္တယ္လုိ႔ ဆြစ္ဇာလန္ႏုိင္ငံTagblatt သတင္းစာအရ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

ဆွစ်ဇာလန်နိုင်ငံက ၃၆ ပေအမြင့်ရှိ "Redeemer Replica" ခရစ်တော်ရုပ်ပွားတော်ကို တည်ထားစရာ နောက်တောင်ထိပ်သစ်တစ်ခုသို့ ရဟတ်ယာဉ်နဲ့ ဆွဲတင်ခဲ့ပါတယ်။ ကြိုတင်မျှော်လင့်မထားတဲ့ ဆွစ်ဇာလန်ကျေးရွာတစ်ခုက ဒေသခံတွေ ၃၆ ပေအမြင့်ရှိတဲ့ အဲဒီ Juses ရုပ်ထုကြီး မိုးပေါ်ပျံဝဲနေတာတွေ့ရလို့ ခရစ်ယာန်ဘာသာရေးအရ လက်ဝါးကတ်တိုင် သင်္ကေတပြုမိမယ် ထင်ပါတယ်။

ဘရာဇီးလ်နိုင်ငံ Rio d Janeiro မြို့ရဲ့ လူသိများ ထင်ရှားတဲ့ ခရစ်တော်ရုပ်ပွားတော်နဲ့ တထေရာတည်းတူညီတဲ့ ၂.၄ တန်အလေးချိန်ရှိ အဲဒီရုပ်တုကြီးကို ဆွစ်ဇာလန်နိုင်ငံအရှေ့ဘက်ခြမ်းရှိ St Gallen အနီး pfaefers အထက် Guschastein တောင်ကုန်းပေါ်သို့ ရဟတ်ယာဉ်နဲ့ ရွေ့ပြောင်းသယ်ဆောင်ခဲ့ပါတယ်။

အရင်က အဲဒီရှပ်ပွားတော်ဟာ ဆွစ်ဇာလန်နိုင်ငံ Bad Ragaz ရွာအနီးမှာ တည်ရှိခဲ့တာဖြစ်ပေမယ့် ဧပြီလက ဒေသလုံးဆိုင်ရာ ဆန္ဒခံယူပွဲတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ၁.၂ တန်အလေးချိန်ရှိတဲ့ ယင်းရုပ်ထုကြီး နေရာရွှေ့ပြောင်းဖို့ ဒေသခံတွေ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြတာလို့ FM1 Today က ဖော်ပြခဲ့ပါတယ်။

အဆိုပါခရစ်တော်ဆင်းတုကြီးကို မြစ်ဝှမ်းအထက် ပေ ၈၀၀ အမြင့်မှာ တည်ရှိတဲ့ Wartenstein ရဲတိုက်နားဘေး နေရာသစ်မှာ နောက် ၅ နှစ်ထိ ထားရှိခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ဆွစ်ဇာလန်နိုင်ငံTagblatt သတင်းစာအရ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top