Property Expo
×

ရွစ္ေခြေျမာက္ တစ္ကိုယ္ေတာ္အေခြကို ‘ေအာင္ျမင္ မႈခရီးစဥ္’ဟု အမည္ေပးထားၿပီး ႏိုဝင္ဘာ ၁၃ ရက္တြင္ စတင္ျဖန္႔ ခ်ိမည္ျဖစ္ေၾကာင္း   အဆုိေတာ္ ရဲေလးက ေျပာသည္။

‘‘ေနာက္တစ္ေခါက္ဆုိတဲ့ ခုနစ္ေခြေျမာက္အေခြနဲ႔ တစ္ႏွစ္ခြဲ ေက်ာ္ၾကာခဲ့ၿပီး အေကာင္းဆံုး လုပ္ထားတဲ့ ေတးစီးရီးေလးပါ။ အားလံုးႀကိဳက္မယ္လုိ႔ ထင္ပါ တယ္။ ကြၽန္ေတာ္ အေကာင္းဆံုး ႀကိဳးစားထားပါတယ္။ ဘာပဲေျပာ ေျပာ ေဝဖန္ေပးၾကပါ။ အားလံုး ကို ႀကိဳဆုိပါတယ္’’ဟု ရဲေလးက ေျပာၾကားသည္။

‘ေအာင္ျမင္မႈခရီးစဥ္’ဟု အ မည္ေပးထားေသာ္လည္း ယင္း အမည္ႏွင့္ သီခ်င္းတစ္ပုဒ္ သီး သန္႔ပါဝင္မည္မဟုတ္ဘဲ ၎ ႀကိဳက္ႏွစ္သက္သည့္ နာမည္ကို အေခြနာမည္အျဖစ္ ေပးထားျခင္း ျဖစ္သည္ဟု ရဲေလးက ေျပာ သည္။

အဆုိပါအေခြတြင္ သီခ်င္း စုစုေပါင္း ၁၃ ပုဒ္ ပါဝင္ၿပီး Fea-turing မ်ားအေနျဖင့္ ဂ်ိဳကာ၊ Rio၊ နင္ဇီေမ၊ ဆုိဖီယာအဲဗားရက္စ္ႏွင့္ ခုိင္သဇင္သင္းတို႔က ပါဝင္သီဆုိ ထားသည္။

‘‘တကယ္တမ္းက်ရင္ေတာ့ ၁၂ ပုဒ္ပါ။ နင္ဇီေမနဲ႔ဆုိထားတဲ့ ‘ဟိုအရင္ကလို’ဆုိတဲ့ သီခ်င္းေလးကို Accoustic ဗားရွင္းနဲ႔ လမ္း ေဘးမွာဆုိလုိ႔ရတဲ့၊ အေဆာင္မွာ သြားဆုိလုိ႔ရတဲ့ စတုိင္ေလးပံုစံ ေျပာင္းၿပီး Bonus အေနနဲ႔ ထည့္ လိုက္တဲ့အတြက္ ၁၃ ပုဒ္ျဖစ္သြား ပါတယ္’’ဟု ရဲေလးက ေျပာ သည္။

ရဲေလး၏ညီ ဂ်ိဳကာက Featuring အေနျဖင့္ ပါဝင္ေသာ္ လည္း သီခ်င္းပါဝင္သီဆိုထား ျခင္းမဟုတ္ဘဲ သီခ်င္းမ်ားတြင္ အသံမ်ားျဖင့္္ဝင္၍ သ႐ုပ္ေဆာင္ ထားျခင္းျဖစ္သည္ဟု ဆုိသည္။

အဆုိပါ အေခြပ႐ိုမိုးရွင္းပြဲ မ်ားအျဖစ္    အေခြထြက္ရွိသည့္ ႏိုဝင္ဘာ ၁၃ ရက္တြင္ လွည္း တန္းစင္တာ၌ ျပဳလုပ္မည္ျဖစ္ၿပီး ႏိုဝင္ဘာ ၁၄ ရက္တြင္ မႏၲေလး၊ ႏိုဝင္ဘာ ၂၀ ရက္တြင္ မံုရြာႏွင့္ ႏိုဝင္ဘာ ၂၆ ရက္တြင္ ေမာ္လၿမိဳင္ၿမိဳ႕မ်ား၌     ပ႐ိုမုိးရွင္းပြဲမ်ား ျပဳ လုပ္မည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7 day daily

#Unicode Version

ရှစ်ခွေမြောက် တစ် ကိုယ်တော်အခွေကို ‘အောင်မြင် မှုခရီးစဉ်’ဟု အမည်ပေးထားပြီး နိုဝင်ဘာ ၁၃ ရက်တွင် စတင်ဖြန့် ချိမည်ဖြစ်ကြောင်း   အဆိုတော် ရဲလေးက ပြောသည်။

‘‘နောက်တစ်ခေါက်ဆိုတဲ့ ခုနစ်ခွေမြောက်အခွေနဲ့ တစ်နှစ်ခွဲ ကျော်ကြာခဲ့ပြီး အကောင်းဆုံး လုပ်ထားတဲ့ တေးစီးရီးလေးပါ။ အားလုံးကြိုက်မယ်လို့ ထင်ပါ တယ်။ ကျွန်တော် အကောင်းဆုံး ကြိုးစားထားပါတယ်။ ဘာပဲပြော ပြော ဝေဖန်ပေးကြပါ။ အားလုံး ကို ကြိုဆိုပါတယ်’’ဟု ရဲလေးက ပြောကြားသည်။

‘အောင်မြင်မှုခရီးစဉ်’ဟု အ မည်ပေးထားသော်လည်း ယင်း အမည်နှင့် သီချင်းတစ်ပုဒ် သီး သန့်ပါဝင်မည်မဟုတ်ဘဲ ၎င်း ကြိုက်နှစ်သက်သည့် နာမည်ကို အခွေနာမည်အဖြစ် ပေးထားခြင်း ဖြစ်သည်ဟု ရဲလေးက ပြော သည်။

အဆိုပါအခွေတွင် သီချင်း စုစုပေါင်း ၁၃ ပုဒ် ပါဝင်ပြီး Fea-turing များအနေဖြင့် ဂျိုကာ၊ Rio၊ နင်ဇီမေ၊ ဆိုဖီယာအဲဗားရက်စ်နှင့် ခိုင်သဇင်သင်းတို့က ပါဝင်သီဆို ထားသည်။

‘‘တကယ်တမ်းကျရင်တော့ ၁၂ ပုဒ်ပါ။ နင်ဇီမေနဲ့ဆိုထားတဲ့ ‘ဟိုအရင်ကလို’ဆိုတဲ့ သီချင်းလေးကို Accoustic ဗားရှင်းနဲ့ လမ်း ဘေးမှာဆိုလို့ရတဲ့၊ အဆောင်မှာ သွားဆိုလို့ရတဲ့ စတိုင်လေးပုံစံ ပြောင်းပြီး Bonus အနေနဲ့ ထည့် လိုက်တဲ့အတွက် ၁၃ ပုဒ်ဖြစ်သွား ပါတယ်’’ဟု ရဲလေးက ပြော သည်။

ရဲလေး၏ညီ ဂျိုကာက Featuring အနေဖြင့် ပါဝင်သော် လည်း သီချင်းပါဝင်သီဆိုထား ခြင်းမဟုတ်ဘဲ သီချင်းများတွင် အသံများဖြင့်ဝင်၍ သရုပ်ဆောင် ထားခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အခွေပရိုမိုးရှင်းပွဲ များအဖြစ်    အခွေထွက်ရှိသည့် နိုဝင်ဘာ ၁၃ ရက်တွင် လှည်း တန်းစင်တာ၌ ပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်တွင် မန္တလေး၊ နိုဝင်ဘာ ၂၀ ရက်တွင် မုံရွာနှင့် နိုဝင်ဘာ ၂၆ ရက်တွင် မော်လမြိုင်မြို့များ၌     ပရိုမိုးရှင်းပွဲများ ပြု လုပ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top