Property Expo
×

  ေဖ့စ္ဘြတ္ခ္ တည္ေထာင္သူ မက္ဇူကာဘက္ အပါအ၀င္ ေဖ့စ္ဘြတ္ခ္အသံုးျပဳ သူ အမ်ားအျပားကို ေသဆံုးၿပီဟု ေဖ့စ္ဘြတ္ခ္က ေသာၾကာေန႔တြင္ မေတာ္တဆ ေၾကညာမိခဲ့ေၾကာင္း သိရသည္။

ဆုိးရြားေသာ မွားယြင္းမႈ က်ဴးလြန္ခဲ့သည္ဟု ယင္းကို ျပင္ ဆင္ၿပီးေနာက္ ေဖ့စ္ဘြတ္ခ္က ေျပာသည္။

ေဖ့စ္ဘြတ္ခ္အသံုးျပဳသူမ်ား ေအာက္ေမ့ဖြယ္ ျဖစ္ေစလိုသည္ ဟု အသိေပးမႈတစ္ခုကို အျခား လူမ်ား၏ အေကာင့္မ်ား၌ မွား ယြင္းစြာ ေဖာ္ျပခဲ့မိသည္ဟု ေဖ့စ္ ဘြတ္ခ္ေျပာေရးဆုိခြင့္ရွိသူတစ္ဦး က ေအအက္ဖ္ပီသတင္းဌာနအား ေျပာၾကားသည္။

ယင္းဆိုးရြားေသာ အမွားကို ယခုအခါ မိမိတို႔ ျပင္ဆင္လိုက္ၿပီ ဟု ၎ကေျပာသည္။

ေဖ့စ္ဘြတ္ခ္အေကာင့္ စာ မ်က္ႏွာမ်ားတြင္ ေအာက္ေမ့ဖြယ္ အသိေပးခ်က္ေပါင္း ႏွစ္သန္းခန္႔ ကို ေသာၾကာေန႔က ေခတၱမွား ယြင္းေဖာ္ျပခဲ့ေၾကာင္း မီဒီယာမ်ား ၏ ေဖာ္ျပခ်က္အရ သိရသည္။

ေဖ့စ္ဘြတ္ခ္တည္ေထာင္သူ အမႈေဆာင္အရာရွိခ်ဳပ္ မက္ဇူ ကာဘက္လည္း ေသဆံုးသူအျဖစ္ သတ္မွတ္ခံရကာ ေအာက္ေမ့သ တိရဖြယ္ အသိေပးပို႔မႈတြင္ ပါ၀င္ ခဲ့ေၾကာင္း သိရသည္။

ေဖ့စ္ဘြတ္ခ္က ၎တို႔အ မွားအတြက္ ေတာင္းပန္ခဲ့ၿပီး ယင္း  ျပႆနာအတြက္ တတ္ႏိုင္သမွ် အျမန္ဆံုးေကာင္းမြန္ေအာင္ လုပ္ေဆာင္ခဲ့သည္ဟုေျပာသည္။

ယင္းေဖ့စ္ဘြတ္ခ္မွားယြင္းမႈ သည္ တြစ္တာ၀က္ဘ္ဆိုက္ေပၚ တြင္ အုတ္ေအာ္ေသာင္းတင္းျဖစ္ သြားခဲ့ၿပီး တြစ္တာသံုးစဲြသူမ်ား က ေလွာင္ေျပာင္ခဲ့ၾကသည္။

‘‘သနားစရာ ဇူကာဘက္ ေရ။ ဒီလိုမ်ိဳးျဖစ္ရပ္က သေဘာ ေကာင္း မေနာေကာင္း လူတစ္ ေယာက္အေပၚ မျဖစ္ႏိုင္ပါဘူး’’ ဟု တြစ္တာသံုးစဲြသူတစ္ဦးက ငို ေႂကြးေနေသာ မ်က္ႏွာပံုေလးႏွင့္ အတူ ေရးသားေဖာ္ျပခဲ့သည္။

Search Engine Land အယ္ဒီတာ ဒန္နီဆူလီဗန္က ေဖ့စ္ ဘြတ္ခ္တြင္ ေသဆံုးသြားပံုကို ေဖာ္ျပရန္ Facebook Live တိုက္ ႐ိုက္႐ိုက္ကူး၍ ေဖ့စ္ဘြတ္ခ္ေပၚ၌ ေဖာ္ျပေသာ အစီအစဥ္ကို အသံုး ျပဳခဲ့သင့္သည္ဟု ေနာက္ေျပာင္ ေရးသားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မက်ဇူကာဘက် အပါအဝင် ဖေ့စ်ဘွတ်ခ်အသုံးပြု သူ အများအပြားကို သေဆုံးပြီဟု ဖေ့စ်ဘွတ်ခ်က သောကြာနေ့တွင် မတော်တဆ ကြေညာမိခဲ့ကြောင်း သိရသည်။

ဆိုးရွားသော မှားယွင်းမှု ကျူးလွန်ခဲ့သည်ဟု ယင်းကို ပြင် ဆင်ပြီးနောက် ဖေ့စ်ဘွတ်ခ်က ပြောသည်။


ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ အောက်မေ့ဖွယ် ဖြစ်စေလိုသည် ဟု အသိပေးမှုတစ်ခုကို အခြား လူများ၏ အကောင့်များ၌ မှား ယွင်းစွာ ဖော်ပြခဲ့မိသည်ဟု ဖေ့စ် ဘွတ်ခ်ပြောရေးဆိုခွင့်ရှိသူတစ်ဦး က အေအက်ဖ်ပီသတင်းဌာနအား ပြောကြားသည်။

ယင်းဆိုးရွားသော အမှားကို ယခုအခါ မိမိတို့ ပြင်ဆင်လိုက်ပြီ ဟု ၎င်းကပြောသည်။

ဖေ့စ်ဘွတ်ခ်အကောင့် စာ မျက်နှာများတွင် အောက်မေ့ဖွယ် အသိပေးချက်ပေါင်း နှစ်သန်းခန့် ကို သောကြာနေ့က ခေတ္တမှား ယွင်းဖော်ပြခဲ့ကြောင်း မီဒီယာများ ၏ ဖော်ပြချက်အရ သိရသည်။

ဖေ့စ်ဘွတ်ခ်တည်ထောင်သူ အမှုဆောင်အရာရှိချုပ် မက်ဇူ ကာဘက်လည်း သေဆုံးသူအဖြစ် သတ်မှတ်ခံရကာ အောက်မေ့သ တိရဖွယ် အသိပေးပို့မှုတွင် ပါဝင် ခဲ့ကြောင်း သိရသည်။

ဖေ့စ်ဘွတ်ခ်က ၎င်းတို့အ မှားအတွက် တောင်းပန်ခဲ့ပြီး ယင်း  ပြဿနာအတွက် တတ်နိုင်သမျှ အမြန်ဆုံးကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်ဟုပြောသည်။

ယင်းဖေ့စ်ဘွတ်ခ်မှားယွင်းမှု သည် တွစ်တာဝက်ဘ်ဆိုက်ပေါ် တွင် အုတ်အော်သောင်းတင်းဖြစ် သွားခဲ့ပြီး တွစ်တာသုံးစွဲသူများ က လှောင်ပြောင်ခဲ့ကြသည်။

‘‘သနားစရာ ဇူကာဘက် ရေ။ ဒီလိုမျိုးဖြစ်ရပ်က သဘော ကောင်း မနောကောင်း လူတစ် ယောက်အပေါ် မဖြစ်နိုင်ပါဘူး’’ ဟု တွစ်တာသုံးစွဲသူတစ်ဦးက ငို ကြွေးနေသော မျက်နှာပုံလေးနှင့် အတူ ရေးသားဖော်ပြခဲ့သည်။

Search Engine Land အယ်ဒီတာ ဒန်နီဆူလီဗန်က ဖေ့စ် ဘွတ်ခ်တွင် သေဆုံးသွားပုံကို ဖော်ပြရန် Facebook Live တိုက် ရိုက်ရိုက်ကူး၍ ဖေ့စ်ဘွတ်ခ်ပေါ်၌ ဖော်ပြသော အစီအစဉ်ကို အသုံး ပြုခဲ့သင့်သည်ဟု နောက်ပြောင် ရေးသားထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top