Kantharyar Centre
×

ဟစ္ေဟာ့ေလာကထဲကုိ ၂၀၀၆ ခုႏွစ္မွာ စတင္၀င္ေရာက္လာခဲ့ၿပီး ဒီေန႕ဒီအခ်ိန္ထိ Underground ေလာကထဲမွာ ပရိသတ္အားေပးမႈေတြနဲ႕ရပ္တည္ေနသူကေတာ့ လန္ဘားပါ။ လန္ဘားဟာဆိုရင္ ဗိုလ္လုပြဲ၊ နမိတ္ေကာင္းတဲ့လူ ( ၁ ) ( ၂ ) ၊ မင္းအတြက္၊ အျပင္ သၾကၤန္အေခြေတြမွာ ပါ၀င္ဆိုခဲ့ေပမယ့္ Mainstream ဂီတေရစီးေၾကာင္းေပၚ ေမ်ာပါသြားျခင္းမရွိေသးပဲ Underground မွာပဲ လူငယ္ေတြအားက်အတုယူရတဲ့ ရက္ပ္ပါတစ္ေယာက္အျဖစ္ ရပ္တည္ေနဆဲ ဆိုရင္လည္း မမွားပါဘူး။ ဒါ့အျပင္ သူဖန္တီးတဲ့သီခ်င္းေတြ၊ သူေရးသားသီကံုးတဲ့ စာသားေတြဟာဆုိရင္ ပရိသတ္ေတြကို message တစ္ခုအျမဲေပးႏိုင္ခဲ့တာကလည္း လန္ဘားလုိ႔ လူသိမ်ားေစခဲ့တဲ့ အခ်က္တစ္ခ်က္ပါပဲ။ ဒါ့ေၾကာင့္ ခုလက္ရွိ လန္ဘား ဘာေတြလုပ္ျဖစ္ေနလဲ၊ ဂီတအေပၚ သူထားရွိတဲ့ သေဘာထားက ဘယ္လိုလဲဆိုတဲ့ ေမးခြန္းေလးေတြအျပင္ အျခား လန္ဘားရဲ႕ အမာခံပရိသတ္ေတြ သိခ်င္ေနၾကမယ့္ အေၾကာင္းအရာေလးေတြကို သြားေရာက္ေမးျမန္းျဖစ္ခဲ့တဲ့အခါ

-အခုလက္ရွိ ဂီတလႈပ္ရွားမႈေလးကုိ သိခ်င္ပါတယ္။

အခုေလာေလာဆယ္က တစ္ေယာက္တည္း Mixtape အေခြေလး လုပ္ေနပါတယ္။ Mini ပံုစံ၊ ငါးပုဒ္ေျခာက္ပုဒ္ေလာက္ေတာ့ ထည့္ျဖစ္မယ္။ အခုေလာေလာဆယ္ကေတာ့ ၂ပုဒ္ေလာက္ပဲၿပီးပါေသးတယ္။ လုပ္ေနတာကလဲ တစ္လႏွစ္လေလာက္ပဲ ရွိေသးေတာ့ေလ။

-အဲ့ဒီထဲမွာပါမဲ့ သီခ်င္းအေၾကာင္းအရာေတြကေရာ ဘယ္လိုပံုစံမ်ိဳးေတြျဖစ္မလဲ။

လူငယ္ေတြကုိ Knowledge ေပးတဲ့ပံုစံမ်ိဳးေတြပဲအဓိက ပါျဖစ္မွာပါ။

-၁၉ နဲ႕ ၂၀ မွာလုပ္မဲ့ VOY ဆိုတဲ့ ရိႈးမွာလဲ ၀င္ဆိုဖို႕ရွိတယ္လုိ႕သိရတယ္။ အဲ့ဒီအေၾကာင္းေလးကိုလဲေျပာျပေပးပါဦး။

ပါတယ္ခင္ဗ်။ ကၽြန္ေတာ္တို႕က ၁၉ ရက္ေန႕ပါ။ အဲ့ဒီပြဲမွာပါျဖစ္တာကေတာ့ ပထမတစ္ခါ ၂၀၁၅ တုန္းက ကၽြန္ေတာ္သီခ်င္း၀င္ျပိဳင္ေတာ့ ဆုရထားပါတယ္။ အဲ့ဒီထဲကသူတို႕နဲ႕တြဲၿပီးအလုပ္လုပ္ျဖစ္တာက အခုထိပါပဲ။ ၁၉ ရက္ေန႕ပြဲမွာေဖ်ာ္ေျဖမွာကေတာ့ သူတုိ႕နဲ႕လုပ္ထားတဲ့ Home ဆိုတဲ့သီခ်င္းနဲ႕လဲေဖ်ာ္ေျဖမယ္။ တျခားသူငယ္ခ်င္းေတြနဲ႕လဲအမ်ားၾကီးေဖ်ာ္ေျဖပါမယ္။ သီခ်င္းကေတာ့ အားလံုးေပါင္း ၅ပုဒ္ေလာက္ဆိုျဖစ္ပါမယ္။

-အခုဆိုရင္ ဂီတသက္တမ္းအားျဖင့္လဲၾကာေနၿပီေပါ့။ အစ္ကို႕အေနနဲ႕ Mainstream ေပၚမတက္ပဲ Underground မွာပဲ က်င္လည္ေနတာကေရာ ဘာေၾကာင့္မ်ားလဲ။

အဲ့ဒါကေတာ့ ကၽြန္ေတာ္တို႕ဆိုတဲ့ သီခ်င္းပံုစံ အထာေတြက စီးပြားေရးသမားေတြအတြက္ တြက္ေခ်မကိုက္ဘူးေလ။ ကၽြန္ေတာ္တို႕က Mainstream ေပၚမသြားတာ မဟုတ္ဘူးဗ်။ သူတို႕ေနေနတဲ့ type ပံုစံက ကၽြန္ေတာ္တို႕သြားလို႕မရတာပါ။ ၿပီးေတာ့ ကၽြန္ေတာ္တို႕ဆိုတဲ့ သီခ်င္းေတြကုိ ၾကိဳက္တဲ့သူေတြလဲ ရွိတာပဲဆိုေတာ့ အဲ့ဒီလမ္းကိုပဲေဖာက္ဖို႕ၾကိဳးစားေနပါတယ္။

-အစ္ကိုေရးတဲ့သီခ်င္းစာသားေတြက အျမဲတမ္းလိုလို က်စ္က်စ္လစ္လစ္ရွိသလုိ ဘာကိုဆိုလုိတာဆိုတာ တန္းကနဲသိေစတယ္ေပါ့။ အဲ့ဒီလိုျဖစ္ေအာင္ဘယ္လိုၾကိဳးစားေရးခဲ့ရလဲ။

အတတ္ႏုိင္ဆံုး ကိုယ္နဲ႕လူတစ္ေယာက္နဲ႕စကားထုိင္ေျပာေနတဲ့ပံုစံမ်ိဳးပဲ သံုးျဖစ္တယ္ ။ အဲ့ဒါမွလဲ ကိုယ္ဆိုတဲ့သီခ်င္းကို တစ္ခါတည္းနားေထာင္လိုက္တာနဲ႕သူဘာေျပာလဲဆိုတာကို တန္းသိသြားမွာေလ။

-အဆိုေတာ္တစ္ေယာက္အတြက္ကလဲ စကားလံုးၾကြယ္၀မႈက အေရးၾကီးတယ္ဆိုေတာ့ အဲ့ဒီအပိုင္းကိုေရာ ဘယ္လိုမ်ိဳးေလးေလ့လာျဖစ္လဲ။

အလုပ္ကအျမဲတမ္းလုပ္ေနတာဆိုေတာ့ အဆက္အသြယ္ျပတ္သြားတယ္ေတာ့ မရွိဘူး။ ဒါေပမဲ့လဲ နားေထာင္တဲ့သူေတြက မိုက္တယ္လို႕ေျပာေပမဲ့ ကိုယ့္ကုိကုိယ္ျပန္ၿပီး အျပစ္ရွာေနရတာပဲ။ ဘယ္လုိမ်ိဳးဟာကြက္ေတြလဲရွိလဲ။ ဘယ္လုိမ်ိဳးစကားလံုးကို ထိေရာက္ေအာင္ သံုးရမလဲဆိုတာမ်ိဳးကို ေန႕တိုင္းသံုးသပ္ေနရပါတယ္။ ကၽြန္ေတာ္စာဖတ္တာ ၀ါသနာမပါဘူး။ ကိုယ္ၾကံဳေတြ႕ေနရတဲ့ဘ၀ထဲကဟာေတြကို ေရးတာပိုမ်ားတယ္။ စာဖတ္ရင္ေတာ့ ပိုစကားလံုးၾကြယ္တာေပါ့။ စာဖတ္တာကေကာင္းတယ္။ ဒါေပမဲ့၀ါသနာမပါတဲ့အတြက္ မဖတ္ျဖစ္ပါဘူး။ သီခ်င္းဖန္တီးတဲ့ေနရာမွာလဲ ရုတ္တရက္ကိုယ္ၾကိဳက္တဲ့ စကားလံုးေလးတစ္လံုးေတြ႕လာၿပီဆိုရင္ ကိုယ္ေျပာခ်င္တဲ့အေၾကာင္းအရာေလးတစ္ခုေခါင္းထဲမွာစဥ္းစားမိၿပီဆိုရင္ ထိုင္ေရးေနလုိက္တာပဲ။ အခ်ိန္အကန္႕အသတ္မရွိဘူး။

-တျခားရက္ပ္ပါေတြနဲ႕ကုိယ္နဲ႕က ဘာေတြကြဲျပားတယ္လို႕ထင္မိလဲ။

ရက္ပ္ပါေတြကတစ္ေယာက္နဲ႕တစ္ေယာက္ ဘယ္အရာမွေတာ့မတူၾကဘူး။ ဥပမာေပါ့ တခ်ိဳ႕ရက္ပ္ပါေတြကေတာ့ ကိုယ္ဘယ္လုိဘ၀မ်ိဳးေနထုိင္တယ္။ ငါတို႕က ဘယ္လိုမ်ိဳးေတြလုပ္ေနရတယ္ဆိုတာမ်ိဳးကို သီခ်င္းထဲထည့္ၿပီးေျပာေနတဲ့သူေတြရွိတယ္။ အဲ့ဒီလိုေျပာတဲ့အခါ တခ်ိဳ႕လူေတြက်ေတာ့ နားမလည္ၾကဘူး။ ကၽြန္ေတာ္ကေတာ့ ကိုယ္ေနထုိင္တဲ့အတုိင္းကုိ ဒဲ့အတိုင္းပဲေျပာတတ္တဲ့သူေပါ့။ ကိုယ္ဒါေျပာလိုက္ရင္သူသေဘာေပါက္သြားမွာပဲ။

-ေနာက္တက္ Underground ကလူငယ္ေတြနဲ႕ေရာ သီခ်င္းလုပ္ေနတာမ်ိဳးေတြရွိလား။

ရွိပါတယ္။ ေလာက္စာလံုးတို႕နဲ႕ေတာ့ သီခ်င္းေတြလုပ္ျဖစ္ေနတယ္။

-Mainstream ေပၚေရာက္သြားတဲ့သူေတာ္ေတာ္မ်ားမ်ား သီခ်င္းလုပ္တဲ့အခါ ႏုသြားတာမ်ိဳး ေျပာင္းသြားတာမ်ိိဳးေလးေတြရွိတယ္ဆိုေတာ့ အဲ့ဒီအေပၚအစ္ကို႕အျမင္ေလးကိုလဲသိခ်င္ပါတယ္။

အဲ့ဒီလိုမွမႏုရင္သူတို႕မရပ္တည္ႏုိင္ေတာ့မွာေၾကာင့္လုိ႕ပဲထင္ပါတယ္။ အခ်စ္ေတြအလြမ္းေတြဆိုတာ လူငယ္ေတြတုိင္းမွာရွိပါတယ္။ ဒါေပမဲ့ တစ္ခ်ိန္လံုးအဲ့ဒါၾကီးနဲ႕ပဲ တကယ့္လက္ေတြ႕ဘ၀မွာ ဘယ္သူမွမရပ္တည္ေနဘူး။ ကၽြန္ေတာ္တို႕လဲ တစ္ခါတစ္ရံ အခ်စ္သီခ်င္းဆိုတာမ်ိဳးေတြရွိတာပဲ။ ဒါေပမဲ့ အျမဲတမ္းေတာ့ မဟုတ္ဘူး။ တကယ့္ေနထုိင္တဲ့ လက္ေတြ႕ဘ၀ကအရာေတြ၊ ကၽြန္ေတာ္တို႕ေပးခ်င္တဲ့အသိဥာဏ္၊ အဲ့ဒါေတြကိုပဲေရးစပ္ရတာပိုၾကိဳက္ပါတယ္။ ပိုၿပီးလဲေရးျဖစ္ပါတယ္။

-ဟစ္ေဟာ့ေခါင္းစဥ္ေအာက္မွာ အနုသီခ်င္းေတြေရးဖြဲ႕ၿပီးဆိုေနတဲ့သူေတြကို ပရိသတ္အၾကိဳက္လိုက္တယ္လို႕ေရာထင္မိလား။

တကယ္ကေတာ့ အႏုပညာရွင္ေတြကအခ်ိန္ယူၿပီးေျပာင္းလဲပစ္မယ္ဆိုရင္ ပရိသတ္ေတြလဲ အျမင္ေျပာင္းသြားမွာပါ။ အစကျပန္ေျပာင္းလဲဖို႕ကိုေၾကာက္ေနၾကတယ္လို႕ထင္တယ္။ ခဲယဥ္းမယ္။ လြယ္လြယ္ကူကူမရွိဘူး။ အဲ့ဒီလိုထင္ေနၾကတယ္ ထင္ပါတယ္။

-အႏုအရြသီခ်င္း၊ အသည္းကြဲသီခ်င္းေတြပဲဆိုေနတဲ့ တခ်ိဳ႕ရက္ပ္ပါေတြက ဟစ္ေဟာ့ေခါင္းစဥ္ေအာက္မွာ၀င္လား။ ဒါမွမဟုတ္လြဲေခ်ာ္ေနတဲ့အရာတစ္ခုလားဆိုတာကိုလဲသိခ်င္ပါတယ္။

အခ်စ္ဆိုတာလူတိုင္းခံစားတတ္တယ္။ ဂီတလုပ္မွမဟုတ္ဘူး။ ဂီတမလုပ္တဲ့သူေတြလဲ ခံစားတတ္တာပဲ။ ဂီတေတြလဲ အမ်ားၾကီးရွိတာပဲ။ အရမ္းအခ်စ္ကို ခံစားၿပီးလြမ္းေဆြးခ်င္တယ္ဆိုရင္ ဘယ္ဟစ္ေဟာ့ကို နားေထာင္ပါ့မလဲ။တျခားသီခ်င္းေတြပဲေျပာင္းနားေထာင္မွာေပါ့။ ဒီဟစ္ေဟာ့ရဲ႕ပံုစံက ထိထိေရာက္ေရာက္ပဲဗ်ာ။ သြယ္၀ုိက္ေနတာေတြမရွိဘူး။ လက္ေတြ႕ဆန္တဲ့ဟာေတြပဲေပါ့။အခ်စ္အေၾကာင္းကို တစ္ခ်ိန္လံုးနီးပါး ဘယ္သူကမွေတာ့ ထုိင္ေတြးျပီးခံစားမေနဘူးေလ။ လူတိုင္းအခ်စ္ဆိုတာရွိတယ္။ ဒါေပမဲ့ဘယ္သူမွေတာ့ အဲ့ဒါၾကီးနဲ႕ရပ္တည္မေနဘူး။ အဲ့ဒီသေဘာပါပဲ။ ကၽြန္ေတာ္ကေတာ့ လြဲေနတယ္လို႕ထင္ပါတယ္။

-အစ္ကုိ႕အလွည့္က်ရင္ေရာ Mainstream ေပၚေရာက္သြားတဲ့အခါ အခုလုပ္ေနတဲ့သီခ်င္းပံုစံေတြကေနခြဲထြက္ၿပီး ေျပာင္းလဲေရးဖြဲ႕သြားတာမ်ိဳးရွိမလား။

ကၽြန္ေတာ္ကေတာ့ အခုဆိုေနတဲ့ သီခ်င္းပံုစံေတြကိုပဲ လမ္းသစ္ေဖာက္သြားမွာပါ။ အခ်စ္ေတြ၊ အသည္းကြဲတာေတြနဲ႕သြားဖို႕ေတာ့မရွိပါဘူး။

-ကိုယ္ကုိတိုင္ကေရာ ဟစ္ေဟာ့ေလာကရဲ႕ ဘယ္လိုေနရာမ်ိဳးမွာရွိေနတယ္လို႕ထင္မိလဲ။

ဥပမာ ခရီးရွည္ၾကီးတစ္ခုသြားမယ္ဆုိရင္ ကိုယ္သြားခ်င္တဲ့ ပန္းတိုင္ကိုမေရာက္ခင္ၾကားထဲမွာ လမ္းမေပ်ာက္သြားေအာင္ လုပ္ေပးထားတဲ့ လမ္းညႊန္ဆိုင္းဘုတ္ေလးေတြရွိတယ္ဗ်ာ။ ကၽြန္ေတာ္က ကုိယ့္ကုိယ္ကုိအဲ့ဒီလမ္းညႊန္ဆိုင္းဘုတ္ေလးေတြမ်ိဳးပဲ ခံယူထားပါတယ္။ ေနာက္တက္လာမဲ့ လူငယ္ေတြလမ္းမေပ်ာက္သြားေအာင္ညႊန္ေပးလို႕ရတယ္။ မင္းတုိ႕ဒီကေနသြားလို႕ရတယ္ဆိုတဲ့ အထာမ်ိဳးေပါ့။

-အရင္တုန္းကလုပ္ခဲ့ဖူးတဲ့သီခ်င္းေတြထဲမွာ အခ်စ္သီခ်င္းဘယ္ႏွပုဒ္ေလာက္ပါမလဲ။

ငါးပုဒ္ေလာက္ပဲရွိတယ္။ က်န္တာကေတာ့ ဒဲ့သီခ်င္းေတြပဲမ်ားပါတယ္။

-အခုလက္ရွိမွာ ဘယ္သူ႕သီခ်င္းေတြကို အမ်ားဆံုးနားေထာင္ျဖစ္ေနလဲ။

သီခ်င္းကေတာ့ အားလံုးလုိလိုနားေထာင္ျဖစ္ပါတယ္။ အသစ္ေတြေတာ့သိပ္မနားေထာင္ျဖစ္ဘူး။ အသစ္ဆုိ ကုိယ္ၾကိဳက္တဲ့လူငယ္ေတြသီခ်င္းပဲနားေထာင္တယ္။ Bigg -Y ရဲ႕ အလုပ္ရယ္၊ ရသရဲ႕စိတ္ဓာတ္မက်နဲ႕ဆိုတဲ့သီခ်င္းရယ္ေပါ့။ ျပည္ပကဆို အေဟာင္းေတြပဲျပန္နားေထာင္ျဖစ္တာမ်ားပါတယ္။

-အစ္ကုိေလးစားအားက်တဲ့သူေတြဆိုရင္ေရာ ဘယ္သူေတြမ်ားျဖစ္မလဲ။

အားလံုးကသူ႕ဟာနဲ႕သူေတာ့ေလးစားဖို႕ေကာင္းေနတာပဲ။ Bigg- Y တို႕၊ သုတာေအးတို႕၊ရသတို႕ကိုေလးစားတယ္။ အတူတူဖန္တီးေနတဲ့ ဂီတသမားေတြေပါ့။ သူတုိ႕ကိုလဲအားက်တယ္။ ေနာက္ ထူးအိမ္သင္တို႕၊ဒုိးလံုးတို႕ကိုလဲ ေလးစားတယ္။ လႊမ္းမိုးလဲပါတယ္။

-ဟစ္ေဟာ့ေလာကထဲမွာအသံမ်ိဳးစံုၾကားေနရတယ္ဆိုေတာ့ အဲ့ဒီအေပၚဘယ္လုိျမင္မိလဲ။

ကၽြန္ေတာ္တို႕ေလာကတစ္ခုတည္း မဟုတ္ပါဘူး။ တျခားေလာကေတြမွာလဲ အဲ့ဒီလိုေတြရွိပါတယ္။ အခ်ိန္မ်ားစြာ အေမွာင္ခ်ခံရၿပီး ကုိယ့္လက္ထဲကို ကမၻာလံုးတစ္လံုးစာေလာက္ရွိတဲ့ ဆက္သြယ္မႈၾကီးေရာက္လာတဲ့အခါ ျဖစ္ခ်င္တုိင္းျဖစ္သြားတာလို႕ထင္တယ္။ တခ်ိဳ႕လူေတြဆို ဟုတ္ခ်င္မွလဲဟုတ္တာ ၀င္ေညွာ္ရရင္ၿပီးေရာေလ။ ဘယ္အရာမွေျပာလို႕မရပါဘူး။ အဲ့ဒါေတြကလဲ ေဖ့စ္ဘြတ္ေပၚမွာပဲျဖစ္တာလို႕ထင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TrendMyanmar

#Unicode Version

ဟစ်ဟော့လောကထဲကို ၂၀၀၆ ခုနှစ်မှာ စတင်ဝင်ရောက်လာခဲ့ပြီး ဒီနေ့ဒီအချိန်ထိ Underground လောကထဲမှာ ပရိသတ်အားပေးမှုတွေနဲ့ရပ်တည်နေသူကတော့ လန်ဘားပါ။ လန်ဘားဟာဆိုရင် ဗိုလ်လုပွဲ၊ နမိတ်ကောင်းတဲ့လူ ( ၁ ) ( ၂ ) ၊ မင်းအတွက်၊ အပြင် သင်္ကြန်အခွေတွေမှာ ပါဝင်ဆိုခဲ့ပေမယ့် Mainstream ဂီတရေစီးကြောင်းပေါ် မျောပါသွားခြင်းမရှိသေးပဲ Underground မှာပဲ လူငယ်တွေအားကျအတုယူရတဲ့ ရက်ပ်ပါတစ်ယောက်အဖြစ် ရပ်တည်နေဆဲ ဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် သူဖန်တီးတဲ့သီချင်းတွေ၊ သူရေးသားသီကုံးတဲ့ စာသားတွေဟာဆိုရင် ပရိသတ်တွေကို message တစ်ခုအမြဲပေးနိုင်ခဲ့တာကလည်း လန်ဘားလို့ လူသိများစေခဲ့တဲ့ အချက်တစ်ချက်ပါပဲ။ ဒါ့ကြောင့် ခုလက်ရှိ လန်ဘား ဘာတွေလုပ်ဖြစ်နေလဲ၊ ဂီတအပေါ် သူထားရှိတဲ့ သဘောထားက ဘယ်လိုလဲဆိုတဲ့ မေးခွန်းလေးတွေအပြင် အခြား လန်ဘားရဲ့ အမာခံပရိသတ်တွေ သိချင်နေကြမယ့် အကြောင်းအရာလေးတွေကို သွားရောက်မေးမြန်းဖြစ်ခဲ့တဲ့အခါ

-အခုလက်ရှိ ဂီတလှုပ်ရှားမှုလေးကို သိချင်ပါတယ်။

အခုလောလောဆယ်က တစ်ယောက်တည်း Mixtape အခွေလေး လုပ်နေပါတယ်။ Mini ပုံစံ၊ ငါးပုဒ်ခြောက်ပုဒ်လောက်တော့ ထည့်ဖြစ်မယ်။ အခုလောလောဆယ်ကတော့ ၂ပုဒ်လောက်ပဲပြီးပါသေးတယ်။ လုပ်နေတာကလဲ တစ်လနှစ်လလောက်ပဲ ရှိသေးတော့လေ။

-အဲ့ဒီထဲမှာပါမဲ့ သီချင်းအကြောင်းအရာတွေကရော ဘယ်လိုပုံစံမျိုးတွေဖြစ်မလဲ။

လူငယ်တွေကို Knowledge ပေးတဲ့ပုံစံမျိုးတွေပဲအဓိက ပါဖြစ်မှာပါ။

-၁၉ နဲ့ ၂၀ မှာလုပ်မဲ့ VOY ဆိုတဲ့ ရှိုးမှာလဲ ဝင်ဆိုဖို့ရှိတယ်လို့သိရတယ်။ အဲ့ဒီအကြောင်းလေးကိုလဲပြောပြပေးပါဦး။

ပါတယ်ခင်ဗျ။ ကျွန်တော်တို့က ၁၉ ရက်နေ့ပါ။ အဲ့ဒီပွဲမှာပါဖြစ်တာကတော့ ပထမတစ်ခါ ၂၀၁၅ တုန်းက ကျွန်တော်သီချင်းဝင်ပြိုင်တော့ ဆုရထားပါတယ်။ အဲ့ဒီထဲကသူတို့နဲ့တွဲပြီးအလုပ်လုပ်ဖြစ်တာက အခုထိပါပဲ။ ၁၉ ရက်နေ့ပွဲမှာဖျော်ဖြေမှာကတော့ သူတို့နဲ့လုပ်ထားတဲ့ Home ဆိုတဲ့သီချင်းနဲ့လဲဖျော်ဖြေမယ်။ တခြားသူငယ်ချင်းတွေနဲ့လဲအများကြီးဖျော်ဖြေပါမယ်။ သီချင်းကတော့ အားလုံးပေါင်း ၅ပုဒ်လောက်ဆိုဖြစ်ပါမယ်။

-အခုဆိုရင် ဂီတသက်တမ်းအားဖြင့်လဲကြာနေပြီပေါ့။ အစ်ကို့အနေနဲ့ Mainstream ပေါ်မတက်ပဲ Underground မှာပဲ ကျင်လည်နေတာကရော ဘာကြောင့်များလဲ။

အဲ့ဒါကတော့ ကျွန်တော်တို့ဆိုတဲ့ သီချင်းပုံစံ အထာတွေက စီးပွားရေးသမားတွေအတွက် တွက်ချေမကိုက်ဘူးလေ။ ကျွန်တော်တို့က Mainstream ပေါ်မသွားတာ မဟုတ်ဘူးဗျ။ သူတို့နေနေတဲ့ type ပုံစံက ကျွန်တော်တို့သွားလို့မရတာပါ။ ပြီးတော့ ကျွန်တော်တို့ဆိုတဲ့ သီချင်းတွေကို ကြိုက်တဲ့သူတွေလဲ ရှိတာပဲဆိုတော့ အဲ့ဒီလမ်းကိုပဲဖောက်ဖို့ကြိုးစားနေပါတယ်။

-အစ်ကိုရေးတဲ့သီချင်းစာသားတွေက အမြဲတမ်းလိုလို ကျစ်ကျစ်လစ်လစ်ရှိသလို ဘာကိုဆိုလိုတာဆိုတာ တန်းကနဲသိစေတယ်ပေါ့။ အဲ့ဒီလိုဖြစ်အောင်ဘယ်လိုကြိုးစားရေးခဲ့ရလဲ။

အတတ်နိုင်ဆုံး ကိုယ်နဲ့လူတစ်ယောက်နဲ့စကားထိုင်ပြောနေတဲ့ပုံစံမျိုးပဲ သုံးဖြစ်တယ် ။ အဲ့ဒါမှလဲ ကိုယ်ဆိုတဲ့သီချင်းကို တစ်ခါတည်းနားထောင်လိုက်တာနဲ့သူဘာပြောလဲဆိုတာကို တန်းသိသွားမှာလေ။

-အဆိုတော်တစ်ယောက်အတွက်ကလဲ စကားလုံးကြွယ်ဝမှုက အရေးကြီးတယ်ဆိုတော့ အဲ့ဒီအပိုင်းကိုရော ဘယ်လိုမျိုးလေးလေ့လာဖြစ်လဲ။

အလုပ်ကအမြဲတမ်းလုပ်နေတာဆိုတော့ အဆက်အသွယ်ပြတ်သွားတယ်တော့ မရှိဘူး။ ဒါပေမဲ့လဲ နားထောင်တဲ့သူတွေက မိုက်တယ်လို့ပြောပေမဲ့ ကိုယ့်ကိုကိုယ်ပြန်ပြီး အပြစ်ရှာနေရတာပဲ။ ဘယ်လိုမျိုးဟာကွက်တွေလဲရှိလဲ။ ဘယ်လိုမျိုးစကားလုံးကို ထိရောက်အောင် သုံးရမလဲဆိုတာမျိုးကို နေ့တိုင်းသုံးသပ်နေရပါတယ်။ ကျွန်တော်စာဖတ်တာ ဝါသနာမပါဘူး။ ကိုယ်ကြုံတွေ့နေရတဲ့ဘဝထဲကဟာတွေကို ရေးတာပိုများတယ်။ စာဖတ်ရင်တော့ ပိုစကားလုံးကြွယ်တာပေါ့။ စာဖတ်တာကကောင်းတယ်။ ဒါပေမဲ့ဝါသနာမပါတဲ့အတွက် မဖတ်ဖြစ်ပါဘူး။ သီချင်းဖန်တီးတဲ့နေရာမှာလဲ ရုတ်တရက်ကိုယ်ကြိုက်တဲ့ စကားလုံးလေးတစ်လုံးတွေ့လာပြီဆိုရင် ကိုယ်ပြောချင်တဲ့အကြောင်းအရာလေးတစ်ခုခေါင်းထဲမှာစဉ်းစားမိပြီဆိုရင် ထိုင်ရေးနေလိုက်တာပဲ။ အချိန်အကန့်အသတ်မရှိဘူး။

-တခြားရက်ပ်ပါတွေနဲ့ကိုယ်နဲ့က ဘာတွေကွဲပြားတယ်လို့ထင်မိလဲ။

ရက်ပ်ပါတွေကတစ်ယောက်နဲ့တစ်ယောက် ဘယ်အရာမှတော့မတူကြဘူး။ ဥပမာပေါ့ တချို့ရက်ပ်ပါတွေကတော့ ကိုယ်ဘယ်လိုဘဝမျိုးနေထိုင်တယ်။ ငါတို့က ဘယ်လိုမျိုးတွေလုပ်နေရတယ်ဆိုတာမျိုးကို သီချင်းထဲထည့်ပြီးပြောနေတဲ့သူတွေရှိတယ်။ အဲ့ဒီလိုပြောတဲ့အခါ တချို့လူတွေကျတော့ နားမလည်ကြဘူး။ ကျွန်တော်ကတော့ ကိုယ်နေထိုင်တဲ့အတိုင်းကို ဒဲ့အတိုင်းပဲပြောတတ်တဲ့သူပေါ့။ ကိုယ်ဒါပြောလိုက်ရင်သူသဘောပေါက်သွားမှာပဲ။

-နောက်တက် Underground ကလူငယ်တွေနဲ့ရော သီချင်းလုပ်နေတာမျိုးတွေရှိလား။

ရှိပါတယ်။ လောက်စာလုံးတို့နဲ့တော့ သီချင်းတွေလုပ်ဖြစ်နေတယ်။

-Mainstream ပေါ်ရောက်သွားတဲ့သူတော်တော်များများ သီချင်းလုပ်တဲ့အခါ နုသွားတာမျိုး ပြောင်းသွားတာမျိုးလေးတွေရှိတယ်ဆိုတော့ အဲ့ဒီအပေါ်အစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။

အဲ့ဒီလိုမှမနုရင်သူတို့မရပ်တည်နိုင်တော့မှာကြောင့်လို့ပဲထင်ပါတယ်။ အချစ်တွေအလွမ်းတွေဆိုတာ လူငယ်တွေတိုင်းမှာရှိပါတယ်။ ဒါပေမဲ့ တစ်ချိန်လုံးအဲ့ဒါကြီးနဲ့ပဲ တကယ့်လက်တွေ့ဘဝမှာ ဘယ်သူမှမရပ်တည်နေဘူး။ ကျွန်တော်တို့လဲ တစ်ခါတစ်ရံ အချစ်သီချင်းဆိုတာမျိုးတွေရှိတာပဲ။ ဒါပေမဲ့ အမြဲတမ်းတော့ မဟုတ်ဘူး။ တကယ့်နေထိုင်တဲ့ လက်တွေ့ဘဝကအရာတွေ၊ ကျွန်တော်တို့ပေးချင်တဲ့အသိဉာဏ်၊ အဲ့ဒါတွေကိုပဲရေးစပ်ရတာပိုကြိုက်ပါတယ်။ ပိုပြီးလဲရေးဖြစ်ပါတယ်။

-ဟစ်ဟော့ခေါင်းစဉ်အောက်မှာ အနုသီချင်းတွေရေးဖွဲ့ပြီးဆိုနေတဲ့သူတွေကို ပရိသတ်အကြိုက်လိုက်တယ်လို့ရောထင်မိလား။

တကယ်ကတော့ အနုပညာရှင်တွေကအချိန်ယူပြီးပြောင်းလဲပစ်မယ်ဆိုရင် ပရိသတ်တွေလဲ အမြင်ပြောင်းသွားမှာပါ။ အစကပြန်ပြောင်းလဲဖို့ကိုကြောက်နေကြတယ်လို့ထင်တယ်။ ခဲယဉ်းမယ်။ လွယ်လွယ်ကူကူမရှိဘူး။ အဲ့ဒီလိုထင်နေကြတယ် ထင်ပါတယ်။

-အနုအရွသီချင်း၊ အသည်းကွဲသီချင်းတွေပဲဆိုနေတဲ့ တချို့ရက်ပ်ပါတွေက ဟစ်ဟော့ခေါင်းစဉ်အောက်မှာဝင်လား။ ဒါမှမဟုတ်လွဲချော်နေတဲ့အရာတစ်ခုလားဆိုတာကိုလဲသိချင်ပါတယ်။

အချစ်ဆိုတာလူတိုင်းခံစားတတ်တယ်။ ဂီတလုပ်မှမဟုတ်ဘူး။ ဂီတမလုပ်တဲ့သူတွေလဲ ခံစားတတ်တာပဲ။ ဂီတတွေလဲ အများကြီးရှိတာပဲ။ အရမ်းအချစ်ကို ခံစားပြီးလွမ်းဆွေးချင်တယ်ဆိုရင် ဘယ်ဟစ်ဟော့ကို နားထောင်ပါ့မလဲ။တခြားသီချင်းတွေပဲပြောင်းနားထောင်မှာပေါ့။ ဒီဟစ်ဟော့ရဲ့ပုံစံက ထိထိရောက်ရောက်ပဲဗျာ။ သွယ်ဝိုက်နေတာတွေမရှိဘူး။ လက်တွေ့ဆန်တဲ့ဟာတွေပဲပေါ့။အချစ်အကြောင်းကို တစ်ချိန်လုံးနီးပါး ဘယ်သူကမှတော့ ထိုင်တွေးပြီးခံစားမနေဘူးလေ။ လူတိုင်းအချစ်ဆိုတာရှိတယ်။ ဒါပေမဲ့ဘယ်သူမှတော့ အဲ့ဒါကြီးနဲ့ရပ်တည်မနေဘူး။ အဲ့ဒီသဘောပါပဲ။ ကျွန်တော်ကတော့ လွဲနေတယ်လို့ထင်ပါတယ်။

-အစ်ကို့အလှည့်ကျရင်ရော Mainstream ပေါ်ရောက်သွားတဲ့အခါ အခုလုပ်နေတဲ့သီချင်းပုံစံတွေကနေခွဲထွက်ပြီး ပြောင်းလဲရေးဖွဲ့သွားတာမျိုးရှိမလား။

ကျွန်တော်ကတော့ အခုဆိုနေတဲ့ သီချင်းပုံစံတွေကိုပဲ လမ်းသစ်ဖောက်သွားမှာပါ။ အချစ်တွေ၊ အသည်းကွဲတာတွေနဲ့သွားဖို့တော့မရှိပါဘူး။

-ကိုယ်ကိုတိုင်ကရော ဟစ်ဟော့လောကရဲ့ ဘယ်လိုနေရာမျိုးမှာရှိနေတယ်လို့ထင်မိလဲ။

ဥပမာ ခရီးရှည်ကြီးတစ်ခုသွားမယ်ဆိုရင် ကိုယ်သွားချင်တဲ့ ပန်းတိုင်ကိုမရောက်ခင်ကြားထဲမှာ လမ်းမပျောက်သွားအောင် လုပ်ပေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးတွေရှိတယ်ဗျာ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုအဲ့ဒီလမ်းညွှန်ဆိုင်းဘုတ်လေးတွေမျိုးပဲ ခံယူထားပါတယ်။ နောက်တက်လာမဲ့ လူငယ်တွေလမ်းမပျောက်သွားအောင်ညွှန်ပေးလို့ရတယ်။ မင်းတို့ဒီကနေသွားလို့ရတယ်ဆိုတဲ့ အထာမျိုးပေါ့။

-အရင်တုန်းကလုပ်ခဲ့ဖူးတဲ့သီချင်းတွေထဲမှာ အချစ်သီချင်းဘယ်နှပုဒ်လောက်ပါမလဲ။

ငါးပုဒ်လောက်ပဲရှိတယ်။ ကျန်တာကတော့ ဒဲ့သီချင်းတွေပဲများပါတယ်။

-အခုလက်ရှိမှာ ဘယ်သူ့သီချင်းတွေကို အများဆုံးနားထောင်ဖြစ်နေလဲ။

သီချင်းကတော့ အားလုံးလိုလိုနားထောင်ဖြစ်ပါတယ်။ အသစ်တွေတော့သိပ်မနားထောင်ဖြစ်ဘူး။ အသစ်ဆို ကိုယ်ကြိုက်တဲ့လူငယ်တွေသီချင်းပဲနားထောင်တယ်။ Bigg -Y ရဲ့ အလုပ်ရယ်၊ ရသရဲ့စိတ်ဓာတ်မကျနဲ့ဆိုတဲ့သီချင်းရယ်ပေါ့။ ပြည်ပကဆို အဟောင်းတွေပဲပြန်နားထောင်ဖြစ်တာများပါတယ်။

-အစ်ကိုလေးစားအားကျတဲ့သူတွေဆိုရင်ရော ဘယ်သူတွေများဖြစ်မလဲ။

အားလုံးကသူ့ဟာနဲ့သူတော့လေးစားဖို့ကောင်းနေတာပဲ။ Bigg- Y တို့၊ သုတာအေးတို့၊ရသတို့ကိုလေးစားတယ်။ အတူတူဖန်တီးနေတဲ့ ဂီတသမားတွေပေါ့။ သူတို့ကိုလဲအားကျတယ်။ နောက် ထူးအိမ်သင်တို့၊ဒိုးလုံးတို့ကိုလဲ လေးစားတယ်။ လွှမ်းမိုးလဲပါတယ်။

-ဟစ်ဟော့လောကထဲမှာအသံမျိုးစုံကြားနေရတယ်ဆိုတော့ အဲ့ဒီအပေါ်ဘယ်လိုမြင်မိလဲ။

ကျွန်တော်တို့လောကတစ်ခုတည်း မဟုတ်ပါဘူး။ တခြားလောကတွေမှာလဲ အဲ့ဒီလိုတွေရှိပါတယ်။ အချိန်များစွာ အမှောင်ချခံရပြီး ကိုယ့်လက်ထဲကို ကမ္ဘာလုံးတစ်လုံးစာလောက်ရှိတဲ့ ဆက်သွယ်မှုကြီးရောက်လာတဲ့အခါ ဖြစ်ချင်တိုင်းဖြစ်သွားတာလို့ထင်တယ်။ တချို့လူတွေဆို ဟုတ်ချင်မှလဲဟုတ်တာ ဝင်ညှော်ရရင်ပြီးရောလေ။ ဘယ်အရာမှပြောလို့မရပါဘူး။ အဲ့ဒါတွေကလဲ ဖေ့စ်ဘွတ်ပေါ်မှာပဲဖြစ်တာလို့ထင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: TrendMyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top