Kantharyar Centre
×


တကၠသိုလ္ေက်ာင္းေတာ္သားဘ၀မွာ ပထမႏွစ္မွာတင္ အေဆာင္သံုးေဆာင္ေၿပာင္းခဲ့ရပါတယ္။ အေၾကာင္းရင္းကေတာ့ အေဆာင္ရွင္ေတြနဲ့ မတည့္လို့ပါပဲ။ ဒုတိယႏွစ္အေရာက္မွာေတာ့ အေဆာင္ေနဖို့မၾကိဳးစားေတာ့ပဲ လံုးခ်င္းအိမ္ေလးတလံုးငွားေနဖို့ဆံုးၿဖတ္ၿပီး အိမ္အရွာထြက္ရင္းက လံုးခ်င္းတိုက္ေလးတလံုးငွားၿဖစ္သြားေရာဆိုပါေတာ့။ ငွားၿဖစ္သြားတယ္ဆိုေပမယ့္ သာမန္ထက္ထူးၿခားတာေလးတခုေတာ့ ၾကံဳလိုက္ရပါတယ္။

တခ်ိဳ့ တခ်ိဳ့ေသာ အိမ္ရွင္ေတြလို ဒီအိမ္က စီးပြားတက္တယ္၊ လာဘ္ေကာင္းတယ္ အစရွိတဲ့ ကိုယ့္ဘက္ကိုယ္ယက္ၿပီး ေၿပာတတ္ၾကတဲ့ အိမ္ရွင္ေတြရဲ့ ကိုယ့္အိမ္ကို ခ်ီးမြမ္းေထာပနာသံမ်ိဳးမၾကားရပဲ " ဒီအိမ္မွာ အေစာင့္အေရွာက္ရွိတယ္။ မဟုတ္တာ မေကာင္းတာ လုပ္တာကိုမေၿပာနဲ့.. ေပါက္တတ္ကရေတြ ေၿပာဆိုလို့ေတာင္ မရဘူးေနာ္ " လို့ အိမ္ရွင္အိမ္ငွား စာခ်ဳပ္မခ်ဳပ္ခင္မွာ အေသအခ်ာ မွာလိုက္ၿခင္းပါပဲ။ သူငယ္ခ်င္းတေယာက္ရဲ့ အကိုၿဖစ္သူက ဒီအိမ္ေလးအေၾကာင္းကို တစြန္းတစေၿပာသြားတာေလးကလည္း အားရစရာပါ။

" မင္းတို့ခုငွားလိုက္တဲ့ အိမ္က အရင္တုန္းက မိန္းကေလးအေဆာင္ကြ၊ တရက္ေတာ့ အေဆာင္က ေကာင္မေလးေတြ အားလံုး ရုပ္ရွင္သြားၾကည့္ၾကတယ္။ သူတို့ထဲက တေယာက္ကေတာ့ ေနမေကာင္းလို့လား ဘာလို့လဲမသိပါဘူး မလိုက္သြားပဲ က်န္ေနခဲ့ေရာ...။ သူ့သူငယ္ခ်င္းေတြ အကုန္လံုး အၿပင္ထြက္သြားၿပီး ေတာ္ေတာ္ၾကာေတာ့ အိမ္ထဲကေန ေအာ္ဟစ္ၿပီး ထြက္ေၿပးလာတာကို ငါတို့ရပ္ကြက္ထဲကလူေတြ ေတာ္ေတာ္မ်ားမ်ား ေတြ့လိုက္ၾကတယ္။

ၿဖစ္ပံုက သူတေယာက္တည္း အိမ္မွာက်န္ေနခဲ့တုန္း ၀တ္ၿဖဴစင္ၾကယ္၀တ္ထားတဲ့ အဖိုးၾကီးတေယာက္ သူ့ေရွ့တည့္တည့္မွာ ရုတ္တရက္ေပၚလာတာကို ၿမင္လိုက္ရလို့ ေၾကာင္အားလန့္အားနဲ့ အိမ္ထဲကေန ေၿပးထြက္လာတာတဲ့ကြ.....။ အိမ္ၿပင္ေရာက္ေတာ့ ေၾကာက္ေၾကာက္လန့္လန့္နဲ့ ဂေယာင္ဂတမ္းေတြ ေၿပာၿပီးေအာ္ဟစ္ေနလို့ ပတ္၀န္းက်င္က ေခၚထားလိုက္ရတယ္။ ေနာက္ေန့မနက္မိုးလင္းေတာ့ အဲ့ေကာင္မေလး ရူးေၾကာင္ေၾကာင္ၿဖစ္ေနၿပီ...။ ေက်ာင္းေတာင္မွ ၿပီးေအာင္ဆက္မတက္လိုက္ရပဲ သူ့အိမ္က ၿပန္လာေခၚသြားရတယ္တဲ့။ ေနာက္ေလးငါးေၿခာက္လေလာက္ရွိမွ ပံုမွန္အတိုင္းၿပန္ၿဖစ္သြားၿပီး ေက်ာင္းၿပန္တက္ႏိုင္တာ မင္းတို့လည္း အဲ့ဒီအိမ္မွာေနမယ္ဆိုရင္ အေနအထိုင္ေတာ့ ဆင္ၿခင္ေနာ္" တဲ့။ " ေၾသာ္... ဟုတ္ကဲ့ " လို့ပဲ သူ့စကားကို တံု့ၿပန္ၿပီး စိတ္ထဲမွာ အမွဳမဲ့အမွတ္မဲ့ ထားလိုက္ပါတယ္။

ကုိယ့္စိတ္တိုင္းက်ေနလို့ရေအာင္ဆိုၿပီး ငွားၿဖစ္လိုက္တဲ့ဒီအိမ္ေလးမွာ ဒုတိယႏွစ္တကၠသိုလ္ေက်ာင္းသား က်ြန္ေတာ္တို့သူငယ္ခ်င္းေလးေယာက္ရယ္၊ က်ြန္ေတာ့္သူငယ္ခ်င္းတေယာက္ရဲ့ ညီ၀မ္းကြဲနဲ့ သူ့အေပါင္းအသင္းသံုးေယာက္ရယ္ စုစုေပါင္းရွစ္ေယာက္တိတိ ေနၿဖစ္ခဲ့ၾကပါတယ္။ အိမ္ေလးကခပ္ေသးေသးဆိုေပမယ့္ ၿခံ၀င္းကေတာ့ အေတာ္ေလး က်ယ္က်ယ္၀န္း၀န္းရွိေတာ့ အားကစားေလ့က်င့္ခန္းေတြဘာေတြ လုပ္ရတာလည္း အဆင္ေၿပသလို က်ြန္ေတာ္တို့အိမ္နဲ့ မလွမ္းကမ္းမွာလည္း ေက်ာင္းသူေတြသီးသန့္ေနတဲ့ အေဆာင္ေတြကလည္းရွိၿပန္ေတာ့ ေနရထိုင္ရတာ အေတာ္ေလး စိုစိုေၿပေၿပရွိတယ္ ဆိုပါစို့။

 အေဆာင္ေနေက်ာင္းသားမဟုတ္ေတာ့ပဲ အၿပင္မွာငွားေနၿခင္းရဲ့ ေနာက္ဆက္တြဲ အက်ိဳးဆက္အၿဖစ္နဲ့ က်ြန္ေတာ္တို့ ဒုတိယႏွစ္ေက်ာင္းေတာ္သားေလးေယာက္က ညဆိုရင္ ယမကာေလးမွီ၀ဲသံုးေဆာင္ၿပီးမွ ၿပန္လာတတ္ၾကပါေတာ့တယ္။ ၿပန္ေရာက္တာနဲ့ အိပ္ယာေပၚဒိုင္ဗင္ထိုးၿပီး အိပ္လိုက္ၾကတာမ်ားပါတယ္။ ပထမႏွစ္ေက်ာင္းသားေတြကေတာ့ ေက်ာင္းကို စေရာက္ခါစမို့ အေပါင္းအသင္းလည္း သိပ္မရွိေသးလို့ထင္ပါရဲ့။ ဟိုဟိုဒီဒီ သြားတာလာတာမ်ိဳးသိပ္မေတြ့ရပဲ အိမ္မွာပဲေနတတ္ၾကပါတယ္။

 ေနာက္ၿပီးေတာ့ က်ြန္ေတာ္တို့ အၾကီးေလးေယာက္က အၿပင္ဆိုင္ေတြမွာပဲ ဝမ္းေရးကို ေၿဖရွင္းတတ္ၾကေပမယ့္ သူတို့ကေတာ့ အေဆာင္မွာပဲ ထမင္းဟင္းခ်က္စားၾကတယ္ေလ။ က်ြန္ေတာ္တို့ခ်ာရာဏသီေရွြၿပည္ၾကီးရဲ့ လ်ွပ္စစ္မီးဆိုတာက အမ်ားသိေတာ္မူၾကတဲ့အတိုင္း ညၾကီးအခ်ိန္မေတာ္ (၂)ခ်က္တီးေလာက္မွပဲ မီးအားကေကာင္းတတ္တာဆိုေတာ့ အဲ့ဒီအခ်ိန္ေလးခ်က္မွ ထမင္းေကာင္းေကာင္းရတယ္ဆိုၿပီး သူတို့ေတြခမ်ာ အဲ့ဒီအခ်ိန္က်မွ ဒုကၡခံ၊ အိပ္ပ်က္ခံၿပီး အလွည့္က်စနစ္နဲ့ ထမင္းထခ်က္ၾကပါတယ္။

ဒီလိုနဲ့ သူတို့ေလးေယာက္ ထမင္းဟင္းထခ်က္ၾကတာ ပထမလမွာေတာ့ ဘာအသံဗလံမွမၾကားရပဲ ပံုမွန္အတိုင္းပါပဲ။ တရက္ေတာ့ဖိုးေက်ာ္ဆိုတဲ့ ေကာင္ေလးအလွည့္ေရာက္လာတယ္။ သူထမင္းထခ်က္ေနတုန္း မီးဖိုခန္းတံခါးကို လာေခါက္ပါေလေရာ။ စဥ္းစားၾကည့္ေလ အခ်ိန္မေတာ္ၾကီးတေယာက္တည္း ရွိေနတုန္းမွာ တံခါးေခါက္သံၾကားလိုက္ရေတာ့ ေတာ္တန္ရံုသတၱိေကာင္းပါတယ္ဆိုရင္ေတာင္မွ အနည္းနဲ့အမ်ားေတာ့ လန့္သြားမွာပဲမဟုတ္လား။ တခါလည္းမဟုတ္ ႏွစ္ခါလည္းမဟုတ္ သံုးေလးေခါက္ေလာက္ တံခါးလာေခါက္ေနေတာ့ သူလည္း အိပ္ေနတဲ့လူေတြအကုန္လံုးကို လာႏွိဳးပါေလေရာ။ အိမ္ကို ဓါးၿပမ်ားလာတိုက္သလားဆိုၿပီး ထၾကည့္ၾကေတာ့လည္း ဘာမွမေတြ့ရပါဘူး။ ထၾကည့္ၾကတဲ့အထဲမွာ က်ြန္ေတာ္ေတာ့မပါလိုက္ပါဘူး။ အမူးလြန္ၿပီး အိပ္ေပ်ာ္ေနလို့ မနက္က်မွ သူတို့ၿပန္ေၿပာလို့ သိရတာ။

ေနာက္ေလးရက္ေၿမာက္ေန့မွာေတာ့ ေမာင္ေကာင္းအလွည့္ေရာက္လာၿပန္ပါတယ္။ သူ့ကိုလည္း ဖိုးေက်ာ္တုန္းကလိုပဲ တံခါးလာေခါက္ၿပန္ပါတယ္။ ဒါနဲ့ပဲ ထမင္းခ်က္ရင္ ႏွစ္ေယာက္တြဲစနစ္နဲ့ ခ်က္တဲ့အေၿခအေနကို ေရာက္သြားေတာ့တာပဲ။ ဖိုးေက်ာ္နဲ့ ေဇယ်က တတြဲ၊ ေမာင္ေကာင္းနဲ့ ေနာက္တေယာက္က တတြဲဆိုၿပီး သူတို့အခ်င္းခ်င္း စားေတာ္ကဲ အခ်ိန္ဇယားနဲ့ ခ်က္ၾကတာပါ။ ေမာင္ေကာင္းတို့အတြဲ အလွည့္က်ရင္ ဘာမွမထူးၿခားေပမယ့္ ဖိုးေက်ာ္တို့အတြဲအလွည့္က်ပေဟ့ဆိုရင္ ၿပႆနာက ဝင္လာၿပီ။ ဖိုးေက်ာ္တို့အတြဲထမင္းခ်က္တဲ့အခ်ိန္မွာ အရိပ္မည္းမည္းတခုက မတ္တပ္ရပ္ေနတာကို ဆန္ေဆးေနတဲ့ ဖိုးေက်ာ္က မၿမင္ပဲ ေဇယ်က အရင္ဆံုးစၿမင္ပါတယ္။

ေဇယ်က " ဖိုးေက်ာ္ ... မင္းနားမွာ ဘာၾကီးလဲ " ဆိုၿပီးေမးေတာ့ ဖိုးေက်ာ္ေဆးလက္စ ဆန္ေတြထည့္ထားတဲ့ အိုးကိုပစ္ခ်ၿပီး ေဇယ်နားကို ေၿပးလာေတာ့တာပါပဲ။ ေဇယ်ခမ်ာလည္း ေၾကာက္လန့္ၿပီးဖိုးေက်ာ္နဲ့အတူတူ

ေအာ္ဟစ္ၿပီး အိပ္ေနတဲ့လူေတြကို လိုက္ႏွိဳးေတာ့တာပဲဗ်ိဳ့။ ဒီတေခါက္ေတာ့ က်ြန္ေတာ္လည္း ႏိုးပါတယ္။ သူတို့ကို ေဖ်ာင့္ဖ်ႏွစ္သိမ့္ၿပီး ၿပန္အိပ္ၾကပါတယ္။ မနက္မိုးလင္းေတာ့ ပထမႏွစ္ေကာင္ေလးေတြက က်ြန္ေတာ္တို့ကို အေဆာင္ေၿပာင္းေနဖို့ လာေၿပာၾကပါေလေရာ။ ဘယ္လိုမွကို ေခ်ာ့ေၿပာလည္းမရ၊ ညွိလို့လည္းမရေတာ့ဘူး။ သူတို့ေလးေယာက္မရွိေတာ့ရင္ က်ြန္ေတာ္တို့ ေလးေယာက္တည္းနဲ့ အိမ္လခေပးရမယ္ဆိုလည္း တြက္ေခ်မကိုက္ေတာ့တာမို့ သူတို့ကို နည္းအမ်ိဳးမ်ိဳးနဲ့ စည္းရံုးေရးဆင္းေပမယ့္ မရေရးခ် မရေတာ့ဘူးဗ်ာ။

" မင္းတို့ စိတ္ေခ်ာက္ခ်ားလို့ေနမွာပါကြ " ဆိုၿပီး ဘာဘာညာညာေတြကို အၾကာၾကီးဝိုင္းေၿပာၾကေပမယ့္ သူတို့ ေၿပာလိုက္တဲ့ စကားတခြန္းတည္းေၾကာင့္ က်ြန္ေတာ္တို့လည္း က်ြန္ေတာ္တို့ရဲ့ စည္းရံုးေရးကို လက္ေၿမွာက္အရွံဳးေပးလိုက္ရပါေတာ့တယ္။ အဲ့ဒါကေတာ့ ဒီအိမ္မွာရွိတဲ့ ေရစက္က ဘယ္သူမွမဖြင့္ပါပဲနဲ့ သေဘာေကာင္းလြန္စြာနဲ့ အလိုလိုေနရင္းနဲ့ ခဏခဏ သူ့အလိုလို ပြင့္ၿပီးေမာင္းေနတတ္တဲ့ အခ်က္ပါ။

တခါတေလဆိုရင္ ေန့ခင္းေန့လည္ပိုင္းေတြမွာလည္း ေရစက္က ေအာ္တိုငုတ္တုတ္ ထလည္ရင္ လည္ေနတတ္ပါေသးတယ္။ ဘယ္သူတဦးတေယာက္မွ မဖြင့္ပဲနဲ့ မီးမပ်က္မခ်င္းလည္ေနလိုက္တာမ်ား တခါတုန္းကဆိုရင္ ေရေတြ ၿခံထဲအထိေတာင္ ေရာက္ေနတာကို ၾကံဳခဲ့ဖူးပါရဲ့။ အဲ့လို ခဏခဏၾကံဳရလြန္းအားၾကီးလို့ ေရစက္ခလုတ္နားမွာေတာင္ "အိပ္ခါနီးေရစက္ပိတ္ရန္" လို့ စာေရးၿပီး ကပ္ထားရတယ္ဗ်ာ။ က်ြန္ေတာ္တို့အားလံုး သတိထားၿပီး ခလုပ္ကိုပိတ္ၾကေပမယ့္ မနက္မိုးလင္းလာရင္ ေရစက္ကို ဖြင့္လ်က္သားနဲ့ ေတြ့ရတတ္ပါတယ္။

အိမ္မေၿပာင္းဖို့ ဆြယ္တရားေဟာေနတဲ့ က်ြန္ေတာ္တို့ကို ဘာမွဆက္မေၿပာႏိုင္ေတာ့ေအာင္ သူတို့ေလးေယာက္ေမးခြန္းထုတ္လိုက္ပံုကေတာ့ "အကိုတို႔ေျပာသလို သရဲမေျခာက္ဘူးပဲ ထားပါေတာ႔၊ ဒါဆိုရင္ အကိုတို႔ ေရစက္ၾကီးအလိုလို ပြင္႔မလာေစရဘူးလို႔ အာမခံႏိုင္မလား..?? အစ္ကိုတို့ အဲ့ဒီတခ်က္ကို အာမခံႏိုင္မယ္ဆိုရင္ က်ြန္ေတာ္တို့ေလးေယာက္ ဒီအိမ္မွာ အကိုတို့နဲ့အတူတူဆက္ေနမယ္" တဲ့။ အဲ့ဒီေတာ့မွ ခက္ကုန္ေတာ့တာ။ ညွိႏွိဳင္းလို့ ဘယ္နည္းမွမရေတာ့တဲ့ အဆံုးမွာေတာ့ သူတို့ေလးေယာက္လည္း က်ြန္ေတာ္တို့အိမ္ကေန တၿခားအေဆာင္တခုကို ေၿပာင္းသြားၾကပါေတာ့တယ္။

သူတို့ေၿပာင္းသြားၿပီးေနာက္မွာေတာ့ က်န္ရစ္သူက်ြန္ေတာ္တို့ေလးေယာက္အလွည့္ကို ေရာက္လာပါေလေရာဗ်ိဳ့။ တေန့ေတာ့ က်ြန္ေတာ္နဲ့ က်ြန္ေတာ္သူ့ငယ္ခ်င္းတေယာက္ ညဆယ့္တစ္နာရီထိုးေလာက္မွ အေဆာင္ကို ၿပန္လာၾကတယ္။ က်န္တဲ့ႏွစ္ေယာက္ကေတာ့ ၿပန္မေရာက္ေသးပဲ ဘယ္အေဆာင္ေရွ့မွာသြားၿပီး မူးမူးနဲ့ ဂစ္တာတီးေနၾကတယ္မသိဘူး။ က်ြန္ေတာ္တို့ႏွစ္ေယာက္ ၿခံေရွ့ေရာက္လို့ ၿခံတံခါးေသာ့ကိုဖြင့္ေနတုန္းမွာ အိမ္ေနာက္ကို လူရိပ္ႏွစ္ခုေၿပးဝင္သြားတာကို က်ြန္ေတာ္ေရာ၊ က်ြန္ေတာ္နဲ့အတူတူၿပန္လာတဲ့သူငယ္ခ်င္းပါ ၿမင္လိုက္ၾကရတယ္။

ဘာမ်ားပါလိမ့္ဆိုၿပီး အထိတ္တလန့္နဲ့ က်ြန္ေတာ္တို့ဆိုင္ကယ္ေတြေတာင္ ၿခံထဲမသြင္းပဲ ခ်က္ခ်င္းကို အဲ့ဒီအရိပ္ႏွစ္ခုေၿပးဝင္သြားရာေနာက္ကို အတင္းေၿပးလိုက္သြားၾကေရာ။ ခဏခဏရန္ၿဖစ္တတ္လြန္းတဲ့ က်ြန္ေတာ္တို့ေလးေယာက္မွာ ေဘးကင္းရန္ကာအေနနဲ့ သံတုတ္ေတြကို လက္လွမ္းမီရာေနရာမွာ ထားတတ္တဲ့ အက်င့္ကရွိေနေတာ့ ထားေနက်ေနရာက သံတုတ္ေတြကပ်ာကယာဆြဲၿပီး လိုက္သြားၾကတာ အိမ္ေနာက္ကိုေရာက္ေတာ့ ဘာအရိပ္အေယာင္မွ မေတြ့ရဘူး။

က်ြန္ေတာ္တို့ၿခံဝင္းထဲမွာက ေမွာင္ရိပ္ခိုၿပီး ပုန္းစရာ၊ ခိုစရာေနရာလည္း သိပ္မရွိပဲနဲ့ ခုလိုၿဖစ္ေတာ့ နည္းနည္းေတာ့ မထူးဆန္းေပဘူးလားဗ်ာ။ ဒါနဲ့ပဲ က်ြန္ေတာ္တို့ႏွစ္ေယာက္ တေယာက္ကို တေယာက္ၾကည့္ၿပီး ၿခံဝကိုၿပန္ထြက္၊ ဆိုင္ကယ္ေတြလည္း ၿခံထဲကို မသြင္းေတာ့ပဲ အၿပင္ကို ၿပန္ထြက္လာခဲ့ၾကပါေတာ့တယ္။ မွန္ရာကို မရွက္စတမ္းဝန္ခံရရင္ေတာ့ ေၾကာက္လို့ပါ။ အဲ့ဒီညက က်ြန္ေတာ္တို့ႏွစ္ေယာက္ သူမ်ားအေဆာင္မွာပဲ သြားအိပ္လိုက္ၾကပါတယ္။ က်န္တဲ့ႏွစ္ေယာက္ကေတာ့ အိမ္ကိုၿပန္လာၿပီး အိပ္ၾကေပမယ့္ သူတိ့ုႏွစ္ေယာက္ကေတာ့ ဘာမွ မၿဖစ္လိုက္ၾကပါဘူး။

ေနာက္ပိုင္းမွာလည္း အဲ့လိုပဲ ဟိုနားသည္နားကေန အရိပ္အေယာင္ၿပတာမ်ိဳး၊ အသံဗလံေပးတာမ်ိဳးနဲ့ ေၿခာက္တာလွန့္တာကို ခံရပါတယ္။ ဒါေပမယ့္ ထူးထူးၿခားၿခား အရမ္းၾကီး ေၾကာက္လန့္ရေလာက္ေအာင္ေတာ့ မၾကံဳခဲ့ရပါဘူး။ စာသင္ႏွစ္ဝက္ေလးလၿပီးခ်ိန္မွာေတာ့ ေလးေယာက္တည္းနဲ့ အဲ့ဒီအိမ္ငွားခကို ေပးေနရတာ ဘ႑ာေရးအၾကပ္အတည္းၿဖစ္လာတာကတေၾကာင္း၊ အုပ္ထိန္းမယ့္သူမရွိတဲ့ က်ြန္ေတာ္တို့တေတြ မၾကာမၾကာ ရန္ပြဲေတြႏြဲွရတာမ်ားလာတာကလည္း တေၾကာင္း၊ အိမ္လံုးခ်င္းငွားေနတဲ့ က်ြန္ေတာ္တို့ဆီကို သူငယ္ခ်င္းေတြ အေၾကာင္းအရာမ်ိဳးစံုနဲ့ လာလာၿပီးႏွိပ္စက္တဲ့ ဒဏ္ကိုမခံႏိုင္ၾကေတာ့တာလည္းတေၾကာင္း အဲ့လိုအေၾကာင္းသံုးပါးေၾကာင့္ ေနာက္ႏွစ္ဝက္မွာ အိမ္ၿပန္အပ္မယ္လို့ တိုင္ပင္ဆံုးၿဖတ္လိုက္ၾကပါေတာ့တယ္။

က်ြန္ေတာ္တို့ေလးေယာက္သား အိမ္ၿပန္အပ္ဖို့ စီစဥ္ေနတုန္းမွာ ကံဆိုးခ်င္တဲ့ ေမာင္ရွင္တအုပ္စုေပၚလာပါေရာ။ က်ြန္ေတာ္တို့နဲ့ေမဂ်ာတူသူငယ္ခ်င္းတေယာက္က အေဆာင္လံုးခ်င္းငွားေနခ်င္လို့ ရွိရင္လက္တို့စမ္းပါလို့ ေၿပာထားတာကို သြားသတိရေတာ့ က်ြန္ေတာ့္တို့လည္းသူ့ကို က်ြန္ေတာ္တို့ေနေနတ့ဲအိမ္ကို ဆက္ငွားခ်င္ ငွားလို့ ေၿပာလိုက္တယ္။ အိမ္နဲ့ပတ္သက္ၿပီးေတာ့ အေၿခာက္အလွန့္ရွိတယ္ဆိုတာကိုလည္း ၾကိဳၾကိဳတင္တင္ေၿပာၿဖစ္လိုက္ပါေသး။ သူကလည္း ကိစၥမရွိဘူး ရတယ္ဆိုၿပီးေတာ့ ေနာက္ႏွစ္ဝက္မွာ အဲ့ဒီအိမ္ကို သူဆက္ငွားလိုက္ပါတယ္။

ပထမတစ္လမွာေတာ့ ေအးေအးေဆးေဆးပါပဲ။ေနာက္ပိုင္းေတာ့ သူတို့လူစုထဲက တေယာက္ကို ေၿခာက္တယ္လို့ ၾကားရပါတယ္။

ဘယ္လိုဘယ္ပံုေၿခာက္တယ္ဆိုတာေတာ့ က်ြန္ေတာ္လည္း အေသအခ်ာမသိပါ။ သရဲေၿခာက္ခံရတယ္ဆိုတဲ့ေကာင္ေၿပာတာကိုလည္း က်န္တဲ့လူေတြက သိပ္ၿပီးအေရးလုပ္ပံုမရပါဘူး။ က်ြန္ေတာ္တို့ေနတုန္းကထက္ သူတို့က အင္အားေတာင့္ေတာ့လည္း သိပ္မေၾကာက္ၾကတာလည္း ၿဖစ္မွာေပါ့ေလ။ တညမွာေတာ့ သူတို့ေတြထဲက ႏွစ္ေယာက္က အဲ့ဒီအိမ္ရဲ့ဧည့္ခန္းမွာ အရက္ထိုင္ေသာက္ေနၾကတယ္။ ေနာက္တေယာက္ကေတာ့ အိပ္ခန္းထဲမွာ စာအုပ္ဖတ္ေနတယ္တဲ့။ ေသာက္ရင္းနဲ့ ည (၁၀) နာရီေက်ာ္ေလာက္ေရာက္လာေတာ့ အရွိန္ေလးကလည္း ေကာင္းလာေရာဆိုပါေတာ့။ အဲ့ဒီမွာ အရက္ေသာက္ေနရင္းနဲ့ ေပါက္တတ္ကရေတြေလွ်ာက္ေၿပာမိလာၾကေတာ့တာပဲ။

" ဒီအေဆာင္က သရဲေျခာက္တယ္ေျပာတယ္၊ တို႔ကိုၾကေတာ႔ ဘာမွလည္း မေျခာက္ဘူး။ ရွိရင္ထြက္ခဲ႔ အရိုးေက်ြးမယ္" ဆိုၿပီးေတာ့ သူတို့စားၿပီးသား ၾကက္ရိုးကို အိမ္ေပါက္ဝဘက္ကို လွမ္းပစ္လိုက္တယ္တဲ့ ခင္ဗ်။ သူတို့စကားဆက္ေၿပာေနၾကတုန္းမွာပဲ ခဏေလာက္ေနေတာ့ ထမီရင္လ်ားနဲ့ အမ်ိဳးသမီးတေယာက္ သူတို့အိမ္ေပါက္ဝမွာ သူတို့ကို ေက်ာခို္င္းျပီး မတ္တပ္ရပ္ျပပါတယ္။

သူတို႔ စိတ္ထဲဇေဝဇေဝနဲ့ အရက္မူးေနလို့ ထင္ေရာင္ထင္မွားၿဖစ္ေလသလားဆိုတဲ့အေတြးနဲ့ ေနာက္တၾကိမ္ေသခ်ာေအာင္ ထပ္စမ္းမယ္ဆိုၿပီးေတာ့ ထပ္ေျပာလိုက္ပါတယ္ " ခုတစ္ခါ အသားပါေက်ြးမယ္လာခ႔ဲ" ဆိုျပီးေတာ့ ဖိတ္ေခၚလိုက္ေတာ့ ဘာေၿပာေကာင္းမလဲေလ။ တကယ္လာပါတယ္။ အဟုတ္လာပါတယ္။ ခုတစ္ခါေတာ့ ေနာက္ေဖးအေပါက္၀မွာ ေတာ္ေတာ္ၾကာေအာင္ မတ္တပ္ရပ္ျပ ေနတာပါ။

ဟိုနွစ္ေယာက္လဲ ေၾကာက္ျပီး အခန္းထဲက တစ္ေယာက္ကို ေအာ္ေျပာျပီး ေျပးၾကပါတယ္။ အခန္းထဲက တစ္ေယာက္က အခန္းျပင္ထြက္လာျပီး အေပါက္၀က မိန္းမကိုထပ္ျမင္ျပီး ထပ္ေျပးရပါတယ္။ သူတို႔ အေဆာင္တူ သူငယ္ျခင္းေတြ ရွိတဲ႔ လၻက္ရည္ဆိုင္ထိ ထြက္ေျပးၾကပါတယ္။ အဲဒီအျဖစ္အပ်က္ကို ျပန္ေျပာျပျပီး အေဆာင္သား ၁၀ေယာက္ေက်ာ္ဟာ အဲဒီည အေဆာင္ျပန္မအိပ္ရဲပဲ လၻက္ရည္ဆိုင္မွာပဲ အိပ္လိုက္ၾကပါတယ္။ မနက္က်ေတာ႔ သူတို႔အေဆာင္သစ္လိုက္ရွာပါေတာ႔တယ္။ ခုထိဘယ္သူမွအဲဒီအေဆာင္ကို မငွားေတာ႔ဘူးလို႔ၾကားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ThitHtooLwin

#Unicode Version
တက္ကသိုလ်ကျောင်းတော်သားဘဝမှာ ပထမနှစ်မှာတင် အဆောင်သုံးဆောင်ပြောင်းခဲ့ရပါတယ်။ အကြောင်းရင်းကတော့ အဆောင်ရှင်တွေနဲ့ မတည့်လို့ပါပဲ။ ဒုတိယနှစ်အရောက်မှာတော့ အဆောင်နေဖို့မကြိုးစားတော့ပဲ လုံးချင်းအိမ်လေးတလုံးငှားနေဖို့ဆုံးဖြတ်ပြီး အိမ်အရှာထွက်ရင်းက လုံးချင်းတိုက်လေးတလုံးငှားဖြစ်သွားရောဆိုပါတော့။ ငှားဖြစ်သွားတယ်ဆိုပေမယ့် သာမန်ထက်ထူးခြားတာလေးတခုတော့ ကြုံလိုက်ရပါတယ်။ တချို့ တချို့သော အိမ်ရှင်တွေလို ဒီအိမ်က စီးပွားတက်တယ်၊ လာဘ်ကောင်းတယ် အစရှိတဲ့ ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောတတ်ကြတဲ့ အိမ်ရှင်တွေရဲ့ ကိုယ့်အိမ်ကို ချီးမွမ်းထောပနာသံမျိုးမကြားရပဲ " ဒီအိမ်မှာ အစောင့်အရှောက်ရှိတယ်။ မဟုတ်တာ မကောင်းတာ လုပ်တာကိုမပြောနဲ့.. ပေါက်တတ်ကရတွေ ပြောဆိုလို့တောင် မရဘူးနော် " လို့ အိမ်ရှင်အိမ်ငှား စာချုပ်မချုပ်ခင်မှာ အသေအချာ မှာလိုက်ခြင်းပါပဲ။ သူငယ်ချင်းတယောက်ရဲ့ အကိုဖြစ်သူက ဒီအိမ်လေးအကြောင်းကို တစွန်းတစပြောသွားတာလေးကလည်း အားရစရာပါ။

" မင်းတို့ခုငှားလိုက်တဲ့ အိမ်က အရင်တုန်းက မိန်းကလေးအဆောင်ကွ၊ တရက်တော့ အဆောင်က ကောင်မလေးတွေ အားလုံး ရုပ်ရှင်သွားကြည့်ကြတယ်။ သူတို့ထဲက တယောက်ကတော့ နေမကောင်းလို့လား ဘာလို့လဲမသိပါဘူး မလိုက်သွားပဲ ကျန်နေခဲ့ရော...။ သူ့သူငယ်ချင်းတွေ အကုန်လုံး အပြင်ထွက်သွားပြီး တော်တော်ကြာတော့ အိမ်ထဲကနေ အော်ဟစ်ပြီး ထွက်ပြေးလာတာကို ငါတို့ရပ်ကွက်ထဲကလူတွေ တော်တော်များများ တွေ့လိုက်ကြတယ်။

ဖြစ်ပုံက သူတယောက်တည်း အိမ်မှာကျန်နေခဲ့တုန်း ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့ အဖိုးကြီးတယောက် သူ့ရှေ့တည့်တည့်မှာ ရုတ်တရက်ပေါ်လာတာကို မြင်လိုက်ရလို့ ကြောင်အားလန့်အားနဲ့ အိမ်ထဲကနေ ပြေးထွက်လာတာတဲ့ကွ.....။ အိမ်ပြင်ရောက်တော့ ကြောက်ကြောက်လန့်လန့်နဲ့ ဂယောင်ဂတမ်းတွေ ပြောပြီးအော်ဟစ်နေလို့ ပတ်ဝန်းကျင်က ခေါ်ထားလိုက်ရတယ်။ နောက်နေ့မနက်မိုးလင်းတော့ အဲ့ကောင်မလေး ရူးကြောင်ကြောင်ဖြစ်နေပြီ...။ ကျောင်းတောင်မှ ပြီးအောင်ဆက်မတက်လိုက်ရပဲ သူ့အိမ်က ပြန်လာခေါ်သွားရတယ်တဲ့။ နောက်လေးငါးခြောက်လလောက်ရှိမှ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ကျောင်းပြန်တက်နိုင်တာ မင်းတို့လည်း အဲ့ဒီအိမ်မှာနေမယ်ဆိုရင် အနေအထိုင်တော့ ဆင်ခြင်နော်" တဲ့။ " သြော်... ဟုတ်ကဲ့ " လို့ပဲ သူ့စကားကို တုံ့ပြန်ပြီး စိတ်ထဲမှာ အမှုမဲ့အမှတ်မဲ့ ထားလိုက်ပါတယ်။

ကိုယ့်စိတ်တိုင်းကျနေလို့ရအောင်ဆိုပြီး ငှားဖြစ်လိုက်တဲ့ဒီအိမ်လေးမှာ ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ကျွန်တော်တို့သူငယ်ချင်းလေးယောက်ရယ်၊ ကျွန်တော့်သူငယ်ချင်းတယောက်ရဲ့ ညီဝမ်းကွဲနဲ့ သူ့အပေါင်းအသင်းသုံးယောက်ရယ် စုစုပေါင်းရှစ်ယောက်တိတိ နေဖြစ်ခဲ့ကြပါတယ်။ အိမ်လေးကခပ်သေးသေးဆိုပေမယ့် ခြံဝင်းကတော့ အတော်လေး ကျယ်ကျယ်ဝန်းဝန်းရှိတော့ အားကစားလေ့ကျင့်ခန်းတွေဘာတွေ လုပ်ရတာလည်း အဆင်ပြေသလို ကျွန်တော်တို့အိမ်နဲ့ မလှမ်းကမ်းမှာလည်း ကျောင်းသူတွေသီးသန့်နေတဲ့ အဆောင်တွေကလည်းရှိပြန်တော့ နေရထိုင်ရတာ အတော်လေး စိုစိုပြေပြေရှိတယ် ဆိုပါစို့။ အဆောင်နေကျောင်းသားမဟုတ်တော့ပဲ အပြင်မှာငှားနေခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ်နဲ့ ကျွန်တော်တို့ ဒုတိယနှစ်ကျောင်းတော်သားလေးယောက်က ညဆိုရင် ယမကာလေးမှီဝဲသုံးဆောင်ပြီးမှ ပြန်လာတတ်ကြပါတော့တယ်။ ပြန်ရောက်တာနဲ့ အိပ်ယာပေါ်ဒိုင်ဗင်ထိုးပြီး အိပ်လိုက်ကြတာများပါတယ်။ ပထမနှစ်ကျောင်းသားတွေကတော့ ကျောင်းကို စရောက်ခါစမို့ အပေါင်းအသင်းလည်း သိပ်မရှိသေးလို့ထင်ပါရဲ့။ ဟိုဟိုဒီဒီ သွားတာလာတာမျိုးသိပ်မတွေ့ရပဲ အိမ်မှာပဲနေတတ်ကြပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အကြီးလေးယောက်က အပြင်ဆိုင်တွေမှာပဲ ဝမ်းရေးကို ဖြေရှင်းတတ်ကြပေမယ့် သူတို့ကတော့ အဆောင်မှာပဲ ထမင်းဟင်းချက်စားကြတယ်လေ။ ကျွန်တော်တို့ချာရာဏသီရှေွပြည်ကြီးရဲ့ လျှပ်စစ်မီးဆိုတာက အများသိတော်မူကြတဲ့အတိုင်း ညကြီးအချိန်မတော် (၂)ချက်တီးလောက်မှပဲ မီးအားကကောင်းတတ်တာဆိုတော့ အဲ့ဒီအချိန်လေးချက်မှ ထမင်းကောင်းကောင်းရတယ်ဆိုပြီး သူတို့တွေခမျာ အဲ့ဒီအချိန်ကျမှ ဒုက္ခခံ၊ အိပ်ပျက်ခံပြီး အလှည့်ကျစနစ်နဲ့ ထမင်းထချက်ကြပါတယ်။

ဒီလိုနဲ့ သူတို့လေးယောက် ထမင်းဟင်းထချက်ကြတာ ပထမလမှာတော့ ဘာအသံဗလံမှမကြားရပဲ ပုံမှန်အတိုင်းပါပဲ။ တရက်တော့ဖိုးကျော်ဆိုတဲ့ ကောင်လေးအလှည့်ရောက်လာတယ်။ သူထမင်းထချက်နေတုန်း မီးဖိုခန်းတံခါးကို လာခေါက်ပါလေရော။ စဉ်းစားကြည့်လေ အချိန်မတော်ကြီးတယောက်တည်း ရှိနေတုန်းမှာ တံခါးခေါက်သံကြားလိုက်ရတော့ တော်တန်ရုံသတ္တိကောင်းပါတယ်ဆိုရင်တောင်မှ အနည်းနဲ့အများတော့ လန့်သွားမှာပဲမဟုတ်လား။ တခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် သုံးလေးခေါက်လောက် တံခါးလာခေါက်နေတော့ သူလည်း အိပ်နေတဲ့လူတွေအကုန်လုံးကို လာနှိုးပါလေရော။ အိမ်ကို ဓါးပြများလာတိုက်သလားဆိုပြီး ထကြည့်ကြတော့လည်း ဘာမှမတွေ့ရပါဘူး။ ထကြည့်ကြတဲ့အထဲမှာ ကျွန်တော်တော့မပါလိုက်ပါဘူး။ အမူးလွန်ပြီး အိပ်ပျော်နေလို့ မနက်ကျမှ သူတို့ပြန်ပြောလို့ သိရတာ။

နောက်လေးရက်မြောက်နေ့မှာတော့ မောင်ကောင်းအလှည့်ရောက်လာပြန်ပါတယ်။ သူ့ကိုလည်း ဖိုးကျော်တုန်းကလိုပဲ တံခါးလာခေါက်ပြန်ပါတယ်။ ဒါနဲ့ပဲ ထမင်းချက်ရင် နှစ်ယောက်တွဲစနစ်နဲ့ ချက်တဲ့အခြေအနေကို ရောက်သွားတော့တာပဲ။ ဖိုးကျော်နဲ့ ဇေယျက တတွဲ၊ မောင်ကောင်းနဲ့ နောက်တယောက်က တတွဲဆိုပြီး သူတို့အချင်းချင်း စားတော်ကဲ အချိန်ဇယားနဲ့ ချက်ကြတာပါ။ မောင်ကောင်းတို့အတွဲ အလှည့်ကျရင် ဘာမှမထူးခြားပေမယ့် ဖိုးကျော်တို့အတွဲအလှည့်ကျပဟေ့ဆိုရင် ပြဿနာက ဝင်လာပြီ။ ဖိုးကျော်တို့အတွဲထမင်းချက်တဲ့အချိန်မှာ အရိပ်မည်းမည်းတခုက မတ်တပ်ရပ်နေတာကို ဆန်ဆေးနေတဲ့ ဖိုးကျော်က မမြင်ပဲ ဇေယျက အရင်ဆုံးစမြင်ပါတယ်။

ဇေယျက " ဖိုးကျော် ... မင်းနားမှာ ဘာကြီးလဲ " ဆိုပြီးမေးတော့ ဖိုးကျော်ဆေးလက်စ ဆန်တွေထည့်ထားတဲ့ အိုးကိုပစ်ချပြီး ဇေယျနားကို ပြေးလာတော့တာပါပဲ။ ဇေယျခမျာလည်း ကြောက်လန့်ပြီးဖိုးကျော်နဲ့အတူတူ

အော်ဟစ်ပြီး အိပ်နေတဲ့လူတွေကို လိုက်နှိုးတော့တာပဲဗျို့။ ဒီတခေါက်တော့ ကျွန်တော်လည်း နိုးပါတယ်။ သူတို့ကို ဖျောင့်ဖျနှစ်သိမ့်ပြီး ပြန်အိပ်ကြပါတယ်။ မနက်မိုးလင်းတော့ ပထမနှစ်ကောင်လေးတွေက ကျွန်တော်တို့ကို အဆောင်ပြောင်းနေဖို့ လာပြောကြပါလေရော။ ဘယ်လိုမှကို ချော့ပြောလည်းမရ၊ ညှိလို့လည်းမရတော့ဘူး။ သူတို့လေးယောက်မရှိတော့ရင် ကျွန်တော်တို့ လေးယောက်တည်းနဲ့ အိမ်လခပေးရမယ်ဆိုလည်း တွက်ချေမကိုက်တော့တာမို့ သူတို့ကို နည်းအမျိုးမျိုးနဲ့ စည်းရုံးရေးဆင်းပေမယ့် မရရေးချ မရတော့ဘူးဗျာ။ " မင်းတို့ စိတ်ချောက်ချားလို့နေမှာပါကွ " ဆိုပြီး ဘာဘာညာညာတွေကို အကြာကြီးဝိုင်းပြောကြပေမယ့် သူတို့ ပြောလိုက်တဲ့ စကားတခွန်းတည်းကြောင့် ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ စည်းရုံးရေးကို လက်မြှောက်အရှုံးပေးလိုက်ရပါတော့တယ်။ အဲ့ဒါကတော့ ဒီအိမ်မှာရှိတဲ့ ရေစက်က ဘယ်သူမှမဖွင့်ပါပဲနဲ့ သဘောကောင်းလွန်စွာနဲ့ အလိုလိုနေရင်းနဲ့ ခဏခဏ သူ့အလိုလို ပွင့်ပြီးမောင်းနေတတ်တဲ့ အချက်ပါ။

တခါတလေဆိုရင် နေ့ခင်းနေ့လည်ပိုင်းတွေမှာလည်း ရေစက်က အော်တိုငုတ်တုတ် ထလည်ရင် လည်နေတတ်ပါသေးတယ်။ ဘယ်သူတဦးတယောက်မှ မဖွင့်ပဲနဲ့ မီးမပျက်မချင်းလည်နေလိုက်တာများ တခါတုန်းကဆိုရင် ရေတွေ ခြံထဲအထိတောင် ရောက်နေတာကို ကြုံခဲ့ဖူးပါရဲ့။ အဲ့လို ခဏခဏကြုံရလွန်းအားကြီးလို့ ရေစက်ခလုတ်နားမှာတောင် "အိပ်ခါနီးရေစက်ပိတ်ရန်" လို့ စာရေးပြီး ကပ်ထားရတယ်ဗျာ။

ကျွန်တော်တို့အားလုံး သတိထားပြီး ခလုပ်ကိုပိတ်ကြပေမယ့် မနက်မိုးလင်းလာရင် ရေစက်ကို ဖွင့်လျက်သားနဲ့ တွေ့ရတတ်ပါတယ်။ အိမ်မပြောင်းဖို့ ဆွယ်တရားဟောနေတဲ့ ကျွန်တော်တို့ကို ဘာမှဆက်မပြောနိုင်တော့အောင် သူတို့လေးယောက်မေးခွန်းထုတ်လိုက်ပုံကတော့ "အကိုတို့ပြောသလို သရဲမခြောက်ဘူးပဲ ထားပါတော့၊ ဒါဆိုရင် အကိုတို့ ရေစက်ကြီးအလိုလို ပွင့်မလာစေရဘူးလို့ အာမခံနိုင်မလား..?? အစ်ကိုတို့ အဲ့ဒီတချက်ကို အာမခံနိုင်မယ်ဆိုရင် ကျွန်တော်တို့လေးယောက် ဒီအိမ်မှာ အကိုတို့နဲ့အတူတူဆက်နေမယ်" တဲ့။ အဲ့ဒီတော့မှ ခက်ကုန်တော့တာ။ ညှိနှိုင်းလို့ ဘယ်နည်းမှမရတော့တဲ့ အဆုံးမှာတော့ သူတို့လေးယောက်လည်း ကျွန်တော်တို့အိမ်ကနေ တခြားအဆောင်တခုကို ပြောင်းသွားကြပါတော့တယ်။

သူတို့ပြောင်းသွားပြီးနောက်မှာတော့ ကျန်ရစ်သူကျွန်တော်တို့လေးယောက်အလှည့်ကို ရောက်လာပါလေရောဗျို့။ တနေ့တော့ ကျွန်တော်နဲ့ ကျွန်တော်သူ့ငယ်ချင်းတယောက် ညဆယ့်တစ်နာရီထိုးလောက်မှ အဆောင်ကို ပြန်လာကြတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ပြန်မရောက်သေးပဲ ဘယ်အဆောင်ရှေ့မှာသွားပြီး မူးမူးနဲ့ ဂစ်တာတီးနေကြတယ်မသိဘူး။ ကျွန်တော်တို့နှစ်ယောက် ခြံရှေ့ရောက်လို့ ခြံတံခါးသော့ကိုဖွင့်နေတုန်းမှာ အိမ်နောက်ကို လူရိပ်နှစ်ခုပြေးဝင်သွားတာကို ကျွန်တော်ရော၊ ကျွန်တော်နဲ့အတူတူပြန်လာတဲ့သူငယ်ချင်းပါ မြင်လိုက်ကြရတယ်။ ဘာများပါလိမ့်ဆိုပြီး အထိတ်တလန့်နဲ့ ကျွန်တော်တို့ဆိုင်ကယ်တွေတောင် ခြံထဲမသွင်းပဲ ချက်ချင်းကို အဲ့ဒီအရိပ်နှစ်ခုပြေးဝင်သွားရာနောက်ကို အတင်းပြေးလိုက်သွားကြရော။ ခဏခဏရန်ဖြစ်တတ်လွန်းတဲ့ ကျွန်တော်တို့လေးယောက်မှာ ဘေးကင်းရန်ကာအနေနဲ့ သံတုတ်တွေကို လက်လှမ်းမီရာနေရာမှာ ထားတတ်တဲ့ အကျင့်ကရှိနေတော့ ထားနေကျနေရာက သံတုတ်တွေကပျာကယာဆွဲပြီး လိုက်သွားကြတာ အိမ်နောက်ကိုရောက်တော့ ဘာအရိပ်အယောင်မှ မတွေ့ရဘူး။

ကျွန်တော်တို့ခြံဝင်းထဲမှာက မှောင်ရိပ်ခိုပြီး ပုန်းစရာ၊ ခိုစရာနေရာလည်း သိပ်မရှိပဲနဲ့ ခုလိုဖြစ်တော့ နည်းနည်းတော့ မထူးဆန်းပေဘူးလားဗျာ။ ဒါနဲ့ပဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကို တယောက်ကြည့်ပြီး ခြံဝကိုပြန်ထွက်၊ ဆိုင်ကယ်တွေလည်း ခြံထဲကို မသွင်းတော့ပဲ အပြင်ကို ပြန်ထွက်လာခဲ့ကြပါတော့တယ်။ မှန်ရာကို မရှက်စတမ်းဝန်ခံရရင်တော့ ကြောက်လို့ပါ။ အဲ့ဒီညက ကျွန်တော်တို့နှစ်ယောက် သူများအဆောင်မှာပဲ သွားအိပ်လိုက်ကြပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အိမ်ကိုပြန်လာပြီး အိပ်ကြပေမယ့် သူတိ့ုနှစ်ယောက်ကတော့ ဘာမှ မဖြစ်လိုက်ကြပါဘူး။

နောက်ပိုင်းမှာလည်း အဲ့လိုပဲ ဟိုနားသည်နားကနေ အရိပ်အယောင်ပြတာမျိုး၊ အသံဗလံပေးတာမျိုးနဲ့ ခြောက်တာလှန့်တာကို ခံရပါတယ်။ ဒါပေမယ့် ထူးထူးခြားခြား အရမ်းကြီး ကြောက်လန့်ရလောက်အောင်တော့ မကြုံခဲ့ရပါဘူး။ စာသင်နှစ်ဝက်လေးလပြီးချိန်မှာတော့ လေးယောက်တည်းနဲ့ အဲ့ဒီအိမ်ငှားခကို ပေးနေရတာ ဘဏ္ဍာရေးအကြပ်အတည်းဖြစ်လာတာကတကြောင်း၊ အုပ်ထိန်းမယ့်သူမရှိတဲ့ ကျွန်တော်တို့တတွေ မကြာမကြာ ရန်ပွဲတွေနွဲှရတာများလာတာကလည်း တကြောင်း၊ အိမ်လုံးချင်းငှားနေတဲ့ ကျွန်တော်တို့ဆီကို သူငယ်ချင်းတွေ အကြောင်းအရာမျိုးစုံနဲ့ လာလာပြီးနှိပ်စက်တဲ့ ဒဏ်ကိုမခံနိုင်ကြတော့တာလည်းတကြောင်း အဲ့လိုအကြောင်းသုံးပါးကြောင့် နောက်နှစ်ဝက်မှာ အိမ်ပြန်အပ်မယ်လို့ တိုင်ပင်ဆုံးဖြတ်လိုက်ကြပါတော့တယ်။

 ကျွန်တော်တို့လေးယောက်သား အိမ်ပြန်အပ်ဖို့ စီစဉ်နေတုန်းမှာ ကံဆိုးချင်တဲ့ မောင်ရှင်တအုပ်စုပေါ်လာပါရော။ ကျွန်တော်တို့နဲ့မေဂျာတူသူငယ်ချင်းတယောက်က အဆောင်လုံးချင်းငှားနေချင်လို့ ရှိရင်လက်တို့စမ်းပါလို့ ပြောထားတာကို သွားသတိရတော့ ကျွန်တော့်တို့လည်းသူ့ကို ကျွန်တော်တို့နေနေတဲ့အိမ်ကို ဆက်ငှားချင် ငှားလို့ ပြောလိုက်တယ်။ အိမ်နဲ့ပတ်သက်ပြီးတော့ အခြောက်အလှန့်ရှိတယ်ဆိုတာကိုလည်း ကြိုကြိုတင်တင်ပြောဖြစ်လိုက်ပါသေး။ သူကလည်း ကိစ္စမရှိဘူး ရတယ်ဆိုပြီးတော့ နောက်နှစ်ဝက်မှာ အဲ့ဒီအိမ်ကို သူဆက်ငှားလိုက်ပါတယ်။

ပထမတစ်လမှာတော့ အေးအေးဆေးဆေးပါပဲ။နောက်ပိုင်းတော့ သူတို့လူစုထဲက တယောက်ကို ခြောက်တယ်လို့ ကြားရပါတယ်။

ဘယ်လိုဘယ်ပုံခြောက်တယ်ဆိုတာတော့ ကျွန်တော်လည်း အသေအချာမသိပါ။ သရဲခြောက်ခံရတယ်ဆိုတဲ့ကောင်ပြောတာကိုလည်း ကျန်တဲ့လူတွေက သိပ်ပြီးအရေးလုပ်ပုံမရပါဘူး။ ကျွန်တော်တို့နေတုန်းကထက် သူတို့က အင်အားတောင့်တော့လည်း သိပ်မကြောက်ကြတာလည်း ဖြစ်မှာပေါ့လေ။ တညမှာတော့ သူတို့တွေထဲက နှစ်ယောက်က အဲ့ဒီအိမ်ရဲ့ဧည့်ခန်းမှာ အရက်ထိုင်သောက်နေကြတယ်။ နောက်တယောက်ကတော့ အိပ်ခန်းထဲမှာ စာအုပ်ဖတ်နေတယ်တဲ့။ သောက်ရင်းနဲ့ ည (၁၀) နာရီကျော်လောက်ရောက်လာတော့ အရှိန်လေးကလည်း ကောင်းလာရောဆိုပါတော့။ အဲ့ဒီမှာ အရက်သောက်နေရင်းနဲ့ ပေါက်တတ်ကရတွေလျှောက်ပြောမိလာကြတော့တာပဲ။

" ဒီအဆောင်က သရဲခြောက်တယ်ပြောတယ်၊ တို့ကိုကြတော့ ဘာမှလည်း မခြောက်ဘူး။ ရှိရင်ထွက်ခဲ့ အရိုးကျွေးမယ်" ဆိုပြီးတော့ သူတို့စားပြီးသား ကြက်ရိုးကို အိမ်ပေါက်ဝဘက်ကို လှမ်းပစ်လိုက်တယ်တဲ့ ခင်ဗျ။ သူတို့စကားဆက်ပြောနေကြတုန်းမှာပဲ ခဏလောက်နေတော့ ထမီရင်လျားနဲ့ အမျိုးသမီးတယောက် သူတို့အိမ်ပေါက်ဝမှာ သူတို့ကို ကျောခိုင်းပြီး မတ်တပ်ရပ်ပြပါတယ်။ သူတို့ စိတ်ထဲဇဝေဇဝေနဲ့ အရက်မူးနေလို့ ထင်ရောင်ထင်မှားဖြစ်လေသလားဆိုတဲ့အတွေးနဲ့ နောက်တကြိမ်သေချာအောင် ထပ်စမ်းမယ်ဆိုပြီးတော့ ထပ်ပြောလိုက်ပါတယ် " ခုတစ်ခါ အသားပါကျွေးမယ်လာခဲ့" ဆိုပြီးတော့ ဖိတ်ခေါ်လိုက်တော့ ဘာပြောကောင်းမလဲလေ။ တကယ်လာပါတယ်။ အဟုတ်လာပါတယ်။ ခုတစ်ခါတော့ နောက်ဖေးအပေါက်ဝမှာ တော်တော်ကြာအောင် မတ်တပ်ရပ်ပြ နေတာပါ။

ဟိုနှစ်ယောက်လဲ ကြောက်ပြီး အခန်းထဲက တစ်ယောက်ကို အော်ပြောပြီး ပြေးကြပါတယ်။ အခန်းထဲက တစ်ယောက်က အခန်းပြင်ထွက်လာပြီး အပေါက်ဝက မိန်းမကိုထပ်မြင်ပြီး ထပ်ပြေးရပါတယ်။ သူတို့ အဆောင်တူ သူငယ်ခြင်းတွေ ရှိတဲ့ လ္ဘက်ရည်ဆိုင်ထိ ထွက်ပြေးကြပါတယ်။ အဲဒီအဖြစ်အပျက်ကို ပြန်ပြောပြပြီး အဆောင်သား ၁၀ယောက်ကျော်ဟာ အဲဒီည အဆောင်ပြန်မအိပ်ရဲပဲ လ္ဘက်ရည်ဆိုင်မှာပဲ အိပ်လိုက်ကြပါတယ်။ မနက်ကျတော့ သူတို့အဆောင်သစ်လိုက်ရှာပါတော့တယ်။ ခုထိဘယ်သူမှအဲဒီအဆောင်ကို မငှားတော့ဘူးလို့ကြားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ThitHtooLwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top