Property Expo
×

 ပရီးမီးယားလိဂ္တြင္ မန္ယူ၏ ေလးပြဲဆက္ႏုိင္ပြဲေပ်ာက္ ဆံုးေနမႈသည္ ဆြမ္ဆီးကို ႏုိင္ၿပီး ေနာက္ အဆံုးသတ္သြားေသာ္ လည္း နည္းျပေမာ္ရင္ဟုိမေက် နပ္ျဖစ္ေနၿပီး မိမိတို႔အသင္း၌ ျပႆနာမ်ားရိွေသာ ကစားသမား မ်ားရိွေနသည္ဟု ေျပာၾကား သည္။


မန္ယူကစားသမားမ်ား နာ က်င္မႈကုိ ခံေနရင္း ကစားရန္ ျပင္ဆင္ထားမႈႏွင့္ ပတ္သက္၍ ေမး ျမန္းရာ ယင္းအေျခအေနသည္ အခ်ိဳ႕ေသာ ကစားသမားမ်ားအ တြက္ အစဥ္အလာလိုျဖစ္ေနၿပီး မိမိ၏ အစဥ္အလာမဟုတ္ဟု ေျပာၾကားသည္။

ေမာ္ရင္ဟုိက နာက်င္မႈခံ စားေနသျဖင့္ ႀကိတ္မွိတ္ကစား လိုစိတ္မရိွေသာ ကစားသမားမ်ား၏ အမည္ကို ထုတ္ေဖာ္ေျပာဆို ျခင္းမရိွေသာ္လည္း ဆြမ္ဆီးကို၃-၁ ဂုိးျဖင့္ ႏုိင္ေသာ ပြဲမတုိင္မီက စေမာလင္းႏွင့္ လု႔ခ္ေရွာတုိ႔ကုိ ေ၀ဖန္ျပစ္တင္ခဲ့သည္။

‘‘စေမာလင္းက သူနာေနလို႔ ရာႏႈန္းျပည့္ကစားႏုိင္မွာ မဟုတ္ ဘူးလုိ႔ ခံစားေနရၿပီး လု႔ခ္ေရွာက လည္း သူဟာကစားႏုိင္မယ့္ အေျခအေနမ်ိဳး မရိွဘူးလို႔ ကြၽန္ေတာ့္ကို ေျပာခဲ့ပါတယ္’’ဟု ေမာ္ရင္ ဟုိက ေျပာသည္။

‘‘ကြၽန္ေတာ့္မွာ ႀကီးက်ယ္တဲ့ တင္းနစ္သမား မိတ္ေဆြတစ္ ေယာက္ရိွပါတယ္။ သူ႔ရဲ႕ နာက်င္ ေနရင္း ကစားေနခဲ့ရတဲ့ အခ်ိန္ ဟာ မနာဘဲ ကစားေနခဲ့ရတဲ့ အ ခ်ိန္ထက္ ပိုမ်ားတယ္လို႔ ကြၽန္ ေတာ္တို႔ ေျပာခဲ့ဖူးပါတယ္’’ဟု ေမာ္ရင္ဟုိက ဆက္လက္ေျပာ ၾကားသည္။

မန္ယူသည္ ၁၁ ပြဲကစားၿပီး ေနာက္ အမွတ္ေပးဇယား နံပါတ္ (၆) ေနရာတြင္ ရွိေနၿပီး ထိပ္ဆံုးမွ လီဗာပူးထက္ ရွစ္မွတ္ေလ်ာ့ျဖင့္ ရပ္တည္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day daily

Unicode Version

 ပရီးမီးယားလိဂ်တွင် မန်ယူ၏ လေးပွဲဆက်နိုင်ပွဲပျောက် ဆုံးနေမှုသည် ဆွမ်ဆီးကို နိုင်ပြီး နောက် အဆုံးသတ်သွားသော် လည်း နည်းပြမော်ရင်ဟိုမကျေ နပ်ဖြစ်နေပြီး မိမိတို့အသင်း၌ ပြဿနာများရှိသော ကစားသမား များရှိနေသည်ဟု ပြောကြား သည်။


မန်ယူကစားသမားများ နာ ကျင်မှုကို ခံနေရင်း ကစားရန် ပြင်ဆင်ထားမှုနှင့် ပတ်သက်၍ မေး မြန်းရာ ယင်းအခြေအနေသည် အချို့သော ကစားသမားများအ တွက် အစဉ်အလာလိုဖြစ်နေပြီး မိမိ၏ အစဉ်အလာမဟုတ်ဟု ပြောကြားသည်။

မော်ရင်ဟိုက နာကျင်မှုခံ စားနေသဖြင့် ကြိတ်မှိတ်ကစား လိုစိတ်မရှိသော ကစားသမားများ၏ အမည်ကို ထုတ်ဖော်ပြောဆို ခြင်းမရှိသော်လည်း ဆွမ်ဆီးကို၃-၁ ဂိုးဖြင့် နိုင်သော ပွဲမတိုင်မီက စမောလင်းနှင့် လု့ခ်ရှောတို့ကို ဝေဖန်ပြစ်တင်ခဲ့သည်။

‘‘စမောလင်းက သူနာနေလို့ ရာနှုန်းပြည့်ကစားနိုင်မှာ မဟုတ် ဘူးလို့ ခံစားနေရပြီး လု့ခ်ရှောက လည်း သူဟာကစားနိုင်မယ့် အခြေအနေမျိုး မရှိဘူးလို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်’’ဟု မော်ရင် ဟိုက ပြောသည်။

‘‘ကျွန်တော့်မှာ ကြီးကျယ်တဲ့ တင်းနစ်သမား မိတ်ဆွေတစ် ယောက်ရှိပါတယ်။ သူ့ရဲ့ နာကျင် နေရင်း ကစားနေခဲ့ရတဲ့ အချိန် ဟာ မနာဘဲ ကစားနေခဲ့ရတဲ့ အ ချိန်ထက် ပိုများတယ်လို့ ကျွန် တော်တို့ ပြောခဲ့ဖူးပါတယ်’’ဟု မော်ရင်ဟိုက ဆက်လက်ပြော ကြားသည်။

မန်ယူသည် ၁၁ ပွဲကစားပြီး နောက် အမှတ်ပေးဇယား နံပါတ် (၆) နေရာတွင် ရှိနေပြီး ထိပ်ဆုံးမှ လီဗာပူးထက် ရှစ်မှတ်လျော့ဖြင့် ရပ်တည်နေသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top