Kantharyar Centre
×

 ရန္ကုန္တုိင္းေဒသႀကီး လမ္းမေတာ္ၿမိဳ႕နယ္ရွိ အသက္ (၆)ႏွစ္အရြယ္ ကေလးငယ္တစ္ဦး ကို ဇီကာဗိုင္းရပ္စ္ သံသယ လူနာအျဖစ္ စစ္ေဆးလ်က္ရွိ ေၾကာင္း ေနျပည္ေတာ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာန ဒုတိယၫႊန္ ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသန္း ထြန္းေအာင္က ေျပာသည္။

အဆိုပါစစ္ေဆးမႈကို ႏိုဝင္ ဘာ ၁၆ ရက္တြင္ စတင္လုပ္ ေဆာင္ေနၿပီး ရန္ကုန္အမ်ိဳးသား ဓာတ္ခြဲဌာန၏ဓာတ္ခြဲစစ္ေဆးမႈ အေျဖထြက္ေပၚလာမွသာ ဇီကာ ေရာဂါရွိ၊ မရွိ အတည္ျပဳေျပာ ၾကားႏိုင္မည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

‘‘ဓာတ္ခြဲစမ္းသပ္မႈအေျဖက မနက္ျဖန္ မနက္ (ႏိုဝင္ဘာ ၁၇ ရက္) ဆိုရင္ သိရၿပီ။ အခုအထိ ေတာ့ ကေလးငယ္ဟာ ဇီကာဗိုင္း ရပ္စ္ကူးစက္ခံထားရတဲ့ သံသယ ရွိ လူနာတစ္ဦးအေနနဲ႔ပဲ ေျပာႏိုင္ မယ္။ ေရာဂါေထာက္လွမ္းရွာေဖြ မႈေတြကို ေရာဂါစစ္ေဆးမႈအေျဖ ရၿပီးမွပဲ ဆက္လုပ္ႏိုင္မယ္’’ဟု ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ သန္းထြန္းေအာင္က ေျပာ သည္။  ယခုေတြ႕ရွိသည့္ လူနာက ေလးငယ္သည္ ျမန္မာကေလး ငယ္ျဖစ္၍ ဇီကာသံသယလူနာ ၅၀ ဦးေျမာက္ျဖစ္ကာ ယင္းလူ နာစာရင္းမွာ တစ္ႏိုင္ငံလံုးအတိုင္းအတာအေနျဖင့္ ေကာက္ယူစာ ရင္းျပဳစုထားျခင္းျဖစ္သည္။

‘‘ဇီကာဗိုင္းရပ္စ္သံသယရွိ လူနာကေလးငယ္မွာ ဖ်ားေနၿပီး အေရျပားမွာ အနီစက္ေတြထြက္ ေနတဲ့အျပင္ မ်က္လံုးနာေနတဲ့ လကၡဏာေတြေၾကာင့္ ေရာဂါရွာ ေဖြစစ္ေဆးေနရတာျဖစ္တယ္။ ဒီ ေန႔မွာ စတင္စစ္ေဆးမႈေတြ လုပ္ ေနတာျဖစ္လို႔ ဓာတ္ခြဲစစ္ေဆးမႈ အေျဖရမွပဲ ဇီကာေရာဂါဟုတ္၊ မဟုတ္သိႏိုင္မယ္’’ဟု ရန္ကုန္ တုိင္းေဒသႀကီး ျပည္သူ႔က်န္းမာ ေရးဦးစီးဌာန ဦးစီးမွဴးေဒါက္တာ ဝင္းလြင္က ေျပာသည္။

ျမန္မာႏုိင္ငံတြင္ ဇီကာဗိုင္း ရပ္စ္ကူးစက္ခံထားရသူ အတည္ ျပဳလူနာအျဖစ္ ႏိုဝင္ဘာ ၁၆ ရက္ အထိ ႏိုင္ငံျခားသူတစ္ဦးသာ ရွိ ေသးသည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက အတည္ျပဳထားသည္။ ယင္းအတည္ျပဳလူနာကို ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၇ ရက္တြင္ စမ္းေခ်ာင္းၿမိဳ႕ နယ္ေန ဥေရာပႏိုင္ငံသူ ကိုယ္ဝန္ ေဆာင္ အမ်ိဳးသမီး၌ ေတြ႕ရွိခဲ့ ျခင္းျဖစ္သည္။

ဇီကာဗိုင္းရပ္စ္သည္ ယင္း ေရာဂါပိုးသယ္ေဆာင္ေသာ ေအး ဒိစ္ျခင္က်ားကိုက္ခံရျခင္းမွ လူကို အဓိက ကူးစက္ျခင္းျဖစ္သည္။ ျခင္ကိုက္ခံရၿပီး ခုနစ္ရက္အတြင္း ေရာဂါလကၡဏာမ်ား စတင္ျဖစ္ ေပၚလာႏိုင္ကာ ကူးစက္ခံရသူငါး ဦးတြင္ တစ္ဦးသာ ေရာဂါလကၡ ဏာေပၚေၾကာင္း သတင္းရရွိ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ အသက် (၆)နှစ်အရွယ် ကလေးငယ်တစ်ဦး ကို ဇီကာဗိုင်းရပ်စ် သံသယ လူနာအဖြစ် စစ်ဆေးလျက်ရှိ ကြောင်း နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာသန်း ထွန်းအောင်က ပြောသည်။

အဆိုပါစစ်ဆေးမှုကို နိုဝင် ဘာ ၁၆ ရက်တွင် စတင်လုပ် ဆောင်နေပြီး ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာန၏ဓာတ်ခွဲစစ်ဆေးမှု အဖြေထွက်ပေါ်လာမှသာ ဇီကာ ရောဂါရှိ၊ မရှိ အတည်ပြုပြော ကြားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဓာတ်ခွဲစမ်းသပ်မှုအဖြေက မနက်ဖြန် မနက် (နိုဝင်ဘာ ၁၇ ရက်) ဆိုရင် သိရပြီ။ အခုအထိ တော့ ကလေးငယ်ဟာ ဇီကာဗိုင်း ရပ်စ်ကူးစက်ခံထားရတဲ့ သံသယ ရှိ လူနာတစ်ဦးအနေနဲ့ပဲ ပြောနိုင် မယ်။ ရောဂါထောက်လှမ်းရှာဖွေ မှုတွေကို ရောဂါစစ်ဆေးမှုအဖြေ ရပြီးမှပဲ ဆက်လုပ်နိုင်မယ်’’ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြော သည်။  ယခုတွေ့ရှိသည့် လူနာက လေးငယ်သည် မြန်မာကလေး ငယ်ဖြစ်၍ ဇီကာသံသယလူနာ ၅၀ ဦးမြောက်ဖြစ်ကာ ယင်းလူ နာစာရင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကောက်ယူစာ ရင်းပြုစုထားခြင်းဖြစ်သည်။

‘‘ဇီကာဗိုင်းရပ်စ်သံသယရှိ လူနာကလေးငယ်မှာ ဖျားနေပြီး အရေပြားမှာ အနီစက်တွေထွက် နေတဲ့အပြင် မျက်လုံးနာနေတဲ့ လက္ခဏာတွေကြောင့် ရောဂါရှာ ဖွေစစ်ဆေးနေရတာဖြစ်တယ်။ ဒီ နေ့မှာ စတင်စစ်ဆေးမှုတွေ လုပ် နေတာဖြစ်လို့ ဓာတ်ခွဲစစ်ဆေးမှု အဖြေရမှပဲ ဇီကာရောဂါဟုတ်၊ မဟုတ်သိနိုင်မယ်’’ဟု ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာ ဝင်းလွင်က ပြောသည်။

မြန်မာနိုင်ငံတွင် ဇီကာဗိုင်း ရပ်စ်ကူးစက်ခံထားရသူ အတည် ပြုလူနာအဖြစ် နိုဝင်ဘာ ၁၆ ရက် အထိ နိုင်ငံခြားသူတစ်ဦးသာ ရှိ သေးသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြုထားသည်။ ယင်းအတည်ပြုလူနာကို ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်တွင် စမ်းချောင်းမြို့ နယ်နေ ဥရောပနိုင်ငံသူ ကိုယ်ဝန် ဆောင် အမျိုးသမီး၌ တွေ့ရှိခဲ့ ခြင်းဖြစ်သည်။

ဇီကာဗိုင်းရပ်စ်သည် ယင်း ရောဂါပိုးသယ်ဆောင်သော အေး ဒိစ်ခြင်ကျားကိုက်ခံရခြင်းမှ လူကို အဓိက ကူးစက်ခြင်းဖြစ်သည်။ ခြင်ကိုက်ခံရပြီး ခုနစ်ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ် ပေါ်လာနိုင်ကာ ကူးစက်ခံရသူငါး ဦးတွင် တစ်ဦးသာ ရောဂါလက္ခ ဏာပေါ်ကြောင်း သတင်းရရှိ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top