Kantharyar Centre
×

ရခိုင္ျပည္နယ္ ေမာင္ ေတာေဒသတြင္ ျဖစ္ပြားေနေသာ တိုက္ခုိက္မႈမ်ား၌ ဘဂၤါလီအေရး ႏွင့္ပတ္သက္၍ မေလးရွား၊ ထိုင္း ႏွင့္ အင္ဒိုနီးရွားႏုိင္ငံရွိ ျမန္မာသံ ႐ံုးမ်ားကို ယင္းႏုိင္ငံရွိ အဖဲြ႕အ စည္းမ်ားက ႏုိ၀င္ဘာ ၂၅ ရက္ တြင္ တစ္ၿပိဳင္နက္တည္း ကန္႔ ကြက္ဆႏၵျပျခင္းမ်ားေၾကာင့္ သံ႐ံုး လံုၿခံဳေရးမ်ား တုိးျမႇင့္ထားေၾကာင္း သတင္းရရွိသည္။

မေလးရွားႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ံုးႏွင့္ အင္ဒိုနီးရွားႏုိင္ငံ ဆုိင္ရာ ျမန္မာသံ႐ံုးသို႔ ယင္းႏုိင္ငံ မ်ားရွိ မြတ္စလင္အဖဲြ႕အစည္းမ်ား က အင္အား ၂,၀၀၀ ေက်ာ္ျဖင့္ လာေရာက္ဆႏၵျပကန္႔ကြက္ခဲ့ၿပီး ထိုင္းႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ံုးေရွ႕ တြင္္ မြတ္စလင္ ၁၀၀ ေက်ာ္ လာ ေရာက္ဆႏၵျပကန္႔ကြက္ခဲ့သည္။

    မေလးရွားႏုိင္ငံ မြတ္စလင္ အဖဲြ႕အစည္းေျခာက္ဖဲြ႕မွ လူအင္ အား ၂,၀၀၀ ေက်ာ္သည္ ေဒသစံ ေတာ္ခ်ိန္ မြန္းလြဲ ၂ နာရီမွ ၄ နာရီအထိ ျမန္မာသံ႐ံုးကို ကန္႔ ကြက္ဆႏၵျပၿပီး ၎တို႔ေရးသား ေတာင္းဆုိထားသည့္ စာခၽြန္လႊာ မ်ား ေပးအပ္ခဲ့ေၾကာင္း သိရ သည္။ဆႏၵျပသူမ်ားထဲမွ ဆူပူမႈျပဳ လုပ္ေသာ မေလးရွားႏုိင္ငံသား ႏွစ္ဦးကို မေလးရွားရဲတပ္ဖဲြ႕က ဖမ္းဆီးထိန္းသိမ္းေၾကာင္း မေလး ရွားႏုိင္ငံဆုိင္ရာ ျမန္မာ သံ႐ံုးမွတာ၀န္ရွိသူတစ္ဦးက ေျပာၾကား သည္။

‘‘သူတို႔ကို သံ႐ံုးနား မလာ ခုိင္းဘူး။ သူတို႔ထဲက ေခါင္း ေဆာင္ငါးေယာက္ေလာက္ကုိပဲ လာခုိင္းတယ္။ ေနာက္ၿပီး ဆႏၵျပ သူေတြကိုလည္း ႏုိင္ငံေတာ္ အ ႀကီးအကဲ ပံုေတြကို တလဲြအသံုးျပဳၿပီးေတာ့ မလုပ္ခိုင္းဖို႔လည္း မေလးရွား ရဲတပ္ဖဲြ႕ကို ႀကိဳေျပာ ထားပါတယ္။ လံုၿခံဳေရးကေတာ့ အျပည့္ခ်ထားပါတယ္’’ ဟု ၎ က ေျပာသည္။

သံ႐ံုး လံုၿခံဳေရးအတြက္ ရဲ အင္အား ရာႏွင့္ခ်ီခ်ထားေၾကာင္း မေလးရွားႏုိင္ငံဆုိင္ရာ ျမန္မာသံ ႐ံုး တာ၀န္ရွိသူတစ္ဦးက ေျပာ ၾကားသည္။

‘ျမန္မာႏုိင္ငံမွာ မြတ္စလင္ မ်ားကို အစုလိုက္အၿပံဳလိုက္သတ္ ျဖတ္မႈ ရပ္တန္႔ပါ’ ဟု ေရးသား ထားသည့္ ဗီႏိုင္းမ်ားကိုဆႏၵျပသူ မ်ားက ကိုင္ေဆာင္ကာ ဆႏၵျပခဲ့ ျခင္းျဖစ္ေၾကာင္း ယင္းဆႏၵျပရာ ေနရာသို႔ သြားေရာက္ေသာ ကြာ လာလမ္ပူၿမိဳ႕ေန ျမန္မာလုပ္သား တစ္ဦးက ေျပာသည္။

အင္ဒိုိနီးရွားႏုိင္ငံ မြတ္စလင္ အဖဲြ႕အစည္းမ်ားမွ အင္အား ၂,၀၀၀ ေက်ာ္သည္ ျမန္မာသံ႐ံုး ေရွ႕သို႔ လာေရာက္ဆႏၵျပ ကန္႔ ကြက္ခဲ့ၾကၿပီး ဆႏၵျပရာတြင္ ႏုိင္ငံ ေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္၏ ႐ုပ္ပံုကုိ ပံု ဖ်က္၍ ဆႏၵျပကန္႔ကြက္ခဲ့သည္။

ထို႔အျပင္ ထိုင္းႏုိင္ငံရွိ မြတ္ စလင္ အဖဲြ႕အစည္းမွ အင္အား ၁၀၀ ခန္႔ကလည္းထိုင္းႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ံုးေရွ႕သုိ႔လာေရာက္ ဆႏၵျပကန္႔ကြက္ခဲ့သည္။

ဆႏၵျပသူမ်ား လာေရာက္ မႈေၾကာင့္ ထိုင္းရဲတပ္ဖဲြ႕က သံ႐ံုး ကုိ လံုၿခံဳေရးအျပည့္အ၀ေပးထား ေၾကာင္း ထိုင္းႏုိင္ငံဆိုင္ရာ ျမန္မာ သံ႐ံုးမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာၿမိဳ႕တြင္လည္း ဘဂၤါလီအေရးအတြက္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသားေထာင္ႏွင့္ခ်ီ၍ ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ရခိုင်ပြည်နယ် မောင် တောဒေသတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများ၌ ဘင်္ဂါလီအရေး နှင့်ပတ်သက်၍ မလေးရှား၊ ထိုင်း နှင့် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံ ရုံးများကို ယင်းနိုင်ငံရှိ အဖွဲ့အ စည်းများက နိုဝင်ဘာ ၂၅ ရက် တွင် တစ်ပြိုင်နက်တည်း ကန့် ကွက်ဆန္ဒပြခြင်းများကြောင့် သံရုံး လုံခြုံရေးများ တိုးမြှင့်ထားကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးသို့ ယင်းနိုင်ငံ များရှိ မွတ်စလင်အဖွဲ့အစည်းများ က အင်အား ၂,၀၀၀ ကျော်ဖြင့် လာရောက်ဆန္ဒပြကန့်ကွက်ခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့ တွင် မွတ်စလင် ၁၀၀ ကျော် လာ ရောက်ဆန္ဒပြကန့်ကွက်ခဲ့သည်။

    မလေးရှားနိုင်ငံ မွတ်စလင် အဖွဲ့အစည်းခြောက်ဖွဲ့မှ လူအင် အား ၂,၀၀၀ ကျော်သည် ဒေသစံ တော်ချိန် မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ မြန်မာသံရုံးကို ကန့် ကွက်ဆန္ဒပြပြီး ၎င်းတို့ရေးသား တောင်းဆိုထားသည့် စာချွန်လွှာ များ ပေးအပ်ခဲ့ကြောင်း သိရ သည်။ဆန္ဒပြသူများထဲမှ ဆူပူမှုပြု လုပ်သော မလေးရှားနိုင်ငံသား နှစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းကြောင်း မလေး ရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှတာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

‘‘သူတို့ကို သံရုံးနား မလာ ခိုင်းဘူး။ သူတို့ထဲက ခေါင်း ဆောင်ငါးယောက်လောက်ကိုပဲ လာခိုင်းတယ်။ နောက်ပြီး ဆန္ဒပြ သူတွေကိုလည်း နိုင်ငံတော် အ ကြီးအကဲ ပုံတွေကို တလွဲအသုံးပြုပြီးတော့ မလုပ်ခိုင်းဖို့လည်း မလေးရှား ရဲတပ်ဖွဲ့ကို ကြိုပြော ထားပါတယ်။ လုံခြုံရေးကတော့ အပြည့်ချထားပါတယ်’’ ဟု ၎င်း က ပြောသည်။

သံရုံး လုံခြုံရေးအတွက် ရဲ အင်အား ရာနှင့်ချီချထားကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံ ရုံး တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

‘မြန်မာနိုင်ငံမှာ မွတ်စလင် များကို အစုလိုက်အပြုံလိုက်သတ် ဖြတ်မှု ရပ်တန့်ပါ’ ဟု ရေးသား ထားသည့် ဗီနိုင်းများကိုဆန္ဒပြသူ များက ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ ခြင်းဖြစ်ကြောင်း ယင်းဆန္ဒပြရာ နေရာသို့ သွားရောက်သော ကွာ လာလမ်ပူမြို့နေ မြန်မာလုပ်သား တစ်ဦးက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ မွတ်စလင် အဖွဲ့အစည်းများမှ အင်အား ၂,၀၀၀ ကျော်သည် မြန်မာသံရုံး ရှေ့သို့ လာရောက်ဆန္ဒပြ ကန့် ကွက်ခဲ့ကြပြီး ဆန္ဒပြရာတွင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၏ ရုပ်ပုံကို ပုံ ဖျက်၍ ဆန္ဒပြကန့်ကွက်ခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ မွတ် စလင် အဖွဲ့အစည်းမှ အင်အား ၁၀၀ ခန့်ကလည်းထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့သို့လာရောက် ဆန္ဒပြကန့်ကွက်ခဲ့သည်။

ဆန္ဒပြသူများ လာရောက် မှုကြောင့် ထိုင်းရဲတပ်ဖွဲ့က သံရုံး ကို လုံခြုံရေးအပြည့်အဝပေးထား ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင်လည်း ဘင်္ဂါလီအရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားထောင်နှင့်ချီ၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top