Kantharyar Centre
×







Credit:7Day Daily

Unicode Version

မင်းသမီးဂျနီဖာ လောရင့်စ်သည် ၎င်းထက် အသက် (၂၀) နှစ်ပိုကြီးသော ဒါရိုက်တာဒါရင်းအာရွန်နော့ဖ် စကီးနှင့် ချစ်ကြိုက်နေသည်ဆို သော သတင်းများ ထွက်နေစဉ် နယူးယောက်မြို့ လမ်းမများ ထက်တွင် ၎င်းတို့နှစ်ဦး အကြင်နာပေးနေခြင်းကို တွေ့ခဲ့ရပြီးနောက် သတင်းများ အတည်ပြုပြီးဖြစ် သွားသည်။

ဂျနီဖာလောရင့်စ် (၂၆)နှစ် သည် Black Swan ရုပ်ရှင်ဇာတ် ကား ဒါရိုက်တာ အာရွန်နော့ဖ် စကီး (၄၇)နှစ် နှင့်နယူးယောက် မြို့တွင် လက်ချင်းချိတ်၍ လျှောက်သွားရင်း တစ်နေရာ၌ အကြင်နာပေးနေသော ဓာတ်ပုံ များ ထွက်ပေါ်လာသည်။

၎င်းတို့နှစ်ဦးသည် အောက် တိုဘာလက စတင်ဆက်သွယ် ကြပြီး သြဂုတ်လကတည်းက ချစ်ကြိုက်နေပြီဆိုသော သတင်းများ ထွက်ပေါ်နေစဉ် ယခုကဲ့သို့ အတည်ပြုနိုင်ခြင်းဖြစ်သည်။

ဆုပေးပွဲများတွင် အတူ တွေ့ရလေ့ရှိသော ၎င်းတို့နှစ်ဦး သည် ဇာတ်ကားသစ် Mother တွင်လက်တွဲပါဝင်ခဲ့ကြပြီးနောက် ပိုရင်းနှီးသွားကာ ယင်းဇာတ်ကား တွင် လောရင့်စ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

လောရင့်စ်သည် ယခင်က Coldplay အဖွဲ့အဆိုတော် ခရစ် မာတင်နှင့် ချစ်ကြိုက်နေသည်ဟု သတင်းပေါ်ထွက်ခဲ့သည်။ အာရွန် နော့ဖ်တွင်လည်း၂၀၀၁မှ၂၀၁၀ အတွင်း ချစ်ကြိုက်ခဲ့သော ရေ ချယ်လ်ဝိဇ်နှင့် သားတစ်ဦးရှိခဲ့ပြီး ၎င်းတို့သည် ၂၀၁၅ က လမ်းခွဲခဲ့ ကြသည်။  


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top