Property Expo
×

ကြင္းလယ္လူ ဂ်က္၀ီလ္ ႐ိႈင္းယားကုိ ယခုရာသီတြင္ ဘုန္း ေမာက္အသင္းသုိ႔ အငွားခ်ထား ေသာ္လည္း ၎ကိုစာခ်ဳပ္သစ္ ကမ္းလွမ္းသြားမည္ျဖစ္ေၾကာင္း အာဆင္နယ္နည္းျပ အာစင္၀င္း ဂါးက ေျပာၾကားသည္။

အဂၤလန္ေဘာလံုးေလာက အတြက္ အထြန္းေတာက္ဆံုး လူ ငယ္ေမွ်ာ္လင့္ခ်က္မ်ားအနက္ တစ္ဦးျဖစ္ေသာ ၀ီလ္႐ိႈင္းယား သည္ ဒဏ္ရာအေျခအေနေၾကာင့္ ႏွစ္ရာသီတြင္ အာဆင္နယ္အ တြက္ ၁၇ ပြဲသာ ကစားခြင့္ရၿပီး ေနာက္ ဘုန္းေမာက္သုိ႔ အငွားခ် ထားျခင္းခံခဲ့ရသည္။

၀ီလ္႐ိႈင္းယားအတြက္ လာ မည့္ႏွစ္တြင္ မိမိတို႔၌ အစီအစဥ္ရိွ သည္ဟု ၀င္းဂါးက သတင္း ေထာက္မ်ားအား ေျပာၾကား သည္။

‘‘သူေကာင္းေကာင္းတုိး တက္လာလုိ႔ ကြၽန္ေတာ္၀မ္းသာ ပါတယ္။ သူဘုန္းေမာက္မွာ ပံုမွန္ ကစားခြင့္ရေနတဲ့အတြက္ အဲဒီကုိ အငွားစာခ်ဳပ္နဲ႔ သြားကစားတာ ဟာ ေကာင္းတဲ့ ဆံုးျဖတ္ခ်က္ တစ္ရပ္ျဖစ္ပါတယ္’’ဟု ၀င္းဂါး က ေျပာသည္။

နံပါတ္ (၁၀) ေနရာရိွ ဘုန္း ေမာက္သည္ တနဂၤေႏြေန႔တြင္ အာဆင္နယ္ကြင္းသုိ႔ လာေရာက္  ရင္ဆုိင္စဥ္ ၀ီလ္႐ိႈင္းယားပါ၀င္ မည္မဟုတ္ေပ။

အာဆင္နယ္သည္ ၿပိဳင္ပြဲ အရပ္ရပ္သံုးပြဲဆက္ သေရက် ထားၿပီး ႏုိ၀င္ဘာလလယ္တြင္ ေျခေခ်ာ္မည့္အေျခအေန ႀကံဳေတြ႕ရေတာ့မည့္ ပံုေပၚေနကာ ပရီးမီးယားလိဂ္အမွတ္ ေပးဇယားနံပါတ္ (၄)ေနရာ၌ ေရာက္ေန သည္။

ထိပ္ဆံုးရိွ ခ်ယ္လ္ဆီးထက္ သံုးမွတ္ေလ်ာ့ေနေသာ္လည္း ခ်န္ ပီယံလိဂ္တြင္ အုပ္စုဒုတိယျဖင့္ ေနာက္တစ္ဆင့္သုိ႔ တက္ခြင့္ရရိွ ထားသည္။

သုိ႔ေသာ္၀င္းဂါးက အာဆင္ နယ္၏ ရလဒ္အတြက္ အေကာင္း ျမင္ေနၿပီး ‘‘ကြၽန္ေတာ္တုိ႔ ခက္ခဲတဲ့ပြဲေတြႀကံဳခဲ့ရပါတယ္။ သံုးပြဲ ဆက္ သေရက်ခဲ့ေပမယ့္ ႏို၀င္ ဘာလကုိ ကြၽန္ေတာ္တို႔ဘယ္လုိ အဆံုးသတ္မလဲဆုိတာ ၾကည့္ၾက ရေအာင္ပါ’’ဟု ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily


#Unicode Version

ကွင်းလယ်လူ ဂျက်ဝီလ် ရှိုင်းယားကို ယခုရာသီတွင် ဘုန်း မောက်အသင်းသို့ အငှားချထား သော်လည်း ၎င်းကိုစာချုပ်သစ် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်း ဂါးက ပြောကြားသည်။

အင်္ဂလန်ဘောလုံးလောက အတွက် အထွန်းတောက်ဆုံး လူ ငယ်မျှော်လင့်ချက်များအနက် တစ်ဦးဖြစ်သော ဝီလ်ရှိုင်းယား သည် ဒဏ်ရာအခြေအနေကြောင့် နှစ်ရာသီတွင် အာဆင်နယ်အ တွက် ၁၇ ပွဲသာ ကစားခွင့်ရပြီး နောက် ဘုန်းမောက်သို့ အငှားချ ထားခြင်းခံခဲ့ရသည်။

ဝီလ်ရှိုင်းယားအတွက် လာ မည့်နှစ်တွင် မိမိတို့၌ အစီအစဉ်ရှိ သည်ဟု ဝင်းဂါးက သတင်း ထောက်များအား ပြောကြား သည်။

‘‘သူကောင်းကောင်းတိုး တက်လာလို့ ကျွန်တော်ဝမ်းသာ ပါတယ်။ သူဘုန်းမောက်မှာ ပုံမှန် ကစားခွင့်ရနေတဲ့အတွက် အဲဒီကို အငှားစာချုပ်နဲ့ သွားကစားတာ ဟာ ကောင်းတဲ့ ဆုံးဖြတ်ချက် တစ်ရပ်ဖြစ်ပါတယ်’’ဟု ဝင်းဂါး က ပြောသည်။

နံပါတ် (၁၀) နေရာရှိ ဘုန်း မောက်သည် တနင်္ဂနွေနေ့တွင် အာဆင်နယ်ကွင်းသို့ လာရောက်  ရင်ဆိုင်စဉ် ဝီလ်ရှိုင်းယားပါဝင် မည်မဟုတ်ပေ။

အာဆင်နယ်သည် ပြိုင်ပွဲ အရပ်ရပ်သုံးပွဲဆက် သရေကျ ထားပြီး နိုဝင်ဘာလလယ်တွင် ခြေချော်မည့်အခြေအနေ ကြုံတွေ့ရတော့မည့် ပုံပေါ်နေကာ ပရီးမီးယားလိဂ်အမှတ် ပေးဇယားနံပါတ် (၄)နေရာ၌ ရောက်နေ သည်။

ထိပ်ဆုံးရှိ ချယ်လ်ဆီးထက် သုံးမှတ်လျော့နေသော်လည်း ချန် ပီယံလိဂ်တွင် အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်သို့ တက်ခွင့်ရရှိ ထားသည်။

သို့သော်ဝင်းဂါးက အာဆင် နယ်၏ ရလဒ်အတွက် အကောင်း မြင်နေပြီး ‘‘ကျွန်တော်တို့ ခက်ခဲတဲ့ပွဲတွေကြုံခဲ့ရပါတယ်။ သုံးပွဲ ဆက် သရေကျခဲ့ပေမယ့် နိုဝင် ဘာလကို ကျွန်တော်တို့ဘယ်လို အဆုံးသတ်မလဲဆိုတာ ကြည့်ကြ ရအောင်ပါ’’ဟု ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top