Kantharyar Centre
×

ကမာၻေက်ာ္ အက္႐ွင္မင္းသားႀကီး ဂ်က္ကီခ်န္းကုိ ေအာ္စကာဆုေ႐ြးခ်ယ္ေပးအပ္တဲ့ အဖြဲ႕အစည္းက ဂုဏ္ျပဳေအာ္စကာဆု ေပးအပ္ခ်ီးျမွင့္ခဲ့ေၾကာင္း သိရပါတယ္။

ဂ်က္ကီခ်န္းဟာ ေဟာလိဝုဒ္မင္းသားႀကီး ဆီဗက္စတာ စတားလုံးရဲ ေနအိမ္ကုိ လြန္ခဲ့တဲ့ ၂၃ ႏွစ္က ေရာက္႐ွိခဲ့စဥ္ စတားလုံးထံမွာ ေအာ္စကာ႐ုပ္တုကုိ ျမင္ေတြ႕ခဲ့ရၿပီး သူလည္း ေအာ္စကာဆု လုိခ်င္ခဲ့တယ္လို႕ ဖြင့္ဟေျပာဖူးပါတယ္။


ႏုိဝင္ဘာ ၁၂ ရက္မွာေတာ့ သူလုိခ်င္ခဲ့တဲ့ ေအာ္စကာ႐ုပ္တုကုိ ဂ်က္ကီခ်န္း ပုိင္ဆုိင္ႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။ ေအာ္စကာဆုေ႐ြးခ်ယ္ေရး အဖြဲ႕အစည္းက ကမာၻ႕႐ုပ္႐ွင္နယ္ပယ္မွာ ဘဝတစ္ေလွ်ာက္လုံး လုပ္ကုိင္ခဲ့မႈအေပၚ ဂုဏ္ျပဳတဲ့အေနျဖင့္ ဂ်က္ကီခ်န္းကုိ ဂုဏ္ျပဳေအာ္စကာဆု ခ်ီးျမင့္ခဲ့တာလုိ႕ ဆုိပါတယ္။

႐ုပ္႐ွင္နယ္ပယ္မွာ ၅၆ ႏွစ္ၾကာခဲ့ၿပီး ဇာတ္ကားေပါင္း ၂၀၀ ေက်ာ္ ႐ိုက္ကူးကာ အ႐ိုးေတြလည္း က်ဳိးခဲ့ၿပီးေနာက္ ေအာ္စကာဆုကုိ ပုိင္ဆုိင္ခဲ့ၿပီးလုိ႕ ဂ်က္ကီခ်န္းက ဂုဏ္ျပဳညစာစားပြဲမွာ အ႐ႊန္းေဖာက္ ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ကမ္ဘာကျော် အက်ရှင်မင်းသားကြီး ဂျက်ကီချန်းကို အော်စကာဆုရွေးချယ်ပေးအပ်တဲ့ အဖွဲ့အစည်းက ဂုဏ်ပြုအော်စကာဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

ဂျက်ကီချန်းဟာ ဟောလိဝုဒ်မင်းသားကြီး ဆီဗက်စတာ စတားလုံးရဲ နေအိမ်ကို လွန်ခဲ့တဲ့ ၂၃ နှစ်က ရောက်ရှိခဲ့စဉ် စတားလုံးထံမှာ အော်စကာရုပ်တုကို မြင်တွေ့ခဲ့ရပြီး သူလည်း အော်စကာဆု လိုချင်ခဲ့တယ်လို့ ဖွင့်ဟပြောဖူးပါတယ်။

နိုဝင်ဘာ ၁၂ ရက်မှာတော့ သူလိုချင်ခဲ့တဲ့ အော်စကာရုပ်တုကို ဂျက်ကီချန်း ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အော်စကာဆုရွေးချယ်ရေး အဖွဲ့အစည်းက ကမ္ဘာ့ရုပ်ရှင်နယ်ပယ်မှာ ဘဝတစ်လျှောက်လုံး လုပ်ကိုင်ခဲ့မှုအပေါ် ဂုဏ်ပြုတဲ့အနေဖြင့် ဂျက်ကီချန်းကို ဂုဏ်ပြုအော်စကာဆု ချီးမြင့်ခဲ့တာလို့ ဆိုပါတယ်။

ရုပ်ရှင်နယ်ပယ်မှာ ၅၆ နှစ်ကြာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ ကျော် ရိုက်ကူးကာ အရိုးတွေလည်း ကျိုးခဲ့ပြီးနောက် အော်စကာဆုကို ပိုင်ဆိုင်ခဲ့ပြီးလို့ ဂျက်ကီချန်းက ဂုဏ်ပြုညစာစားပွဲမှာ အရွှန်းဖောက် ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top