Property Expo
×

ဂ်ာနယ္တစ္ခုမွာ ဒါရုိက္တာေမာင္မ်ိဳးမင္းေျဖဆိုခဲ့တဲ့ အင္တာဗ်ဴးအေျဖတစ္ခ်ိဳ႕ေၾကာင့္ ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရံုးဥကၠဌ အျဖစ္ တာ၀န္ထမ္းေဆာင္ေနတဲ့ ဦးလူမင္းရဲ႕ဂုဏ္သိကၡာထိခုိက္တယ္လို႕ယူဆရတဲ့အတြက္ ေမာင္မ်ိဳးမင္းကုိ ႏုိ႕တစ္စာေပးပို႕ခဲ့တယ္လို႕
သိရပါတယ္။ အဆိုပါစာပို႕ေပးခဲ့ေပမဲ့ ဒါရုိက္တာေမာင္မ်ိဳးမင္းဖက္က အဆိုပါဂ်ာနယ္ထြက္ၿပီး ရွစ္ရက္ေျမာက္တဲ့အထိ ဘာမွအေၾကာင္းျပန္ျခင္းမရွိတာေၾကာင့္ ရုပ္ရွင္အစည္းအရံုးဥကၠဌ လူမင္းက ဒါရုိက္တာေမာင္မ်ိဳးမင္း ( ရင္တြင္းျဖစ္ ) ကို ဥပေဒေၾကာင္းအရ ပဲျပဳလုပ္သြားမယ္လို႕သိရတာေၾကာင့္ အန္ကယ္ေလးရွိရာသို႕သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အခုဆိုရင္ ေဖ့စ္ဘြတ္လူမႈကြန္ယက္ေပၚမွာ ပ်ံ႕ႏွံ႕ေနတဲ့ ဒါရုိက္တာေမာင္မ်ိဳးမင္းနဲ႕ျဖစ္ေနတဲ့ ျပသနာေလးကိုသိခ်င္ပါတယ္။

အဲ့ဒါကေတာ့ ေမးလို႕ေျဖရတာပါ။ တကယ္ေတာ့ ဒါေတြက ဥပေဒအေၾကာင္းအရာအရ သူ႕ဟာသူသြားမဲ့ ကိစၥေတြပါ။ အက်ယ္တ၀င့္ၾကီးလဲ မေျပာခ်င္ပါဘူး။ ဒါေပမဲ့ လူမႈကြန္ယက္ေပၚဆိုတာ သိတဲ့အတုိင္းပဲ။ အေၾကာင္းအရာတစ္ခုက လိုအပ္တာထက္ပိုၿပီးေတာ့ ပ်ံ႕ႏွံ႕ေနတဲ့သေဘာေတာ့ ရွိတာေပါ့။ မီဒီယာေတာ္ေတာ္မ်ားမ်ားကလဲ ဒါကိုပဲေမးေနၾကတဲ့အတြက္ ဒါကိုပဲေျဖေနရတယ္။ အဓိကကေတာ့ အရုဏ္ဦးဂ်ာနယ္အေပၚမွာ ေျပာဆိုေ၀ဖန္ေရးသားမႈေတြနဲ႕ပတ္သက္ၿပီးေတာ့ ကုိယ့္ရဲ႕ လူပုဂၢိဳလ္ဂုဏ္သိကၡာ၊ ကုိယ့္ရဲ႕အႏုပညာဂုဏ္သိကၡာ၊ ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရံုးၾကီးရဲ႕ ဂုဏ္ျဒပ္သိကၡာ ဒါေတြကိုထိပါးေစာ္ကားမႈသက္ေရာက္တဲ့အတြက္ ဒါဥပေဒအေၾကာင္းအရ ေျဖရွင္းဖို႕ကိုယ္တို႕ၾကိဳးစားတာပါ။

-အျပာကားဆန္ဆန္လို႕ေျပာထားတဲ့အေပၚ ကုိယ့္ရဲ႕ဂုဏ္သိကၡာပိုင္းထိခုိက္သြားတဲ့အတြက္ ရုပ္ရွင္အစည္းအရံုးနဲ႕မဆုိင္ပဲနဲ႕ဘယ္လိုေျဖရွင္းသြားမလဲ။

ရုပ္ရွင္အစည္းအရံုးနဲ႕မဆုိင္ပဲေတာ့ေျပာလို႕မရဘူး။ ဘာလို႕လဲဆိုေတာ့ကိုယ္က ရုပ္ရွင္အစည္းအရံုးရဲ႕ဥကၠဌျဖစ္ေနတာရယ္၊ ေျပာဆိုေရးသားမႈကလဲ By Name တပ္ၿပီးမဟုတ္ပဲ ရုပ္ရွင္အစည္းအရံုးဥကၠဌ လို႕ရည္ညႊန္းၿပီးေျပာဆိုထားတာျဖစ္တဲ့အတြက္ ရုပ္ရွင္အစည္းအရံုးနဲ႕လူမင္းဆိုတဲ့ လူနဲ႕ကုိသီးသန္႕ဆီခြဲၿပီးေတာ့ ဒီအမႈကိုရင္ဆုိင္လို႕ေတာ့မရဘူး။

-အန္ကယ္ေလးအေနနဲ႕အခုလက္ရွိမွာ ဒီကိစၥနဲ႕ပတ္သက္ၿပီး ဘာေတြမ်ားျပင္ဆင္ထားၿပီးၿပီလဲ။

ျပင္ဆင္တယ္ဆိုတာက တရားဥပေဒနည္းလမ္းအရပါပဲ။ ကိုယ့္အေနနဲ႕ဒီေနရာမွာ ပရိသတ္ကိုေျပာခ်င္တာက ဒါတရားဥပေဒနည္းလမ္းအရေျဖရွင္းတယ္ဆိုတာက တရားဥပေဒေၾကာင္းအရပဲသြားပါလိမ့္မယ္။ အဲ့ဒီေတာ့သူ႕ပရိသတ္၊ ကုိယ့္ပရိသတ္၊ သူ႕လူ၊ ကိုယ့္လူရယ္လို႕အခ်င္းမ်ားစကားမ်ားတာေတြကိုလဲ ကုိယ့္အေနနဲ႕မျဖစ္ေစခ်င္ပါဘူး။ တရားဥပေဒေၾကာင္းအရ ေျဖရွင္းတဲ့ နည္းလမ္းဟာမွန္ကန္တဲ့နည္းလမ္းျဖစ္မယ္လို႕ခံယူတယ္။ ဘယ္သူမွားမွားဘယ္သူမွန္မွန္ တရားဥပေဒကပဲ အဆံုးအျဖတ္ေပးသြားမဲ့ကိစၥျဖစ္ပါတယ္။ အဲ့ဒီေတာ့ သူ႕fan ၊ ကုိယ့္ fan ေတြအေနနဲ႕လဲဒီအေပၚမွာ စိတ္ဒုကၡမေရာက္ေစခ်င္ပါဘူး။

-အရုဏ္ဦးဂ်ာနယ္မွာပါလာတဲ့အခ်ိန္မွာ တရားမစြဲခင္ဟိုဖက္ကို ဘယ္လိုညွိႏႈိင္းမႈမ်ိဳးေတြေရာလုပ္ခဲ့ေသးလဲ။

ဒီကိစၥကို ကိုယ္တို႕ေသြးဆူဆူနဲ႕ဆံုးျဖတ္တာမဟုတ္ပါဘူး။ တနလၤာေန႕မွာပါတဲ့ဂ်ာနယ္ကိုကိုယ္တို႕တစ္ပတ္လံုးလံုးလူၾကီးေတြနဲ႕ေရာ၊ ရုပ္ရွင္အစည္းအရံုးကအမႈေဆာင္ေတြနဲ႕ေရာ ေဆြးေႏြးတိုင္ပင္ၿပီးေတာ့ စည္းေ၀းဆံုးျဖတ္ခ်က္နဲ႕ဂ်ာနယ္ထြက္ၿပီးေနာက္တစ္ပတ္ တနလၤာေန႕မွာမွ ႏို႕တစ္စာ ပါတာပါ ႏုိ႕တစ္စာပါအေၾကာင္းအရာကိုေျပာရရင္ ဒီစကားေတြ ဒီစကားေတြကေတာ့ အတိအက်ဂုဏ္သိကၡာထိခုိက္မႈျဖစ္သြားၿပီ။ အဲ့ဒီအတြက္တစ္ပတ္အတြင္းမွာ ၀န္ခံေတာင္းပန္ဖို႕နဲ႕တစ္ပတ္ေက်ာ္လြန္သြားၿပီးတဲ့အခ်ိန္ ၀န္ခံေတာင္းပန္မႈမရွိရင္ေတာ့ မလြဲမေရွာင္သာ ဥပေဒေၾကာင္းအရ ေျဖရွင္းရလိမ့္မယ္လို႕ ႏုိ႕တစ္စာပို႕ထားတာျဖစ္တယ္။ အခုဆို ရွစ္ရက္ရွိၿပီ။ ဒါေပမဲ့ ဘာဆက္သြယ္မႈမွမရွိတဲ့အတြက္ အခုတရားစြဲဆိုဖို႕ဥပေဒေၾကာင္းအရသြားရပါလိမ့္မယ္။

-အခုလို အႏုပညာသမားအခ်င္းခ်င္း ဒီလိုမ်ိဳးျဖစ္ရတဲ့အေပၚ အန္ကယ္ေလးရဲ႕စိတ္ခံစားခ်က္ေလးကိုလဲသိခ်င္ပါတယ္။

ကုိယ့္အေနနဲ႕ကေတာ့ မျဖစ္ခ်င္ဆံုးေပါ့။ မျဖစ္ခ်င္လို႕လဲအမ်ားၾကီး ကိုယ့္အေနနဲ႕ေရာ၊ အဖြဲ႕အစည္းအေနနဲ႕ေရာ ၊ လူၾကီးတစ္ေယာက္လိုေရာ အမ်ားၾကီးသည္းခံသေဘာထားၾကီးေပးခဲ့ပါတယ္။ ဒါေတြဟာအားလံုးလဲအသိပါပဲ။ ဒါေပမဲ့ဒီလိုအဆင့္မ်ိဳးက်ေတာ့လဲ ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရံုးၾကီးဆိုတာက အစဥ္အလာေကာင္းခဲ့တဲ့ အစည္းအရံုးၾကီးပါ။ ဒီအစည္းအရံုးၾကီးရဲ႕သိကၡာတစ္ခုလံုးကုိ ဒီလိုမ်ိဳးထိပါးေစာ္ကားတာကိုေတာ့လဲ ကိုယ္တို႕လက္ထက္မွာဒီရုပ္ရွင္အစည္းအရံုးၾကီးရဲ႕ဂုဏ္ျဒပ္သိကၡာကို ကာကြယ္ဖို႕တာ၀န္ကလဲလက္ရွိဥကၠဌနဲ႕အမႈေဆာင္အဖြဲ႕အေပၚမွာတာ၀န္ရွိပါတယ္။ ကာကြယ္ရမဲ့၀တၱရားရွိပါတယ္။

-အခုလိုအခ်င္းခ်င္းျဖစ္ၾကတဲ့အေပၚ ပရိသတ္ေတြရဲ႕ အျမင္နဲ႕ပတ္သက္ၿပီးအန္ကယ္ေလးအေနနဲ႕ဘာေျပာခ်င္ပါသလဲ။

ဒီလိုေတာ့ရွိတာေပါ့ေလ။ ႏွစ္ဖက္ေပါ့။ ရုပ္ရွင္အစည္းအရံုးၾကီးဆိုတာကလဲ ရုပ္ရွင္အစည္းအရံုးလို႕ေျပာလိုက္တာနဲ႕ေလာကသားအားလံုးနဲ႕သက္ဆုိင္တယ္။ တခ်ိဳ႕ကတစ္ကြဲတစ္ျပားစီ စိတ္ခံစားၿပီးေတာ့တစ္ခုခုဆိုရင္ဒီရုပ္ရွင္အစည္းအရံုးၾကီးအေပၚမွာ အထူးသျဖင့္ အခုလိုလြတ္လပ္စြာ၊ လြတ္လြတ္လပ္လပ္ေဟာ့ေဟာ့ရမ္းရမ္းေျပာဆုိလာတဲ့ေခတ္မွာမွ ရုပ္ရွင္အစည္းအရံုးၾကီးကို အဲ့ဒီလိုေျပာဆိုေရးသားေ၀ဖန္မႈေတြ အျပင္လူေတြထားပါေတာ့။ ကိုယ့္ေလာကသားအခ်င္းခ်င္းကကိုပဲ ဒီလိုေတြျဖစ္လာရတယ္ဆိုတာက ေကာင္းတဲ့အစဥ္အလာတစ္ခု မဟုတ္ပါဘူး။ အဲ့ဒီေတာ့ အဖြဲ႕အစည္းက သေဘာထားၾကီးရမယ္။ သည္းခံခြင့္လႊတ္ရမယ္ဆိုတာမွန္ေပမဲ့လဲ ဒီလိုအစည္းအရံုးရဲ႕ဂုဏ္သိကၡာကိုထိပါးေစာ္ကားလာတဲ့အထိေတာ့ မျဖစ္သင့္ဘူး။ ကာကြယ္သင့္တယ္လို႕ကုိယ္တို႕အမႈေဆာင္တစ္ဖြဲ႕လံုးကေဆြးေႏြးတိုင္ပင္ၿပီးေတာ့ ဒီတရားဥပေဒနည္းလမ္းကိုစီစဥ္ေဆာင္ရြက္ရတာပါ။

-ဦးမ်ိဳးမင္းနဲ႕က်ေတာ့ အရင္က အန္ကယ္ေလးနဲ႕အဆင္မေျပတာမ်ိဳး၊ ကေတာက္ကဆျဖစ္တာမ်ိဳးေရာ ၾကံဳခဲ့ဖူးလား။

ကုိယ့္ဖက္ကေတာ့ ဘာဆိုဘာမွမရွိခဲ့ပါဘူး။ သူကေတာ့မွတ္မွတ္ရရေျပာရင္ ၾကိမ္ဖန္မ်ားစြာပါပဲ။ မီဒီယာေပါင္းမ်ားစြာ၊ တီဗီအစီအစဥ္က စကားေျပာအစီအစဥ္ေတြေရာ၊ ဂ်ာနယ္ေပါင္းမ်ားစြာမွာေတာ့ ကုိယ့္ကိုပုတ္ခတ္ေ၀ဖန္ေရးသားမႈေတြေတာက္ေလွ်ာက္ပါပဲ။ ၿပီးခဲ့တဲ့ အကယ္ဒမီေပးပြဲဂယက္မွာဆိုရင္လဲ အမ်ားၾကီးပါပဲ။ ကုိယ္ကေတာ့ မွတ္တမ္းမွတ္ရာေတြ သိမ္းထားပါတယ္။ ပြဲအၿပီးဂယက္မွာလဲ ဒီလိုဒီလိုဥပေဒအေၾကာင္းအရာေတြမျဖစ္ခ်င္လုိ႕ကိုယ့္ေလာကသားအခ်င္းခ်င္း မ်က္ႏွာစံုညီေျဖရွင္းမယ္ဆိုၿပီး အားလံုးကိုေခၚၿပီးမီဒီယာေတြေရွ႕မွာအားလံုးသိခ်င္တာကို ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရံုးကိုယ္စားကုိယ္ေျဖရွင္းေပးခဲ့ၿပီးပါၿပီ။ အဲ့ဒီေနာက္ပိုင္းမွာလဲရုပ္ရွင္ေလာကသားတိုးတက္ေရးေဆြးေႏြးပြဲေတြ၊ အကယ္ဒမီအစည္းအေ၀းေတြအားလံုးကိုကုိယ္ကုိတုိင္ဖိတ္ၿပီးအားလံုးေဆြးေႏြးခဲ့ၾကတာပါ။ ဒီလိုအေျခအေနမ်ိဳးၾကားထဲကမွ ဒီလိုၾကီးျဖစ္လာတယ္ဆုိေတာ့ ဒါေဆာင္ရြက္သင့္ေဆာင္ရြက္ထိုက္တာကိုေဆာင္ရြက္တဲ့သေဘာပါပဲ။

-အစ္မကအရင္ကတည္းက ဥကၠဌရာထူးကေန ႏႈတ္ထြက္ေစခ်င္တာဆိုေတာ့ အခုလိုျပသနာျဖစ္လာတဲ့အေပၚ အစ္မကေရာ ဘာေျပာေသးလဲ။

ကုိယ္တို႕ရဲ႕ပါရမီျဖည့္ဖက္ေတြကုိ ကုိယ္ပုိသနားတယ္။ ကုိယ္တို႕မိသားစုကအင္မတန္ေအးေအးခ်မ္းခ်မ္းေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲေနတယ့္မိသားစုေလးပါ။ ကုိယ့္အက်ိဳးစီးပြားတြက္မဟုတ္ပဲ အမ်ားအတြက္လုပ္ကာမွ ဒီလိုေတြျဖစ္လာရေတာ့ဘယ္သူမဆို ပုထုဇဥ္ပီပီစိတ္ညစ္ဘယ္ခံႏုိင္ပါ့မလဲ။ သူတုိ႕ကကုိယ့္ထက္ ပုိခံစားရပါတယ္။ အဲ့ဒီအတြက္လဲ ကိုယ္ကပုိၿပီးကရုဏာျဖစ္ရပါတယ္။ ဒါေပမဲ့လဲ အမ်ားအတြက္လုပ္တာျဖစ္တဲ့အတြက္ အမ်ားဒဏ္ခံရတယ္လို႕ပဲသတ္မွတ္ပါတယ္။

-ဒီျပသနာျဖစ္လာေတာ့ အစည္းအရံုးမွာတာ၀န္ထမ္းေဆာင္ဖို႕ေရာ စိတ္ကူးရွိေသးရဲ႕လား။

အခုကဘယ္လိုျဖစ္လဲဆိုေတာ့ ၿပီးခဲ့တဲ့ လက အမႈေဆာင္အစည္းအေ၀းမွာလဲ ကုိယ္ထပ္ေျပာေသးတယ္။ ကဲဟုတ္ၿပီ။ အားလံုးကေတာင္းဆိုလုိ႕သက္ၾကီးပူေဇာ္ပြဲၿပီးတဲ့အထိ ကုိယ္ထပ္ေဆာင္ရြက္ေပးၿပီးၿပီ။ အခုကၽြန္ေတာ္စာတင္ထားတဲ့အတိုင္း နားခြင့္ေပးပါေတာ့။ အခုဆိုအလုပ္ကလဲ တကယ္ကိုမ်ားလာပါတယ္။ ဆိုတဲ့အခါက်ေတာ့ လက္ရွိအေျခအေနမွာ ကုိးလိုးကန္႕လန္႕ကေတာ့ျဖစ္ေနတာေပါ့။ သက္တမ္းအရကလဲ မျပည့္ေသးဘူး။ ေရြးေကာက္ပြဲတစ္ခုကိုခ်က္ခ်င္းလုပ္ရေအာင္လဲ လက္ရွိေရြးေကာက္တင္ေျမွာက္ထားတဲ့ အမႈေဆာင္ေတြက သူတို႕မွာခၽြတ္ယြင္းခ်က္မရွိပဲနဲ႕ေရြးေကာက္ပြဲကိုခ်က္ခ်င္းလုပ္ရမယ္ဆိုေတာ့ အမႈေဆာင္ေတြအေနနဲ႕လဲ လက္မခံႏုိင္ဘူး။ၿပီးေတာ့လပိုင္းအလိုမွာအကယ္ဒမီေပးပြဲကလဲ က်င္းပမွာဆုိေတာ့ၾကားထဲမွာေရြးေကာက္ပြဲ လုပ္လုိက္ရင္ခ်က္ခ်င္းတက္လာမဲ့ ဥကၠဌနဲ႕ဒီအမႈေဆာင္အဖြဲ႕အသစ္အေနနဲ႕ခ်က္ခ်င္းၾကီးအကယ္ဒမီပြဲလိုဟာမ်ိဳးကုိစီစဥ္ရမွာက ကိုးလိုးကန္႕လန္႕အခက္အခဲၾကီးျဖစ္ေနတယ္။ အဲဒ့ါေၾကာင့္ ကိုယ့္ကိုပဲ ထံုးစံအတိုင္းျပန္ၿပီးေမတၱာရပ္ခံတာနဲ႕ကုိယ္ဆက္လုပ္ေနရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version



ဂျာနယ်တစ်ခုမှာ ဒါရိုက်တာမောင်မျိုးမင်းဖြေဆိုခဲ့တဲ့ အင်တာဗျူးအဖြေတစ်ချို့ကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးလူမင်းရဲ့ဂုဏ်သိက္ခာထိခိုက်တယ်လို့ယူဆရတဲ့အတွက် မောင်မျိုးမင်းကို နို့တစ်စာပေးပို့ခဲ့တယ်လို့သိရပါတယ်။ အဆိုပါစာပို့ပေးခဲ့ပေမဲ့ ဒါရိုက်တာမောင်မျိုးမင်းဖက်က အဆိုပါဂျာနယ်ထွက်ပြီး ရှစ်ရက်မြောက်တဲ့အထိ ဘာမှအကြောင်းပြန်ခြင်းမရှိတာကြောင့် ရုပ်ရှင်အစည်းအရုံးဥက္ကဌ လူမင်းက ဒါရိုက်တာမောင်မျိုးမင်း ( ရင်တွင်းဖြစ် ) ကို ဥပဒေကြောင်းအရ ပဲပြုလုပ်သွားမယ်လို့သိရတာကြောင့် အန်ကယ်လေးရှိရာသို့သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုဆိုရင် ဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဒါရိုက်တာမောင်မျိုးမင်းနဲ့ဖြစ်နေတဲ့ ပြသနာလေးကိုသိချင်ပါတယ်။

အဲ့ဒါကတော့ မေးလို့ဖြေရတာပါ။ တကယ်တော့ ဒါတွေက ဥပဒေအကြောင်းအရာအရ သူ့ဟာသူသွားမဲ့ ကိစ္စတွေပါ။ အကျယ်တဝင့်ကြီးလဲ မပြောချင်ပါဘူး။ ဒါပေမဲ့ လူမှုကွန်ယက်ပေါ်ဆိုတာ သိတဲ့အတိုင်းပဲ။ အကြောင်းအရာတစ်ခုက လိုအပ်တာထက်ပိုပြီးတော့ ပျံ့နှံ့နေတဲ့သဘောတော့ ရှိတာပေါ့။ မီဒီယာတော်တော်များများကလဲ ဒါကိုပဲမေးနေကြတဲ့အတွက် ဒါကိုပဲဖြေနေရတယ်။ အဓိကကတော့ အရုဏ်ဦးဂျာနယ်အပေါ်မှာ ပြောဆိုဝေဖန်ရေးသားမှုတွေနဲ့ပတ်သက်ပြီးတော့ ကိုယ့်ရဲ့ လူပုဂ္ဂိုလ်ဂုဏ်သိက္ခာ၊ ကိုယ့်ရဲ့အနုပညာဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးရဲ့ ဂုဏ်ဒြပ်သိက္ခာ ဒါတွေကိုထိပါးစော်ကားမှုသက်ရောက်တဲ့အတွက် ဒါဥပဒေအကြောင်းအရ ဖြေရှင်းဖို့ကိုယ်တို့ကြိုးစားတာပါ။

-အပြာကားဆန်ဆန်လို့ပြောထားတဲ့အပေါ် ကိုယ့်ရဲ့ဂုဏ်သိက္ခာပိုင်းထိခိုက်သွားတဲ့အတွက် ရုပ်ရှင်အစည်းအရုံးနဲ့မဆိုင်ပဲနဲ့ဘယ်လိုဖြေရှင်းသွားမလဲ။

ရုပ်ရှင်အစည်းအရုံးနဲ့မဆိုင်ပဲတော့ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ကိုယ်က ရုပ်ရှင်အစည်းအရုံးရဲ့ဥက္ကဌဖြစ်နေတာရယ်၊ ပြောဆိုရေးသားမှုကလဲ By Name တပ်ပြီးမဟုတ်ပဲ ရုပ်ရှင်အစည်းအရုံးဥက္ကဌ လို့ရည်ညွှန်းပြီးပြောဆိုထားတာဖြစ်တဲ့အတွက် ရုပ်ရှင်အစည်းအရုံးနဲ့လူမင်းဆိုတဲ့ လူနဲ့ကိုသီးသန့်ဆီခွဲပြီးတော့ ဒီအမှုကိုရင်ဆိုင်လို့တော့မရဘူး။

-အန်ကယ်လေးအနေနဲ့အခုလက်ရှိမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေများပြင်ဆင်ထားပြီးပြီလဲ။

ပြင်ဆင်တယ်ဆိုတာက တရားဥပဒေနည်းလမ်းအရပါပဲ။ ကိုယ့်အနေနဲ့ဒီနေရာမှာ ပရိသတ်ကိုပြောချင်တာက ဒါတရားဥပဒေနည်းလမ်းအရဖြေရှင်းတယ်ဆိုတာက တရားဥပဒေကြောင်းအရပဲသွားပါလိမ့်မယ်။ အဲ့ဒီတော့သူ့ပရိသတ်၊ ကိုယ့်ပရိသတ်၊ သူ့လူ၊ ကိုယ့်လူရယ်လို့အချင်းများစကားများတာတွေကိုလဲ ကိုယ့်အနေနဲ့မဖြစ်စေချင်ပါဘူး။ တရားဥပဒေကြောင်းအရ ဖြေရှင်းတဲ့ နည်းလမ်းဟာမှန်ကန်တဲ့နည်းလမ်းဖြစ်မယ်လို့ခံယူတယ်။ ဘယ်သူမှားမှားဘယ်သူမှန်မှန် တရားဥပဒေကပဲ အဆုံးအဖြတ်ပေးသွားမဲ့ကိစ္စဖြစ်ပါတယ်။ အဲ့ဒီတော့ သူ့fan ၊ ကိုယ့် fan တွေအနေနဲ့လဲဒီအပေါ်မှာ စိတ်ဒုက္ခမရောက်စေချင်ပါဘူး။

-အရုဏ်ဦးဂျာနယ်မှာပါလာတဲ့အချိန်မှာ တရားမစွဲခင်ဟိုဖက်ကို ဘယ်လိုညှိနှိုင်းမှုမျိုးတွေရောလုပ်ခဲ့သေးလဲ။

ဒီကိစ္စကို ကိုယ်တို့သွေးဆူဆူနဲ့ဆုံးဖြတ်တာမဟုတ်ပါဘူး။ တနင်္လာနေ့မှာပါတဲ့ဂျာနယ်ကိုကိုယ်တို့တစ်ပတ်လုံးလုံးလူကြီးတွေနဲ့ရော၊ ရုပ်ရှင်အစည်းအရုံးကအမှုဆောင်တွေနဲ့ရော ဆွေးနွေးတိုင်ပင်ပြီးတော့ စည်းဝေးဆုံးဖြတ်ချက်နဲ့ဂျာနယ်ထွက်ပြီးနောက်တစ်ပတ် တနင်္လာနေ့မှာမှ နို့တစ်စာ ပါတာပါ နို့တစ်စာပါအကြောင်းအရာကိုပြောရရင် ဒီစကားတွေ ဒီစကားတွေကတော့ အတိအကျဂုဏ်သိက္ခာထိခိုက်မှုဖြစ်သွားပြီ။ အဲ့ဒီအတွက်တစ်ပတ်အတွင်းမှာ ဝန်ခံတောင်းပန်ဖို့နဲ့တစ်ပတ်ကျော်လွန်သွားပြီးတဲ့အချိန် ဝန်ခံတောင်းပန်မှုမရှိရင်တော့ မလွဲမရှောင်သာ ဥပဒေကြောင်းအရ ဖြေရှင်းရလိမ့်မယ်လို့ နို့တစ်စာပို့ထားတာဖြစ်တယ်။ အခုဆို ရှစ်ရက်ရှိပြီ။ ဒါပေမဲ့ ဘာဆက်သွယ်မှုမှမရှိတဲ့အတွက် အခုတရားစွဲဆိုဖို့ဥပဒေကြောင်းအရသွားရပါလိမ့်မယ်။

-အခုလို အနုပညာသမားအချင်းချင်း ဒီလိုမျိုးဖြစ်ရတဲ့အပေါ် အန်ကယ်လေးရဲ့စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

ကိုယ့်အနေနဲ့ကတော့ မဖြစ်ချင်ဆုံးပေါ့။ မဖြစ်ချင်လို့လဲအများကြီး ကိုယ့်အနေနဲ့ရော၊ အဖွဲ့အစည်းအနေနဲ့ရော ၊ လူကြီးတစ်ယောက်လိုရော အများကြီးသည်းခံသဘောထားကြီးပေးခဲ့ပါတယ်။ ဒါတွေဟာအားလုံးလဲအသိပါပဲ။ ဒါပေမဲ့ဒီလိုအဆင့်မျိုးကျတော့လဲ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးဆိုတာက အစဉ်အလာကောင်းခဲ့တဲ့ အစည်းအရုံးကြီးပါ။ ဒီအစည်းအရုံးကြီးရဲ့သိက္ခာတစ်ခုလုံးကို ဒီလိုမျိုးထိပါးစော်ကားတာကိုတော့လဲ ကိုယ်တို့လက်ထက်မှာဒီရုပ်ရှင်အစည်းအရုံးကြီးရဲ့ဂုဏ်ဒြပ်သိက္ခာကို ကာကွယ်ဖို့တာဝန်ကလဲလက်ရှိဥက္ကဌနဲ့အမှုဆောင်အဖွဲ့အပေါ်မှာတာဝန်ရှိပါတယ်။ ကာကွယ်ရမဲ့ဝတ္တရားရှိပါတယ်။

-အခုလိုအချင်းချင်းဖြစ်ကြတဲ့အပေါ် ပရိသတ်တွေရဲ့ အမြင်နဲ့ပတ်သက်ပြီးအန်ကယ်လေးအနေနဲ့ဘာပြောချင်ပါသလဲ။

ဒီလိုတော့ရှိတာပေါ့လေ။ နှစ်ဖက်ပေါ့။ ရုပ်ရှင်အစည်းအရုံးကြီးဆိုတာကလဲ ရုပ်ရှင်အစည်းအရုံးလို့ပြောလိုက်တာနဲ့လောကသားအားလုံးနဲ့သက်ဆိုင်တယ်။ တချို့ကတစ်ကွဲတစ်ပြားစီ စိတ်ခံစားပြီးတော့တစ်ခုခုဆိုရင်ဒီရုပ်ရှင်အစည်းအရုံးကြီးအပေါ်မှာ အထူးသဖြင့် အခုလိုလွတ်လပ်စွာ၊ လွတ်လွတ်လပ်လပ်ဟော့ဟော့ရမ်းရမ်းပြောဆိုလာတဲ့ခေတ်မှာမှ ရုပ်ရှင်အစည်းအရုံးကြီးကို အဲ့ဒီလိုပြောဆိုရေးသားဝေဖန်မှုတွေ အပြင်လူတွေထားပါတော့။ ကိုယ့်လောကသားအချင်းချင်းကကိုပဲ ဒီလိုတွေဖြစ်လာရတယ်ဆိုတာက ကောင်းတဲ့အစဉ်အလာတစ်ခု မဟုတ်ပါဘူး။ အဲ့ဒီတော့ အဖွဲ့အစည်းက သဘောထားကြီးရမယ်။ သည်းခံခွင့်လွှတ်ရမယ်ဆိုတာမှန်ပေမဲ့လဲ ဒီလိုအစည်းအရုံးရဲ့ဂုဏ်သိက္ခာကိုထိပါးစော်ကားလာတဲ့အထိတော့ မဖြစ်သင့်ဘူး။ ကာကွယ်သင့်တယ်လို့ကိုယ်တို့အမှုဆောင်တစ်ဖွဲ့လုံးကဆွေးနွေးတိုင်ပင်ပြီးတော့ ဒီတရားဥပဒေနည်းလမ်းကိုစီစဉ်ဆောင်ရွက်ရတာပါ။

-ဦးမျိုးမင်းနဲ့ကျတော့ အရင်က အန်ကယ်လေးနဲ့အဆင်မပြေတာမျိုး၊ ကတောက်ကဆဖြစ်တာမျိုးရော ကြုံခဲ့ဖူးလား။

ကိုယ့်ဖက်ကတော့ ဘာဆိုဘာမှမရှိခဲ့ပါဘူး။ သူကတော့မှတ်မှတ်ရရပြောရင် ကြိမ်ဖန်များစွာပါပဲ။ မီဒီယာပေါင်းများစွာ၊ တီဗီအစီအစဉ်က စကားပြောအစီအစဉ်တွေရော၊ ဂျာနယ်ပေါင်းများစွာမှာတော့ ကိုယ့်ကိုပုတ်ခတ်ဝေဖန်ရေးသားမှုတွေတောက်လျှောက်ပါပဲ။ ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲဂယက်မှာဆိုရင်လဲ အများကြီးပါပဲ။ ကိုယ်ကတော့ မှတ်တမ်းမှတ်ရာတွေ သိမ်းထားပါတယ်။ ပွဲအပြီးဂယက်မှာလဲ ဒီလိုဒီလိုဥပဒေအကြောင်းအရာတွေမဖြစ်ချင်လို့ကိုယ့်လောကသားအချင်းချင်း မျက်နှာစုံညီဖြေရှင်းမယ်ဆိုပြီး အားလုံးကိုခေါ်ပြီးမီဒီယာတွေရှေ့မှာအားလုံးသိချင်တာကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုယ်စားကိုယ်ဖြေရှင်းပေးခဲ့ပြီးပါပြီ။ အဲ့ဒီနောက်ပိုင်းမှာလဲရုပ်ရှင်လောကသားတိုးတက်ရေးဆွေးနွေးပွဲတွေ၊ အကယ်ဒမီအစည်းအဝေးတွေအားလုံးကိုကိုယ်ကိုတိုင်ဖိတ်ပြီးအားလုံးဆွေးနွေးခဲ့ကြတာပါ။ ဒီလိုအခြေအနေမျိုးကြားထဲကမှ ဒီလိုကြီးဖြစ်လာတယ်ဆိုတော့ ဒါဆောင်ရွက်သင့်ဆောင်ရွက်ထိုက်တာကိုဆောင်ရွက်တဲ့သဘောပါပဲ။

-အစ်မကအရင်ကတည်းက ဥက္ကဌရာထူးကနေ နှုတ်ထွက်စေချင်တာဆိုတော့ အခုလိုပြသနာဖြစ်လာတဲ့အပေါ် အစ်မကရော ဘာပြောသေးလဲ။

ကိုယ်တို့ရဲ့ပါရမီဖြည့်ဖက်တွေကို ကိုယ်ပိုသနားတယ်။ ကိုယ်တို့မိသားစုကအင်မတန်အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ပဲနေတယ့်မိသားစုလေးပါ။ ကိုယ့်အကျိုးစီးပွားတွက်မဟုတ်ပဲ အများအတွက်လုပ်ကာမှ ဒီလိုတွေဖြစ်လာရတော့ဘယ်သူမဆို ပုထုဇဉ်ပီပီစိတ်ညစ်ဘယ်ခံနိုင်ပါ့မလဲ။ သူတို့ကကိုယ့်ထက် ပိုခံစားရပါတယ်။ အဲ့ဒီအတွက်လဲ ကိုယ်ကပိုပြီးကရုဏာဖြစ်ရပါတယ်။ ဒါပေမဲ့လဲ အများအတွက်လုပ်တာဖြစ်တဲ့အတွက် အများဒဏ်ခံရတယ်လို့ပဲသတ်မှတ်ပါတယ်။

-ဒီပြသနာဖြစ်လာတော့ အစည်းအရုံးမှာတာဝန်ထမ်းဆောင်ဖို့ရော စိတ်ကူးရှိသေးရဲ့လား။

အခုကဘယ်လိုဖြစ်လဲဆိုတော့ ပြီးခဲ့တဲ့ လက အမှုဆောင်အစည်းအဝေးမှာလဲ ကိုယ်ထပ်ပြောသေးတယ်။ ကဲဟုတ်ပြီ။ အားလုံးကတောင်းဆိုလို့သက်ကြီးပူဇော်ပွဲပြီးတဲ့အထိ ကိုယ်ထပ်ဆောင်ရွက်ပေးပြီးပြီ။ အခုကျွန်တော်စာတင်ထားတဲ့အတိုင်း နားခွင့်ပေးပါတော့။ အခုဆိုအလုပ်ကလဲ တကယ်ကိုများလာပါတယ်။ ဆိုတဲ့အခါကျတော့ လက်ရှိအခြေအနေမှာ ကိုးလိုးကန့်လန့်ကတော့ဖြစ်နေတာပေါ့။ သက်တမ်းအရကလဲ မပြည့်သေးဘူး။ ရွေးကောက်ပွဲတစ်ခုကိုချက်ချင်းလုပ်ရအောင်လဲ လက်ရှိရွေးကောက်တင်မြှောက်ထားတဲ့ အမှုဆောင်တွေက သူတို့မှာချွတ်ယွင်းချက်မရှိပဲနဲ့ရွေးကောက်ပွဲကိုချက်ချင်းလုပ်ရမယ်ဆိုတော့ အမှုဆောင်တွေအနေနဲ့လဲ လက်မခံနိုင်ဘူး။ပြီးတော့လပိုင်းအလိုမှာအကယ်ဒမီပေးပွဲကလဲ ကျင်းပမှာဆိုတော့ကြားထဲမှာရွေးကောက်ပွဲ လုပ်လိုက်ရင်ချက်ချင်းတက်လာမဲ့ ဥက္ကဌနဲ့ဒီအမှုဆောင်အဖွဲ့အသစ်အနေနဲ့ချက်ချင်းကြီးအကယ်ဒမီပွဲလိုဟာမျိုးကိုစီစဉ်ရမှာက ကိုးလိုးကန့်လန့်အခက်အခဲကြီးဖြစ်နေတယ်။ အဲဒ့ါကြောင့် ကိုယ့်ကိုပဲ ထုံးစံအတိုင်းပြန်ပြီးမေတ္တာရပ်ခံတာနဲ့ကိုယ်ဆက်လုပ်နေရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top