Kantharyar Centre
×

ဘယ္လ္ဂ်ီယံကြင္းလယ္ လူ ဖယ္လုိင္နီက မန္ယူအသင္း သားမ်ားအားလံုး နည္းျပ ေမာ္ ရင္ဟုိကို ေထာက္ခံသည္ဟု အ ခုိင္အမာေျပာၾကားၿပီး အရာအား လံုးေနသားတက်မျဖစ္မီ ၎ကို အခ်ိန္ေပးရန္လုိသည္ဟု  ေျပာသည္။

မန္ယူသည္ ၿပိဳင္ပြဲအရပ္ရပ္ တြင္ ၿပီးခဲ့သည့္ ခုနစ္ပဲြအတြင္း ႏွစ္ပြဲသာအႏုိင္ရခဲ့ၿပီး အမွတ္ေပး ဇယား နံပါတ္ (၈) ေနရာ၌ရိွ ေနသျဖင့္ နည္းျပ ေမာ္ရင္ဟုိအ ေပၚ ဖိအားမ်ားလာေသာ္လည္း ၎၏ နည္းဗ်ဴဟာပုိင္းကို မန္ယူ အသင္းသားမ်ားအားလံုးက ယံု ၾကည္မႈရိွေနဆဲျဖစ္သည္ဟု ဖယ္ လုိင္နီက ေျပာသည္။

‘‘ကြၽန္ေတာ္တုိ႔ သူကုိ ယံု ၾကည္ပါတယ္။ ဒါေပမဲ့ အသင္း တစ္သင္းကုိ တည္ေဆာက္ဖို႔ အခ်ိန္လိုပါတယ္။ ကြၽန္ေတာ္တုိ႔ မွန္ကန္တဲ့နည္းျပကုိ ရထားတယ္ လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ သူလိုအပ္ေနတဲ့အခ်ိန္နဲ႔ ယံုၾကည္ ေပးဖို႔ လုိပါတယ္’’ဟု ဖယ္လုိင္နီ က ေျပာၾကားသည္။

မန္ယူသည္ အာဆင္နယ္ ႏွင့္ ရင္မဆုိင္မီ ဆြမ္ဆီးႏွင့္ ယေန႔ဆံုေတြ႕မည္ျဖစ္သည္။

ထိုအေတာအတြင္း ေမာ္ရင္ ဟုိသည္ မန္စီးတီးနည္းျပ ဂြါဒီယို လာထက္ပုိေတာ္ေသာနည္းျပ ျဖစ္သည္ဟု မစ္ဒယ္ဘေရာ့ နည္းျပ ကာရန္ကာက ေျပာသည္။မန္စီးတီးသည္ ခ်န္ပီယံလိဂ္ တြင္ ဘာကာကုိ ၃-၁ ဂုိးျဖင့္ ႏုိင္ ကာ ပရီးမီးယားလိဂ္၌ မန္ယူကုိ ရွစ္မွတ္ျဖတ္ထားေသာ္လည္း ရီးရဲလ္တြင္ ေမာ္ရင္ဟုိ၏ လက္ ေထာက္နည္းျပလုပ္ခဲ့ေသာ ကာရန္ကာက ေမာ္ရင္ဟုိသည္ ဂြါဒီယုိလာထက္သာလြန္ေနဆဲ ဟု ထင္ျမင္ေၾကာင္း ေျပာၾကား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဘယ်လ်ဂျီယံကွင်းလယ် လူ ဖယ်လိုင်နီက မန်ယူအသင်း သားများအားလုံး နည်းပြ မော် ရင်ဟိုကို ထောက်ခံသည်ဟု အ ခိုင်အမာပြောကြားပြီး အရာအား လုံးနေသားတကျမဖြစ်မီ ၎င်းကို အချိန်ပေးရန်လိုသည်ဟု  ပြောသည်။

မန်ယူသည် ပြိုင်ပွဲအရပ်ရပ် တွင် ပြီးခဲ့သည့် ခုနစ်ပွဲအတွင်း နှစ်ပွဲသာအနိုင်ရခဲ့ပြီး အမှတ်ပေး ဇယား နံပါတ် (၈) နေရာ၌ရှိ နေသဖြင့် နည်းပြ မော်ရင်ဟိုအ ပေါ် ဖိအားများလာသော်လည်း ၎င်း၏ နည်းဗျူဟာပိုင်းကို မန်ယူ အသင်းသားများအားလုံးက ယုံ ကြည်မှုရှိနေဆဲဖြစ်သည်ဟု ဖယ် လိုင်နီက ပြောသည်။

‘‘ကျွန်တော်တို့ သူကို ယုံ ကြည်ပါတယ်။ ဒါပေမဲ့ အသင်း တစ်သင်းကို တည်ဆောက်ဖို့ အချိန်လိုပါတယ်။ ကျွန်တော်တို့ မှန်ကန်တဲ့နည်းပြကို ရထားတယ် လို့ ထင်ပါတယ်။ ကျွန်တော်တို့ သူလိုအပ်နေတဲ့အချိန်နဲ့ ယုံကြည် ပေးဖို့ လိုပါတယ်’’ဟု ဖယ်လိုင်နီ က ပြောကြားသည်။

မန်ယူသည် အာဆင်နယ် နှင့် ရင်မဆိုင်မီ ဆွမ်ဆီးနှင့် ယနေ့ဆုံတွေ့မည်ဖြစ်သည်။

ထိုအတောအတွင်း မော်ရင် ဟိုသည် မန်စီးတီးနည်းပြ ဂွါဒီယို လာထက်ပိုတော်သောနည်းပြ ဖြစ်သည်ဟု မစ်ဒယ်ဘရော့ နည်းပြ ကာရန်ကာက ပြောသည်။မန်စီးတီးသည် ချန်ပီယံလိဂ် တွင် ဘာကာကို ၃-၁ ဂိုးဖြင့် နိုင် ကာ ပရီးမီးယားလိဂ်၌ မန်ယူကို ရှစ်မှတ်ဖြတ်ထားသော်လည်း ရီးရဲလ်တွင် မော်ရင်ဟို၏ လက် ထောက်နည်းပြလုပ်ခဲ့သော ကာရန်ကာက မော်ရင်ဟိုသည် ဂွါဒီယိုလာထက်သာလွန်နေဆဲ ဟု ထင်မြင်ကြောင်း ပြောကြား သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top