Property Expo
×

ဖုန္းေတြရဲ႕ဆုိးက်ဳိးေပးတဲ့အခ်က္ေတြထဲမွာ ထပ္တုိးရမယ့္အခ်က္တစ္ခုရွိလာပါျပီ။ ဒါကေတာ့ ဆဲလ္ဖီရုိက္ျခင္းေၾကာင့္ျဖစ္တဲ့ တံေတာင္ဆစ္ေယာင္ယမ္းနာခံစားရတာပဲ ျဖစ္ပါတယ္။ အရုိးအထူးကု ဆရာဝန္ေတြရဲ႕ ေတြ႔ရွိမႈအရ ဆဲလ္ဖီရိုက္ျခင္းေၾကာင့္ျဖစ္တဲ့ တံေတာင္ဆစ္နာက်င္မႈက စားပြဲတင္တင္းနစ္နဲ႔ ပင္ေပါင္ကစားနည္းေတြကို တစိုက္မတ္မတ္ကစားတတ္သူမ်ားၾကဳံေတြ႔ရတဲ့ ေဝဒနာမ်ဳိးနဲ႔တူပါတယ္လို႔ ဆုိပါတယ္။

ဆဲလ္ဖီဓာတ္ပုံရုိက္တဲ့အခါ သင့္လက္ေမာင္းကုိ ေျမွာက္ျပီး လက္ကုိလိမ္တဲ့ပုံစံနဲ႔ ရုိက္ရေလ့ရွိျပီး ကိုယ္ဘယ္ႏွစ္ၾကိမ္ေလာက္ ရိုက္ခဲ့မိသလဲဆုိတာ ျပန္စဥ္းစားၾကည့္ပါ။ အခုေခတ္မွာ လူတုိင္းဆဲလ္ဖီရိုက္ လာတာေၾကာင့္ ဆဲလ္ဖီရုိက္ျခင္းေၾကာင့္ျဖစ္တဲ့ တံေတာင္ဆစ္နာေရာဂါက လူတုိင္းျဖစ္ႏုိင္ပါတယ္။

ဆဲဖီရိုက္တာေၾကာင့္ တံေတာင္ဆစ္နာေရာဂါျဖစ္ႏုိင္တယ္လို႔ေျပာရင္ အဓိပၸါယ္မရွိဘူးလို႔ ထင္ႏုိင္ေပမဲ့ တကယ္ေတာ့ ပုံစံမက်တဲ့လက္အေနအထားနဲ႔ အၾကိမ္ေရမ်ားမ်ားထပ္ကာတပ္ကာ ျပဳလုပ္ျခင္းက လက္ကိုဒဏ္ျဖစ္ေစတာလို႔ ဆုိႏုိင္ပါတယ္။ နယူးေရာ့ခ္ေဆးရုံၾကီးခြဲစိတ္ကုဌာနက အားကစားဆရာဝန္ Dr. Jordan Metzl က တစ္ခါတစ္ေလရုိက္ရုံနဲ႔ ဘာမွမျဖစ္ႏုိင္ေပမဲ့ မၾကာခဏဆဲလ္ဖီရုိက္တတ္တဲ့သူေတြအတြက္ အႏၱရာယ္ရွိတဲ့အေၾကာင္း၊ ဖုန္းေတြသုံးလြန္းအားၾကီးတဲ့အတြက္ လက္မမွာအသားမာတက္တာျဖစ္ဖူးၾကသလိုပဲ ဆဲလ္ဖီရုိက္ျခင္းေၾကာင့္ တံေတာင္ဆစ္ၾကြက္သားေတြ ဖိအားမ်ားျပီး အရိုးေယာင္တဲ့အထိျဖစ္ႏုိင္ေၾကာင္း ေျပာခဲ့ပါတယ္။

တံေတာင္ဆစ္ေယာင္ယမ္းနာက်င္ျခင္းျဖစ္တဲ့အခါ ေရခဲကပ္ျခင္း၊ အေကြးအဆန္႔ေလ့က်င့္ခန္း လုပ္ျခင္းမ်ား ျပဳလုပ္ေပးသင့္ျပီး သင္ကမၾကာခဏ ဆဲလ္ဖီရုိက္တတ္သူတစ္ဦးဆုိရင္ေတာ့ ဆဲလ္ဖီရုိက္တံတစ္ေခ်ာင္းေဆာင္ထားတာ ေကာင္းပါတယ္လို႔ ဆရာဝန္မ်ားက အၾကံျပဳထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

ဖုန်းတွေရဲ့ဆိုးကျိုးပေးတဲ့အချက်တွေထဲမှာ ထပ်တိုးရမယ့်အချက်တစ်ခုရှိလာပါပြီ။ ဒါကတော့ ဆဲလ်ဖီရိုက်ခြင်းကြောင့်ဖြစ်တဲ့ တံတောင်ဆစ်ယောင်ယမ်းနာခံစားရတာပဲ ဖြစ်ပါတယ်။ အရိုးအထူးကု ဆရာဝန်တွေရဲ့ တွေ့ရှိမှုအရ ဆဲလ်ဖီရိုက်ခြင်းကြောင့်ဖြစ်တဲ့ တံတောင်ဆစ်နာကျင်မှုက စားပွဲတင်တင်းနစ်နဲ့ ပင်ပေါင်ကစားနည်းတွေကို တစိုက်မတ်မတ်ကစားတတ်သူများကြုံတွေ့ရတဲ့ ဝေဒနာမျိုးနဲ့တူပါတယ်လို့ ဆိုပါတယ်။

ဆဲလ်ဖီဓာတ်ပုံရိုက်တဲ့အခါ သင့်လက်မောင်းကို မြှောက်ပြီး လက်ကိုလိမ်တဲ့ပုံစံနဲ့ ရိုက်ရလေ့ရှိပြီး ကိုယ်ဘယ်နှစ်ကြိမ်လောက် ရိုက်ခဲ့မိသလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။ အခုခေတ်မှာ လူတိုင်းဆဲလ်ဖီရိုက် လာတာကြောင့် ဆဲလ်ဖီရိုက်ခြင်းကြောင့်ဖြစ်တဲ့ တံတောင်ဆစ်နာရောဂါက လူတိုင်းဖြစ်နိုင်ပါတယ်။

ဆဲဖီရိုက်တာကြောင့် တံတောင်ဆစ်နာရောဂါဖြစ်နိုင်တယ်လို့ပြောရင် အဓိပ္ပါယ်မရှိဘူးလို့ ထင်နိုင်ပေမဲ့ တကယ်တော့ ပုံစံမကျတဲ့လက်အနေအထားနဲ့ အကြိမ်ရေများများထပ်ကာတပ်ကာ ပြုလုပ်ခြင်းက လက်ကိုဒဏ်ဖြစ်စေတာလို့ ဆိုနိုင်ပါတယ်။ နယူးရော့ခ်ဆေးရုံကြီးခွဲစိတ်ကုဌာနက အားကစားဆရာဝန် Dr. Jordan Metzl က တစ်ခါတစ်လေရိုက်ရုံနဲ့ ဘာမှမဖြစ်နိုင်ပေမဲ့ မကြာခဏဆဲလ်ဖီရိုက်တတ်တဲ့သူတွေအတွက် အန္တရာယ်ရှိတဲ့အကြောင်း၊ ဖုန်းတွေသုံးလွန်းအားကြီးတဲ့အတွက် လက်မမှာအသားမာတက်တာဖြစ်ဖူးကြသလိုပဲ ဆဲလ်ဖီရိုက်ခြင်းကြောင့် တံတောင်ဆစ်ကြွက်သားတွေ ဖိအားများပြီး အရိုးယောင်တဲ့အထိဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။

တံတောင်ဆစ်ယောင်ယမ်းနာကျင်ခြင်းဖြစ်တဲ့အခါ ရေခဲကပ်ခြင်း၊ အကွေးအဆန့်လေ့ကျင့်ခန်း လုပ်ခြင်းများ ပြုလုပ်ပေးသင့်ပြီး သင်ကမကြာခဏ ဆဲလ်ဖီရိုက်တတ်သူတစ်ဦးဆိုရင်တော့ ဆဲလ်ဖီရိုက်တံတစ်ချောင်းဆောင်ထားတာ ကောင်းပါတယ်လို့ ဆရာဝန်များက အကြံပြုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top