Property Expo
×

ရန္ကုန္က လြစၥလမ္းမွာ အုိင္းရစ္လူမ်ဳိး ဘိုမၾကီးတစ္ေယာက္ရွိတယ္။ အသက္ ၈၀ ေက်ာ္ျပီ။ ျမန္မာျပည္ကို ၁၉၆၅ ေလာက္ကတည္းကေရာက္ေနျပီး ဒီမွာပဲေခါင္းခ်ေတာ့မယ္လို႔ ဆံုးျဖတ္ထားသူေပါ့။ ျမန္မာခင္ပြန္းလည္းကြယ္လြန္၊ သားသမီးလည္းမရွိေလေတာ့ အဂၤလိပ္စာဆရာမအလုပ္မွာ တပည့္ေတြကိုပဲ အေဖာ္ျပဳေနတာ။ တုန္ခ်ိခ်ိလို႔ေတာ့ မထင္ေလနဲ႔။ ကိုယ္ေတြထက္သြက္ေသးတယ္။ ၅ ထပ္တိုက္ကို အေလးအပင္ေတြ မ လို႔ မေမာမပန္းတက္ေနက်။

တစ္ေန႔ေတာ့ သူၾကည့္ရတဲ့ ဗီဒီယိုအေခြတစ္ခုအေၾကာင္း ေျပာလာတယ္။ မိုးကုတ္၀ိပႆနာစခန္းက ျဖန္႔ေ၀တဲ့အေခြပါ။ ေက်ာက္မဲျမိဳ႔မွာ ၁၄ ႏွစ္အရြယ္မိန္းကေလး ကြယ္လြန္တဲ့အခါ ရုပ္အေလာင္းက မယံုႏိုင္ေလာက္ေအာင္ ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္းျဖစ္ေနပံုကို ရုိက္ျပထားတာ။ မိန္းကေလးက ၀ိပႆနာက်င့္စဥ္နဲ႔ ကြယ္လြန္တာမို႔ ေပ်ာ့ေျပာင္းေနတယ္လို႔ သက္ေသျပတဲ့အေနနဲ႔ အေသးစိတ္ရုိက္ထားတယ္။ ဆရာမၾကီးေမးတာက ဒီ မိန္းကေလး တကယ္မေသဘူးထင္တယ္။ ဆရာ၀န္ေတြမွားသလားတဲ့။

ခရစ္ယာန္ဘာသာ၀င္စစ္စစ္တစ္ေယာက္ကို ဘယ္လုိရွင္းရပါ့။ လြယ္သလုိနဲ႔ ခက္တယ္ေနာ့။ အေနာက္တိုင္းသားျဖစ္ေနတဲ့အတြက္ ပိုခက္ေသး။ မယံုလြယ္တဲ့အျပင္ အေမးအျမန္းကလည္းထူ။ ဒါေတာင္ျမန္မာျပည္မွာ ႏွစ္ ၅၀ နီးပါးေနလာတာ။ ဒါဟာ ဗုဒၶဘာသာမွာေတာ့ တရားရဲ့ဂုဏ္ေက်းဇူးေၾကာင့္ ရုပ္ခႏၶာဟာ ေပ်ာ့ေျပာင္းတယ္လို႔ ယံုၾကည္ၾကတဲ့အေၾကာင္း ရွင္းျပပါတယ္။ သူက ဒါ ဘယ္လိုျဖစ္ႏိုင္မွာလဲတဲ့။ ေသရင္ ေတာင့္ေတာင့္ၾကီးျဖစ္ေနရမယ္။ မီးသျဂိဳလ္ခါနီးအထိ ဖေယာင္းေလးလိုေပ်ာ့ေနတဲ့ မိန္းကေလးဟာ မေသေသးဘူး။ မင္းတို႔မို႔ မီးရွဴိ႔ရက္ေလျခင္း ဆိုပဲ။ ကိုယ္ကပဲ တရားခံၾကီးလိုလို။ ဘယ့္ႏွယ့္လုပ္ၾက။

စိတ္ပိန္လာတာနဲ႔ တရားသေဘာဆိုတာ ေျပာျပလို႔မရဘူး၊ က်င့္ၾကည့္မွရတာ လို႔အထက္စီးနဲ႔ ေျပာပစ္လိုက္တယ္။ ေသမွမေသတာကို မီးရွဴိ႔ရက္တဲ့၊ မၾကင္နာတတ္တဲ့သူေတြဆိုတဲ့ မ်က္လံုးမ်ဳိးနဲ႔ ျပန္ၾကည့္တယ္။ ဒုကၡ။

ကိုယ့္မွာေတာ့ အဲဒီအေခြၾကည့္ျပီး ေမးခြန္းေပၚလာတယ္။ ဘယ္လိုေသခ်င္လဲ။
ငယ္ငယ္တုန္းက ဆရာၾကီးဦးေငြၾကည္ရဲ့ ကာတြနး္တစ္ခုမွာ ေစာင့္ေနတဲ့သား အခ်ိန္မွီမေရာက္လာလို႔ ေျဖာင့္ေျဖာင့္မေသႏိုင္ပဲ ေကာက္ေကာက္ေသသြားတယ္ဆိုတဲ့ လူၾကီးတစ္ေယာက္ပံုကို ဆြဲထားတာမွတ္မိတယ္။ လက္ေတြ ေျခေတြ ေကြးေကာက္လို႔။ ရယ္စရာလိုလိုနဲ႔ ေတြးစရာၾကီး။ ေျဖာင့္ခ်င္လား၊ ေကာက္ခ်င္လား။

အင္မတန္ရင္းႏွီးတဲ့သူငယ္ခ်င္းကေတာ့ သူ႔အေဖ အေၾကာင္းေျပာျပတယ္။ တရားသူၾကီးဘ၀ကေန ပင္စင္ယူတဲ့အထိ လာဘ္မစားခဲ့ဘူးတဲ့။ လာေပးလည္း မယူဘူး။ အိမ္ကိုလည္း မယူရဘူးမွာထားတယ္တဲ့။ အေၾကာင္းကေတာ့ ငါ ေသရင္ေျဖာင့္ေျဖာင့္ေသခ်င္တယ္လို႔ ဆိုပါတယ္။ ေျဖာင့္တယ္ဆိုတာ ဟိုကေလးမေလးလို ရုပ္ေပ်ာ့ေျပာင္းတာလား၊ စိတ္ခ်လက္ခ်ထားသြားတာလား။

ဆရာ၀န္တစ္ေယာက္ဘ၀မွာ ေသနည္းမ်ဳိးစံုကို ေတြ႔ဖူးတယ္လို႔ ဆိုရမယ္။ သိပ္အထူးဆန္းၾကီးလည္း ျဖစ္ေတာ့မေနဘူး။ သက္ၾကီးရြယ္အိုေတြၾကားမွာ၊ ကင္ဆာေရာဂါသည္ေတြၾကားမွာ ေသျခင္းဆိုတာ ေန႔နဲ႔ညေတာင္ သိပ္မကြဲ။ ေရာဂါအေနနဲ႔ ၾကည့္ရင္ေတာ့ အဆုပ္ေရာဂါသည္ေတြ အသက္မထြက္ခင္ ဖုတ္လွဴိက္ဖုတ္လွဴိက္ အေတာ္ခံရတာ။ ႏွလံုးေရာဂါသည္ေတြကေတာ့ ျပန္ရႏိုးႏိုး ေရွာ့ခ္ရုိက္ၾကတာ တဒုန္းဒုန္းနဲ႔ ျမန္မွျမန္။ ေက်ာက္ကပ္သမားကေတာ့ နဲနဲသက္သာသလိုပဲ။ ၾကာလာေတာ့ လူနာဆံုးခါနီးရင္ ခန္႔မွန္းတတ္လာတယ္။ မိသားစုကိုေခၚျပီး ၾကိဳသတိေပးထားရတာကိုး။ ဘယ္ေလာက္ခံဦးမလဲလို႔ ေမးေလ့ရွိၾကတာကို ေျဖႏိုင္ဖို႔ အဆင္သင့္ျပင္ထားရတယ္။ အဆုပ္ဆို ၅ ရက္။ ေက်ာက္ကပ္ဆို ၃ ရက္။ မွန္းေျခေပါ့ေလ။

မေန႔ကဖတ္ရတဲ့ စတိဗ္ေဂ်ာ့ေရးတဲ့စာထဲမွာ သူဟာ နံနက္တိုင္း အိပ္ရာထမွာ မွန္ထဲၾကည့္ျပီး ဒီေန႔ ငါ ေသရမယ္ဆိုရင္ ဒီအလုပ္ေတြကို ငါလုပ္ဦးမွာလားလို႔ ကိုယ့္ကိုယ္ကို ေမးသတဲ့။ ဟင့္အင္းဆိုတဲ့ ေန႔ေတြမ်ားလာျပီဆိုရင္ အလုပ္ေျပာင္းဖို႔ အခ်ိန္တန္ျပီဆိုပဲ။ ဒါနဲ႔ပဲ ပန္းသီးပိုင္ရွင္လို႔ ကမၻာေက်ာ္နာမည္တစ္လံုးခ်န္ထားရစ္ခဲ့ႏိုင္တာျဖစ္မယ္။ ေသမင္းဆီက အတြင္းအားတစ္မ်ဳိးကုိ လက္လႊဲရယူႏိုင္ခဲ့သူေပါ့။

ေမးၾကည့္ေနမိတယ္။ ဘယ္လိုေသခ်င္လဲ။

ဆရာေတာ္ အရွင္ဇ၀န ( ေမတၱာရွင္၊ ေရႊျပည္သာ ) ရဲ့ တရားတစ္ပုဒ္ထဲမွာေတာ့ တရားရိပ္သာက အမယ္အိုတစ္ေယာက္ဟာ တစ္ေန႔ေတာ့ တရားျပဆရာေတာ္ကို ေလွ်ာက္သတဲ့။ တပည့္ေတာ္မ ဒီေန႔ ေသမွာမို႔ စခန္းကလူေတြ အလုပ္ရွဴပ္မွာစိုးလို႔ အိမ္ျပန္ပါရေစတဲ့။ ဆရာေတာ္ခြင့္ျပဳတဲ့အခါ တတိယသမီးရဲ့ အိမ္ကို ျပန္ျပီး သမီးကို မွာၾကားဆံုးမစရာေတြ ေျပာတယ္။ က်န္ခဲ့တဲ့သူေတြ မပင္ပန္းရေအာင္ ေရမိုးခ်ဳိး၊ သနပ္ခါးေျခဆံုးေခါင္းဆံုးလိမ္းလို႔ အိပ္ရာ၀င္သြားျပီး ကြယ္လြန္သြားတယ္တဲ့။

သက္ေတာင့္သက္သာ ရွိလိုက္ပံုမ်ား။

ဒီလိုေလး ေသရရင္ ေကာင္းမွာပဲ။

ေရြးခြင့္ရွိရင္ေပါ့ေလ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:သႏၱာ၀င္း

#Unicode Version
ရန်ကုန်က လွစ္စလမ်းမှာ အိုင်းရစ်လူမျိုး ဘိုမကြီးတစ်ယောက်ရှိတယ်။ အသက် ၈၀ ကျော်ပြီ။ မြန်မာပြည်ကို ၁၉၆၅ လောက်ကတည်းကရောက်နေပြီး ဒီမှာပဲခေါင်းချတော့မယ်လို့ ဆုံးဖြတ်ထားသူပေါ့။ မြန်မာခင်ပွန်းလည်းကွယ်လွန်၊ သားသမီးလည်းမရှိလေတော့ အင်္ဂလိပ်စာဆရာမအလုပ်မှာ တပည့်တွေကိုပဲ အဖော်ပြုနေတာ။ တုန်ချိချိလို့တော့ မထင်လေနဲ့။ ကိုယ်တွေထက်သွက်သေးတယ်။ ၅ ထပ်တိုက်ကို အလေးအပင်တွေ မ လို့ မမောမပန်းတက်နေကျ။

တစ်နေ့တော့ သူကြည့်ရတဲ့ ဗီဒီယိုအခွေတစ်ခုအကြောင်း ပြောလာတယ်။ မိုးကုတ်ဝိပဿနာစခန်းက ဖြန့်ဝေတဲ့အခွေပါ။ ကျောက်မဲမြို့မှာ ၁၄ နှစ်အရွယ်မိန်းကလေး ကွယ်လွန်တဲ့အခါ ရုပ်အလောင်းက မယုံနိုင်လောက်အောင် ပျော့ပျော့ပြောင်းပြောင်းဖြစ်နေပုံကို ရိုက်ပြထားတာ။ မိန်းကလေးက ဝိပဿနာကျင့်စဉ်နဲ့ ကွယ်လွန်တာမို့ ပျော့ပြောင်းနေတယ်လို့ သက်သေပြတဲ့အနေနဲ့ အသေးစိတ်ရိုက်ထားတယ်။ ဆရာမကြီးမေးတာက ဒီ မိန်းကလေး တကယ်မသေဘူးထင်တယ်။ ဆရာဝန်တွေမှားသလားတဲ့။

ခရစ်ယာန်ဘာသာဝင်စစ်စစ်တစ်ယောက်ကို ဘယ်လိုရှင်းရပါ့။ လွယ်သလိုနဲ့ ခက်တယ်နော့။ အနောက်တိုင်းသားဖြစ်နေတဲ့အတွက် ပိုခက်သေး။ မယုံလွယ်တဲ့အပြင် အမေးအမြန်းကလည်းထူ။ ဒါတောင်မြန်မာပြည်မှာ နှစ် ၅၀ နီးပါးနေလာတာ။ ဒါဟာ ဗုဒ္ဓဘာသာမှာတော့ တရားရဲ့ဂုဏ်ကျေးဇူးကြောင့် ရုပ်ခန္ဓာဟာ ပျော့ပြောင်းတယ်လို့ ယုံကြည်ကြတဲ့အကြောင်း ရှင်းပြပါတယ်။ သူက ဒါ ဘယ်လိုဖြစ်နိုင်မှာလဲတဲ့။ သေရင် တောင့်တောင့်ကြီးဖြစ်နေရမယ်။ မီးသဂြိုလ်ခါနီးအထိ ဖယောင်းလေးလိုပျော့နေတဲ့ မိန်းကလေးဟာ မသေသေးဘူး။ မင်းတို့မို့ မီးရှိူ့ရက်လေခြင်း ဆိုပဲ။ ကိုယ်ကပဲ တရားခံကြီးလိုလို။ ဘယ့်နှယ့်လုပ်ကြ။

စိတ်ပိန်လာတာနဲ့ တရားသဘောဆိုတာ ပြောပြလို့မရဘူး၊ ကျင့်ကြည့်မှရတာ လို့အထက်စီးနဲ့ ပြောပစ်လိုက်တယ်။ သေမှမသေတာကို မီးရှိူ့ရက်တဲ့၊ မကြင်နာတတ်တဲ့သူတွေဆိုတဲ့ မျက်လုံးမျိုးနဲ့ ပြန်ကြည့်တယ်။ ဒုက္ခ။

ကိုယ့်မှာတော့ အဲဒီအခွေကြည့်ပြီး မေးခွန်းပေါ်လာတယ်။ ဘယ်လိုသေချင်လဲ။
ငယ်ငယ်တုန်းက ဆရာကြီးဦးငွေကြည်ရဲ့ ကာတွန်းတစ်ခုမှာ စောင့်နေတဲ့သား အချိန်မှီမရောက်လာလို့ ဖြောင့်ဖြောင့်မသေနိုင်ပဲ ကောက်ကောက်သေသွားတယ်ဆိုတဲ့ လူကြီးတစ်ယောက်ပုံကို ဆွဲထားတာမှတ်မိတယ်။ လက်တွေ ခြေတွေ ကွေးကောက်လို့။ ရယ်စရာလိုလိုနဲ့ တွေးစရာကြီး။ ဖြောင့်ချင်လား၊ ကောက်ချင်လား။

အင်မတန်ရင်းနှီးတဲ့သူငယ်ချင်းကတော့ သူ့အဖေ အကြောင်းပြောပြတယ်။ တရားသူကြီးဘဝကနေ ပင်စင်ယူတဲ့အထိ လာဘ်မစားခဲ့ဘူးတဲ့။ လာပေးလည်း မယူဘူး။ အိမ်ကိုလည်း မယူရဘူးမှာထားတယ်တဲ့။ အကြောင်းကတော့ ငါ သေရင်ဖြောင့်ဖြောင့်သေချင်တယ်လို့ ဆိုပါတယ်။ ဖြောင့်တယ်ဆိုတာ ဟိုကလေးမလေးလို ရုပ်ပျော့ပြောင်းတာလား၊ စိတ်ချလက်ချထားသွားတာလား။

ဆရာဝန်တစ်ယောက်ဘဝမှာ သေနည်းမျိုးစုံကို တွေ့ဖူးတယ်လို့ ဆိုရမယ်။ သိပ်အထူးဆန်းကြီးလည်း ဖြစ်တော့မနေဘူး။ သက်ကြီးရွယ်အိုတွေကြားမှာ၊ ကင်ဆာရောဂါသည်တွေကြားမှာ သေခြင်းဆိုတာ နေ့နဲ့ညတောင် သိပ်မကွဲ။ ရောဂါအနေနဲ့ ကြည့်ရင်တော့ အဆုပ်ရောဂါသည်တွေ အသက်မထွက်ခင် ဖုတ်လှိူက်ဖုတ်လှိူက် အတော်ခံရတာ။ နှလုံးရောဂါသည်တွေကတော့ ပြန်ရနိုးနိုး ရှော့ခ်ရိုက်ကြတာ တဒုန်းဒုန်းနဲ့ မြန်မှမြန်။ ကျောက်ကပ်သမားကတော့ နဲနဲသက်သာသလိုပဲ။ ကြာလာတော့ လူနာဆုံးခါနီးရင် ခန့်မှန်းတတ်လာတယ်။ မိသားစုကိုခေါ်ပြီး ကြိုသတိပေးထားရတာကိုး။ ဘယ်လောက်ခံဦးမလဲလို့ မေးလေ့ရှိကြတာကို ဖြေနိုင်ဖို့ အဆင်သင့်ပြင်ထားရတယ်။ အဆုပ်ဆို ၅ ရက်။ ကျောက်ကပ်ဆို ၃ ရက်။ မှန်းခြေပေါ့လေ။

မနေ့ကဖတ်ရတဲ့ စတိဗ်ဂျော့ရေးတဲ့စာထဲမှာ သူဟာ နံနက်တိုင်း အိပ်ရာထမှာ မှန်ထဲကြည့်ပြီး ဒီနေ့ ငါ သေရမယ်ဆိုရင် ဒီအလုပ်တွေကို ငါလုပ်ဦးမှာလားလို့ ကိုယ့်ကိုယ်ကို မေးသတဲ့။ ဟင့်အင်းဆိုတဲ့ နေ့တွေများလာပြီဆိုရင် အလုပ်ပြောင်းဖို့ အချိန်တန်ပြီဆိုပဲ။ ဒါနဲ့ပဲ ပန်းသီးပိုင်ရှင်လို့ ကမ္ဘာကျော်နာမည်တစ်လုံးချန်ထားရစ်ခဲ့နိုင်တာဖြစ်မယ်။ သေမင်းဆီက အတွင်းအားတစ်မျိုးကို လက်လွှဲရယူနိုင်ခဲ့သူပေါ့။

မေးကြည့်နေမိတယ်။ ဘယ်လိုသေချင်လဲ။

ဆရာတော် အရှင်ဇဝန ( မေတ္တာရှင်၊ ရွှေပြည်သာ ) ရဲ့ တရားတစ်ပုဒ်ထဲမှာတော့ တရားရိပ်သာက အမယ်အိုတစ်ယောက်ဟာ တစ်နေ့တော့ တရားပြဆရာတော်ကို လျှောက်သတဲ့။ တပည့်တော်မ ဒီနေ့ သေမှာမို့ စခန်းကလူတွေ အလုပ်ရှူပ်မှာစိုးလို့ အိမ်ပြန်ပါရစေတဲ့။ ဆရာတော်ခွင့်ပြုတဲ့အခါ တတိယသမီးရဲ့ အိမ်ကို ပြန်ပြီး သမီးကို မှာကြားဆုံးမစရာတွေ ပြောတယ်။ ကျန်ခဲ့တဲ့သူတွေ မပင်ပန်းရအောင် ရေမိုးချိုး၊ သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းလို့ အိပ်ရာဝင်သွားပြီး ကွယ်လွန်သွားတယ်တဲ့။

သက်တောင့်သက်သာ ရှိလိုက်ပုံများ။

ဒီလိုလေး သေရရင် ကောင်းမှာပဲ။

ရွေးခွင့်ရှိရင်ပေါ့လေ။


ဖိုးသူတော် (www.phothutaw.com)
Credit:သန္တာဝင်း
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top