Property Expo
×

စာဖတ္ပရိသတ္ေတြ သတိထားမိၾကမွာပါ။ တခ်ိဳ႕အနံ႔ေတြကိုရလိုက္ရင္ ကိုယ္ရဲ႕ျဖစ္ရပ္တစ္ခုခုကို သြားၿပီး အမွတ္ရသြားတာမ်ိဳးကိုေပါ့။ဥပမာအားျဖင့္ ေျမသင္းနံ႔သင္းသင္းေလးရလိုက္ရင္ မိုးတြင္းတစ္ခုတုန္းက
သြားလည္ခဲ့ဖူးတဲ့ နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕ကိုသြားၿပီး သတိရမိတာမ်ိဳး၊ပိေတာက္နံ႔ေလးရလိုက္ရင္ ကိုယ့္အိမ္ ေရွ႕မွာ ပိေတာက္ပန္းေတြ ေဝေနေအာင္ တစ္ေယာက္ေသာသူက လာထားခဲ့တဲ့ျဖစ္ရပ္ကို သတိရသြားတာမ်ိဳး ႀကံဳဖူးၾကမွာပါ။ အဲဒီအမွတ္တရ ျဖစ္ရပ္ကို ကြက္ကြက္ကြင္းကြင္း
ျပန္ျမင္ေယာင္မိတာေၾကာင့္ ကိုယ္ကိုယ္တိုင္ေတာင္အဲဒီကိုအခုပဲ ေရာက္သြားသလိုမ်ိဳး ျဖစ္တတ္ၾကပါတယ္။ ဘာေၾကာင့္ တခ်ိဳ႕အနံ႔ေတြကအဲသလိုျဖစ္ရပ္ေတြနဲ႔ သြားၿပီး ဆက္စပ္ေနရတာပါလဲ။============
အနံ႔တစ္ခုကို ခြဲျခမ္းစိတ္ျဖာရာမွာ မွတ္ဥာဏ္က အေရးႀကီးပါတယ္။ ကြ်န္မတို႔ဟာ ဘယ္အနံ႔က ဘာဆိုတာကို ေမြးကတည္းက တြဲၿပီးမွတ္လိုက္တာမ်ိဳး၊ ထင္းမီးေလာင္တဲ့အနံ႔ကို အနီးအနားမွာ မီးေလာင္ေနတယ္လို႔ မွတ္လိုက္တာမ်ိဳးလို အနံ႔နဲ႔ အျဖစ္အပ်က္၊ အရာဝတၳဳတို႔ကို တြဲၿပီး
မွတ္ထားတတ္ၾကပါတယ္။ မွတ္ဥာဏ္နဲ႔ အနံ႔ၾကားက ဆက္စပ္မႈက ဘာနံ႔
လဲဆိုတာကို ခြဲျခမ္းစိတ္ျဖာတာထက္ပိုပါတယ္။ တစ္ခါတစ္ရံမွာ အနံ႔ေတြ
က မွတ္ဥာဏ္ေတြကို ျပန္ေခၚတဲ့ ေနရာမွာ ေကာင္းလြန္းတာေၾကာင့္ ျဖစ္
ပ်က္ခဲ့သမွ်ကို ကြက္ကြက္ကြင္းကြင္း ျပန္ျမင္ေယာင္မိတဲ့အထိ ျဖစ္တတ္ပါ
တယ္။ ငယ္စဥ္က အျဖစ္အပ်က္ေတြကို ျပန္မွတ္မိတဲ့အထိ အနံ႔ေတြက
စြမ္းေဆာင္မႈ အားေကာင္းလြန္းလွပါတယ္။================
ဘာေၾကာင့္ ဒီေလာက္ေတာင္ မွတ္မိႏိုင္ေစသလဲဆိုတာကို သိပၸံပညာရွင္ေတြအေနနဲ႔ ေသခ်ာမသိေပမယ့္ အနံ႔ခံအာ႐ံုေတြက မွတ္ဥာဏ္နဲ႔စိတ္ခံစားမႈေတြကို ထိန္းခ်ဳပ္ေပးတဲ့ ဦးေႏွာက္အစိတ္အပိုင္းေတြနဲ႔ ဆက္
စပ္ေနတာကို ေလ့လာေတြ႕ရွိထားၾကပါတယ္။တခ်ိဳ႕ပညာရွင္ေတြကေတာ့အနံ႔ေတြက ျဖစ္ရပ္ေတြကို
 ျပန္ေခၚေပးႏိုင္ျခင္းဟာစိတ္ခံစားမႈေတြနဲ႔ဆက္စပ္ေနတာေၾကာင့္လို႔ယူဆထားၾကပါတယ္။
 ေလ့လာခ်က္ေတြအရဝမ္းသာျခင္း၊ စိတ္လႈပ္ရွားျခင္းတို႔လို ခံစားခ်က္ေတြ ျဖစ္ေပၚေနခ်ိန္မွာ
ထူးျခားတဲ့ အနံ႔တစ္ခုကို ႐ွဴ႐ိႈက္မိရင္ ေနာင္အဲဒီအနံ႔ရတိုင္း အဲဒီခံစားခ်က္ ေတြ ျပန္ေပၚလာတာကို ေတြ႕ရပါတယ္။==============
တျခားေလ့လာခ်က္ေတြအရ စာေမးပြဲေျဖဖို႔ စာက်က္ေနတဲ့ေက်ာင္းသားတစ္ေယာက္က စာက်က္ေနစဥ္မွာ စံပယ္ပန္းလိုအနံ႔တစ္မ်ိဳးမ်ိဳးကို ႐ွဴ႐ိႈက္ၿပီး က်က္ပါက စာေမးပြဲခန္းထဲမွာလည္း အဲဒီအနံ႔ကို ႐ွဴၿပီး
ေျဖရင္ စာပိုမွတ္မိတယ္လို႔လည္း ေတြ႕ရွိရပါတယ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
စာဖတ်ပရိသတ်တွေ သတိထားမိကြမှာပါ။ တချို့အနံ့တွေကိုရလိုက်ရင် ကိုယ်ရဲ့ဖြစ်ရပ်တစ်ခုခုကို သွားပြီး အမှတ်ရသွားတာမျိုးကိုပေါ့။ဥပမာအားဖြင့် မြေသင်းနံ့သင်းသင်းလေးရလိုက်ရင် မိုးတွင်းတစ်ခုတုန်းက
သွားလည်ခဲ့ဖူးတဲ့ နယ်မြို့လေးတစ်မြို့ကိုသွားပြီး သတိရမိတာမျိုး၊ပိတောက်နံ့လေးရလိုက်ရင် ကိုယ့်အိမ် ရှေ့မှာ ပိတောက်ပန်းတွေ ဝေနေအောင် တစ်ယောက်သောသူက လာထားခဲ့တဲ့ဖြစ်ရပ်ကို သတိရသွားတာမျိုး ကြုံဖူးကြမှာပါ။ အဲဒီအမှတ်တရ ဖြစ်ရပ်ကို ကွက်ကွက်ကွင်းကွင်း
ပြန်မြင်ယောင်မိတာကြောင့် ကိုယ်ကိုယ်တိုင်တောင်အဲဒီကိုအခုပဲ ရောက်သွားသလိုမျိုး ဖြစ်တတ်ကြပါတယ်။ ဘာကြောင့် တချို့အနံ့တွေကအဲသလိုဖြစ်ရပ်တွေနဲ့ သွားပြီး ဆက်စပ်နေရတာပါလဲ။============
အနံ့တစ်ခုကို ခွဲခြမ်းစိတ်ဖြာရာမှာ မှတ်ဉာဏ်က အရေးကြီးပါတယ်။ ကျွန်မတို့ဟာ ဘယ်အနံ့က ဘာဆိုတာကို မွေးကတည်းက တွဲပြီးမှတ်လိုက်တာမျိုး၊ ထင်းမီးလောင်တဲ့အနံ့ကို အနီးအနားမှာ မီးလောင်နေတယ်လို့ မှတ်လိုက်တာမျိုးလို အနံ့နဲ့ အဖြစ်အပျက်၊ အရာဝတ္ထုတို့ကို တွဲပြီး
မှတ်ထားတတ်ကြပါတယ်။ မှတ်ဉာဏ်နဲ့ အနံ့ကြားက ဆက်စပ်မှုက ဘာနံ့
လဲဆိုတာကို ခွဲခြမ်းစိတ်ဖြာတာထက်ပိုပါတယ်။ တစ်ခါတစ်ရံမှာ အနံ့တွေ
က မှတ်ဉာဏ်တွေကို ပြန်ခေါ်တဲ့ နေရာမှာ ကောင်းလွန်းတာကြောင့် ဖြစ်
ပျက်ခဲ့သမျှကို ကွက်ကွက်ကွင်းကွင်း ပြန်မြင်ယောင်မိတဲ့အထိ ဖြစ်တတ်ပါ
တယ်။ ငယ်စဉ်က အဖြစ်အပျက်တွေကို ပြန်မှတ်မိတဲ့အထိ အနံ့တွေက
စွမ်းဆောင်မှု အားကောင်းလွန်းလှပါတယ်။================
ဘာကြောင့် ဒီလောက်တောင် မှတ်မိနိုင်စေသလဲဆိုတာကို သိပ္ပံပညာရှင်တွေအနေနဲ့ သေချာမသိပေမယ့် အနံ့ခံအာရုံတွေက မှတ်ဉာဏ်နဲ့စိတ်ခံစားမှုတွေကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းတွေနဲ့ ဆက်
စပ်နေတာကို လေ့လာတွေ့ရှိထားကြပါတယ်။တချို့ပညာရှင်တွေကတော့အနံ့တွေက ဖြစ်ရပ်တွေကို

 ပြန်ခေါ်ပေးနိုင်ခြင်းဟာစိတ်ခံစားမှုတွေနဲ့ဆက်စပ်နေတာကြောင့်လို့ယူဆထားကြပါတယ်။

 လေ့လာချက်တွေအရဝမ်းသာခြင်း၊ စိတ်လှုပ်ရှားခြင်းတို့လို ခံစားချက်တွေ ဖြစ်ပေါ်နေချိန်မှာ
ထူးခြားတဲ့ အနံ့တစ်ခုကို ရှူရှိုက်မိရင် နောင်အဲဒီအနံ့ရတိုင်း အဲဒီခံစားချက် တွေ ပြန်ပေါ်လာတာကို တွေ့ရပါတယ်။==============
တခြားလေ့လာချက်တွေအရ စာမေးပွဲဖြေဖို့ စာကျက်နေတဲ့ကျောင်းသားတစ်ယောက်က စာကျက်နေစဉ်မှာ စံပယ်ပန်းလိုအနံ့တစ်မျိုးမျိုးကို ရှူရှိုက်ပြီး ကျက်ပါက စာမေးပွဲခန်းထဲမှာလည်း အဲဒီအနံ့ကို ရှူပြီး
ဖြေရင် စာပိုမှတ်မိတယ်လို့လည်း တွေ့ရှိရပါတယ


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top