Shwe Zabu River View Condominium Promotion
×






Credit:7Day Daily
Unicode Version

လက်တင် ဂရမ်မီဆုပေးပွဲတွင် နာမည်ကျော်အဆိုတော် ဂျနီဖာလိုပက်ဇ်က ခင်ပွန်းဟောင်း မာ့စ်အန်တိုနီအား  ဆုချီးမြှင့်သော အခမ်းအနားသို့ တက် ရောက်ခဲ့သည်။

ဂရမ်မီဆုပေးပွဲ၏ ယခုနှစ် အတွက် ဆုရရှိသူကို မကြေညာမီ ၎င်းတို့နှစ်ဦးသည် စတိတ်စင်ပေါ် တွင် အတူတကွ ဖျော်ဖြေခဲ့ကြ သည်။

၂၀၁၂ တွင် ကွာရှင်းခဲ့သော ၎င်းတို့အတွဲသည် ခုနစ်နှစ်ကြာ ပေါင်းသင်းခဲ့ပြီး သားသမီးနှစ်ဦး ရရှိခဲ့သည်။

ထို့နောက် မာ့စ်အန်တိုနီ သည် ၂၀၁၄ တွင် ဗင်နီဇွဲလား မော်ဒယ် ရှန်မွန် ဒီလီမာနှင့် လက် ထပ်ခဲ့သော်လည်း ဇနီးဟောင်း လိုပက်ဇ်နှင့် ကွာရှင်းပြီးကတည်း က ကောင်းမွန်သော ဆက်ဆံရေး ကျန်ရှိနေသေးသည်။

ပြီးခဲ့သည့်လက ဟီလာရီ ကလင်တန်၏ ရွေးကောက်ပွဲ မဲဆွယ်ပွဲများတွင် ၎င်းတို့နှစ်ဦး အတူတကွ ပေါ်ထွက်လာခဲ့ကြပြီး ဂျနီဖာလိုပက်ဇ်၏ တေးအယ်လ် ဘမ်အသစ်တွင် ထုတ်လုပ်သူတစ် ဦးအဖြစ် မာ့စ်အန်တိုနီက ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။       


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top