Property Expo
×

လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက ေလမိုးထန္ေသာ ညတစ္ညမွာ အဘိုးၾကီးနဲ႕ ဇနီးျဖစ္သူတုိ႕ဟာ အေမရိကန္ျပည္ေထာင္စု ဖီလာဒီဖီးယားရွိ ဟိုတယ္ေလးတစ္လံုးရဲ႕ ဧည့္ခန္းေလးထဲ ဝင္လာခဲ့ပါတယ္။ သူတုိ႕စံုတြဲဟာ မုိးခိုဖုိ႕ ၾကိဳးစားရင္း တစ္ညတာ ခိုလံႈရာရရန္ ေမွ်ာ္လင့္လွ်က္ ဧည့္ၾကိဳစားပြဲဆီ ေရာက္လာၾကပါတယ္။

“ကြ်န္ေတာ္တုိ႕အတြက္ အခန္းတစ္ခန္းေလာက္ ရႏိုင္မလား” အမ်ိဳးသားျဖစ္သူက ေမးလာပါတယ္။ေဖာ္ေရႊတတ္တဲ့စာေရးဟာစံုတြဲကို ႏွစ္လိုဖြယ္ရာ ျပံဳးၾကည့္ရင္း ျမိဳ႕ထဲတြင္ အစည္းအေဝး သံုးခုရွိေၾကာင္း ရွင္းျပခဲ့ပါတယ္။“အခန္းအားလံုး ျပည့္ေနပါျပီ”လို႕ စာေရးက ေျပာပါတယ္။ “ဒါေပမယ့္ မြန္ရည္တဲ့ ခင္ဗ်ားတို႕စံုတြဲကို နံနက္တစ္နာရီ အခ်ိန္မ်ိဳးမွာ မိုးရြာၾကီးထဲ မလႊတ္ရက္ပါဘူး။ ကြ်န္ေတာ့္အခန္းထဲ အိပ္နိုင္မလား။ ပရိေဘာဂ အစံုအလင္ မရွိေပမယ့္ ခင္ဗ်ားတုိ႕ႏွစ္ေယာက္ သက္ေသာင့္သက္သာ အနားယူဖုိ႕အတြက္ေတာ့ လံုေလာက္ပါတယ္”စံုတြဲက ျငင္းဆုိတဲ့အခါ
လူငယ္ေလးက ဆက္လက္ေျပာဆိုပါတယ္။ “ကြ်န္ေတာ့္အတြက္ေတာ့ မပူပါနဲ႕ဗ်ာ။ ကြ်န္ေတာ္ အဆင္ေျပေအာင္ လုပ္လုိက္ပါမယ္” လို႕ စာေရးက သူတုိ႕ကို ရွင္းျပခဲ့ပါတယ္။

ဒီေတာ့မွ စံုတြဲက (သူ႕အခန္းထဲအိပ္ဖို႕) သေဘာတူလုိက္တယ္။
ေနာက္တစ္ေန႕နံနက္တြင္ အဘုိးၾကီးက စာေရးကို ေငြေပးေခ်ရင္း ေျပာဆုိလုိက္ပါတယ္။ “ခင္ဗ်ားဟာ ၾကင္နာတတ္တဲ့ မန္ေနဂ်ာတစ္ေယာက္ပါ။ အေကာင္ဆံုး ဟိုတယ္ရဲ႕ သူေဌးပဲ ျဖစ္သင့္ပါတယ္။ တစ္ေန႕ေန႕မွာေတာ့ ကြ်န္ေတာ္ ခင္ဗ်ားအတြက္ အေကာင္းဆံုးဟိုတယ္တစ္လံုး တည္ေဆာက္ေပးနုိင္ေကာင္းပါရဲ႕”စာေရးက သူတုိ႕ကိုၾကည့္ရင္း ျပံဳးလုိက္ပါတယ္။

သူတုိ႕သံုးေယာက္လံုး ေပ်ာ္ရႊင္ေနခဲ့ၾကပါတယ္။ သူတုိ႕စံုတြဲ ကားေမာင္း
ထြက္လာစဥ္ ေဖာ္ေရႊမႈေရာ၊ အကူအညီေပးမႈေရာ ႏွစ္မ်ိဳးလံုးရွိတဲ့ လူမ်ိဳးဟာ ေတြ႕ဆံုရဖို႕ ခက္ခဲေပမယ့္ ဒီစာေရးကေတာ့ ခြင္းခ်က္ပင္ျဖစ္ေၾကာင္းအဘိုးၾကီးက လက္ခံသေဘာတူလိုက္ပါတယ္။ႏွစ္ႏွစ္တာ ကုန္ဆံုးခဲ့ေပျပီ။စာေရးဟာ ဒီအျဖစ္အပ်က္ကို ေမ့ေပ်ာက္လုနီးပါး ျဖစ္ေနတဲ့အခ်ိန္မွာ အဘိုးၾကီးထံကေန စာတစ္ေစာင္ လက္ခံရရွိခဲ့ပါတယ္။

စာထဲမွာ ေလမိုးထန္တဲ့ ညတစ္ညအေၾကာင္း ျပန္ေျပာျပထားျပီး လူငယ္ေလးကို နယူးေယာက္ျမိဳ႕သို႕ အလည္လာေရာက္ဖို႕ အသြားအျပန္ လက္မွတ္တစ္စံုကိုလည္း စာအိတ္ထဲ ထည့္ေပးလုိက္ပါတယ္။
အဘိုးၾကီးက သူ႕ကို နယူးေယာက္မွာ ေတြ႕တဲ့အခါ ရိပ္သာ(၅)လမ္းနဲ႕ (၃၄)လမ္းေထာင့္သို႕ ဦးေဆာင္ေခၚသြားပါတယ္။

အဲဒီေနာက္သူဟာ ေကာင္းကင္ျပင္ထိထုိးထြက္ေနတဲ့ ေမွ်ာ္စင္ေတြနဲ႕အတူနီၾကန္ၾကန္ ေက်ာက္တုန္းမ်ားျဖင့္ တည္ေဆာက္ထားတဲ့ အေဆာက္အဦးအသစ္ၾကီးကို ညႊန္ျပလိုက္ပါတယ္။

“ခင္ဗ်ား စီမံအုပ္ခ်ဳပ္ဖို႕အတြက္ ဒီဟိုတယ္ကို ကြ်န္ေတာ္ တည္ေဆာက္ထားတာပါ”လို႕ အဘုိးၾကီးက ေျပာလိုက္ပါတယ္။
“ခင္ဗ်ား ရယ္စရာ ေျပာေနတာပဲ ျဖစ္ရမယ္”လို႕ လူငယ္ေလးက ေျပာပါတယ္။
“ကြ်န္ေတာ္ ရယ္စရာ ေျပာတာမဟုတ္ေၾကာင္း အာမခံရဲပါတယ္”လို႕ အဘုိးၾကီးက ေဝခြဲရခက္ေသာ အျပံဳးျဖင့္ ေျပာဆိုလိုက္ပါတယ္။

အဘိုးၾကီးရဲ႕ နာမည္ကေတာ့ ဝီလီယံ ေဝါ့ေဒါ့ဖ္ အက္စ္တာျဖစ္ျပီး ခမ္းနားတဲ့ အေဆာက္အဦး အသစ္ၾကီးကေတာ့ ေဝါ့ေဒါ့ဖ္ အက္စ္တုိရီးယား ဟိုတယ္ျဖစ္ပါတယ္။ ဒီဟိုတယ္ရဲ႕ ပထမဦးဆံုး မန္ေနဂ်ာျဖစ္လာတဲ့ စာေရးေလးကေတာ့ ေဂ်ာ့ဂ်္ စီဘိုးဒ္ထ္ ျဖစ္ပါတယ္။ လူငယ္စာေရးေလးဟာ သူျပဳလုပ္ေပးခဲ့တဲ့ လုပ္ရပ္ေၾကာင့္ ကမၻာ့အေကာင္းဆံုးဟိုတယ္တစ္ခုရဲ႕ မန္ေနဂ်ာ ျဖစ္လာလိမ့္မယ္လို႕ ဘယ္တုန္းကမွ မစဥ္းစားခဲ့မိပါဘူး။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Nay Lin Aung

#Unicode Version
လွန်ခဲ့သော နှစ်ပေါင်းများစွာက လေမိုးထန်သော ညတစ်ညမှာ အဘိုးကြီးနဲ့ ဇနီးဖြစ်သူတို့ဟာ အမေရိကန်ပြည်ထောင်စု ဖီလာဒီဖီးယားရှိ ဟိုတယ်လေးတစ်လုံးရဲ့ ဧည့်ခန်းလေးထဲ ဝင်လာခဲ့ပါတယ်။ သူတို့စုံတွဲဟာ မိုးခိုဖို့ ကြိုးစားရင်း တစ်ညတာ ခိုလှုံရာရရန် မျှော်လင့်လျှက် ဧည့်ကြိုစားပွဲဆီ ရောက်လာကြပါတယ်။

“ကျွန်တော်တို့အတွက် အခန်းတစ်ခန်းလောက် ရနိုင်မလား” အမျိုးသားဖြစ်သူက မေးလာပါတယ်။ဖော်ရွှေတတ်တဲ့စာရေးဟာစုံတွဲကို နှစ်လိုဖွယ်ရာ ပြုံးကြည့်ရင်း မြို့ထဲတွင် အစည်းအဝေး သုံးခုရှိကြောင်း ရှင်းပြခဲ့ပါတယ်။“အခန်းအားလုံး ပြည့်နေပါပြီ”လို့ စာရေးက ပြောပါတယ်။ “ဒါပေမယ့် မွန်ရည်တဲ့ ခင်ဗျားတို့စုံတွဲကို နံနက်တစ်နာရီ အချိန်မျိုးမှာ မိုးရွာကြီးထဲ မလွှတ်ရက်ပါဘူး။ ကျွန်တော့်အခန်းထဲ အိပ်နိုင်မလား။ ပရိဘောဂ အစုံအလင် မရှိပေမယ့် ခင်ဗျားတို့နှစ်ယောက် သက်သောင့်သက်သာ အနားယူဖို့အတွက်တော့ လုံလောက်ပါတယ်”စုံတွဲက ငြင်းဆိုတဲ့အခါ
လူငယ်လေးက ဆက်လက်ပြောဆိုပါတယ်။ “ကျွန်တော့်အတွက်တော့ မပူပါနဲ့ဗျာ။ ကျွန်တော် အဆင်ပြေအောင် လုပ်လိုက်ပါမယ်” လို့ စာရေးက သူတို့ကို ရှင်းပြခဲ့ပါတယ်။

ဒီတော့မှ စုံတွဲက (သူ့အခန်းထဲအိပ်ဖို့) သဘောတူလိုက်တယ်။
နောက်တစ်နေ့နံနက်တွင် အဘိုးကြီးက စာရေးကို ငွေပေးချေရင်း ပြောဆိုလိုက်ပါတယ်။ “ခင်ဗျားဟာ ကြင်နာတတ်တဲ့ မန်နေဂျာတစ်ယောက်ပါ။ အကောင်ဆုံး ဟိုတယ်ရဲ့ သူဌေးပဲ ဖြစ်သင့်ပါတယ်။ တစ်နေ့နေ့မှာတော့ ကျွန်တော် ခင်ဗျားအတွက် အကောင်းဆုံးဟိုတယ်တစ်လုံး တည်ဆောက်ပေးနိုင်ကောင်းပါရဲ့”စာရေးက သူတို့ကိုကြည့်ရင်း ပြုံးလိုက်ပါတယ်။

သူတို့သုံးယောက်လုံး ပျော်ရွှင်နေခဲ့ကြပါတယ်။ သူတို့စုံတွဲ ကားမောင်း
ထွက်လာစဉ် ဖော်ရွှေမှုရော၊ အကူအညီပေးမှုရော နှစ်မျိုးလုံးရှိတဲ့ လူမျိုးဟာ တွေ့ဆုံရဖို့ ခက်ခဲပေမယ့် ဒီစာရေးကတော့ ခွင်းချက်ပင်ဖြစ်ကြောင်းအဘိုးကြီးက လက်ခံသဘောတူလိုက်ပါတယ်။နှစ်နှစ်တာ ကုန်ဆုံးခဲ့ပေပြီ။စာရေးဟာ ဒီအဖြစ်အပျက်ကို မေ့ပျောက်လုနီးပါး ဖြစ်နေတဲ့အချိန်မှာ အဘိုးကြီးထံကနေ စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။

စာထဲမှာ လေမိုးထန်တဲ့ ညတစ်ညအကြောင်း ပြန်ပြောပြထားပြီး လူငယ်လေးကို နယူးယောက်မြို့သို့ အလည်လာရောက်ဖို့ အသွားအပြန် လက်မှတ်တစ်စုံကိုလည်း စာအိတ်ထဲ ထည့်ပေးလိုက်ပါတယ်။
အဘိုးကြီးက သူ့ကို နယူးယောက်မှာ တွေ့တဲ့အခါ ရိပ်သာ(၅)လမ်းနဲ့ (၃၄)လမ်းထောင့်သို့ ဦးဆောင်ခေါ်သွားပါတယ်။

အဲဒီနောက်သူဟာ ကောင်းကင်ပြင်ထိထိုးထွက်နေတဲ့ မျှော်စင်တွေနဲ့အတူနီကြန်ကြန် ကျောက်တုန်းများဖြင့် တည်ဆောက်ထားတဲ့ အဆောက်အဦးအသစ်ကြီးကို ညွှန်ပြလိုက်ပါတယ်။

“ခင်ဗျား စီမံအုပ်ချုပ်ဖို့အတွက် ဒီဟိုတယ်ကို ကျွန်တော် တည်ဆောက်ထားတာပါ”လို့ အဘိုးကြီးက ပြောလိုက်ပါတယ်။
“ခင်ဗျား ရယ်စရာ ပြောနေတာပဲ ဖြစ်ရမယ်”လို့ လူငယ်လေးက ပြောပါတယ်။
“ကျွန်တော် ရယ်စရာ ပြောတာမဟုတ်ကြောင်း အာမခံရဲပါတယ်”လို့ အဘိုးကြီးက ဝေခွဲရခက်သော အပြုံးဖြင့် ပြောဆိုလိုက်ပါတယ်။

အဘိုးကြီးရဲ့ နာမည်ကတော့ ဝီလီယံ ဝေါ့ဒေါ့ဖ် အက်စ်တာဖြစ်ပြီး ခမ်းနားတဲ့ အဆောက်အဦး အသစ်ကြီးကတော့ ဝေါ့ဒေါ့ဖ် အက်စ်တိုရီးယား ဟိုတယ်ဖြစ်ပါတယ်။ ဒီဟိုတယ်ရဲ့ ပထမဦးဆုံး မန်နေဂျာဖြစ်လာတဲ့ စာရေးလေးကတော့ ဂျော့ဂျ် စီဘိုးဒ်ထ် ဖြစ်ပါတယ်။ လူငယ်စာရေးလေးဟာ သူပြုလုပ်ပေးခဲ့တဲ့ လုပ်ရပ်ကြောင့် ကမ္ဘာ့အကောင်းဆုံးဟိုတယ်တစ်ခုရဲ့ မန်နေဂျာ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:Nay Lin Aung
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top