Kantharyar Centre
×

ယခုလဆန္းက မက္ဆီကိုေခၚယူရန္ မန္စီးတီးအသင္း ႀကိဳး စားခဲ့သည္ဟု သတင္းထြက္ခဲ့ၿပီး ယခုတစ္ဖန္ ၎ကို ပီအက္စ္ဂ်ီက ေခၚယူႏိုင္ေၾကာင္း ျပင္သစ္သတင္းဌာန RTL က ေဖာ္ျပသည္။

အာဂ်င္တီးနားလက္ေရြးစင္မက္ဆီသည္ ဘာကာႏွင့္ စာခ်ဳပ္ သစ္ ခ်ဳပ္ဆိုျခင္း မရွိေသးဘဲ ပီအက္စ္ဂ်ီအသင္း ေဘာလံုးၫႊန္ ၾကားေရးမွဴး ပက္ထရစ္ကလိြဳင္းဗက္က မက္ဆီ၏ ဖခင္ႏွင့္ ေအး ဂ်င့္ေဂ်ာ့ခ်္တို႔ထံသုိ႔ ဆက္သြယ္ခ်ဥ္းကပ္မႈျပဳလုပ္ခဲ့ေၾကာင္း RTL သတင္းက ေဖာ္ျပသည္။

ကနဦး ဆက္သြယ္ခ်ဥ္းကပ္မႈမ်ားကို လာမည့္ သီတင္းပတ္မ်ား အတြင္း အရွိန္ျမႇင့္လုပ္ေဆာင္လာဖြယ္ရွိသည္ဟု ယင္းသတင္းက ဆိုသည္။

မက္ဆီသည္ ၎ (၁၃)ႏွစ္အရြယ္ကပင္ ေရာက္ရွိခဲ့ေသာ ဘာစီလုိနာအသင္း၌ပင္ ကစားသမားဘ၀ ၿပီးဆံုးခ်ိန္အထိ ဆက္လက္ရွိေနမည္ဟု ယံုၾကည္ေၾကာင္း ဘာစီလိုနာအသင္းမွ ထိပ္တန္းအ ရာရွိမ်ားက ေျပာၾကားသည္။

သို႔ေသာ္ ဘာစီလုိနာၾကယ္ပြင့္ေဟာင္း ကလိြဳင္းဗက္က မက္ ဆီကိုေခၚရန္ ကနဦးခ်ဥ္းကပ္မႈ ျပဳလုပ္ထားၿပီး ပီအက္စ္ဂ်ီသုိ႔ ၎ ေျပာင္းေရႊ႕ေရး လမ္းပြင့္လာႏုိင္သည္ဟု RTL သတင္းက ေဖာ္ျပ သည္။

အကယ္၍ ပီအက္စ္ဂ်ီက မက္ဆီကို ေခၚယူႏိုင္ခဲ့ပါက ယခု ရာစုႏွစ္၏ အႀကီးမားဆံုး အေျပာင္းအေရႊ႕တစ္ခု ျဖစ္လာႏိုင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ယခုလဆန်းက မက်ဆီကိုခေါ်ယူရန် မန်စီးတီးအသင်း ကြိုး စားခဲ့သည်ဟု သတင်းထွက်ခဲ့ပြီး ယခုတစ်ဖန် ၎င်းကို ပီအက်စ်ဂျီက ခေါ်ယူနိုင်ကြောင်း ပြင်သစ်သတင်းဌာန RTL က ဖော်ပြသည်။

အာဂျင်တီးနားလက်ရွေးစင်မက်ဆီသည် ဘာကာနှင့် စာချုပ် သစ် ချုပ်ဆိုခြင်း မရှိသေးဘဲ ပီအက်စ်ဂျီအသင်း ဘောလုံးညွှန် ကြားရေးမှူး ပက်ထရစ်ကလွိုင်းဗက်က မက်ဆီ၏ ဖခင်နှင့် အေး ဂျင့်ဂျော့ချ်တို့ထံသို့ ဆက်သွယ်ချဉ်းကပ်မှုပြုလုပ်ခဲ့ကြောင်း RTL သတင်းက ဖော်ပြသည်။

ကနဦး ဆက်သွယ်ချဉ်းကပ်မှုများကို လာမည့် သီတင်းပတ်များ အတွင်း အရှိန်မြှင့်လုပ်ဆောင်လာဖွယ်ရှိသည်ဟု ယင်းသတင်းက ဆိုသည်။

မက်ဆီသည် ၎င်း (၁၃)နှစ်အရွယ်ကပင် ရောက်ရှိခဲ့သော ဘာစီလိုနာအသင်း၌ပင် ကစားသမားဘ၀ ပြီးဆုံးချိန်အထိ ဆက်လက်ရှိနေမည်ဟု ယုံကြည်ကြောင်း ဘာစီလိုနာအသင်းမှ ထိပ်တန်းအ ရာရှိများက ပြောကြားသည်။

သို့သော် ဘာစီလိုနာကြယ်ပွင့်ဟောင်း ကလွိုင်းဗက်က မက် ဆီကိုခေါ်ရန် ကနဦးချဉ်းကပ်မှု ပြုလုပ်ထားပြီး ပီအက်စ်ဂျီသို့ ၎င်း ပြောင်းရွှေ့ရေး လမ်းပွင့်လာနိုင်သည်ဟု RTL သတင်းက ဖော်ပြ သည်။

အကယ်၍ ပီအက်စ်ဂျီက မက်ဆီကို ခေါ်ယူနိုင်ခဲ့ပါက ယခု ရာစုနှစ်၏ အကြီးမားဆုံး အပြောင်းအရွှေ့တစ်ခု ဖြစ်လာနိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top