Property Expo
×

    လူ၁၄ဦးေသဆုံးခဲ့သည့္ ေျခာက္ဘီးကားတိမ္းေမွာက္မႈကုိေတြ႕ရစဥ္
           
မႏၲေလးတုိင္းေဒသႀကီး သပိတ္က်င္းၿမိဳ႕နယ္ မႏၲေလး- ဗန္းေမာ္ကားလမ္းမႀကီး ေက်ာက္ ကဲြလမ္းေကြ႕တြင္ ေျခာက္ဘီး ကားတစ္စီးတိမ္းေမွာက္၍ ၁၄ ဦး ေသဆံုးၿပီး ၃၃ ဦး ဒဏ္ရာရရွိ ေၾကာင္း သတင္းရရွိသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈ သည္ ေအာက္တိုဘာ ၂၀ ရက္ နံနက္ ၉ နာရီခဲြခန္႔က ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ျမင္းၿခံၿမိဳ႕နယ္ ေက်းရြာမ်ားရွိ ရြာသူရြာသား ၅၀ ေက်ာ္သည္ ဆက္သြယ္ေရးေကဘယ္ႀကိဳးေျမာင္းတူးရန္ ဖားကန္႔ၿမိဳ႕သို႔ ယင္းေျခာက္ဘီးကားျဖင့္ လုိက္ပါသြားစဥ္တိမ္းေမွာက္ ခဲ့ၿပီး ကားေပၚ   လိုက္ပါလာသူမ်ားအ နက္ ေနရာတြင္ပင္ ကိုးဦးေသဆံုး ကာ ေဆး႐ံုအေရာက္တြင္ ငါးဦးထပ္မံေသဆံုးေၾကာင္း  သပိတ္ က်င္းၿမိဳ႕မရဲတပ္ဖဲြ႕စခန္းမွ စံုစမ္း သိရသည္။

ေသဆံုးသူမ်ားမွာ ကေလး ႏွစ္ဦးအပါအ၀င္ အမ်ိဳးသားငါး ဦး၊ အမ်ိဳးသမီး ကိုးဦးျဖစ္ၿပီး ဒဏ္ ရာရရွိသူမ်ားကို သပိတ္က်င္းၿမိဳ႕ နယ္ ျပည္သူ႔ေဆး႐ံုႀကီးမွတစ္ဆင့္ မႏၲေလးျပည္သူ႔ေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သပိတ္ က်င္းၿမိဳ႕မရဲတပ္ဖဲြ႕စခန္းမွဴး ဒုရဲ မွဴး ထိန္လင္းေအာင္က ေျပာ သည္။‘‘လမ္းကေတာ့ ေကာင္း တယ္။ ေမွာက္လိုက္ရင္လည္း ယာဥ္ေမာင္းမကၽြမ္းက်င္လို႔ျဖစ္ တာမ်ားတယ္။ အဆင္းက နည္းနည္းရွည္ေပမယ့္ အရမ္း မတ္ေစာက္မေနဘူး။ အရွိန္ပါ ေတာ့ လူေတြကို လြင့္စဥ္သလို ျဖစ္သြားတာ။ ေဘးမွာလည္း ေက်ာက္တံုးေတြရွိတယ္။ အခု ေလာေလာဆယ္ေတာ့ စိုးရိမ္ရ တဲ့လူနာေတြကို မႏၲေလးေဆး႐ံု ႀကီးကုိ တိုက္႐ိုက္ပို႔ေပးေနတယ္။ စိုးရိမ္ရတဲ့လူနာေတြလည္း ရွိပါ ေသးတယ္။ တခ်ိဳ႕ဆိုရင္ သတိ ေတာင္မရေသးပါဘူး’’ဟု ဒုရဲမွဴး ထိန္လင္းေအာင္က ေျပာသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းမွာ    ေဆးကုသမႈ ခံယူေနၿပီး ၎ကို ျပစ္မႈပုဒ္မ ၃၀၄ (က)ျဖင့္     အေရးယူရန္ စီစဥ္ထားေၾကာင္း သပိတ္က်င္း ၿမိဳ႕မရဲတပ္ဖဲြ႕စခန္းမွ စံုစမ္းသိရ သည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈ ျဖစ္ပြားသည့္ေနရာ၌ လြန္ခဲ့ သည့္ ၂ ႏွစ္ခန္႔က ယာဥ္တိမ္းေမွာက္၍ ၂၀ ေက်ာ္     ေသဆံုးခဲ့ေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် မန္တလေး- ဗန်းမော်ကားလမ်းမကြီး ကျောက် ကွဲလမ်းကွေ့တွင် ခြောက်ဘီး ကားတစ်စီးတိမ်းမှောက်၍ ၁၄ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိ ကြောင်း သတင်းရရှိသည်။

အဆိုပါယာဉ်တိမ်းမှောက်မှု သည် အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြင်းခြံမြို့နယ် ကျေးရွာများရှိ ရွာသူရွာသား ၅၀ ကျော်သည် ဆက်သွယ်ရေးကေဘယ်ကြိုးမြောင်းတူးရန် ဖားကန့်မြို့သို့ ယင်းခြောက်ဘီးကားဖြင့် လိုက်ပါသွားစဉ်တိမ်းမှောက် ခဲ့ပြီး ကားပေါ်   လိုက်ပါလာသူများအ နက် နေရာတွင်ပင် ကိုးဦးသေဆုံး ကာ ဆေးရုံအရောက်တွင် ငါးဦးထပ်မံသေဆုံးကြောင်း  သပိတ် ကျင်းမြို့မရဲတပ်ဖွဲ့စခန်းမှ စုံစမ်း သိရသည်။

သေဆုံးသူများမှာ ကလေး နှစ်ဦးအပါအဝင် အမျိုးသားငါး ဦး၊ အမျိုးသမီး ကိုးဦးဖြစ်ပြီး ဒဏ် ရာရရှိသူများကို သပိတ်ကျင်းမြို့ နယ် ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သပိတ် ကျင်းမြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲ မှူး ထိန်လင်းအောင်က ပြော သည်။‘‘လမ်းကတော့ ကောင်း တယ်။ မှောက်လိုက်ရင်လည်း ယာဉ်မောင်းမကျွမ်းကျင်လို့ဖြစ် တာများတယ်။ အဆင်းက နည်းနည်းရှည်ပေမယ့် အရမ်း မတ်စောက်မနေဘူး။ အရှိန်ပါ တော့ လူတွေကို လွင့်စဉ်သလို ဖြစ်သွားတာ။ ဘေးမှာလည်း ကျောက်တုံးတွေရှိတယ်။ အခု လောလောဆယ်တော့ စိုးရိမ်ရ တဲ့လူနာတွေကို မန္တလေးဆေးရုံ ကြီးကို တိုက်ရိုက်ပို့ပေးနေတယ်။ စိုးရိမ်ရတဲ့လူနာတွေလည်း ရှိပါ သေးတယ်။ တချို့ဆိုရင် သတိ တောင်မရသေးပါဘူး’’ဟု ဒုရဲမှူး ထိန်လင်းအောင်က ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းမှာ    ဆေးကုသမှု ခံယူနေပြီး ၎င်းကို ပြစ်မှုပုဒ်မ ၃၀၄ (က)ဖြင့်     အရေးယူရန် စီစဉ်ထားကြောင်း သပိတ်ကျင်း မြို့မရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရ သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည့်နေရာ၌ လွန်ခဲ့ သည့် ၂ နှစ်ခန့်က ယာဉ်တိမ်းမှောက်၍ ၂၀ ကျော်     သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top