Property Expo
×




Credit:Duwun

Unicode Version

တရုတ်နိုင်ငံဟာ တစ်နိုင်ငံလုံး ဆေးလိပ်သောက်သုံးခြင်းကို ဒီနှစ်အကုန်မှာ ပြဌားန်ဖို့ ကြိုးစားနေပါတယ်။

အမျိုးသားကျန်းမာရေးနဲ့ အိမ်ထောင်စုဆိုင်ရာ စီမံခန့်ခွဲရေး ကော်မရှင်က အကြီးတန်းအရာရှိတစ်ဦးက အဆိုပါ ဥပေဒကို နိုဝင်ဘာ ၂၂ ရက်နေ့က တင်ပြခဲ့တာ ဖြစ်ပြီး နိုင်ငံတွင်းက အများပြည်သူဆိုင်ရာ နေရာတွေအကုန်လုံးမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်မှာ ဖြစ်ပါတယ်။ အများပြည်သူဆိုင်ရာ အဆောက်အဦးတွင်း၊  သယ်ယူပို့ဆောင်ရေးဆိုင်ရာနေရာ၊ လုပ်ငန်းခွင်၊ ကျောင်း၊ဆေးရုံ၊ သမိုင်းဝင်အဆောက်အဦးနဲ့ စတဲ့ နေရာတွေမျာ တားမြစ်မှာ ဖြစ်ပါတယ်။

အဆိုပါ ဥပဒေသစ်ကို ချိုးဖောက်သူတွေဟာ တရုတ်ယွန်ငွေ ၅၀၀ ပေးဆောင်ရမှာ ဖြစ်ပြီး ချိုးဖောက်တဲ့ ကုမ္ပဏီအစုအဖွဲ့ကတော့ ယွန်ငွေ သုံးသောင်းနဲ့ လုပ်ငန်းလိုင်စင် ရုတ်သိမ်းခံရနိုင်တယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်ကလည်း တရုတ်နိုင်ငံဟာ အခုလို ဥပဒေမျိုး ပြဌာန်းခဲ့ဖူးပြီး အောင်မြင်ခြင်းမရှိခဲ့ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top