Property Expo
×

ေလထုညစ္ညမ္းမႈေၾကာင့္ ကေလးငယ္မ်ား အသက္႐ွဴလမ္း ေၾကာင္းဆုိင္ရာေရာဂါမ်ား ျဖစ္ေပၚလာႏုိင္သည့္ အႏၲရာယ္ပိုမ်ားၿပီး အရြယ္ေရာက္ၿပီးသူမ်ားႏွင့္ ႏႈိင္းယွဥ္ပါက က်န္းမာေရးဆုိင္ရာ ႐ႈပ္ ေထြးမႈမ်ား ျဖစ္ေပၚလာႏုိင္ေျခပုိမ်ားသျဖင့္ ကာကြယ္ႏုိင္မည့္နည္း လမ္းမ်ားကို ေဖာ္ျပလုိက္သည္။


ကေလးငယ္မ်ားကုိ ယာဥ္ေၾကာအခ်ိန္ၾကာျမင့္စြာ ပိတ္မိမႈမွ ေရွာင္ရွားခုိင္းသင့္ၿပီး ယင္းသုိ႔ပိတ္မိေနစဥ္ ေမာ္ေတာ္ယာဥ္မွန္တံခါး မ်ားကို ပိတ္ထားသင့္သည္။

မ်က္စိမ်ားႏွင့္ မ်က္ႏွာ၊ ႏွာေခါင္းတုိ႔ကုိ ကာကြယ္ႏုိင္ရန္ လက္ ကုိင္ပ၀ါ (သို႔မဟုတ္) မ်က္ႏွာဖံုးစြပ္ႏွင့္ မ်က္မွန္တုိ႔ အသံုးျပဳသင့္ သည္။ အျပင္မွ ျပန္လာတုိင္း ေရခ်ိဳးျခင္း (သုိ႔မဟုတ္) ေဆးေၾကာ သန္႔စင္ျခင္းတို႔ ျပဳလုပ္ရန္လိုၿပီး အ၀တ္အစားလဲလွယ္ရန္ လုိသည္။

မီးခိုးထုတ္လႊတ္မႈမ်ားေသာေနရာမ်ားတြင္ ကစားျခင္းကို ကေလးမ်ား ေရွာင္ရွားသင့္သည္။ လူသြားလူလာမ်ားေသာ လမ္းမ်ား၊လူေနထူထပ္ေသာ ေဒသမ်ားကို ကေလးမ်ားေရွာင္ရွားသင့္ၿပီး ေရာဂါမ၀င္ေရာက္ေစေရး ယင္းေဒသမ်ားသုိ႔ သြားလာသည့္အခါ မ်က္ႏွာဖံုးစြပ္သင့္သည္။

ကေလးမ်ားအသက္႐ွဴေလ့က်င့္ခန္းလုပ္ရန္လိုၿပီး သန္႔ရွင္း လတ္ဆတ္ေသာ ေလထုရိွရာေနရာမ်ားတြင္ အသက္႐ွဴေလ့က်င့္ ခန္းလုပ္ျခင္းျဖင့္ အက်ိဳးေက်းဇူးမ်ား ပုိမိုရရိွမည္ျဖစ္သည္။ ေလထု ထဲတြင္ ပါ၀င္ေသာ အလြန္ေသးငယ္သည့္ အမႈန္အမႊားမ်ားအသက္ ႐ွဴလမ္းေၾကာင္းထဲသုိ႔ မ၀င္ေစရန္ အေရးႀကီးသည္။

ဗီတာမင္စီပမာဏေလ်ာ့နည္းသူမ်ားသည္ အသက္႐ွဴျခင္းႏွင့္ ဆုိင္ေသာ ျပႆနာမ်ားျဖစ္လြယ္ေၾကာင္း ေလ့လာေတြ႕ရိွမႈမ်ားက ေဖာ္ျပသျဖင့္ ဗီတာမင္စီပါ၀င္ေသာ အစားအစာမ်ား စားေပးသင့္ သည္။

ေနအိမ္ထဲ၌ ေလသန္႔စင္ေပးႏုိင္ေသာ အပင္မ်ားရိွျခင္းေၾကာင့္ အက်ိဳးေက်းဇူးမ်ားရရိွႏုိင္ၿပီး ေလသန္႔စင္စက္မ်ားျဖင့္လည္း ေနအိမ္ တြင္း သန္႔စင္ေသာ ေလထုကုိရရိွႏုိင္မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

လထုညစ်ညမ်းမှုကြောင့် ကလေးငယ်များ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ပိုများပြီး အရွယ်ရောက်ပြီးသူများနှင့် နှိုင်းယှဉ်ပါက ကျန်းမာရေးဆိုင်ရာ ရှုပ် ထွေးမှုများ ဖြစ်ပေါ်လာနိုင်ခြေပိုများသဖြင့် ကာကွယ်နိုင်မည့်နည်း လမ်းများကို ဖော်ပြလိုက်သည်။


ကလေးငယ်များကို ယာဉ်ကြောအချိန်ကြာမြင့်စွာ ပိတ်မိမှုမှ ရှောင်ရှားခိုင်းသင့်ပြီး ယင်းသို့ပိတ်မိနေစဉ် မော်တော်ယာဉ်မှန်တံခါး များကို ပိတ်ထားသင့်သည်။

မျက်စိများနှင့် မျက်နှာ၊ နှာခေါင်းတို့ကို ကာကွယ်နိုင်ရန် လက် ကိုင်ပဝါ (သို့မဟုတ်) မျက်နှာဖုံးစွပ်နှင့် မျက်မှန်တို့ အသုံးပြုသင့် သည်။ အပြင်မှ ပြန်လာတိုင်း ရေချိုးခြင်း (သို့မဟုတ်) ဆေးကြော သန့်စင်ခြင်းတို့ ပြုလုပ်ရန်လိုပြီး အဝတ်အစားလဲလှယ်ရန် လိုသည်။

မီးခိုးထုတ်လွှတ်မှုများသောနေရာများတွင် ကစားခြင်းကို ကလေးများ ရှောင်ရှားသင့်သည်။ လူသွားလူလာများသော လမ်းများ၊လူနေထူထပ်သော ဒေသများကို ကလေးများရှောင်ရှားသင့်ပြီး ရောဂါမဝင်ရောက်စေရေး ယင်းဒေသများသို့ သွားလာသည့်အခါ မျက်နှာဖုံးစွပ်သင့်သည်။

ကလေးများအသက်ရှူလေ့ကျင့်ခန်းလုပ်ရန်လိုပြီး သန့်ရှင်း လတ်ဆတ်သော လေထုရှိရာနေရာများတွင် အသက်ရှူလေ့ကျင့် ခန်းလုပ်ခြင်းဖြင့် အကျိုးကျေးဇူးများ ပိုမိုရရှိမည်ဖြစ်သည်။ လေထု ထဲတွင် ပါဝင်သော အလွန်သေးငယ်သည့် အမှုန်အမွှားများအသက် ရှူလမ်းကြောင်းထဲသို့ မဝင်စေရန် အရေးကြီးသည်။

ဗီတာမင်စီပမာဏလျော့နည်းသူများသည် အသက်ရှူခြင်းနှင့် ဆိုင်သော ပြဿနာများဖြစ်လွယ်ကြောင်း လေ့လာတွေ့ရှိမှုများက ဖော်ပြသဖြင့် ဗီတာမင်စီပါဝင်သော အစားအစာများ စားပေးသင့် သည်။

နေအိမ်ထဲ၌ လေသန့်စင်ပေးနိုင်သော အပင်များရှိခြင်းကြောင့် အကျိုးကျေးဇူးများရရှိနိုင်ပြီး လေသန့်စင်စက်များဖြင့်လည်း နေအိမ် တွင်း သန့်စင်သော လေထုကိုရရှိနိုင်မည်ဖြစ်သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top