Property Expo
×

 ေနျပည္ေတာ္၌ ႏုိ၀င္ဘာ ၂၉ ရက္က က်င္းပၿပီးစီးခဲ့သည့္ ႏွစ္လယ္ျမန္မာ့ေက်ာက္မ်က္ရတနာျပပဲြတြင္ ေက်ာက္စိမ္းအတဲြေပါင္း ၄,၀၈၅ တဲြမွ ယူ႐ို ၃၂၇ ဒသမ ၆၉ သန္း ေရာင္းခ်ခဲ့ရေၾကာင္း ျပပြဲ က်င္းပေရးေကာ္မတီက သတင္းထုတ္ျပန္သည္။

 ႏွစ္လယ္ ျမန္မာ့ေက်ာက္ မ်က္ရတနာျပပဲြသို႔ အိတ္ဖြင့္တင္ ဒါစနစ္ျဖင့္ ေက်ာက္မ်က္အတဲြ ၃၀၇ တဲြ တင္ျပခဲ့ရာ ၃၄ တဲြမွ ယူ႐ို ၀ ဒသမ ၇၂ သန္းေရာင္းခ် ခဲ့ရသည္။ ေစ်းၿပိဳင္စနစ္ျဖင့္ ၁၃၂ တဲြမွ ၁၀ တဲြေရာင္းခ်ခဲ့ရၿပီး ယူ႐ို ၀ ဒသမ ၉၅ သန္း ရရွိခဲ့သည္။

အိတ္ဖြင့္တင္ဒါ စနစ္ျဖင့္ ေက်ာက္စိမ္းအတဲြ ၅,၉၂၂ တဲြ တင္ျပခဲ့ၿပီး ၄,၀၂၇ တဲြမွ ယူ႐ို ၃၀၆ ဒသမ ၉၀ သန္းရရွိခဲ့သည္။ ေစ်းၿပိဳင္စနစ္ျဖင့္ ၆၆ တဲြတင္ျပခဲ့ ရာ ၁၄ တဲြမွ ယူ႐ုိ ၁၉ ဒသမ ၁၂ သန္းေရာင္းခ်ခဲ့ရသည္။ ၀ယ္ယူခဲ့ ေသာ စာရင္းမ်ားအရ ေစ်းၿပိဳင္ စနစ္ျဖင့္ ၀ယ္ယူရမႈထက္ အိတ္ ဖြင့္တင္ဒါစနစ္ျဖင့္ ၀ယ္ယူရမႈကို ကုန္သည္မ်ားက ပုိမုိစိတ္၀င္စားမႈ ရွိေၾကာင္း သိရသည္။

‘‘လူနည္းတဲ့အတြက္ ေစ်း ၿပိဳင္ကို မထားရဲၾကတာ။ တင္ဒါ က်ေတာ့ လူမ်ားတဲ့အတြက္ ကုန္ သည္အားလံုးထဲမွာမွ ဘယ္သူ ေစ်းပိုေပးလို႔ ေပးမွန္းမသိတဲ့ အ ေနအထားမ်ိဳးကို လိုခ်င္တာ။ ေစ်းၿပိဳင္က်ေတာ့ အတဲြကလည္း နည္းသြားတယ္။ လူကလည္း ေတာ္ေတာ္ေလး  နည္းသြားပါ တယ္’’ဟု ေက်ာက္စိမ္းလုပ္ငန္း ေကာ္မတီအတြင္းေရးမွဴး ဦးမင္း သူက ေျပာသည္။

ေစ်းၿပိဳင္စနစ္ႏွင့္ အိတ္ဖြင့္ တင္ဒါစနစ္ႏွစ္မ်ိဳး ေရာင္းခ်ရာ တြင္ ေစ်းၿပိဳင္စနစ္၌ လူစိတ္၀င္ စားမႈနည္းသည့္အေပၚ ျပပဲြက်င္း ပေရးေကာ္မတီက ျပန္လည္တင္ ျပသံုးသပ္မည္ဟု ဆုိသည္။

 ျပပဲြတြင္ တင္ဒါစနစ္ျဖင့္ ေရာင္းခ်ရာ၌ သတ္မွတ္ၾကမ္းခင္း ေစ်းနည္းေသာ္လည္း အိတ္ဖြင့္ တင္ဒါေစ်း ပိုမို ရရွိသြားေသာ ေက်ာက္တဲြမ်ားလည္းရွိခဲ့ၿပီး အ မ်ားစုမွာ တ႐ုတ္ျပည္မႀကီးမွ တင္ဒါေအာင္သူမ်ားျဖစ္ေၾကာင္း ေက်ာက္စိမ္းလုပ္ငန္း ေကာ္မတီ အတြင္းေရးမွဴးျဖစ္သူ ဦးမင္းသူ က ေျပာသည္။

ယခုႏွစ္ျပပဲြတြင္ တင္ဒါစနစ္ ျဖင့္ ၾကမ္းခင္းေစ်း ငါးသိန္းတင္ ျပရာ ယူ႐ုိ ကုိးသန္းေက်ာ္ျဖင့္ အ မ်ားဆံုးရရွိခဲ့ၿပီး ေစ်းၿပိဳင္စနစ္၌ ၾကမ္းခင္းေစ်း တစ္သိန္းေက်ာ္မွ အျမင့္ဆံုး ေလးသန္းရရွိခဲ့သည္။

‘‘၀ယ္တဲ့သူေတြ အမ်ားစုက ေတာ့ တ႐ုတ္ျပည္မႀကီးကပဲ’’ဟု ဦးမင္းသူက ဆုိသည္။

 ၂၀၁၆ ႏွစ္လယ္ ျမန္မာ့ ေက်ာက္မ်က္ရတနာ ျပပြဲတြင္ ေရာင္းခ်ရမႈစာရင္းမ်ားကုိ က်င္း ပေရးေကာ္မတီ၏ ထုတ္ျပန္ခ်က္ အရ ႏုိ၀င္ဘာ ၂၂ ရက္ကစတင္ ကာ အိတ္ဖြင့္တင္ဒါႏွင့္ ေစ်းၿပိဳင္ ႏွစ္မ်ိဳးျဖင့္ ေက်ာက္မ်က္ ၄၄ တဲြ ေရာင္းခ်ခဲ့ရၿပီး ယူ႐ို ၁ ဒသမ ၆၇ သန္းရရွိခဲ့သည္။

ေက်ာက္စိမ္းေရာင္းခ်မႈကုိ အိတ္ဖြင့္တင္ဒါႏွင့္ ေစ်းၿပိဳင္စနစ္ ႏွစ္မ်ိဳးျဖင့္ ေန႔အလုိက္ထုတ္ျပန္ ခဲ့ၿပီး ႏုိ၀င္ဘာ ၂၃ ရက္တြင္ ၉၄၇ တဲြမွ ယူ႐ို ၄၃ ဒသမ ၉၅ သန္း ကိုလည္းေကာင္း၊ ႏုိ၀င္ဘာ ၂၄ ရက္တြင္ ၇၀၄ တဲြမွ ၅၄ ဒသမ ၂၈ သန္းကိုလည္းေကာင္း၊ ႏုိ၀င္ ဘာ ၂၅ ရက္တြင္ ၈၂၈ တြဲမွ ယူ႐ုိ ၇၇ ဒသမ ၂၇ သန္းကုိ လည္း ေကာင္း၊ ႏုိ၀င္ဘာ ၂၆ ရက္တြင္ ၈၆၅ တဲြမွ ယူ႐ုိ ၉၅ ဒသမ ၆၅ သန္းကိုလည္းေကာင္း၊ ႏုိ၀င္ဘာ ၂၇ ရက္တြင္ ၆၈၃ တဲြမွ ယူ႐ို ၃၅ ဒသမ ၇၅ သန္းကိုလည္းေကာင္း၊ ႏုိ၀င္ဘာ ၂၈ ရက္တြင္ ရွစ္တဲြမွ ယူ႐ို ၁၁ ဒသမ ၀၅ သန္းကိုလည္း ေကာင္း၊ ႏုိ၀င္ဘာ ၂၉ ရက္တြင္ အတဲြ ေျခာက္တဲြမွ ယူ႐ုိ ၈ ဒသမ ၀၇ သန္းရရွိခဲ့သည္။

ယခု က်င္းပျပဳလုပ္ခဲ့သည့္ ႏွစ္လယ္ျပပဲြသို႔ တ႐ုတ္၊ စင္ကာပူ ႏွင့္ ထိုင္းႏုိင္ငံတို႔မွ ကုမၸဏီ၁,၃၀၀ ေက်ာ္ႏွင့္ လူပုဂၢိဳလ္ ၃,၅၀၀ေက်ာ္ တက္ေရာက္ခဲ့ေၾကာင္း ျပပဲြက်င္းပေရးေကာ္မတီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 နေပြည်တော်၌ နိုဝင်ဘာ ၂၉ ရက်က ကျင်းပပြီးစီးခဲ့သည့် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄,၀၈၅ တွဲမှ ယူရို ၃၂၇ ဒသမ ၆၉ သန်း ရောင်းချခဲ့ရကြောင်း ပြပွဲ ကျင်းပရေးကော်မတီက သတင်းထုတ်ပြန်သည်။

 နှစ်လယ် မြန်မာ့ကျောက် မျက်ရတနာပြပွဲသို့ အိတ်ဖွင့်တင် ဒါစနစ်ဖြင့် ကျောက်မျက်အတွဲ ၃၀၇ တွဲ တင်ပြခဲ့ရာ ၃၄ တွဲမှ ယူရို ၀ ဒသမ ၇၂ သန်းရောင်းချ ခဲ့ရသည်။ ဈေးပြိုင်စနစ်ဖြင့် ၁၃၂ တွဲမှ ၁၀ တွဲရောင်းချခဲ့ရပြီး ယူရို ၀ ဒသမ ၉၅ သန်း ရရှိခဲ့သည်။

အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ကျောက်စိမ်းအတွဲ ၅,၉၂၂ တွဲ တင်ပြခဲ့ပြီး ၄,၀၂၇ တွဲမှ ယူရို ၃၀၆ ဒသမ ၉၀ သန်းရရှိခဲ့သည်။ ဈေးပြိုင်စနစ်ဖြင့် ၆၆ တွဲတင်ပြခဲ့ ရာ ၁၄ တွဲမှ ယူရို ၁၉ ဒသမ ၁၂ သန်းရောင်းချခဲ့ရသည်။ ဝယ်ယူခဲ့ သော စာရင်းများအရ ဈေးပြိုင် စနစ်ဖြင့် ဝယ်ယူရမှုထက် အိတ် ဖွင့်တင်ဒါစနစ်ဖြင့် ဝယ်ယူရမှုကို ကုန်သည်များက ပိုမိုစိတ်ဝင်စားမှု ရှိကြောင်း သိရသည်။

‘‘လူနည်းတဲ့အတွက် ဈေး ပြိုင်ကို မထားရဲကြတာ။ တင်ဒါ ကျတော့ လူများတဲ့အတွက် ကုန် သည်အားလုံးထဲမှာမှ ဘယ်သူ ဈေးပိုပေးလို့ ပေးမှန်းမသိတဲ့ အ နေအထားမျိုးကို လိုချင်တာ။ ဈေးပြိုင်ကျတော့ အတွဲကလည်း နည်းသွားတယ်။ လူကလည်း တော်တော်လေး  နည်းသွားပါ တယ်’’ဟု ကျောက်စိမ်းလုပ်ငန်း ကော်မတီအတွင်းရေးမှူး ဦးမင်း သူက ပြောသည်။

ဈေးပြိုင်စနစ်နှင့် အိတ်ဖွင့် တင်ဒါစနစ်နှစ်မျိုး ရောင်းချရာ တွင် ဈေးပြိုင်စနစ်၌ လူစိတ်ဝင် စားမှုနည်းသည့်အပေါ် ပြပွဲကျင်း ပရေးကော်မတီက ပြန်လည်တင် ပြသုံးသပ်မည်ဟု ဆိုသည်။

 ပြပွဲတွင် တင်ဒါစနစ်ဖြင့် ရောင်းချရာ၌ သတ်မှတ်ကြမ်းခင်း ဈေးနည်းသော်လည်း အိတ်ဖွင့် တင်ဒါဈေး ပိုမို ရရှိသွားသော ကျောက်တွဲများလည်းရှိခဲ့ပြီး အ များစုမှာ တရုတ်ပြည်မကြီးမှ တင်ဒါအောင်သူများဖြစ်ကြောင်း ကျောက်စိမ်းလုပ်ငန်း ကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးမင်းသူ က ပြောသည်။

ယခုနှစ်ပြပွဲတွင် တင်ဒါစနစ် ဖြင့် ကြမ်းခင်းဈေး ငါးသိန်းတင် ပြရာ ယူရို ကိုးသန်းကျော်ဖြင့် အ များဆုံးရရှိခဲ့ပြီး ဈေးပြိုင်စနစ်၌ ကြမ်းခင်းဈေး တစ်သိန်းကျော်မှ အမြင့်ဆုံး လေးသန်းရရှိခဲ့သည်။

‘‘ဝယ်တဲ့သူတွေ အများစုက တော့ တရုတ်ပြည်မကြီးကပဲ’’ဟု ဦးမင်းသူက ဆိုသည်။

 ၂၀၁၆ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ရောင်းချရမှုစာရင်းများကို ကျင်း ပရေးကော်မတီ၏ ထုတ်ပြန်ချက် အရ နိုဝင်ဘာ ၂၂ ရက်ကစတင် ကာ အိတ်ဖွင့်တင်ဒါနှင့် ဈေးပြိုင် နှစ်မျိုးဖြင့် ကျောက်မျက် ၄၄ တွဲ ရောင်းချခဲ့ရပြီး ယူရို ၁ ဒသမ ၆၇ သန်းရရှိခဲ့သည်။

ကျောက်စိမ်းရောင်းချမှုကို အိတ်ဖွင့်တင်ဒါနှင့် ဈေးပြိုင်စနစ် နှစ်မျိုးဖြင့် နေ့အလိုက်ထုတ်ပြန် ခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်တွင် ၉၄၇ တွဲမှ ယူရို ၄၃ ဒသမ ၉၅ သန်း ကိုလည်းကောင်း၊ နိုဝင်ဘာ ၂၄ ရက်တွင် ၇၀၄ တွဲမှ ၅၄ ဒသမ ၂၈ သန်းကိုလည်းကောင်း၊ နိုဝင် ဘာ ၂၅ ရက်တွင် ၈၂၈ တွဲမှ ယူရို ၇၇ ဒသမ ၂၇ သန်းကို လည်း ကောင်း၊ နိုဝင်ဘာ ၂၆ ရက်တွင် ၈၆၅ တွဲမှ ယူရို ၉၅ ဒသမ ၆၅ သန်းကိုလည်းကောင်း၊ နိုဝင်ဘာ ၂၇ ရက်တွင် ၆၈၃ တွဲမှ ယူရို ၃၅ ဒသမ ၇၅ သန်းကိုလည်းကောင်း၊ နိုဝင်ဘာ ၂၈ ရက်တွင် ရှစ်တွဲမှ ယူရို ၁၁ ဒသမ ၀၅ သန်းကိုလည်း ကောင်း၊ နိုဝင်ဘာ ၂၉ ရက်တွင် အတွဲ ခြောက်တွဲမှ ယူရို ၈ ဒသမ ၀၇ သန်းရရှိခဲ့သည်။

ယခု ကျင်းပပြုလုပ်ခဲ့သည့် နှစ်လယ်ပြပွဲသို့ တရုတ်၊ စင်ကာပူ နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီ၁,၃၀၀ ကျော်နှင့် လူပုဂ္ဂိုလ် ၃,၅၀၀ကျော် တက်ရောက်ခဲ့ကြောင်း ပြပွဲကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top