Property Expo
×

ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ စည္ပင္သာယာအုပ္ခ်ဳပ္ေရးမွဴး႐ံုး၏စီစဥ္မႈျဖင့္ (ဋ)ရပ္ကြက္ သုနႏၵာလမ္းေဘးရွိ ျပည္သူအမ်ားသံုး ေရကန္ကို ႏိုဝင္ဘာ ၁၉ ရက္ နံနက္ပိုင္းက ကန္အတြင္းပတ္လည္ရွိ ျမက္ခ်ဳံႏြယ္အမႈိက္မ်ားကို စေနအထူးသန္႔ရွင္းေရးအျဖစ္ ခုတ္ထြင္ရွင္းလင္းၾကရာ ကန္ေျမာက္ဘက္ျခမ္းခ်ံဳႏြယ္ၾကား၌ ႏွစ္ၾကာစပါးႀကီးေျမြတစ္ေကာင္ ၿငိမ္သက္စြာ ရစ္ေခြေနသည္ကိုေတြ႕ရွိသျဖင့္ ဖမ္းဆီးၿပီး သုနႏၵာလမ္းေပၚရွိ ႏွစ္က်ိပ္ရွစ္ဆူ ဘုရားဝင္းအတြင္း ေရတိုင္ကီထဲ ေခတၱထည့္ထားသည္။

ထိုႏွစ္ၾကာ စပါးႀကီးေျမြမွာ အရွည္ ကိုးေပ၊ လံုးပတ္ ၁၄ လက္မခန္႔ရွိၿပီး ေတြ႕ရွိေသာေနရာမွ လူေျခာက္ဦးႏွင့္မ၍ ႏွစ္က်ိပ္ရွစ္ဆူဘုရားဝင္းအတြင္း သယ္ေဆာင္ခဲ့ၾကသည္။ ယင္းစပါးႀကီးေျမြထားရွိေသာ ဘုရားဝင္းအတြင္းတစ္ဆင့္စကားတစ္ဆင့္ၾကားျဖင့္ျပည္သူမ်ားလာေရာက္ၾကည့္႐ႈၾကသည္။ ''ဒီေရကန္ ေပါင္ေပၚ ကေလးေတြ ကစားၾကတယ္။ ေရခပ္ၾကတယ္။ တစ္ခါမွ အႏၲရာယ္ေပးတယ္လို႔ မၾကားဖူးပါဘူး''ဟု ရပ္မိရပ္ဖတစ္ဦးက ေျပာသည္။

''ဒီစပါးႀကီးေျမြကႀကီးေတာ့ ေနာက္ပိုင္းကေလးေတြအတြက္ စိုးရိမ္စရာျဖစ္လို႔ သတၱဝါသဘာဝလြတ္လပ္စြာ သြားလာႏိုင္တဲ့ ေလွာ္ကားဥယ်ာဥ္ေဘးမဲ့ေတာကို ပို႔ေဆာင္လႊတ္ေပးမွာျဖစ္ပါတယ္''ဟု (ဋ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးသူရထြန္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Mirror Daily

#Unicode Version
ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏စီစဉ်မှုဖြင့် (ဋ)ရပ်ကွက် သုနန္ဒာလမ်းဘေးရှိ ပြည်သူအများသုံး ရေကန်ကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ကန်အတွင်းပတ်လည်ရှိ မြက်ချုံနွယ်အမှိုက်များကို စနေအထူးသန့်ရှင်းရေးအဖြစ် ခုတ်ထွင်ရှင်းလင်းကြရာ ကန်မြောက်ဘက်ခြမ်းချုံနွယ်ကြား၌ နှစ်ကြာစပါးကြီးမြွေတစ်ကောင် ငြိမ်သက်စွာ ရစ်ခွေနေသည်ကိုတွေ့ရှိသဖြင့် ဖမ်းဆီးပြီး သုနန္ဒာလမ်းပေါ်ရှိ နှစ်ကျိပ်ရှစ်ဆူ ဘုရားဝင်းအတွင်း ရေတိုင်ကီထဲ ခေတ္တထည့်ထားသည်။

ထိုနှစ်ကြာ စပါးကြီးမြွေမှာ အရှည် ကိုးပေ၊ လုံးပတ် ၁၄ လက်မခန့်ရှိပြီး တွေ့ရှိသောနေရာမှ လူခြောက်ဦးနှင့်မ၍ နှစ်ကျိပ်ရှစ်ဆူဘုရားဝင်းအတွင်း သယ်ဆောင်ခဲ့ကြသည်။ ယင်းစပါးကြီးမြွေထားရှိသော ဘုရားဝင်းအတွင်းတစ်ဆင့်စကားတစ်ဆင့်ကြားဖြင့်ပြည်သူများလာရောက်ကြည့်ရှုကြသည်။ ''ဒီရေကန် ပေါင်ပေါ် ကလေးတွေ ကစားကြတယ်။ ရေခပ်ကြတယ်။ တစ်ခါမှ အန္တရာယ်ပေးတယ်လို့ မကြားဖူးပါဘူး''ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

''ဒီစပါးကြီးမြွေကကြီးတော့ နောက်ပိုင်းကလေးတွေအတွက် စိုးရိမ်စရာဖြစ်လို့ သတ္တဝါသဘာဝလွတ်လပ်စွာ သွားလာနိုင်တဲ့ လှော်ကားဥယျာဉ်ဘေးမဲ့တောကို ပို့ဆောင်လွှတ်ပေးမှာဖြစ်ပါတယ်''ဟု (ဋ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The Mirror Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top