Property Expo
×
ယမမင်း။ ဘာလို့မှိုင်နေတာလဲ…
ယမမင်း။ ဒါဆိုရင်တော့ တနင်္လာနေ့တိုင်း မင်းပျော်ပြီပေါ့ကွာ… တနင်္လာနေ့တိုင်းမှာ ငါတို့ငရဲမှာ သောက်ပွဲပဲ… အရက်အမျိုးအစားပေါင်းစုံ၊ ဘီယာ၊ အအေး မင်းကြိုက်တာအကုန်သောက်လို့ရတယ်… ငါတို့ပြန်အန်ထွက်တဲ့အထိ သောက်ကြတယ်… အန်ပြီးရင်လည်း ထပ်သောက်တာပဲ… ပြီးတော့ မင်းအရက်နာကျမှာလည်း စိုးရိမ်စရာမလိုတော့ဘူးလေ… မင်းကသေပြီးသားလူပဲ…
လူသား။ မဟုတ်ပါဘူး…
ယမမင်း။ အိုး…ဒါဆို.. သောကြာနေ့ကိုတော့ မင်းမုန်းပြီ…
#Unicode Version
လူတစ်ယောက်ဟာသေဆုံးသွားပြီးတဲ့နောက် ငရဲပြည်ကိုရောက်သွားပါတယ်… အဲ့ဒီမှာယမမင်းကြီးနဲ့တွေ့တယ်…
ယမမင်း။ ဘာလို့မှိုင်နေတာလဲ…
လူသား။ ငရဲပြည်ရောက်နေတာကိုးဗျ… ဘယ်လိုလုပ်ပျော်နိုင်မလဲ….
ယမမင်း။ ငါတို့ ငရဲပြည်ကထင်သလောက်လည်းမဆိုးပါဘူးကွ… ဒီမှာပျော်စရာကောင်းတဲ့အစီအစဉ်တွေ အများကြီးလုပ်ထားပေးတယ်… ဒါနဲ့ မင်းအရက်သောက်တတ်လား…
လူသား။ ဟာ… သောက်တာပေါ့ဗျ… အသည်းခြောက်အောင်ကိုသောက်တာ…
ယမမင်း။ ဒါဆိုရင်တော့ တနင်္လာနေ့တိုင်း မင်းပျော်ပြီပေ့ါကွာ… တနင်္လာနေ့တိုင်းမှာ ငါတို့ငရဲမှာ သောက်ပွဲပဲ… အရက်အမျိုးအစားပေါင်းစုံ၊ ဘီယာ၊ အအေး မင်းကြိုက်တာအကုန်သောက်လို့ရတယ်… ငါတို့ပြန်အန်ထွက်တဲ့အထိ သောက်ကြတယ်… အန်ပြီးရင်လည်း ထပ်သောက်တာပဲ… ပြီးတော့ မင်းအရက်နာကျမှာလည်း စိုးရိမ်စရာမလိုတော့ဘူးလေ… မင်းကသေပြီးသားလူပဲ…
လူသား။ ဟာ… ကြိုက်တယ်ဗျာ… ဆွဲပြီပဲ…
ယမမင်း။ ဒါနဲ့ မင်းဆေးလိပ်ကောသောက်သလား…
လူသား။ မေးစရာကိုမလိုတာ… မီးမသေအောင်ကိုသောက်ခဲ့တာ…
ယမမင်း။ အဆင်သင့်တာပေါ့ကွာ… ဒါဆို အင်္ဂါနေ့လည်း မင်းပျော်ပြီ… တစ်ကမ္ဘာလုံးက အကောင်းဆုံးဆေးလိပ်တွေ ငါတို့ဆီမှာရှိတယ်ကွ… အင်္ဂါနေ့တိုင်း ငါတို့ ဖင်ကမီးခိုးထွက်မတတ် ဆေးလိပ်သောက်ကြတာပေါ့… မင်းကင်ဆာဖြစ်မှာလည်းပူမနေနဲ့… မင်းကသေပြီးသားလူလေ မှတ်မိတယ်မလား….
လူသား။ ဟာ… မိုက်တယ်ဗျာ…. ရှိုက်ပြီပဲ….
ယမမင်း။ မင်းလောင်းကစားလည်း လုပ်မယ်ထင်တယ်…
လူသား။ ဘာဖြစ်လို့လဲဗျ… လုပ်တယ်… နေစရာအိမ်မရှိအောင်ကို လုပ်ခဲ့တာ…
ယမမင်း။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဟူးနေ့က လောင်းကစားလုပ်တဲ့နေ့လေကွာ… ရှိရှိသမျှလောင်းကစားနည်းမျိုးစုံ အကုန်ဒီမှာလုပ်လို့ရတယ်… မင်းချွတ်ခြုံကျပြီးမွဲသွားမှာပူမနေနဲ့… မင်းကသေပြီးသားအကောင်ပဲ… ဆေးတွေဘာတွေကောချလား င့ါကောင်…
လူသား။ ဟာ… လာနောက်နေပြန်ပြီ… ကျွန်တော်ကဆေးစွဲနေတာဗျ… မသိဘူးလား…
ယမမင်း။ အေး… အဆင်ပြေတာပေါ့… ကြာသပတေးနေ့က ဆေးချတဲ့နေ့ပဲ… မင်းကြိုက်တဲ့ဆေးကို ကြိုက်သလောက်ချလို့ရတယ်… ရှိသမျှဆေးမျိုးစုံ ဒီမှာစီစဉ်ပေးထားတယ်… ဆေးလွန်သွားမှာတွေးပူမနေနဲ့… မင်းကသေပြီးသားပဲ…
လူသား။ အားပါး…. ရှယ်ပဲဗျာ… ကိုင်ပြီဗျို့…. ငရဲဆိုတာ ဒီလောက်ပျော်စရာကောင်းမယ်လို့ ကျွန်တော်မထင်ခဲ့မိဘူးဗျ…
ယမမင်း။ ဒါနဲ့ မင်းက အခြောက်လား….
လူသား။ မဟုတ်ပါဘူး…
ယမမင်း။ အိုး… သောကြာနေ့ကိုတော့ မင်းမုန်းပြီ…
ဖိုးသူတော် (www.phothutaw.com)
Credit: ‎နှိုင်းရင့်နွေ‬
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top