Property Expo
×

ဂ်ပန္ႏုိင္ငံ၌ ပထမဆံုးအႀကိမ္ က်င္းပခဲ့ေသာ ျမန္မာ့႐ုိးရာလက္ေဝွ႔စိန္ေခၚပြဲယွဥ္ၿပိဳင္ထုိးသတ္မႈမ်ားကုိ ဂ်ပန္ပရိသတ္မ်ား ႏွစ္သက္သေဘာက်သျဖင့္ လာမည့္ ၂ဝ၁၇ ခုႏွစ္ ေဖေဖာ္ဝါရီတြင္လည္း ဒုတိယအႀကိမ္ ျပန္လည္သြားေရာက္က်င္းပမည္ျဖစ္ေၾကာင္း ျပည္တြင္း၊ ျပည္ပ႐ုိးရာ လက္ေဝွ႔ပြဲမ်ားကုိ စီစဥ္က်င္းပေနေသာ ပြဲစီစဥ္သူ ဦးဝဏၰ(မာေဂ်)၏ ေျပာၾကားခ်က္ကို ကိုးကားကာ ျပန္ၾကားေရး၀န္ႀကီး ဌာန၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေအာက္တိုဘာ ၃၁ ရက္က ေဖာ္ျပထားသည္။

ဂ်ပန္ႏုိင္ငံတြင္ ပထမဆံုးက်င္းပခဲ့ေသာ ႐ုိးရာလက္ေဝွ႔စိန္ေခၚပြဲမ်ားကုိ ဂ်ပန္ပရိသတ္ အေတာ္မ်ားမ်ား လာေရာက္ၾကည့္႐ႈအားေပးခဲ့သည္ကို ေတြ႕ရေၾကာင္း၊ ႐ံုးဖြင့္ရက္ျဖစ္ေသာ္လည္း ႐ုိးရာလက္ေဝွ႔ကုိ စိတ္ဝင္တစားၾကည့္႐ႈအားေပးခဲ့ေၾကာင္း၊ ပရိသတ္မ်ားကထပ္မံလာေရာက္က်င္းပရန္ ဖိတ္ေခၚမႈေၾကာင့္ ဒုတိယအႀကိမ္Lethwei Grand Prix 2017 ကုိ လာမည့္ ၂ဝ၁၇ ေဖေဖာ္ဝါရီ၁၆ ရက္တြင္ တုိက်ဳိၿမိဳ႕၌ က်င္းပသြားရန္ စီစဥ္ထားေၾကာင္း ပြဲစီစဥ္သူ ဦး၀ဏၰက ေျပာၾကားခဲ့သည္။

ဂ်ပန္ႏုိင္ငံ၌ ပထမဆံုးအႀကိမ္ သြားေရာက္က်င္းပသည့္ ႐ုိးရာလက္ေဝွ႔ စိန္ေခၚပြဲႀကီး ကုိ ၿပီးခဲ့သည့္ ေအာက္တုိဘာ ၂၇ ရက္ညေန ၆ နာရီက ဂ်ပန္ႏုိင္ငံ၊ တုိက်ဳိၿမိဳ႕၊ ခုိလဂုအန္ခန္းမ၌ LethweiGrand Prix Japan 2016 ၿပိဳင္ပြဲႀကီးကို က်င္းပခဲ့ၿပီး ဂ်ပန္ႏိုင္ငံ
ဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးသူရိန္သန္႔ဇင္၊ ဂ်ပန္လႊတ္ေတာ္ျပည္သူ႔လံုၿခံဳေရးရာေကာ္မတီ ဒုတိယဥကၠ႒ မစၥတာနာကာယာမတုိ႔က ပြဲအစအဆံုး တက္ေရာက္အားေပးကာ ဆုမ်ား ခ်ီးျမႇင့္ခဲ့ေၾကာင္း၊ မဂၤလာဒုိးျမန္မာဆုိင္းအဖြဲ႕ႏွင့္ ျမန္မာလွပ်ဳိျဖဴ မ်ားပါ အစံုအလင္သြားေရာက္ျပသခဲ့ေသာေၾကာင့္ ဂ်ပန္ျပည္သူမ်ား အထူးစိတ္ဝင္တစားရွိခဲ့ကာ တစ္မူထူးျခားေသာ အားကစားတစ္ရပ္အျဖစ္ တအံ့တၾသၾကည့္႐ႈအားေပးခဲ့ေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: MOI Webportal Myanmar

#Unicode Version
ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခဲ့သော မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲယှဉ်ပြိုင်ထိုးသတ်မှုများကို ဂျပန်ပရိသတ်များ နှစ်သက်သဘောကျသဖြင့် လာမည့် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီတွင်လည်း ဒုတိယအကြိမ် ပြန်လည်သွားရောက်ကျင်းပမည်ဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပရိုးရာ လက်ဝှေ့ပွဲများကို စီစဉ်ကျင်းပနေသော ပွဲစီစဉ်သူ ဦးဝဏ္ဏ(မာဂျေ)၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၃၁ ရက်က ဖော်ပြထားသည်။

ဂျပန်နိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သော ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများကို ဂျပန်ပရိသတ် အတော်များများ လာရောက်ကြည့်ရှုအားပေးခဲ့သည်ကို တွေ့ရကြောင်း၊ ရုံးဖွင့်ရက်ဖြစ်သော်လည်း ရိုးရာလက်ဝှေ့ကို စိတ်ဝင်တစားကြည့်ရှုအားပေးခဲ့ကြောင်း၊ ပရိသတ်များကထပ်မံလာရောက်ကျင်းပရန် ဖိတ်ခေါ်မှုကြောင့် ဒုတိယအကြိမ်Lethwei Grand Prix 2017 ကို လာမည့် ၂ဝ၁၇ ဖေဖော်ဝါရီ၁၆ ရက်တွင် တိုကျိုမြို့၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း ပွဲစီစဉ်သူ ဦးဝဏ္ဏက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ် သွားရောက်ကျင်းပသည့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီး ကို ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်ညနေ ၆ နာရီက ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ခိုလဂုအန်ခန်းမ၌ LethweiGrand Prix Japan 2016 ပြိုင်ပွဲကြီးကို ကျင်းပခဲ့ပြီး ဂျပန်နိုင်ငံ
ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ ဂျပန်လွှတ်တော်ပြည်သူ့လုံခြုံရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာနာကာယာမတို့က ပွဲအစအဆုံး တက်ရောက်အားပေးကာ ဆုများ ချီးမြှင့်ခဲ့ကြောင်း၊ မင်္ဂလာဒိုးမြန်မာဆိုင်းအဖွဲ့နှင့် မြန်မာလှပျိုဖြူ များပါ အစုံအလင်သွားရောက်ပြသခဲ့သောကြောင့် ဂျပန်ပြည်သူများ အထူးစိတ်ဝင်တစားရှိခဲ့ကာ တစ်မူထူးခြားသော အားကစားတစ်ရပ်အဖြစ် တအံ့တသြကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top