Property Expo
×

ပရိသတ္ေတြကို မ်က္ရည္ခ်ဴနိုင္မယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ကားျဖစ္လာနိုင္ၿပီး အူဝဲအတြက္လဲအကယ္ဒမီမွန္းနိုင္တဲ့ ဇာတ္ကားတစ္ကားျဖစ္လာနိုင္ပါတယ္။ ဇာတ္ကားရဲ႕ထူးျခားခ်က္ေတြကေတာ့ မင္းသမီးအိႏၵျာေက်ာ္ဇင္၊ ေျပတီဦး၊ မို႔မို႔ျမင့္ေအာင္တို႔အျပင္ ကိုရီးယားမင္းသမီးတစ္ေယာက္ကပါ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ဇာတ္ကားရဲ႕ဒါရိုက္တာကေတာ ပရိသတ္ေတြကိုရင္ထဲထိေစခဲ့တဲ့ တိုက္ဆိုင္မႈရွိလွ်င္ ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ဒါရိုက္တာ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္) ျဖစ္ၿပီး လက္ရွိမွာရိုက္ကူးေနဆဲျဖစ္ပါတယ္။

ဒီဇာတ္ကားရဲ႕ ရိုက္ကြင္းဓာတ္ပုံအခ်ိဳ႕ လူမႈကြန္ယက္မွာ ပ်ံ့လာခဲ့ၿပီး ပရိသတ္ေတြစိတ္ဝင္စားမႈ အထူးျမင့္တက္လာကာ နိုင္ငံေက်ာ္မင္းသမီးအိႏၵျာေက်ာ္ဇင္နဲ႕ ခင္ပြန္းျဖစ္သူ ေျပတီဦးတို႔တြဲဖက္သ႐ုပ္ေဆာင္ထားတဲ့အျပင္ ကိုရီးယားမင္းသမီးနဲ႕ အိႏၵျာေက်ာ္ဇင္တို႔ရဲ႕ သ႐ုပ္ေဆာင္အားၿပိဳင္မႈေတြကို လက္မလြတ္တန္း ၾကည့္ရႈခံစားရမွာျဖစ္ပါတယ္။

ဒါေၾကာင့္ အူဝဲကို အကယ္ဒမီရေစခ်င္ေနတဲ့ အူဝဲရဲ႕ပရိသတ္ေတြအတြက္ အူဝဲဇာတ္ကားႀကီးေကာင္းေကာင္းရိုက္ကူးေနၿပီး အစြမ္းကုန္သ႐ုပ္ေဆာင္ေနပါတယ္လို႔ အသိေပးပါရေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmarload

#Unicode Version
ပရိသတ်တွေကို မျက်ရည်ချူနိုင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်လာနိုင်ပြီး အူဝဲအတွက်လဲအကယ်ဒမီမှန်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်လာနိုင်ပါတယ်။ ဇာတ်ကားရဲ့ထူးခြားချက်တွေကတော့ မင်းသမီးအိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ မို့မို့မြင့်အောင်တို့အပြင် ကိုရီးယားမင်းသမီးတစ်ယောက်ကပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်ကားရဲ့ဒါရိုက်တာကတော ပရိသတ်တွေကိုရင်ထဲထိစေခဲ့တဲ့ တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဖြစ်ပြီး လက်ရှိမှာရိုက်ကူးနေဆဲဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ ရိုက်ကွင်းဓာတ်ပုံအချို့ လူမှုကွန်ယက်မှာ ပျံ့လာခဲ့ပြီး ပရိသတ်တွေစိတ်ဝင်စားမှု အထူးမြင့်တက်လာကာ နိုင်ငံကျော်မင်းသမီးအိန္ဒြာကျော်ဇင်နဲ့ ခင်ပွန်းဖြစ်သူ ပြေတီဦးတို့တွဲဖက်သရုပ်ဆောင်ထားတဲ့အပြင် ကိုရီးယားမင်းသမီးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သရုပ်ဆောင်အားပြိုင်မှုတွေကို လက်မလွတ်တန်း ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

ဒါကြောင့် အူဝဲကို အကယ်ဒမီရစေချင်နေတဲ့ အူဝဲရဲ့ပရိသတ်တွေအတွက် အူဝဲဇာတ်ကားကြီးကောင်းကောင်းရိုက်ကူးနေပြီး အစွမ်းကုန်သရုပ်ဆောင်နေပါတယ်လို့ အသိပေးပါရစေ။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top