Kantharyar Centre
×
Credit:Duwun
#Unicode Version
အသက် ၁၅ နှစ်သာ ရှိကြသေးတဲ့ ဒန်းနစ်နဲ့ ကက်တရီနာတို့ နှစ်ဦးဟာ မိဘတွေဆီကနေ ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ သတ်မသေမီမှာ သူတို့အကြောင်းကို ပြောပြခဲ့ပြီး လိုက်ဖမ်းတဲ့ ရဲတွေကိုလည်း သေနတ်နဲ့ ပစ်ခဲ့ပုံကို ဗီဒီယို ရိုက်ကူးထားပါတယ်။
မိခင်ဖြစ်သူက သူမကို အပြင်မှာ အိပ်ခွင့်မပေးတာကြောင့် ရန်အကြီးအကျယ် ဖြစ်ထားကြောင့် ကက်တရီနာက ရုရှားဘာသာစကားနဲ့ ရှင်းပြခဲ့ပါတယ်။
“ကျွန်မရဲ့သူငယ်ချင်းအိမ်မှာ အိပ်ခဲ့ကြတယ်။ အမေက ခွင့်မပြုဘူး။ ဒါပေမဲ့ ရအောင် ထွက်လာတာ။ ညဘက်ကျတော့ သူတို့ ကျွန်မကို တွေ့သွားတယ်။ အခြေအနေက တော်တော်ဆိုးတယ်။ အားလုံး ဒန်းနစ်နဲ့ သူ့အမေရှေ့မှာ ဖြစ်တာ။ ကျွန်မ ထပ်ပြီး ထွက်ပြေးလာတာ” လို့ သူမက ဆိုပါတယ်။
သူတို့စုံတွဲဟာ ရုရှားအနောက်မြောက်ပိုင်းမှာရှိတဲ့ Pskov မြို့အနီးရှိ မြို့တစ်မြို့က အိမ်တစ်လုံးမှာ သုံးရက်ပုန်းနေခဲ့ပါတယ်။
ရဲတပ်ဖွဲ့က သူတို့ကို ရှာတွေ့သွားပြီး သူတို့နေတဲ့ အိမ်ကို ဝိုင်းခဲ့ကြတာပါ။
သွေးပျက်နေတဲ့ စုံတွဲဟာ သေနတ်တွေ၊ ဓားတွေနဲ့ စကားပြောစက်တွေစတဲ့ လက်နက်အပြည့်အစုံ ရှိပါတယ်။
ရဲကားကိုလည်း သူတို့က သေနတ်နဲ့ ပစ်ခဲ့ပြီးနောက် “ငါတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး” လို့ Periscope ကတစ်ဆင့် Live လွှင့်တဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြောခဲ့ကြပါတယ်။
“လက်နက်မချရင် သေမယ်။ ဒါပေမဲ့ လက်နက်ချလိုက်ရင် ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး” လို့ ဒန်းနစ်က ပြောပါတယ်။
အဲဒီနောက် နှစ်ယောက်စလုံးဟာ သေနတ်ပြောင်းတွေကို သူတို့ဘက်ကို လှည့်လိုက်ပြီး သတ်သေလိုက်ကြပါတော့တယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top