Property Expo
×

ပံုစံက်နၿပီး သပ္ရပ္သန္႔ရွင္းေနတဲ့ သင့္ရဲ႔ အိမ္အၿပင္အဆင္ဟာ သင့္ကို ေပ်ာ္ရႊင္ေစႏိုင္မယ္လို႔ အေသအခ်ာေၿပာလို႔မရပါဘူး။ သိပၸံနည္းအရဆိုရင္ေတာ့ အေရာင္ေတြ အနံ႔အသက္ေတြနဲ႔ အသံုးအေဆာင္ပစၥည္းေတြဟာ သင့္အိမ္ခန္း အၿပင္အဆင္ကို ထင္ရွားေစႏိုင္ၿပီး ၿပီးၿပည့္စံုတဲ့ ေပ်ာ္ရႊင္မႈအခါအခြင့္ေတြကို ရရွိေစႏိုင္မွာၿဖစ္ပါတယ္။

(၁)အစိမ္းေရာင္ (သို႔) အ၀ါေရာင္ၿဖင့္ အခန္းနံရံမ်ားကို အလွဆင္ၿခင္း
အမ္စတာဒမ္ရွိ တကၠသိုလ္တစ္ခုရဲ႔ ေလ့လာခ်က္အရ သက္တံ႔ရဲ႔ အၿပင္ဘက္ဆံုး အေရာင္ႏွစ္ခုၿဖစ္တဲ့ အစိမ္းေရာင္နဲ႔ အ၀ါေရာင္ဟာ ေပ်ာ္ရႊင္မႈကို ၿဖစ္ေစႏိုင္တဲ့ အေရာင္ေတြပဲၿဖစ္ပါတယ္။

(၂)လတ္ဆတ္တဲ့ ပန္းပြင့္မ်ားထားရိွၿခင္း
သင့္အိမ္ခန္းမွာ ပန္းေရာင္(သို႔) အၿဖဴေရာင္ခပ္မ်ားမ်ားပါတဲ့ ပန္းေတြထားရွိၿခင္းဟာ သင့္ရဲ႔ ေပ်ာ္ရႊင္မႈကို အစပ်ိဳးတာၿဖစ္ၿပီး ဘ၀ရဲ႔ စိတ္ေက်နပ္စရာေကာင္းမႈေတြကိုလည္း ၿမင့္တက္ေစႏိုင္မွာၿဖစ္ပါတယ္။

(၃)အမွတ္တရဓာတ္ပံုမ်ား ထားရွိၿခင္း
သင့္ရဲ႔ ညမီးအိမ္နဲ႔အတူ ရွိေနမယ့္ ေနာက္ဆံုးဖတ္ထားတဲ့စာအုပ္နဲ႔ ေရတစ္ဖန္ခြက္အစား မိသားစုဓာတ္ပံုတခ်ိဳ႔ကို လဲလွယ္ထားရွိလိုက္ပါ။ ပို႔စ္ေမာက္ တကၠသိုလ္ရဲ႔ ေလ့လာခ်က္မွာ ဓာတ္ပံုေဟာင္းေတြကို ၿပန္ၾကည့္ၿခင္းဟာ အေကာင္းၿမင္စိတ္နဲ႔ စိတ္တည္ၿငိမ္မႈ ရွိေစႏိုင္တယ္လို႔ ေဖာ္ၿပထားပါတယ္။

(၄)သစ္ခြန႔ံပါ၀င္တဲ့ ဖေယာင္းတိုင္ထြန္းညိွထားရွိၿခင္း
အလုပ္ရဲ႔ စိတ္ဖိစီးမႈဒဏ္္ေတြကို ခံစားေနရခ်ိန္မွာ သစ္ခြနံ႔ပါ၀င္တဲ့ ဖေယာင္းတိုင္ ထြန္းညိွထားၿခင္းဟာ အေကာင္းဆံုး အပန္းေၿဖမႈတစ္မ်ိဳးၿဖစ္ၿပီး သင့္ရ႔ဲ စိတ္ခံစားမႈကိုလည္း ေၿပေလ်ာ့ေစႏိုင္မွာၿဖစ္ပါတယ္။

(၅)ကိုယ္တုိင္ေရးမွတ္စုတိုထားရွိၿခင္း
စိတ္ပညာဆိုင္ရာသိပၸံေလ့လာေတြ႔ရွိခ်က္အရ သင္ေရးခဲ့တဲ့ ကိုယ္တိုင္ေရးမွတ္စုတိုမ်ားကို ၿပန္လည္ဖတ္ရွဴၿခင္းဟာလည္း သင့္ကိုေပ်ာ္ရႊင္ေစႏိုင္မွာၿဖစ္ပါတယ္။

(၆)အိမ္ေမြးတိရိစာၦန္မ်ားေမြးၿမဴထားရွိၿခင္း
လူမႈဆက္ဆံေရး စိတ္ပညာေလ့လာေတ႔ြရွိခ်က္မွာ အိမ္ေမြးတိရိစာၦန္ေတြဟာ သူတို႔ပိုင္ရွင္ေတြအေပၚမွာ အဓိပၸာယ္ၿပည့္၀တဲ့ အေထာက္အပံ့ေတြ ဘ၀ေနထိုင္မႈပံုစံေတြနဲ႔ တစ္ကိုယ္တည္း မၿဖစ္ေစဖို႔ ကူညီေပးတယ္လို႔ေဖာ္ၿပထားပါတယ္။

(၇)ပန္းရနံ႔တစ္ခုခုထားရွိၿခင္း
စိတ္ပညာဆိုင္ရာ သိပၸံအဖြဲ႔အစည္းရဲ႔ သုေတသနမွာ သင့္ႏွာေခါင္းရဲ႔ အနံ႔ခံအာရံုေတြဟာ ဦးေႏွာက္ရဲ႔ စိတ္ခံစားခ်က္ေတြနဲ႔ ဆက္စပ္ေနတယ္လို႔ ေဖာ္ၿပထားပါတယ္။ ဒါေၾကာင့္မို႔ သင့္အိပ္ခန္းမွာ ပန္းရနံ႔တစ္ခုခုရွိေနျခင္းဟာလည္း သင့္ကို ေပ်ာ္ရႊင္ေစႏိုင္မွာၿဖစ္ပါတယ္။

(၈)အိပ္ရာကိုသပ္သပ္ရပ္ရပ္ထားရွိၿခင္း
သုေတသန စစ္တမ္းတစ္ခုမွာဆိုရင္ အိပ္ရာကိုသပ္သပ္ရပ္ရပ္ထားရွိသူ ၇၁ရာခိုင္ႏႈန္းဟာ ေပ်ာ္ရႊင္ၾကၿပီး အိပ္ရာကို မသပ္မရပ္ထားရွိသူ ၆၂ရာခိုင္ႏႈန္းကေတာ့ မေပ်ာ္ရႊင္ၾကဘူးလို႔ဆိုပါတယ္။

(၉)အိမ္သံုးပစၥည္းအနည္းငယ္သာထားရွိၿခင္း
တန္ဖိုးၾကိီး အိမ္သံုးပစၥည္း အမ်ားစုပိုင္ဆိုင္ထားတဲ့ အိမ္ရွင္မေတြဟာ ဒီပစၥည္းေတြရဲ႔ ဖိအားဒဏ္နဲ႔ ရႈပ္ပြမႈကို ခံစားရတဲ့အတြက္ သင့္အိမ္ကို အိမ္သံုးပစၥည္းအနည္းငယ္နဲ႔ပဲ အလွဆင္ၿပီး ရိုးစင္းေပ်ာ္ရႊင္တဲ့ ဘ၀ကို သက္ေတာင့္သက္သာ ဖန္တီးလိုက္ပါ။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ပုံစံကျနပြီး သပ်ရပ်သန့်ရှင်းနေတဲ့ သင့်ရဲ့ အိမ်အပြင်အဆင်ဟာ သင့်ကို ပျော်ရွှင်စေနိုင်မယ်လို့ အသေအချာပြောလို့မရပါဘူး။ သိပ္ပံနည်းအရဆိုရင်တော့ အရောင်တွေ အနံ့အသက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေဟာ သင့်အိမ်ခန်း အပြင်အဆင်ကို ထင်ရှားစေနိုင်ပြီး ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုအခါအခွင့်တွေကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

(၁)အစိမ်းရောင် (သို့) အဝါရောင်ဖြင့် အခန်းနံရံများကို အလှဆင်ခြင်း
အမ်စတာဒမ်ရှိ တက္ကသိုလ်တစ်ခုရဲ့ လေ့လာချက်အရ သက်တံ့ရဲ့ အပြင်ဘက်ဆုံး အရောင်နှစ်ခုဖြစ်တဲ့ အစိမ်းရောင်နဲ့ အဝါရောင်ဟာ ပျော်ရွှင်မှုကို ဖြစ်စေနိုင်တဲ့ အရောင်တွေပဲဖြစ်ပါတယ်။

(၂)လတ်ဆတ်တဲ့ ပန်းပွင့်များထားရှိခြင်း
သင့်အိမ်ခန်းမှာ ပန်းရောင်(သို့) အဖြူရောင်ခပ်များများပါတဲ့ ပန်းတွေထားရှိခြင်းဟာ သင့်ရဲ့ ပျော်ရွှင်မှုကို အစပျိုးတာဖြစ်ပြီး ဘဝရဲ့ စိတ်ကျေနပ်စရာကောင်းမှုတွေကိုလည်း မြင့်တက်စေနိုင်မှာဖြစ်ပါတယ်။

(၃)အမှတ်တရဓာတ်ပုံများ ထားရှိခြင်း
သင့်ရဲ့ ညမီးအိမ်နဲ့အတူ ရှိနေမယ့် နောက်ဆုံးဖတ်ထားတဲ့စာအုပ်နဲ့ ရေတစ်ဖန်ခွက်အစား မိသားစုဓာတ်ပုံတချို့ကို လဲလှယ်ထားရှိလိုက်ပါ။ ပို့စ်မောက် တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဓာတ်ပုံဟောင်းတွေကို ပြန်ကြည့်ခြင်းဟာ အကောင်းမြင်စိတ်နဲ့ စိတ်တည်ငြိမ်မှု ရှိစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

(၄)သစ်ခွနံ့ပါဝင်တဲ့ ဖယောင်းတိုင်ထွန်းညှိထားရှိခြင်း
အလုပ်ရဲ့ စိတ်ဖိစီးမှုဒဏ်တွေကို ခံစားနေရချိန်မှာ သစ်ခွနံ့ပါဝင်တဲ့ ဖယောင်းတိုင် ထွန်းညှိထားခြင်းဟာ အကောင်းဆုံး အပန်းဖြေမှုတစ်မျိုးဖြစ်ပြီး သင့်ရဲ့ စိတ်ခံစားမှုကိုလည်း ပြေလျော့စေနိုင်မှာဖြစ်ပါတယ်။

(၅)ကိုယ်တိုင်ရေးမှတ်စုတိုထားရှိခြင်း
စိတ်ပညာဆိုင်ရာသိပ္ပံလေ့လာတွေ့ရှိချက်အရ သင်ရေးခဲ့တဲ့ ကိုယ်တိုင်ရေးမှတ်စုတိုများကို ပြန်လည်ဖတ်ရှူခြင်းဟာလည်း သင့်ကိုပျော်ရွှင်စေနိုင်မှာဖြစ်ပါတယ်။

(၆)အိမ်မွေးတိရိစ္ဆာန်များမွေးမြူထားရှိခြင်း
လူမှုဆက်ဆံရေး စိတ်ပညာလေ့လာတေ့ွရှိချက်မှာ အိမ်မွေးတိရိစ္ဆာန်တွေဟာ သူတို့ပိုင်ရှင်တွေအပေါ်မှာ အဓိပ္ပာယ်ပြည့်ဝတဲ့ အထောက်အပံ့တွေ ဘဝနေထိုင်မှုပုံစံတွေနဲ့ တစ်ကိုယ်တည်း မဖြစ်စေဖို့ ကူညီပေးတယ်လို့ဖော်ပြထားပါတယ်။

(၇)ပန်းရနံ့တစ်ခုခုထားရှိခြင်း
စိတ်ပညာဆိုင်ရာ သိပ္ပံအဖွဲ့အစည်းရဲ့ သုတေသနမှာ သင့်နှာခေါင်းရဲ့ အနံ့ခံအာရုံတွေဟာ ဦးနှောက်ရဲ့ စိတ်ခံစားချက်တွေနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့ သင့်အိပ်ခန်းမှာ ပန်းရနံ့တစ်ခုခုရှိနေခြင်းဟာလည်း သင့်ကို ပျော်ရွှင်စေနိုင်မှာဖြစ်ပါတယ်။

(၈)အိပ်ရာကိုသပ်သပ်ရပ်ရပ်ထားရှိခြင်း
သုတေသန စစ်တမ်းတစ်ခုမှာဆိုရင် အိပ်ရာကိုသပ်သပ်ရပ်ရပ်ထားရှိသူ ၇၁ရာခိုင်နှုန်းဟာ ပျော်ရွှင်ကြပြီး အိပ်ရာကို မသပ်မရပ်ထားရှိသူ ၆၂ရာခိုင်နှုန်းကတော့ မပျော်ရွှင်ကြဘူးလို့ဆိုပါတယ်။

(၉)အိမ်သုံးပစ္စည်းအနည်းငယ်သာထားရှိခြင်း
တန်ဖိုးကြီး အိမ်သုံးပစ္စည်း အများစုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတွေဟာ ဒီပစ္စည်းတွေရဲ့ ဖိအားဒဏ်နဲ့ ရှုပ်ပွမှုကို ခံစားရတဲ့အတွက် သင့်အိမ်ကို အိမ်သုံးပစ္စည်းအနည်းငယ်နဲ့ပဲ အလှဆင်ပြီး ရိုးစင်းပျော်ရွှင်တဲ့ ဘဝကို သက်တောင့်သက်သာ ဖန်တီးလိုက်ပါ။



 ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar






 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top