Property Expo
×



Credit:Myanmarload

#Unicode Version
ယွန်းဝတီလွင်မိုး ဆိုတာ အားလုံး သဲသဲလှုပ်ချစ်ရတဲ့ ဆယ်ကျော်သက် အနုပညာရှင်တစ်ယောက်ပါ။ နာမည်ကြီး အကယ်ဒမီရုပ်ရှင်မင်းသား လွင်မိုးရဲ့ သမီးကြီးဖြစ်ပြီး အနုပညာသွေးနှောသူမို့ အနုပညာလုပ်ငန်းတွေကိုလည်း လုပ်ကိုင်လို့နေပါတယ်။ ပုရိသ ပရိသတ်တွေကြားမှာတော့ "ခေး" ဆိုပြီး နာမည်အရမ်းကြီးတဲ့ သူမဟာ မကြာခင်မှာ နိုင်ငံခြားသို့သွားရောက် ပညာသင်ယူတော့မှာလည်း ဖြစ်ပါတယ်။( ကိုကိုတွေ ကြေကွဲကြတာပေါ့)

ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထားခြင်းမရှိပေမယ့် မဂ္ဂဇင်းကာဗာတွေ ပိုစတာတွေ ကြော်ငြာတော်တော်များများမှာတော့ ပါဝင်ရိုက်ကူးထားတာတွေ တွေ့ရပါတယ်။ ယခုအချိန်မှာတော့ ငယ်သေးတာမို့ အနုပညာအလုပ်ကို လုပ်ကိုင်ဦးမှာ မဟုတ်သေးတဲ့ သူမဟာ မကြာခင်ပြည်ပမှာ သွားရောက်ပညာသင်တော့မှာဖြစ်ပြီး မိဘတွေနဲ့ တိုင်ပင်ကာ အနုပညာအလုပ်တွေ လုပ်ဖြစ်မလုပ်ဖြစ်ကိုတော့ စဉ်းစားသွားဦးမယ် ဆိုပြီး ပြောသွားပါတယ်။

သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ အနုပညာအလုပ်တွေလုပ်ပါဦး လို့ ပြောဆိုနေကြပြီး သူမသာ အနုပညာလောကထဲ ဝင်လာမယ်ဆိုရင် အနာဂတ်ရဲ့ အိန္ဒြာကျာ်ဇင်(အူဝဲ) ဖြစ်လာမှာပါ ဆိုပြီး ပြောဆိုသံတွေ ကြားနေရပါတယ်။


 ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload








 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top