Property Expo
×

ကိုလင္ နသန္နီရယ္ စေကာ့ ဆုိသူ အသက္ ၂၃ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးဟာ ေရပူစမ္းတစ္ခုမွာဝင္ခ်ိဳးရာကေန ေသဆံုးသြားခဲ့ရပါတယ္။ အေမရိကန္ျပည္ေထာင္စု၊ ေအာ္ရီဂြန္ျပည္နယ္က Yellowstone အမ်ိဳးသားဥယ်ာဥ္မွာ လည္ပတ္ရင္း ဥယ်ာဥ္ထဲက ပြက္ပြက္ဆူေနတဲ့ ေရပူစမ္းကို ဝင္ေရာက္မိရာက အသက္ဆံုးရႈံးသြားတာပါ။


ေရေတြဟာ အပူလြန္ကဲရံုသာမက အက္ဆစ္ဓာတ္ေတြလည္း ပါဝင္ေနေၾကာင္း သတိေပးဆုိင္းဘုတ္တပ္ထားေပမဲ့ သူက ဂ႐ုမစိုက္ခဲ့ပါဘူး။ ေရပူစမ္းရဲ႕အပူခ်ိန္ကို တုိင္းတာဖုိ႔ အနားကိုတိုးကပ္သြားစဥ္မွာ ေျခေခ်ာ္ျပဳတ္က်ရာကေန အစအန ျပန္ရွာမရေတာ့တဲ့အထိ တစ္ကိုယ္လံုး အက္ဆစ္ေရပူထဲ ေပ်ာ္ဝင္သြားခဲ့တာျဖစ္ပါတယ္။


စေကာ့နဲဲ႔အတူ ပါလာတဲ့ ညီမျဖစ္သူက စေကာ့ျပဳတ္က်သြားတာကို ဖုန္းနဲ႔မွတ္တမ္းတင္ခဲ့ၿပီး သက္ဆိုင္ရာကို ျပန္ျပခဲ့ပါတယ္။ ကယ္္ဆယ္အဖြဲ႔ေတြက စေကာ့ကို ရွာေဖြေပးၾကေပမယ့္ အရည္ေပ်ာ္သြားအတြက္ အစအနေလးေတာင္မွ မေတြ႔ရေတာ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ကိုလင် နသန်နီရယ် စကော့ ဆိုသူ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရေပူစမ်းတစ်ခုမှာဝင်ချိုးရာကနေ သေဆုံးသွားခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်က Yellowstone အမျိုးသားဥယျာဉ်မှာ လည်ပတ်ရင်း ဥယျာဉ်ထဲက ပွက်ပွက်ဆူနေတဲ့ ရေပူစမ်းကို ဝင်ရောက်မိရာက အသက်ဆုံးရှုံးသွားတာပါ။

ရေတွေဟာ အပူလွန်ကဲရုံသာမက အက်ဆစ်ဓာတ်တွေလည်း ပါဝင်နေကြောင်း သတိပေးဆိုင်းဘုတ်တပ်ထားပေမဲ့ သူက ဂရုမစိုက်ခဲ့ပါဘူး။ ရေပူစမ်းရဲ့အပူချိန်ကို တိုင်းတာဖို့ အနားကိုတိုးကပ်သွားစဉ်မှာ ခြေချော်ပြုတ်ကျရာကနေ အစအန ပြန်ရှာမရတော့တဲ့အထိ တစ်ကိုယ်လုံး အက်ဆစ်ရေပူထဲ ပျော်ဝင်သွားခဲ့တာဖြစ်ပါတယ်။ စကော့နဲ့အတူ ပါလာတဲ့ ညီမဖြစ်သူက စကော့ပြုတ်ကျသွားတာကို ဖုန်းနဲ့မှတ်တမ်းတင်ခဲ့ပြီး သက်ဆိုင်ရာကို ပြန်ပြခဲ့ပါတယ်။ ကယ်ဆယ်အဖွဲ့တွေက စကော့ကို ရှာဖွေပေးကြပေမယ့် အရည်ပျော်သွားအတွက် အစအနလေးတောင်မှ မတွေ့ရတော့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top