Property Expo
×


အမ်ိဳးသားေတြအတြက္ စားသံုးတဲ့အစားအစာေတြေၾကာင့္ မ်ိဳးပြားမႈကို ကန္႔သတ္ႏိုင္ပါတယ္။ အစားအစာနဲ႔ ပန္းေသပန္းညႇိဳး (သို႔) မ်ိဳးမပြားႏိုင္ျခင္းတို႔ ဆက္ႏြယ္မႈေတြအေၾကာင္း အေမး၊ အေျဖေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။


Q: ေန႔စဥ္စားသံုးတဲ့ အစားအစာေတြေၾကာင့္ ပန္းေသပန္းညႇိဳးျဖစ္ႏိုင္ပါသလား၊

A: အဆီနဲ႔ ကိုလက္စထေရာလ္မ်ားစြာပါဝင္တဲ့ အစားအစာေတြက ပန္းေသပန္းညႇိဳးေရာဂါနဲ႔ ဆက္ႏြယ္ေနပါတယ္။ အေၾကာင္းအရင္းကေတာ့ ေသြးေၾကာေလးေတြထဲမွာ ေသြးခဲျခင္းေၾကာင့္ျဖစ္ပါတယ္။ ႏွလံုးေရာဂါေၾကာင့္ ပန္းေသပန္းညႇိဳးျဖစ္ႏိုင္သလို အျပန္အလွန္အေနနဲ႔ ပန္းေသပန္းညႇိဳးျခင္းက ႏွလံုးေရာဂါရဲ႕ ကနဦးေရာဂါလကၡဏာျဖစ္ႏိုင္ပါတယ္။

Q: အဆီမ်ားတဲ့ အစားအစာေတြကို စားသံုးျခင္းေၾကာင့္ ပန္းေသပန္းညႇိဳးျဖစ္ေစႏိုင္ပါသလား။

A: အဆီမ်ားတဲ့ အစားအစာေတြက ပန္းေသပန္းညႇိဳးျဖစ္ေစႏိုင္တယ္ဆိုတာကုိ ျပသတဲ့ေလ့လာမႈအမ်ားအျပားရွိပါတယ္။ ေလ့လာမႈတစ္ခုမွာ အေနာက္တိုင္းအစာအစားကိုစားတဲ့ ငယ္ရြယ္တဲ့အမ်ိဳးသားေတြနဲ႔ prudent လို႔ေခၚတဲ့ အစားအစာကိုစားတဲ့သူေတြကို ႏႈိင္းယွဥ္ထားပါတယ္။ အေနာက္တိုင္းအစားအစာမွာ အနီေရာင္အသားေတြနဲ႔ ပီဇာေတြပါဝင္ပါတယ္။ prudent မွာေတာ့ ငါး၊ ၾကက္သား၊ ဟင္းသီးဟင္းရြက္ နဲ႔ အေစ့အဆံေတြပါဝင္ပါတယ္။ ေယဘူယ်အားျဖင့္ prudent diet စားတဲ့သူေတြမွာ မ်ိဳးပြားႏိုင္စြမ္းပိုေကာင္းၿပီး သုတ္ပိုးလႈပ္ရွားမႈေကာင္းမြန္တာကို ေတြ႔ရပါတယ္။

Q: ကေလးလိုခ်င္လွ်င္ (သို႔) ပန္းေသပန္းညႇိဳးျဖစ္မွာစိုးရိမ္လွ်င္ သၾကားဓာတ္နဲ႔ အဆီဓာတ္ပါဝင္မႈမ်ားတဲ့ အစားအစာေတြကို ေရွာင္ၾကဥ္ဖို႔လုိအပ္ပါသလား၊

A: မ်ိဳးပြားႏိုင္ျခင္းနဲ႔ လိင္တံေထာင္မတ္ျခင္းက လူတစ္ေယာက္ရဲ႕ခႏၶာကိုယ္တစ္ခုလံုးက်န္းမာေရးနဲ႔ သက္ဆိုင္ပါတယ္။ သၾကားဓာတ္ပါဝင္မႈမ်ားတဲ့ ဆိုဒါနဲ႔ အဆီဓာတ္ပါဝင္မႈမ်ားတဲ့ အစားအစာေတြကို တစ္ခါစား႐ံုနဲ႔ေတာ့ က်န္းမာေရးမထိခိုက္ႏိုင္ပါဘူး။ ဒီလိုအစားအစာေတြကို ပံုမွန္စားေသာက္ေနမယ္ဆိုရင္ေတာ့ က်န္းမာေရးျပႆနာျဖစ္လာမွာပါ။

Q: ျပဳျပင္ထားတဲ့ အသားေတြစားသံုးမႈနဲ႔ ပန္းေသပန္းညႇိဳးျဖစ္မႈၾကားမွာေကာ ဆက္သြယ္မႈရွိပါသလား၊

A: ပံုမွန္အားျဖင့္ အသားေတြမွာ အဆီပါဝင္မႈမ်ားၿပီး ဒီအဆီေတြက က်န္းမာေရးျပႆနာျဖစ္ေစပါတယ္။ ျပဳျပင္ထားတဲ့အသားေတြမွာ ႏိုက္ထရိတ္ပါဝင္မႈမ်ားတာေၾကာင့္ သုတ္ပိုးေတြေပၚမွာ သက္ေရာက္မႈရွိပါတယ္။

Q: ေအာ္ဂန္းနစ္မဟုတ္တဲ့ အစားအစာေတြက ပိုးသတ္ေဆးေတြေၾကာင့္ ပန္းေသပန္းညႇိဳးျဖစ္ျခင္းျဖစ္ႏိုင္ပါသလား။

A: ပိုးသတ္ေဆးနဲ႔ ထိေတြ႔မႈမ်ားတဲ့ အလုပ္သမားေတြမွာ မ်ိဳးပြားႏိုင္မႈနည္းတယ္ဆိုတဲ့ သက္ေသေတြရွိပါတယ္။ သို႔ေသာ္လည္း ဝယ္ယူလာတဲ့ သစ္သီးေတြနဲ႔ ဟင္းသီးဟင္းရြက္ေတြမွာ ပိုးသတ္ေဆးဘယ္ေလာက္ပါဝင္မႈရွိတယ္ဆိုတာေတာ့ ေျပာရခက္ပါတယ္။ ေယဘူယ်အားျဖင့္ေတာ့ ပိုးသတ္ေဆးပမာဏမ်ားမ်ားနဲ႔ထိေတြ႔ရင္ေတာ့ သုတ္ပိုးအေရအတြက္နဲ႔ လႈပ္ရွားမႈကိုက်ဆင္းေစပါတယ္။

Q: ကေလးရဖို႔ ႀကိဳးစားေနခ်ိန္မွာ ေရွာင္သင့္တဲ့ အစားအစာေတြရွိပါသလား။

A: ပဲပိစပ္ကဲ့သို႔ေသာ phytoestrogens ပါဝင္တဲ့ အစားအစာေတြက ခႏၶာကိုယ္ထဲမွာရွိတဲ့ oestrogen ပမာဏကို ေျပာင္းလဲေစၿပီး မ်ိဳးပြားႏိုင္မႈကို က်ဆင္းေစပါတယ္။ Androgen ေဟာ္မုန္းျဖည့္စြက္အစားအစာေတြ၊ ခႏၶာကိုယ္ဖြ႔ံၿဖိဳးေစတဲ့ အစားအစာေတြနဲ႔ testosterone ျဖည့္စြက္စာေတြကိုလည္း သတိထားစားဖို႔လိုပါတယ္။ testosterone က သုတ္ပိုးထုတ္လုပ္ႏိုင္မႈကို ဟန္႔တားတဲ့အတြက္ ကမ႓ာ့က်န္းမာေရးအဖြဲ႔အစည္း (WHO) က testosterone ကို အမ်ိဳးသားမ်ိဳးပြားမႈကို တားဆီးေစတဲ့အရာအျဖစ္ သတ္မွတ္ထားပါတယ္။ ဒါေၾကာင့္ ျဖည့္စြက္စာေတြမစားမီမွာ ဆရာဝန္နဲ႔ အရင္တိုင္ပင္ပါ။

Q: ကေလးရရွိဖို႔ ႀကိဳးစားေနစဥ္မွာ စားသင့္တဲ့ အစားအစာေတြရွိပါသလား။

A: အင္တီေအာက္ဆီးဒင့္ ႂကြယ္ဝစြာပါဝင္တဲ့ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ေတြက အမ်ိဳးသားေတြရဲ႔ မ်ိဳးပြားႏိုင္မႈကို အားေပးပါတယ္။

Q: ကဖင္းဓာတ္က အမ်ိဳးသားေတြမွာ ပန္းေသပန္းညႇိဳးျဖစ္မႈျဖစ္ေစႏိုင္တယ္ဆိုတာ မွန္ပါသလား။

A: အလြန္အကၽြံေသာက္သံုးျခင္းမရွိဘူးဆိုရင္ေတာ့ ကဖင္းဓာတ္က က်န္းမာေရးကို မထိခိုက္ေစႏိုင္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar
Unicode Version

 အမျိုးသားတွေအတွက် စားသုံးတဲ့အစားအစာတွေကြောင့် မျိုးပွားမှုကို ကန့်သတ်နိုင်ပါတယ်။ အစားအစာနဲ့ ပန်းသေပန်းညှိုး (သို့) မျိုးမပွားနိုင်ခြင်းတို့ ဆက်နွယ်မှုတွေအကြောင်း အမေး၊ အဖြေလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Q: နေ့စဉ်စားသုံးတဲ့ အစားအစာတွေကြောင့် ပန်းသေပန်းညှိုးဖြစ်နိုင်ပါသလား၊

A: အဆီနဲ့ ကိုလက်စထရောလ်များစွာပါဝင်တဲ့ အစားအစာတွေက ပန်းသေပန်းညှိုးရောဂါနဲ့ ဆက်နွယ်နေပါတယ်။ အကြောင်းအရင်းကတော့ သွေးကြောလေးတွေထဲမှာ သွေးခဲခြင်းကြောင့်ဖြစ်ပါတယ်။ နှလုံးရောဂါကြောင့် ပန်းသေပန်းညှိုးဖြစ်နိုင်သလို အပြန်အလှန်အနေနဲ့ ပန်းသေပန်းညှိုးခြင်းက နှလုံးရောဂါရဲ့ ကနဦးရောဂါလက္ခဏာဖြစ်နိုင်ပါတယ်။

Q: အဆီများတဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် ပန်းသေပန်းညှိုးဖြစ်စေနိုင်ပါသလား။

A: အဆီများတဲ့ အစားအစာတွေက ပန်းသေပန်းညှိုးဖြစ်စေနိုင်တယ်ဆိုတာကို ပြသတဲ့လေ့လာမှုအများအပြားရှိပါတယ်။ လေ့လာမှုတစ်ခုမှာ အနောက်တိုင်းအစာအစားကိုစားတဲ့ ငယ်ရွယ်တဲ့အမျိုးသားတွေနဲ့ prudent လို့ခေါ်တဲ့ အစားအစာကိုစားတဲ့သူတွေကို နှိုင်းယှဉ်ထားပါတယ်။ အနောက်တိုင်းအစားအစာမှာ အနီရောင်အသားတွေနဲ့ ပီဇာတွေပါဝင်ပါတယ်။ prudent မှာတော့ ငါး၊ ကြက်သား၊ ဟင်းသီးဟင်းရွက် နဲ့ အစေ့အဆံတွေပါဝင်ပါတယ်။ ယေဘူယျအားဖြင့် prudent diet စားတဲ့သူတွေမှာ မျိုးပွားနိုင်စွမ်းပိုကောင်းပြီး သုတ်ပိုးလှုပ်ရှားမှုကောင်းမွန်တာကို တွေ့ရပါတယ်။

Q: ကလေးလိုချင်လျှင် (သို့) ပန်းသေပန်းညှိုးဖြစ်မှာစိုးရိမ်လျှင် သကြားဓာတ်နဲ့ အဆီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့လိုအပ်ပါသလား၊

A: မျိုးပွားနိုင်ခြင်းနဲ့ လိင်တံထောင်မတ်ခြင်းက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ်။ သကြားဓာတ်ပါဝင်မှုများတဲ့ ဆိုဒါနဲ့ အဆီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို တစ်ခါစားရုံနဲ့တော့ ကျန်းမာရေးမထိခိုက်နိုင်ပါဘူး။ ဒီလိုအစားအစာတွေကို ပုံမှန်စားသောက်နေမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာဖြစ်လာမှာပါ။

Q: ပြုပြင်ထားတဲ့ အသားတွေစားသုံးမှုနဲ့ ပန်းသေပန်းညှိုးဖြစ်မှုကြားမှာကော ဆက်သွယ်မှုရှိပါသလား၊

A: ပုံမှန်အားဖြင့် အသားတွေမှာ အဆီပါဝင်မှုများပြီး ဒီအဆီတွေက ကျန်းမာရေးပြဿနာဖြစ်စေပါတယ်။ ပြုပြင်ထားတဲ့အသားတွေမှာ နိုက်ထရိတ်ပါဝင်မှုများတာကြောင့် သုတ်ပိုးတွေပေါ်မှာ သက်ရောက်မှုရှိပါတယ်။

Q: အော်ဂန်းနစ်မဟုတ်တဲ့ အစားအစာတွေက ပိုးသတ်ဆေးတွေကြောင့် ပန်းသေပန်းညှိုးဖြစ်ခြင်းဖြစ်နိုင်ပါသလား။

A: ပိုးသတ်ဆေးနဲ့ ထိတွေ့မှုများတဲ့ အလုပ်သမားတွေမှာ မျိုးပွားနိုင်မှုနည်းတယ်ဆိုတဲ့ သက်သေတွေရှိပါတယ်။ သို့သော်လည်း ဝယ်ယူလာတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပိုးသတ်ဆေးဘယ်လောက်ပါဝင်မှုရှိတယ်ဆိုတာတော့ ပြောရခက်ပါတယ်။ ယေဘူယျအားဖြင့်တော့ ပိုးသတ်ဆေးပမာဏများများနဲ့ထိတွေ့ရင်တော့ သုတ်ပိုးအရေအတွက်နဲ့ လှုပ်ရှားမှုကိုကျဆင်းစေပါတယ်။

Q: ကလေးရဖို့ ကြိုးစားနေချိန်မှာ ရှောင်သင့်တဲ့ အစားအစာတွေရှိပါသလား။

A: ပဲပိစပ်ကဲ့သို့သော phytoestrogens ပါဝင်တဲ့ အစားအစာတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ oestrogen ပမာဏကို ပြောင်းလဲစေပြီး မျိုးပွားနိုင်မှုကို ကျဆင်းစေပါတယ်။ Androgen ဟော်မုန်းဖြည့်စွက်အစားအစာတွေ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးစေတဲ့ အစားအစာတွေနဲ့ testosterone ဖြည့်စွက်စာတွေကိုလည်း သတိထားစားဖို့လိုပါတယ်။ testosterone က သုတ်ပိုးထုတ်လုပ်နိုင်မှုကို ဟန့်တားတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က testosterone ကို အမျိုးသားမျိုးပွားမှုကို တားဆီးစေတဲ့အရာအဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဖြည့်စွက်စာတွေမစားမီမှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

Q: ကလေးရရှိဖို့ ကြိုးစားနေစဉ်မှာ စားသင့်တဲ့ အစားအစာတွေရှိပါသလား။

A: အင်တီအောက်ဆီးဒင့် ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက အမျိုးသားတွေရဲ့ မျိုးပွားနိုင်မှုကို အားပေးပါတယ်။

Q: ကဖင်းဓာတ်က အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်မှုဖြစ်စေနိုင်တယ်ဆိုတာ မှန်ပါသလား။

A: အလွန်အကျွံသောက်သုံးခြင်းမရှိဘူးဆိုရင်တော့ ကဖင်းဓာတ်က ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top