Property Expo
×

အေမရိကန္ သမၼတအျဖစ္ ေရြးေကာက္ခံရရန္ ေသခ်ာသြားၿပီးေနာက္ ပထမဆံုးအႀကိမ္အျဖစ္ ေဒၚနယ္လ္ထရမ့္က ေအာင္ပြဲခံ မိန္႔ခြန္းတစ္ရပ္ကို နယူးေယာက္ၿမိဳ႕တြင္ ေျပာၾကားခဲ့သည္။

နယူးေယာက္ရွိ ဟီလ္တန္ဟိုတယ္တြင္ ၎ကို အားေပး ေထာက္ခံသူမ်ား ေ႐ွ႕ေမွာက္၌ မိန္႔ခြန္းေျပာခဲ့ရာတြင္ ထရမ့္က အဓိက ၿပိဳင္ဘက္ ဟီလာရီ ကလင္တန္ကို ခ်ီးက်ဴးခဲ့သလို အေမရိကန္ အေနျဖင့္ ေခါင္းေဆာင္ တစ္ဦးတည္း၏ ဦးေဆာင္မႈ ေအာက္တြင္ စည္းလံုးစြာ ေ႐ွ႕ဆက္ရန္လည္း ေတာင္းဆိုခဲ့သည္။

ဘီလီယံနာ သူေဌးႀကီး ထရမ့္သည္ ေရြးေကာက္ပြဲႀကိဳ ကာလမတိုင္မီက ေရပန္းမစားခဲ့ေသာ္လည္း ရီပတ္ဘလစ္ကန္ ပါတီတြင္း ၿပိဳင္ဘက္မ်ားကို အံ့အားသင့္ဖြယ္ ေက်ာ္ျဖတ္ကာ ေရြးေကာက္ပြဲတြင္လည္း ကလင္တန္အေပၚ ရလဒ္ပိုင္း ျပတ္သားစြာ အႏုိင္ရခဲ့ျခင္း ျဖစ္သည္။

ထရမ့္က “အခုပဲ ကၽြန္ေတာ့္ကို ကလင္တန္က ဖုန္းဆက္လာပါတယ္။ သူက ကၽြန္ေတာ္တို႔ကို ဂုဏ္ျပဳေၾကာင္း ေျပာပါတယ္။ ဒါဟာ ကၽြန္ေတာ္တုိ႔အတြက္ပါ။ ကၽြန္ေတာ္တို႔ရဲ႕ ေအာင္ပြဲပါ။ ကၽြန္ေတာ္ကလည္း သူနဲ႔ သူ႔မိသားစုဟာ ျပင္းျပင္းထန္ထန္ အားထုတ္ ယွဉ္ၿပိဳင္ခဲ့တဲ့အတြက္ ခ်ီးက်ဴးခဲ့ပါတယ္။ ကၽြန္ေတာ္ ဆိုလိုခ်င္တာက ကလင္တန္ဟာ အခ်ိန္အၾကာႀကီး အျပင္းအထန္ ႀကိဳးစားခဲ့သူပါ။ ၿပီးေတာ့ ႏုိင္ငံအတြက္ သူ႔ရဲ႕ ေပးဆပ္ ထမ္းေဆာင္မႈနဲ႔ ပတ္သက္လို႔ ကၽြန္ေတာ္တို႔ အားလံုးက အေႂကြးတင္ေနပါတယ္”ဟု ဆိုသည္။

၎က “အခုကေတာ့ အေမရိကန္ဟာ အျမင္ကြဲျပားမႈရဲ႕ ဒဏ္ရာဒဏ္ခ်က္ေတြကို ျပန္ကုစားဖို႔အတြက္ ေပါင္းစည္းသင့္ပါၿပီ။ ကၽြန္ေတာ္တုိ႔ အတူတကြ ေ႐ွ႕ဆက္ရပါမယ္။ ရီပတ္ဘလစ္ကန္ေတြေရာ၊ ဒီမိုကရက္ေတြေရာ၊ တသီးပုဂၢလ အျမင္ရွိသူေတြ အားလံုးေရာေပါ့။ အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔ဟာ စည္းလံုးညီညြတ္တဲ့ ျပည္သူ႔အသိုက္အဝန္း တစ္ရပ္အေနနဲ႔ ခ်ီတက္ရပါမယ္”ဟုလည္း ေျပာၾကားခဲ့သည္။

ထရမ့္က “ကၽြန္ေတာ္ဟာ အေမရိကန္ ျပည္ေထာင္စုရဲ႕ သမၼတ ျဖစ္လာပါေတာ့မယ္။ ဒီအခ်က္က သိပ္အေရးႀကီးပါတယ္။ အတိတ္မွာ ကၽြန္ေတာ့္ကို ေရြးခ်ယ္မဲေပးဖုိ႔ ျငင္းဆန္ခဲ့သူေတြ ရွိပါလိမ့္မယ္။ ဒါေပမဲ့ သူတို႔ဟာ လူနည္းစုပါ။ ခင္ဗ်ားတို႔ရဲ႕ ကူညီမႈနဲ႔အတူ ကၽြန္ေတာ္တို႔ဟာ ခမ္းနားတဲ့ ႏုိင္ငံတစ္ခုကို စည္းစည္းလံုးလံုး အတူတကြ လက္ဆြဲ တည္ေဆာက္ႏုိင္ပါမယ္။ ဟိုးအစကတည္းက ကၽြန္ေတာ္ ေျပာခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ဟာ မဲဆြယ္ခဲ့႐ံု သက္သက္ မဟုတ္ပါဘူး။ ႀကိဳးစားအားထုတ္မႈ ျပင္းျပတဲ့ သန္းေပါင္းမ်ားစြာေသာ အမ်ိဳးသား၊ အမ်ိဳးသမီးေတြ အေနနဲ႔ သူတို႔အတြက္၊ သူတို႔မိသားစုေတြအတြက္ ကိုယ္ခ်စ္တဲ့ ႏုိင္ငံမွာ ပိုၿပီး ေကာင္းမြန္တဲ့၊ ပိုၿပီးေတာက္ပတဲ့ အနာဂတ္မ်ိဳး ပိုင္ဆုိင္လာေစဖို႔ ျဖစ္ပါတယ္”ဟုလည္း မိန္႔ခြန္းထဲတြင္ ထည့္သြင္း ေျပာဆိုခဲ့သည္။

ထရမ့္က “တစ္ကမာၻလံုးကို ကၽြန္ေတာ္ အသိေပးခ်င္တာ တစ္ခုရွိပါတယ္။ ကၽြန္ေတာ္တို႔ဟာ အေမရိကန္ရဲ႕ အက်ိဳးစီးပြားကို နံပါတ္တစ္ ဦးစားေပး အေနနဲ႔ အၿမဲတမ္း သတ္မွတ္ပါမယ္။ ဒါေပမဲ့ လူတိုင္းကို၊ အားလံုးကို ကၽြန္ေတာ္တုိ႔ မွ်တစြာ ဆက္ဆံသြားမွာ ျဖစ္ပါတယ္။ တျခားႏုိင္ငံတိုင္း၊ တျခားႏုိင္ငံေတြက ျပည္သူတိုင္းကိုေပါ့။ ကၽြန္ေတာ္တို႔ဟာ တူညီတဲ့ အေျခခံမ်ိဳးကို ရွာေဖြေပးသြားမယ္။ ရန္လိုမွာ မဟုတ္ဘူး။ ပူးေပါင္းေဆာင္ရြက္မယ္။ ပဋိပကၡေတြကို မလိုလားဘူး။ ကၽြန္ေတာ့္ကို ထဲထဲဝင္ဝင္ ကူညီခဲ့တဲ့ တခ်ိဳ႕ေသာ သူေတြကို အေလးအနက္ ေက်းဇူးတင္ပါေၾကာင္း ဒီေနရာကေန ေျပာပါရေစ။ ဒီညဟာ တကယ့္ကို ထူးျခားတဲ့ သမုိင္းဝင္ ေအာင္ပြဲတစ္ရပ္ ျဖစ္ပါတယ္”ဟုလည္း ေျပာၾကားသြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံရရန် သေချာသွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒေါ်နယ်လ်ထရမ့်က အောင်ပွဲခံ မိန့်ခွန်းတစ်ရပ်ကို နယူးယောက်မြို့တွင် ပြောကြားခဲ့သည်။

နယူးယောက်ရှိ ဟီလ်တန်ဟိုတယ်တွင် ၎င်းကို အားပေး ထောက်ခံသူများ ရှေ့မှောက်၌ မိန့်ခွန်းပြောခဲ့ရာတွင် ထရမ့်က အဓိက ပြိုင်ဘက် ဟီလာရီ ကလင်တန်ကို ချီးကျူးခဲ့သလို အမေရိကန် အနေဖြင့် ခေါင်းဆောင် တစ်ဦးတည်း၏ ဦးဆောင်မှု အောက်တွင် စည်းလုံးစွာ ရှေ့ဆက်ရန်လည်း တောင်းဆိုခဲ့သည်။

ဘီလီယံနာ သူဌေးကြီး ထရမ့်သည် ရွေးကောက်ပွဲကြို ကာလမတိုင်မီက ရေပန်းမစားခဲ့သော်လည်း ရီပတ်ဘလစ်ကန် ပါတီတွင်း ပြိုင်ဘက်များကို အံ့အားသင့်ဖွယ် ကျော်ဖြတ်ကာ ရွေးကောက်ပွဲတွင်လည်း ကလင်တန်အပေါ် ရလဒ်ပိုင်း ပြတ်သားစွာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ထရမ့်က “အခုပဲ ကျွန်တော့်ကို ကလင်တန်က ဖုန်းဆက်လာပါတယ်။ သူက ကျွန်တော်တို့ကို ဂုဏ်ပြုကြောင်း ပြောပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက်ပါ။ ကျွန်တော်တို့ရဲ့ အောင်ပွဲပါ။ ကျွန်တော်ကလည်း သူနဲ့ သူ့မိသားစုဟာ ပြင်းပြင်းထန်ထန် အားထုတ် ယှဉ်ပြိုင်ခဲ့တဲ့အတွက် ချီးကျူးခဲ့ပါတယ်။ ကျွန်တော် ဆိုလိုချင်တာက ကလင်တန်ဟာ အချိန်အကြာကြီး အပြင်းအထန် ကြိုးစားခဲ့သူပါ။ ပြီးတော့ နိုင်ငံအတွက် သူ့ရဲ့ ပေးဆပ် ထမ်းဆောင်မှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အားလုံးက အကြွေးတင်နေပါတယ်”ဟု ဆိုသည်။

၎င်းက “အခုကတော့ အမေရိကန်ဟာ အမြင်ကွဲပြားမှုရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ပြန်ကုစားဖို့အတွက် ပေါင်းစည်းသင့်ပါပြီ။ ကျွန်တော်တို့ အတူတကွ ရှေ့ဆက်ရပါမယ်။ ရီပတ်ဘလစ်ကန်တွေရော၊ ဒီမိုကရက်တွေရော၊ တသီးပုဂ္ဂလ အမြင်ရှိသူတွေ အားလုံးရောပေါ့။ အခုအချိန်မှာ ကျွန်တော်တို့ဟာ စည်းလုံးညီညွတ်တဲ့ ပြည်သူ့အသိုက်အဝန်း တစ်ရပ်အနေနဲ့ ချီတက်ရပါမယ်”ဟုလည်း ပြောကြားခဲ့သည်။

ထရမ့်က “ကျွန်တော်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ ဖြစ်လာပါတော့မယ်။ ဒီအချက်က သိပ်အရေးကြီးပါတယ်။ အတိတ်မှာ ကျွန်တော့်ကို ရွေးချယ်မဲပေးဖို့ ငြင်းဆန်ခဲ့သူတွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ဟာ လူနည်းစုပါ။ ခင်ဗျားတို့ရဲ့ ကူညီမှုနဲ့အတူ ကျွန်တော်တို့ဟာ ခမ်းနားတဲ့ နိုင်ငံတစ်ခုကို စည်းစည်းလုံးလုံး အတူတကွ လက်ဆွဲ တည်ဆောက်နိုင်ပါမယ်။ ဟိုးအစကတည်းက ကျွန်တော် ပြောခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မဲဆွယ်ခဲ့ရုံ သက်သက် မဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှု ပြင်းပြတဲ့ သန်းပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးတွေ အနေနဲ့ သူတို့အတွက်၊ သူတို့မိသားစုတွေအတွက် ကိုယ်ချစ်တဲ့ နိုင်ငံမှာ ပိုပြီး ကောင်းမွန်တဲ့၊ ပိုပြီးတောက်ပတဲ့ အနာဂတ်မျိုး ပိုင်ဆိုင်လာစေဖို့ ဖြစ်ပါတယ်”ဟုလည်း မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

ထရမ့်က “တစ်ကမ္ဘာလုံးကို ကျွန်တော် အသိပေးချင်တာ တစ်ခုရှိပါတယ်။ ကျွန်တော်တို့ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို နံပါတ်တစ် ဦးစားပေး အနေနဲ့ အမြဲတမ်း သတ်မှတ်ပါမယ်။ ဒါပေမဲ့ လူတိုင်းကို၊ အားလုံးကို ကျွန်တော်တို့ မျှတစွာ ဆက်ဆံသွားမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံတိုင်း၊ တခြားနိုင်ငံတွေက ပြည်သူတိုင်းကိုပေါ့။ ကျွန်တော်တို့ဟာ တူညီတဲ့ အခြေခံမျိုးကို ရှာဖွေပေးသွားမယ်။ ရန်လိုမှာ မဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်မယ်။ ပဋိပက္ခတွေကို မလိုလားဘူး။ ကျွန်တော့်ကို ထဲထဲဝင်ဝင် ကူညီခဲ့တဲ့ တချို့သော သူတွေကို အလေးအနက် ကျေးဇူးတင်ပါကြောင်း ဒီနေရာကနေ ပြောပါရစေ။ ဒီညဟာ တကယ့်ကို ထူးခြားတဲ့ သမိုင်းဝင် အောင်ပွဲတစ်ရပ် ဖြစ်ပါတယ်”ဟုလည်း ပြောကြားသွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top