Property Expo
×

ေဆးလိပ္ေငြ ့ကို ဘယ္ေတာ့မွ မ႐ွဴမိပါေစႏွင့္

ေဆးလိပ္ေငြ႕ဟာ အရြယ္ မတိုင္ခင္ အေရးေၾကာင္း ထင္တာ၊ ပါးေရ တြန္႔တာ နဲ႔ အသား အေရ ႏြမ္းနယ္ ေျခာက္ေသြ႔ တာေတြကို ျဖစ္ေစႏိုင္ ပါတယ္။ ဒါေၾကာင့္ လက္တည့္ စမ္းတဲ့ အေနနဲ႔ပဲ ျဖစ္ျဖစ္ ေဆးလိပ္ကို ေယာင္လို႔ေတာင္ မေသာက္ မိပါေစနဲ႔။ အနားမွာ ေဆးလိပ္ေသာက္ ေနရင္ ေဆးလိပ္ေငြ႔ ကင္းတဲ့ ေနရာကို ထြက္သြား သင့္ပါတယ္။

ေနေရာင္ကာခရင္မ္ လိမ္းပါ

အသားအေရၾကမ္းတမ္းတာ၊ ညိဳ ညစ္တာ၊ အသားအေရ မညီမညာျဖစ္ တာနဲ႔ အေရးေၾကာင္းထင္တာ စတဲ့ အ သားအေရျပႆနာေတြဟာ ေနေရာင္ ျခည္ဒဏ္ကို တာရွည္ခံ ရတာေၾကာင့္ ျဖစ္ တတ္ပါတယ္။ ဒါေၾကာင့္ ခရမ္းလြန္ ေရာင္ျခည္ UVA နဲ႔ UVB ႏွစ္မ်ိဳးလံုးကို ကာကြယ္ေပးႏိုင္တဲ့ ေနေရာင္ကာခရင္မ္ ကို လိမ္းေပးပါ။ အျပင္မွာ ရွိေနတဲ့အ ခ်ိန္ေတြမွာ တစ္ႀကိမ္လိမ္းထား႐ံုနဲ႔ မလံု ေလာက္ေတာ့ပါဘူး။ အခ်ိန္ ႏွစ္နာရီ- သံုး နာရီၾကာတိုင္း တစ္ႀကိမ္ ျပန္လိမ္းေပးပါ။

ရက္တီးႏြိဳက္ကို စဥ္းစားပါ

ဗီတာမင္ေအရဲ႕အမ်ိဳးအစားတစ္ခုျဖစ္ တဲ့ရက္တီးႏြိဳက္ဟာ ေခြ်းေပါက္ပြင့္ေစတာ၊ ဝက္ၿခံ ကင္းစင္ေစတာ၊ အေရးေၾကာင္း ေရးေရးေလးေတြကို ေလ်ာ့ပါးေစတာ၊ အသားအေရကို တင္းရင္းလွပေစတဲ့ ေကာ္လာဂ်င္ထုတ္လုပ္မႈ အားေကာင္း ေစတာ၊ အမည္းစက္ေတြနဲ႔ မွဲ႔ေျခာက္ ေတြေလ်ာ့ပါးသြားေစတာနဲ႔ အသားအေရ ရဲ႕ တည္ေဆာက္ပံုကို တိုးတက္ေစတာ စတဲ့ အက်ိဳးေက်းဇူးေတြကို ရရွိေစပါ တယ္။ ဒါေၾကာင့္ ႏွစ္ည- သံုးည တစ္ ႀကိမ္ ရက္တီးႏြိဳက္ခရင္မ္ကို ပဲေစ့အရြယ္ ပမာဏခန္႔ လိမ္းေပးမယ္ဆိုရင္ အသား အေရကို ၾကည့္အေကာင္းဆံုးျဖစ္ေအာင္ ထိန္းေပးႏိုင္ေၾကာင္း အေရျပားအထူးကု ဆရာဝန္ေတြက လမ္းၫႊန္ထားပါတယ္။

႐ိုး႐ိုးရွင္းရွင္းသာ အသံုးျပဳေပးပါ

တခ်ိဳ႕အမ်ိဳးသမီးေတြက အသားအ ေရထိန္းသိမ္းတာနဲ႔ ပတ္သက္ၿပီး တခ်ိဳ႕ ပစၥည္းေတြကို ေရာစပ္သံုးတဲ့အခါ ပါဝင္ ပစၥည္းေတြရဲ႕ အာနိသင္အခ်င္းခ်င္း ဓာတ္ ျပယ္မႈေၾကာင့္ အက်ိဳးေက်းဇူး မရတတ္ တာမ်ိဳး ျဖစ္တတ္ပါတယ္။ မ်က္ႏွာသန္႔ စင္ေဆး၊ ေနေရာင္ကာခရင္မ္၊ အစိုဓာတ္ ထိန္းအလွဆီနဲ႔ ရက္တီးႏြိဳက္ပါတဲ့ ခရင္မ္ စတာေတြပဲ ျဖစ္ပါတယ္။ ၿပီးမွ မ်က္ဝန္းနဲ႔ ႏႈတ္ခမ္းအတြက္ သီးသန္႔ ထိန္းသိမ္း ေပးရမွာပါ။

မတည့္လွ်င္ လံုးဝ မသံုးပါႏွင့္

တကယ္လို႔ သင့္အသားအေရက အသားအေရထိန္း ပစၥည္းအသစ္ေၾကာင့္ ေရာင္ရမ္းတာ၊ နီျမန္းတာ၊ ပူစပ္ပူေလာင္ ျဖစ္တာ စတဲ့ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္ လာရင္ အဲဒီပစၥည္းကို လံုးဝမသံုးပါနဲ႔ ေတာ့။ ႏွေျမာၿပီး သံုးမိမွာစိုးရင္ မဝယ္ ခင္ကတည္းက စမ္းသပ္ လိမ္းၾကည့္ၿပီးမွ ဝယ္သင့္ပါတယ္။

အင္တီေအာက္ဆီးဒင့္ ပါေသာ သဘာဝအစားအေသာက္ကို စားပါ

ညစ္ညမ္းတဲ့ေလထုကို ႐ွဴ ရွင္းတဲ့ အစားအေသာက္ကို စားမိတာ၊ ေဆးလိပ္ေငြ႕ကို ႐ွဴ႐ိႈက္မိတာ . . စတဲ့ မသိလိုက္ မသိဘာသာ အျပဳအမူေတြ ေၾကာင့္ ခႏၶာကိုယ္ထဲကို အဆိပ္အ ေတာက္ျဖစ္ေစတဲ့ ဖရီးရယ္ဒီကယ္ေတြက ဝင္ေရာက္သြားတတ္ပါတယ္။ အဲဒီ ဖရီး ရယ္ဒီကယ္ေတြကို ေခ်ဖ်က္ႏိုင္ဖို႔ရာ အတြက္ အင္တီေအာက္ဆီးဒင့္ပါတဲ့ အစားအေသာက္ေတြကို မ်ားမ်ား စားေပးဖို႔ လိုပါတယ္။ အင္တီေအာက္ဆီးဒင့္ေတြက ေရာင္စံု ဟင္းသီးဟင္းရြက္ေတြ၊ သစ္သီးေတြထဲမွာ ေပါမ်ားစြာ ပါဝင္တာေၾကာင့္ မ်ားမ်ား စားေပးရပါမယ္။

ဘဝေနထိုင္မႈပံုစံကို ဂ႐ုစိုက္ပါ


ေယာဂက်င့္တာ၊ တရားထိုင္တာ စတဲ့ လႈပ္ရွားမႈေတြဟာ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစပါတယ္။ စိတ္ဖိစီးမႈဟာ ဝက္ ျခံ  ႏွင္းခူ၊ အေရျပားနီျမန္းတာစတဲ့ ဆိုးရြားတဲ့ အေရျပား အေျခအေနေတြ ကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အိပ္ ေရးဝ၀အိပ္ၿပီး ျပည့္ျပည့္ဝ၀ အနားယူ တာ၊ ပံုမွန္ တရားထိုင္တာ၊ အေၾကာ ေလွ်ာ့ေပးမယ့္ ေယာဂေလ့က်င့္ခန္း လုပ္တာ စတာေတြကို ေဆာင္ရြက္သင့္သလို ေသြးလွည့္ပတ္မႈေကာင္းေအာင္ ေခြ်း ထြက္တဲ့အထိ ေလ့က်င့္ခန္းလုပ္ေပးပါ။ တကယ္လို႔ မ်က္ႏွာေပၚမွာ ဝက္ၿခံ၊ အ ဖုအပိမ့္စတဲ့ အျပစ္အနာအဆာေတြရွိ ေနရင္ေတာင္ တရားထိုင္ၿပီး စိတ္ဖိစီး မႈကင္းသူေတြဟာ တရားမထိုင္သူေတြထက္ ျမန္ျမန္အနာက်က္ကာ သက္သာ ေစေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္။

အေျခခံ ထိန္းသိမ္းနည္း အဆင့္ဆင့္ကို ျပဳလုပ္ပါ


- အရင္ဆံုး မ်က္ႏွာကို ဓာတုပစၥည္း ေဆးနဲ႔ ၾကက္သီးေႏြးေရ သံုးၿပီး သစ္ပါ။

- ၿပီးရင္ မ်က္ႏွာကို ႏူးညံ့တဲ့ မ်က္ႏွာ သုတ္ပဝါနဲ႔ ညင္ညင္သာသာ သုတ္ေပးပါ။

- မ်က္ႏွာ လန္းဆန္းသြားေအာင္ အယ္လ္ကိုေဟာမပါတဲ့ ေခြ်းေပါက္က်ဥ္း ေဆးရည္တိုနာ လိမ္းေပးပါ။ အဲဒီေနာက္ ေနေရာင္ ကာကြယ္ႏိုင္တဲ့အဆ ၁၅ဆ ပါဝင္တဲ့ ေနေရာင္ကာခရင္မ္ကို လိမ္းပါ။

- ေနေရာင္ကာခရင္မ္လိမ္းၿပီး အခ်ိန္အ နည္းငယ္ၾကာမွ အေရျပား အစိုဓာတ္ ထိန္း ခရင္မ္ကို လိမ္းေပးပါ။

- ေနာက္ဆံုးမွာ မ်က္ဝန္းေအာက္က အေရးေၾကာင္းမျဖစ္ေအာင္ ကာကြယ္တဲ့အ ေနနဲ႔ အိုင္းခရင္မ္ကို လိမ္းေပးသင့္ပါ တယ္။

နံနက္ပိုင္း မ်က္ႏွာသစ္ၿပီးခ်ိန္မွာ ဒီအတိုင္းျပဳလုပ္ၿပီး ညဘက္မွာ ဆိုရင္ ေနေရာင္ကာခရင္မ္အစား ညဘက္ လိမ္းရတဲ့ ညလိမ္းခရင္မ္ကို လိမ္းေပးပါ။ ညဘက္မွာအပ်င္းထူၿပီး မ်က္ႏွာမသစ္ဘဲ မအိပ္လိုက္ပါနဲ႔။ ေန႔ခင္းဘက္မွာ ထိ ခိုက္ထားတဲ့ အသားအေရကို ညဘက္ မွာ ျပန္လည္ျပဳျပင္ေပးႏိုင္တာေၾကာင့္ ညဘက္ အသားအေရထိန္းသိမ္းမႈဟာ လည္း အေရးပါပါတယ္။

သဘာဝနည္းလမ္းမ်ားကို သံုးၿပီး ေပါင္းတင္ေပးပါ

အသားအေရကို အလြယ္တကူ ျဖဴစင္ လွပလာေစမယ့္ သဘာဝေပါင္းတင္ နည္းကို တစ္ပတ္မွာ တစ္ႀကိမ္ - ႏွစ္ ႀကိမ္ေလာက္ ျပဳလုပ္ေပးႏိုင္ပါတယ္။

- ဆဲလ္ေသေတြ ကြာက်သြားေအာင္ သံပရာရည္နဲ႔ မ်က္ႏွာကို ေဆးေၾကာ ေပးပါ။

- မ်က္ႏွာမွာ အေရးေၾကာင္းပါးပါး ထင္ ေနရင္ ႏြားႏို႔တစ္ခြက္၊ သခြားသီးစိတ္ ပါးပါးတို႔ကို ေမႊစက္ထဲေရာေမႊကာ လိမ္းေပးပါ။ အခ်ိန္ ၁၅ မိနစ္ၾကာမွ မ်က္ႏွာ ကို ၾကက္သီးေႏြးေရနဲ႔ ေဆးခ်လိုက္ပါ။

- ၿပီးရင္ မ်က္ႏွာသုတ္ပဝါနဲ႔ ညင္ညင္ သာသာသုတ္ၿပီး အစိုဓာတ္ထိန္းခရင္မ္ လိမ္းေပးပါ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ဆေးလိပ်ငွေ့ကို ဘယ်တော့မှ မရှူမိပါစေနှင့်

ဆေးလိပ်ငွေ့ဟာ အရွယ် မတိုင်ခင် အရေးကြောင်း ထင်တာ၊ ပါးရေ တွန့်တာ နဲ့ အသား အရေ နွမ်းနယ် ခြောက်သွေ့ တာတွေကို ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် လက်တည့် စမ်းတဲ့ အနေနဲ့ပဲ ဖြစ်ဖြစ် ဆေးလိပ်ကို ယောင်လို့တောင် မသောက် မိပါစေနဲ့။ အနားမှာ ဆေးလိပ်သောက် နေရင် ဆေးလိပ်ငွေ့ ကင်းတဲ့ နေရာကို ထွက်သွား သင့်ပါတယ်။

နေရောင်ကာခရင်မ် လိမ်းပါ

အသားအရေကြမ်းတမ်းတာ၊ ညို ညစ်တာ၊ အသားအရေ မညီမညာဖြစ် တာနဲ့ အရေးကြောင်းထင်တာ စတဲ့ အ သားအရေပြဿနာတွေဟာ နေရောင် ခြည်ဒဏ်ကို တာရှည်ခံ ရတာကြောင့် ဖြစ် တတ်ပါတယ်။ ဒါကြောင့် ခရမ်းလွန် ရောင်ခြည် UVA နဲ့ UVB နှစ်မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ နေရောင်ကာခရင်မ် ကို လိမ်းပေးပါ။ အပြင်မှာ ရှိနေတဲ့အ ချိန်တွေမှာ တစ်ကြိမ်လိမ်းထားရုံနဲ့ မလုံ လောက်တော့ပါဘူး။ အချိန် နှစ်နာရီ- သုံး နာရီကြာတိုင်း တစ်ကြိမ် ပြန်လိမ်းပေးပါ။

ရက်တီးနွိုက်ကို စဉ်းစားပါ

ဗီတာမင်အေရဲ့အမျိုးအစားတစ်ခုဖြစ် တဲ့ရက်တီးနွိုက်ဟာ ချွေးပေါက်ပွင့်စေတာ၊ ဝက်ခြံ ကင်းစင်စေတာ၊ အရေးကြောင်း ရေးရေးလေးတွေကို လျော့ပါးစေတာ၊ အသားအရေကို တင်းရင်းလှပစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှု အားကောင်း စေတာ၊ အမည်းစက်တွေနဲ့ မှဲ့ခြောက် တွေလျော့ပါးသွားစေတာနဲ့ အသားအရေ ရဲ့ တည်ဆောက်ပုံကို တိုးတက်စေတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါ တယ်။ ဒါကြောင့် နှစ်ည- သုံးည တစ် ကြိမ် ရက်တီးနွိုက်ခရင်မ်ကို ပဲစေ့အရွယ် ပမာဏခန့် လိမ်းပေးမယ်ဆိုရင် အသား အရေကို ကြည့်အကောင်းဆုံးဖြစ်အောင် ထိန်းပေးနိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်တွေက လမ်းညွှန်ထားပါတယ်။

ရိုးရိုးရှင်းရှင်းသာ အသုံးပြုပေးပါ

တချို့အမျိုးသမီးတွေက အသားအ ရေထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး တချို့ ပစ္စည်းတွေကို ရောစပ်သုံးတဲ့အခါ ပါဝင် ပစ္စည်းတွေရဲ့ အာနိသင်အချင်းချင်း ဓာတ် ပြယ်မှုကြောင့် အကျိုးကျေးဇူး မရတတ် တာမျိုး ဖြစ်တတ်ပါတယ်။ မျက်နှာသန့် စင်ဆေး၊ နေရောင်ကာခရင်မ်၊ အစိုဓာတ် ထိန်းအလှဆီနဲ့ ရက်တီးနွိုက်ပါတဲ့ ခရင်မ် စတာတွေပဲ ဖြစ်ပါတယ်။ ပြီးမှ မျက်ဝန်းနဲ့ နှုတ်ခမ်းအတွက် သီးသန့် ထိန်းသိမ်း ပေးရမှာပါ။

မတည့်လျှင် လုံးဝ မသုံးပါနှင့်

တကယ်လို့ သင့်အသားအရေက အသားအရေထိန်း ပစ္စည်းအသစ်ကြောင့် ရောင်ရမ်းတာ၊ နီမြန်းတာ၊ ပူစပ်ပူလောင် ဖြစ်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ် လာရင် အဲဒီပစ္စည်းကို လုံးဝမသုံးပါနဲ့ တော့။ နှမြောပြီး သုံးမိမှာစိုးရင် မဝယ် ခင်ကတည်းက စမ်းသပ် လိမ်းကြည့်ပြီးမှ ဝယ်သင့်ပါတယ်။

အင်တီအောက်ဆီးဒင့် ပါသော သဘာဝအစားအသောက်ကို စားပါ

ညစ်ညမ်းတဲ့လေထုကို ရှူ ရှင်းတဲ့ အစားအသောက်ကို စားမိတာ၊ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတာ . . စတဲ့ မသိလိုက် မသိဘာသာ အပြုအမူတွေ ကြောင့် ခန္ဓာကိုယ်ထဲကို အဆိပ်အ တောက်ဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေက ဝင်ရောက်သွားတတ်ပါတယ်။ အဲဒီ ဖရီး ရယ်ဒီကယ်တွေကို ချေဖျက်နိုင်ဖို့ရာ အတွက် အင်တီအောက်ဆီးဒင့်ပါတဲ့ အစားအသောက်တွေကို များများ စားပေးဖို့ လိုပါတယ်။ အင်တီအောက်ဆီးဒင့်တွေက ရောင်စုံ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေထဲမှာ ပေါများစွာ ပါဝင်တာကြောင့် များများ စားပေးရပါမယ်။

ဘဝနေထိုင်မှုပုံစံကို ဂရုစိုက်ပါ

ယောဂကျင့်တာ၊ တရားထိုင်တာ စတဲ့ လှုပ်ရှားမှုတွေဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုဟာ ဝက်ခြံ၊ နှင်းခူ၊ အရေပြားနီမြန်းတာစတဲ့ ဆိုးရွားတဲ့ အရေပြား အခြေအနေတွေ ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ် ရေးဝဝအိပ်ပြီး ပြည့်ပြည့်ဝ၀ အနားယူ တာ၊ ပုံမှန် တရားထိုင်တာ၊ အကြော လျှော့ပေးမယ့် ယောဂလေ့ကျင့်ခန်း လုပ်တာ စတာတွေကို ဆောင်ရွက်သင့်သလို သွေးလှည့်ပတ်မှုကောင်းအောင် ချွေး ထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်ပေးပါ။ တကယ်လို့ မျက်နှာပေါ်မှာ ဝက်ခြံ၊ အ ဖုအပိမ့်စတဲ့ အပြစ်အနာအဆာတွေရှိ နေရင်တောင် တရားထိုင်ပြီး စိတ်ဖိစီး မှုကင်းသူတွေဟာ တရားမထိုင်သူတွေထက် မြန်မြန်အနာကျက်ကာ သက်သာ စေကြောင်း လေ့လာတွေ့ရှိရပါတယ်။

အခြေခံ ထိန်းသိမ်းနည်း အဆင့်ဆင့်ကို ပြုလုပ်ပါ

- အရင်ဆုံး မျက်နှာကို ဓာတုပစ္စည်း ဆေးနဲ့ ကြက်သီးနွေးရေ သုံးပြီး သစ်ပါ။

- ပြီးရင် မျက်နှာကို နူးညံ့တဲ့ မျက်နှာ သုတ်ပဝါနဲ့ ညင်ညင်သာသာ သုတ်ပေးပါ။

- မျက်နှာ လန်းဆန်းသွားအောင် အယ်လ်ကိုဟောမပါတဲ့ ချွေးပေါက်ကျဉ်း ဆေးရည်တိုနာ လိမ်းပေးပါ။ အဲဒီနောက် နေရောင် ကာကွယ်နိုင်တဲ့အဆ ၁၅ဆ ပါဝင်တဲ့ နေရောင်ကာခရင်မ်ကို လိမ်းပါ။

- နေရောင်ကာခရင်မ်လိမ်းပြီး အချိန်အ နည်းငယ်ကြာမှ အရေပြား အစိုဓာတ် ထိန်း ခရင်မ်ကို လိမ်းပေးပါ။

- နောက်ဆုံးမှာ မျက်ဝန်းအောက်က အရေးကြောင်းမဖြစ်အောင် ကာကွယ်တဲ့အ နေနဲ့ အိုင်းခရင်မ်ကို လိမ်းပေးသင့်ပါ တယ်။

နံနက်ပိုင်း မျက်နှာသစ်ပြီးချိန်မှာ ဒီအတိုင်းပြုလုပ်ပြီး ညဘက်မှာ ဆိုရင် နေရောင်ကာခရင်မ်အစား ညဘက် လိမ်းရတဲ့ ညလိမ်းခရင်မ်ကို လိမ်းပေးပါ။ ညဘက်မှာအပျင်းထူပြီး မျက်နှာမသစ်ဘဲ မအိပ်လိုက်ပါနဲ့။ နေ့ခင်းဘက်မှာ ထိ ခိုက်ထားတဲ့ အသားအရေကို ညဘက် မှာ ပြန်လည်ပြုပြင်ပေးနိုင်တာကြောင့် ညဘက် အသားအရေထိန်းသိမ်းမှုဟာ လည်း အရေးပါပါတယ်။

သဘာဝနည်းလမ်းများကို သုံးပြီး ပေါင်းတင်ပေးပါ

အသားအရေကို အလွယ်တကူ ဖြူစင် လှပလာစေမယ့် သဘာဝပေါင်းတင် နည်းကို တစ်ပတ်မှာ တစ်ကြိမ် - နှစ် ကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။

- ဆဲလ်သေတွေ ကွာကျသွားအောင် သံပရာရည်နဲ့ မျက်နှာကို ဆေးကြော ပေးပါ။

- မျက်နှာမှာ အရေးကြောင်းပါးပါး ထင် နေရင် နွားနို့တစ်ခွက်၊ သခွားသီးစိတ် ပါးပါးတို့ကို မွှေစက်ထဲရောမွှေကာ လိမ်းပေးပါ။ အချိန် ၁၅ မိနစ်ကြာမှ မျက်နှာ ကို ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။

- ပြီးရင် မျက်နှာသုတ်ပဝါနဲ့ ညင်ညင် သာသာသုတ်ပြီး အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။



ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top