Property Expo
×

အမိ်ဳးသမီးမ်ား ကိ်န္းေသေပါက္ ကိုယ္၀န္ေဆာင္နိုင္ေအာင္ ကူေပးမည့္ နားၾကပ္မိ်ဳးကို အင္ဂ်င္နီယာမ်ားက တီထြင္ထားျပီ ျဖစ္သည္။

ထိုနားၾကပ္ကို ယိုနိုဟု အမည္ေပးထားသည္။ နားၾကပ္သည္ အမိ်ဳးသမီးမ်ား၏ မိ်ဳးဥျဖစ္တည္ခိ်န္ကို ေစာင့္ၾကည့္ မွတ္တမ္းတင္ကာ မည္သည့္ အခိ်န္သည္ ကိုယ္၀န္ရနိုင္ေျခ အရိွဆံုးဆိုတာ တြက္ခ်က္ျပီး သတိေပးမည္ ျဖစ္သည္။ နားၾကပ္သည္ လက္ရိွ မမိ်ဳးဥ အေျခအေန ေစာင့္ၾကည့္ ကိရိယာေလးမ်ားထက္လည္း ပိုတိက်သလို သံုးစဲြရလည္း ပိုအဆင္ေျပေၾကာင္း ဖန္တီးသူမ်ားက ေျပာသည္။

ယိုနိုကိရိယာေလးသည္ အမိ်ဳးသမီး၏ ခႏၶာေအာက္ပိုင္း အပူခိ်န္ကို အဓိက ေစာင့္ၾကည့္ မွတ္တမ္းတင္သည္။ အမိ်ဳးသမီးမ်ားသည္ မမိ်ဳးဥ ရင့္သန္ကာ ကိုယ္၀န္ေဆာင္ရန္ အသင့္ ျဖစ္လာခိ်န္တြင္ ခႏၶာေအာက္ပိုင္း အပူခိ်န္သည္လည္း ပံုမွန္ထက္ ပိုျမင့္လာတတ္သည္။ ယိုနိုနားက်ပ္သည္ ခႏၶာေအာက္ပိုင္း အပူခိ်န္ကို ေန႔စဥ္ မွတ္တမ္းတင္ကာ မနက္တိုင္း စမတ္ဖုန္းထဲရိွ ယိုနိုအပလီ ေကးရွင္းသို႔ အခ်က္အလက္မ်ား ေပးပို႔မည္ ျဖစ္သည္။

ထိုအခ်က္အလက္မ်ားကို အပလီေကးရွင္းက တြက္ခ်က္ကာ ယိုနိုနားက်ပ္ ၀တ္ဆင္သူ အမိ်ဳးသမီး၏ ကိုယ္၀န္ရနိုင္ေျခ အရိွဆံုး အခိ်န္ကို အသိေပးေဖာ္ျပမည္ ျဖစ္သည္။ ကေလး လိုခ်င္ေနေသာ အိမ္ ေထာင္သည္မ်ား အေနျဖင့္ ကိုယ္၀န္ရနိုင္ေျခ အရိွဆံုး ရက္မိ်ဳးတြင္ အတူေနျခင္းျဖင့္ လိုခ်င္ေသာ ကေလးေလး ရလာမည္ဟု ယိုနိုနားၾကပ္ကို တီထြင္သည့္ စတန္းဖို႔ဒ္ တကၠသိုလ္မွ ဗနီသာဆီက ေျပာသည္။

ယိုနိုနားၾကပ္ကို ယခုနွစ္ ဒီဇင္ဘာလတြင္ စတင္ ေရာင္းခ်မည္ျဖစ္ျပီး၊ ေရာင္းေဈး (၉၉) ေဒၚလာ သတ္မွတ္ထားေၾကာင္း သိရသည္။ ယိုနိုအပလီေကးရွင္းကိုမူ စမတ္ဖုန္းထဲသို႔ ေဒါင္းလုဒ္ လုပ္ထားရမည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger news journal

#Unicode Version
အမျိုးသမီးများ ကျိန်းသေပေါက် ကိုယ်ဝန်ဆောင်နိုင်အောင် ကူပေးမည့် နားကြပ်မျိုးကို အင်ဂျင်နီယာများက တီထွင်ထားပြီ ဖြစ်သည်။

ထိုနားကြပ်ကို ယာနိုဟု အမည်ပေးထားသည်။ နားကြပ်သည် အမျိုးသမီးများ၏ မျိုးဥဖြစ်တည်ချိန်ကို စောင့်ကြည့် မှတ်တမ်းတင်ကာ မည်သည့် အချိန်သည် ကိုယ်ဝန်ရနိုင်ခြေ အရှိဆုံးဆိုတာ တွက်ချက်ပြီး သတိပေးမည် ဖြစ်သည်။ နားကြပ်သည် လက်ရှိ မမျိုးဥ အခြေအနေ စောင့်ကြည့် ကိရိယာလေးများထက်လည်း ပိုတိကျသလို သုံးစွဲရလည်း ပိုအဆင်ပြေကြောင်း ဖန်တီးသူများက ပြောသည်။

ယိုနိုကိရိယာလေးသည် အမျိုးသမီး၏ ခန္ဓာအောက်ပိုင်း အပူချိန်ကို အဓိက စောင့်ကြည့် မှတ်တမ်းတင်သည်။ အမျိုးသမီးများသည် မမျိုးဥ ရင့်သန်ကာ ကိုယ်ဝန်ဆောင်ရန် အသင့် ဖြစ်လာချိန်တွင် ခန္ဓာအောက်ပိုင်း အပူချိန်သည်လည်း ပုံမှန်ထက် ပိုမြင့်လာတတ်သည်။ ယိုနိုနားကျပ်သည် ခန္ဓာအောက်ပိုင်း အပူချိန်ကို နေ့စဉ် မှတ်တမ်းတင်ကာ မနက်တိုင်း စမတ်ဖုန်းထဲရှိ ယိုနိုအပလီ ကေးရှင်းသို့ အချက်အလက်များ ပေးပို့မည် ဖြစ်သည်။

ထိုအချက်အလက်များကို အပလီကေးရှင်းက တွက်ချက်ကာ ယိုနိုနားကျပ် ဝတ်ဆင်သူ အမျိုးသမီး၏ ကိုယ်ဝန်ရနိုင်ခြေ အရှိဆုံး အချိန်ကို အသိပေးဖော်ပြမည် ဖြစ်သည်။ ကလေး လိုချင်နေသော အိမ်ထောင်သည်များ အနေဖြင့် ကိုယ်ဝန်ရနိုင်ခြေ အရှိဆုံး ရက်မျိုးတွင် အတူနေခြင်းဖြင့် လိုချင်သော ကလေးလေး ရလာမည်ဟု ယိုနိုနားကြပ်ကို တီထွင်သည့် စတန်းဖို့ဒ် တက္ကသိုလ်မှ ဗနီသာဆီက ပြောသည်။

ယိုနိုနားကြပ်ကို ယခုနှစ် ဒီဇင်ဘာလတွင် စတင် ရောင်းချမည်ဖြစ်ပြီး၊ ရောင်းဈေး (၉၉) ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။ ယိုနိုအပလီကေးရှင်းကိုမူ စမတ်ဖုန်းထဲသို့ ဒေါင်းလုဒ် လုပ်ထားရမည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Messenger news journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top