Property Expo
×

ရခုိင္ျပည္နယ္ဆိုင္ ရာ အႀကံေပးေကာ္မရွင္ဥကၠ႒ မစၥတာကိုဖီအာနန္သည္ ယခု ရက္ပုိင္းအတြင္း ျမန္မာႏုိင္ငံသို႔ လာေရာက္မည္ျဖစ္ေၾကာင္း သ တင္းရရွိသည္။

ကိုဖီအာနန္သည္ ႏုိ၀င္ဘာလကုန္ပိုင္းတြင္ ေနျပည္ေတာ္ႏွင့္ ရခုိင္ျပည္နယ္သို႔ သြားေရာက္မည္ျဖစ္ေၾကာင္း ေကာ္မရွင္အဖဲြ႕၀င္ ဦးေအးလြင္ကေျပာသည္။

ကိုဖီအာနန္ ခရီးစဥ္ႏွင့္ပတ္ သက္ေသာ အေသးစိတ္အခ်က္အလက္မ်ားကို ေျပာၾကား၍ မရေသးေၾကာင္း ၎ကဆိုသည္။သို႔ေသာ္ ကိုဖီအာနန္သည္ ရခိုင္ျပည္နယ္ခရီးစဥ္အတြင္း ဒီဇင္ဘာ ၂ ရက္ႏွင့္ ၃ ရက္မ်ား၌ စစ္ေတြၿမိဳ႕နယ္ ေမာင္ေတာၿမိဳ႕သို႔ သြားေရာက္မည္ျဖစ္ေၾကာင္း ရခုိင္ျပည္နယ္အစိုးရအဖဲြ႕မွ သ တင္းရရိွသည္။

ႏုိဗယ္ၿငိမ္းခ်မ္းေရးဆုရွင္ႏွင့္ ကုလအတြင္းေရးမွဴးခ်ဳပ္ေဟာင္း ကိုဖီအာနန္ဦးေဆာင္သည့္ ေကာ္မရွင္ကို ရခုိင္အေရး ေျဖရွင္းရာ တြင္ အႀကံဉာဏ္မ်ားေပးႏုိင္ရန္ အစိုးရက ၿပီးခဲ့သည့္ ၾသဂုတ္အ တြင္းက ဖဲြ႕စည္းခဲ့သည္။ ကုိဖီအာနန္၏ ပထမဆံုး ခရီးစဥ္အျဖစ္ စက္တင္ဘာလဆန္းပိုင္းက ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕သုိ႔ တစ္ႀကိမ္ ေရာက္ရွိခဲ့သည္။

 အႀကံေပးေကာ္မရွင္သည္ ၁၂ လတာ ကာလအတြင္း ေလ့ လာေတြ႕ရွိခ်က္မ်ားကို ႏုိင္ငံေတာ္ ၏ အတိုင္ပင္ခံပုဂၢိဳလ္မွတစ္ဆင့္ အစိုးရထံ တင္ျပရမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ရခိုင်ပြည်နယ်ဆိုင် ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်သည် ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ကိုဖီအာနန်သည် နိုဝင်ဘာလကုန်ပိုင်းတွင် နေပြည်တော်နှင့် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကပြောသည်။

ကိုဖီအာနန် ခရီးစဉ်နှင့်ပတ် သက်သော အသေးစိတ်အချက်အလက်များကို ပြောကြား၍ မရသေးကြောင်း ၎င်းကဆိုသည်။သို့သော် ကိုဖီအာနန်သည် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်များ၌ စစ်တွေမြို့နယ် မောင်တောမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သ တင်းရရှိသည်။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်ကို ရခိုင်အရေး ဖြေရှင်းရာ တွင် အကြံဉာဏ်များပေးနိုင်ရန် အစိုးရက ပြီးခဲ့သည့် သြဂုတ်အ တွင်းက ဖွဲ့စည်းခဲ့သည်။ ကိုဖီအာနန်၏ ပထမဆုံး ခရီးစဉ်အဖြစ် စက်တင်ဘာလဆန်းပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တစ်ကြိမ် ရောက်ရှိခဲ့သည်။

 အကြံပေးကော်မရှင်သည် ၁၂ လတာ ကာလအတွင်း လေ့ လာတွေ့ရှိချက်များကို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှတစ်ဆင့် အစိုးရထံ တင်ပြရမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top