Kantharyar Centre
×

ေတာင္ကုိရီးယားမွာ ျဖစ္ေပၚေနတဲ့ အက်င့္ပ်က္ျခစားမႈ ႏုိင္ငံေရးအ႐ႈပ္အေထြးမွာ သမၼတပတ္ဂြန္ေဟး ပါဝင္ပတ္သက္ခဲ့တယ္လို႕ ယုံၾကည္ရေၾကာင္း စုံစမ္းစစ္ေဆးေရးမွဴးေတြက ႏုိဝင္ဘာ ၂၀ ရက္မွာ ေျပာၾကားလုိက္ပါတယ္။ သမၼတပတ္ဂြန္ေဟးရဲ႕ အနီးကပ္သူငယ္ခ်င္းနဲ႕ အေထာက္အကူျပဳ အဖြဲ႕ဝင္ေဟာင္းႏွစ္ဦးကုိ စြဲခ်က္တင္ခဲ့ၿပီးေနာက္ စုံစမ္းစစ္ေဆးေရးမွဴးေတြရဲ႕ မွတ္ခ်က္စကား ေပၚထြက္လာခဲ့တာလည္း ျဖစ္ပါတယ္။

သမၼတပတ္ဂြန္ေဟးရဲ႕ သူငယ္ခ်င္းျဖစ္သူ ခ်ဳိဆြန္ေဆးလ္က ႏုိင္ငံေရးကိစၥေတြမွာ ဝင္ေရာက္စြက္ဖက္မႈေတြ ႐ွိခ့ဲေၾကာင္းနဲ႕ သမၼတနဲ႕သူငယ္ခ်င္းျဖစ္မႈကုိ အသုံးခ်ကာ စီးပြာေရးလုပ္ငန္းႀကီးမ်ားကုိ သူမရဲ႕ ေဖာင္ေဒး႐ွင္းေတြအတြက္ ရန္ပုံေငြထည့္ဝင္ရန္ ဖိအားေပးမႈေတြ ႐ွိခဲ့ေၾကာင္း စုံစမ္းစစ္ေဆးေရးမွဴးေတြက ေျပာပါတယ္။

ေတာင္ကုိရီးယားမွာ လက္႐ွိျဖစ္ေနတဲ့ ႏုိင္ငံေရးအ႐ႈပ္အေထြးနဲ႕ ပတ္သက္ၿပီး သမၼတပတ္ဂြန္ေဟးကုိ ရာထူးမွႏုတ္ထြက္ရန္ သိန္းနဲ႕ခ်ီတဲ့ ျပည္သူေတြက ဆႏၵျပမႈေတြလည္း ဆက္တုိက္ ေပၚေပါက္ေနပါတယ္။

ေတာင္ကုိရီးယားလႊတ္ေတာ္ကလည္း သမၼတပတ္ဂြန္ေဟးကုိ စစ္ေဆးေမးျမန္းရန္ အထူးစုံစမ္းေရးမွဴး ခန္႕အပ္ခြင့္ျပဳထားၿပီး အဆုိပါ အထူးစုံစမ္းေရးမွဴးက ရက္ေပါင္း ၁၂၀ အတြင္း စစ္ေဆးေမးျမန္းမႈမ်ား ေဆာင္႐ြက္ၿပီး လုိအပ္တဲ့ စြဲခ်က္တင္မႈေတြ ျပဳလုပ္ႏုိင္ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

တောင်ကိုရီးယားမှာ ဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေးမှာ သမ္မတပတ်ဂွန်ဟေး ပါဝင်ပတ်သက်ခဲ့တယ်လို့ ယုံကြည်ရကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက နိုဝင်ဘာ ၂၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ သမ္မတပတ်ဂွန်ဟေးရဲ့ အနီးကပ်သူငယ်ချင်းနဲ့ အထောက်အကူပြု အဖွဲ့ဝင်ဟောင်းနှစ်ဦးကို စွဲချက်တင်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ မှတ်ချက်စကား ပေါ်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

သမ္မတပတ်ဂွန်ဟေးရဲ့ သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်က နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ ရှိခဲ့ကြောင်းနဲ့ သမ္မတနဲ့သူငယ်ချင်းဖြစ်မှုကို အသုံးချကာ စီးပွာရေးလုပ်ငန်းကြီးများကို သူမရဲ့ ဖောင်ဒေးရှင်းတွေအတွက် ရန်ပုံငွေထည့်ဝင်ရန် ဖိအားပေးမှုတွေ ရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

တောင်ကိုရီးယားမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအရှုပ်အထွေးနဲ့ ပတ်သက်ပြီး သမ္မတပတ်ဂွန်ဟေးကို ရာထူးမှနုတ်ထွက်ရန် သိန်းနဲ့ချီတဲ့ ပြည်သူတွေက ဆန္ဒပြမှုတွေလည်း ဆက်တိုက် ပေါ်ပေါက်နေပါတယ်။

တောင်ကိုရီးယားလွှတ်တော်ကလည်း သမ္မတပတ်ဂွန်ဟေးကို စစ်ဆေးမေးမြန်းရန် အထူးစုံစမ်းရေးမှူး ခန့်အပ်ခွင့်ပြုထားပြီး အဆိုပါ အထူးစုံစမ်းရေးမှူးက ရက်ပေါင်း ၁၂၀ အတွင်း စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ပြီး လိုအပ်တဲ့ စွဲချက်တင်မှုတွေ ပြုလုပ်နိုင်ကြောင်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top