Property Expo
×

 ျပည္ၿမိဳ႕တြင္ စိတ္ေ၀ဒနာ ရွင္အမ်ိဳးသမီးတစ္ဦးကုိ သားမယားျပဳက်င့္သူ အမ်ိဳးသားႏွစ္ဦးကို ရပ္ကြက္အတြင္း လူငယ္မ်ား က ၀ိုင္း၀န္းဖမ္းဆီးခဲ့ေၾကာင္း သတင္းရရွိသည္။

 ႏုိ၀င္ဘာ ၇ ရက္ ည ၁၂ နာရီခန္႔တြင္ ျပည္ၿမိဳ႕ ဆံေတာ္ရပ္ ကြက္အတြင္း တီက်စ္ဆံုလမ္း ေဘးတစ္ေနရာ၌ စိတ္ေ၀ဒနာရွင္ အမ်ိဳးသမီးကုိ သားမယားျပဳက်င့္ ေနသူ အမ်ိဳးသားႏွစ္ဦးကို ဘုရား ပဲြေစ်းမွ ျပန္လာသူ ရပ္ကြက္ေန သူမ်ားက စတင္ေတြ႕ရွိခဲ့သည္။ ယင္းသို႔ ေတြ႕ရွိသူမ်ားက အနီး ၀န္းက်င္လူငယ္မ်ားအား အကူ အညီေတာင္းကာ စိတ္ေ၀ဒနာရွင္ အမ်ိဳးသမီးကို သားမယားျပဳက်င့္ ေနသူအမ်ိဳးသားႏွစ္ဦးအား ၀ုိင္း ၀န္းဖမ္းဆီးၿပီး ရဲစခန္းသို႔ အ ေၾကာင္းၾကားအပ္ႏွံခဲ့ေၾကာင္း ဆံ ေတာ္ရပ္ကြက္ေန ေဒသခံမ်ားထံ မွ သိရသည္။

‘‘ျပည္မွာက ေရႊဆံေတာ္ ဘုရားပဲြက်င္းပေနတယ္။ ဘုရား ပဲြေစ်းက ျပန္လာတဲ့သူေတြက လမ္းေဘးမွာ စိတ္ေ၀ဒနာရွင္အ မ်ိဳးသမီးကို သားမယားျပဳက်င့္ေန တာကို ေတြ႔တယ္။ အဲဒီမွာ ရပ္ ကြက္ထဲက လူငယ္ေတြကိုေျပာ ၿပီး ၀ိုင္းဖမ္းတယ္။ မိေတာ့ ရဲ လက္ကိုအပ္လိုက္ၾကတယ္။ စိတ္ ေ၀ဒနာရွင္အမ်ိဳးသမီးက ဆံေတာ္ ရပ္ကြက္ဇာတိျဖစ္တယ္။ စိတ္ေ၀ ဒနာခံစားေနရၿပီး လမ္းေပၚ ေလွ်ာက္သြားေနသူျဖစ္တယ္’’ဟု ဆံေတာ္ရပ္ကြက္ေဒသခံ အမ်ိဳး သားတစ္ဦးက ေျပာသည္။

 အသက္ (၃၃)ႏွစ္အရြယ္ စိတ္ေ၀ဒနာရွင္  အမ်ိဳးသမီးကို အသက္ (၂၅)ႏွစ္အရြယ္ အမ်ိဳး သားႏွင့္ အသက္ (၂၉)ႏွစ္အရြယ္ အမ်ိဳးသားတုိ႔က သားမယားျပဳ က်င့္ခဲ့သျဖင့္ ၎အမ်ိဳးသားႏွစ္ဦး ကုိ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးအေရးယူထား ေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရ သည္။

စိတ္ေ၀ဒနာရွင္အမ်ိဳးသမီး ကို မတရားျပဳက်င့္ခဲ့သည့္ အမ်ိဳးသားႏွစ္ဦးသည္ ျပည္ၿမိဳ႕ န၀င္း ရပ္ကြက္တြင္ ေနထိုင္သူမ်ားျဖစ္ ေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရ သည္။

 ‘‘အမ်ိဳးသားႏွစ္ဦးစလံုးက စိတ္ေ၀ဒနာရွင္ အမ်ိဳးသမီးကို သားမယားျပဳက်င့္တာ ေပၚ ေပါက္ခဲ့တဲ့အတြက္ ဖမ္းဆီးၿပီး ရမန္ယူစစ္ေဆးေနတယ္။ မ်က္ ျမင္သက္ေသေတြလည္း သံုးေလး ဦးေလာက္ရွိပါတယ္’’ဟု ျပည္ၿမိဳ႕ မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

  ပြည်မြို့တွင် စိတ်ဝေဒနာ ရှင်အမျိုးသမီးတစ်ဦးကို သားမ ယားပြုကျင့်သူ အမျိုးသားနှစ်ဦးကို ရပ်ကွက်အတွင်း လူငယ်များ က ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သ တင်းရရှိသည်။

 နိုဝင်ဘာ ၇ ရက် ည ၁၂ နာရီခန့်တွင် ပြည်မြို့ ဆံတော်ရပ် ကွက်အတွင်း တီကျစ်ဆုံလမ်း ဘေးတစ်နေရာ၌ စိတ်ဝေဒနာရှင် အမျိုးသမီးကို သားမယားပြုကျင့် နေသူ အမျိုးသားနှစ်ဦးကို ဘုရား ပွဲဈေးမှ ပြန်လာသူ ရပ်ကွက်နေ သူများက စတင်တွေ့ရှိခဲ့သည်။ ယင်းသို့ တွေ့ရှိသူများက အနီး ဝန်းကျင်လူငယ်များအား အကူ အညီတောင်းကာ စိတ်ဝေဒနာရှင် အမျိုးသမီးကို သားမယားပြုကျင့် နေသူအမျိုးသားနှစ်ဦးအား ဝိုင်း ဝန်းဖမ်းဆီးပြီး ရဲစခန်းသို့ အ ကြောင်းကြားအပ်နှံခဲ့ကြောင်း ဆံ တော်ရပ်ကွက်နေ ဒေသခံများထံ မှ သိရသည်။

‘‘ပြည်မှာက ရွှေဆံတော် ဘုရားပွဲကျင်းပနေတယ်။ ဘုရား ပွဲဈေးက ပြန်လာတဲ့သူတွေက လမ်းဘေးမှာ စိတ်ဝေဒနာရှင်အ မျိုးသမီးကို သားမယားပြုကျင့်နေ တာကို တွေ့တယ်။ အဲဒီမှာ ရပ် ကွက်ထဲက လူငယ်တွေကိုပြော ပြီး ဝိုင်းဖမ်းတယ်။ မိတော့ ရဲ လက်ကိုအပ်လိုက်ကြတယ်။ စိတ် ဝေဒနာရှင်အမျိုးသမီးက ဆံတော် ရပ်ကွက်ဇာတိဖြစ်တယ်။ စိတ်ေ၀ ဒနာခံစားနေရပြီး လမ်းပေါ် လျှောက်သွားနေသူဖြစ်တယ်’’ဟု ဆံတော်ရပ်ကွက်ဒေသခံ အမျိုး သားတစ်ဦးက ပြောသည်။

 အသက် (၃၃)နှစ်အရွယ် စိတ်ဝေဒနာရှင်  အမျိုးသမီးကို အသက် (၂၅)နှစ်အရွယ် အမျိုး သားနှင့် အသက် (၂၉)နှစ်အရွယ် အမျိုးသားတို့က သားမယားပြု ကျင့်ခဲ့သဖြင့် ၎င်းအမျိုးသားနှစ်ဦး ကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူထား ကြောင်း မြို့မရဲစခန်းမှ သိရသည်။

စိတ်ဝေဒနာရှင်အမျိုးသမီး ကို မတရားပြုကျင့်ခဲ့သည့် အမျိုးသားနှစ်ဦးသည် ပြည်မြို့ နဝင်း ရပ်ကွက်တွင် နေထိုင်သူများဖြစ် ကြောင်း မြို့မရဲစခန်းမှ သိရ သည်။

 ‘‘အမျိုးသားနှစ်ဦးစလုံးက စိတ်ဝေဒနာရှင် အမျိုးသမီးကို သားမယားပြုကျင့်တာ ပေါ် ပေါက်ခဲ့တဲ့အတွက် ဖမ်းဆီးပြီး ရမန်ယူစစ်ဆေးနေတယ်။ မျက် မြင်သက်သေတွေလည်း သုံးလေး ဦးလောက်ရှိပါတယ်’’ဟု ပြည်မြို့ မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top