Property Expo
×








Credit:7Day Daily

Unicode Version

 ညဥ့်နက်ပိုင်း အဖော်နှင့် ပျော်ပါးခွင့်ကစားသမားများအား တားမြစ်ထားသည်ဆိုခြင်းကို မန်စီးတီးနည်းပြ ဂွါဒီယိုလာက ငြင်းဆိုခဲ့သည်။


ယင်းသို့ စည်းကမ်းထုတ် ထားကြောင်း လာလီဂါဆီဗီလာကလပ်တွင် အငှားဖြင့် ရောက်ရှိ နေသော မန်စီးတီးကွင်းလယ် ကစားသမား ဆမ်မာနာဆရီက ပြောကြားခဲ့သည်။ သို့သော် ဘာစီလိုနာအသင်းနည်းပြဟောင်း ဂွါဒီယိုလာက ယင်းသို့ တားမြစ်သည် ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး ကစားသမားများအား  ဖို/မ ကိစ္စလုပ်ဆောင်ရန်ပင် ပိုမိုတိုက်တွန်းခဲ့သည်ဟု ပြောကြားခဲ့သည်။

‘‘ကိုယ်ရဲ့ အဖော်နဲ့ ချစ်တင်းမနှောရင် ဘောလုံးကောင်း ကောင်းကစားဖို့ မဖြစ်နိုင်ပါဘူး’’ ဟု ဂွါဒီယိုလာက ပြောသည်။

ပြင်သစ်လက်ရွေးစင်ကစား သမား နာဆရီသည် ရာသီကြို ကာလတွင် ကိုယ်အလေးချိန်ပြန် တက်လာသောကြောင့် မန်စီးတီး အဓိကကစားသမားများနှင့် လေ့ ကျင့်ခန်းဆင်းခွင့်တားမြစ်ခံခဲ့ရ သည်။

နာဆရီသည် ပြင်သစ်ရုပ် သံလိုင်းအစီအစဉ်တစ်ခုတွင် ဂွါဒီယိုလာသည် ကစားသမားများကို ကျစ်လျစ်သွယ်လျလိုပြီး ၎င်းက မက်ဆီကို ညဥ့်နက်ပိုင်းမိမိ အဖော်နှင့် ချစ်ရည်မလူးလျှင် ကြွက်သားထိခိုက်ဒဏ်ရာရရှိမှုကို ရှောင်ရှားနိုင်သည်ဟု ပြောကြား ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။

သို့သော်ဂွါဒီယိုလာက  ဘယ်သောအခါမျှ တားမြစ်ခဲ့ခြင်းမရှိ ကြောင်း ငြင်းဆိုခဲ့ပြီး ယင်းကိစ္စ ပြုလုပ်ခြင်းက ပိုမိုကောင်းသော ကစားသမားဖြစ် လာနိုင်သည်ဟု ပြောကြားခဲ့ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top