Property Expo
×

ကိုယ္ဝန္ေဆာင္ကာလမွာ ခႏၶာကိုယ္အႏွံ႔အျပား (အထူးသျဖင့္ ဝမ္းဗုိက္နဲ႔ ရင္သားနားတစ္ဝိုက္) တြင္ မွဲ႔အသစ္မ်ားျဖစ္ေပၚေလ့ရွိပါတယ္။ ရွိၿပီးသားမွဲ႔ေတြကလည္း ပိုႀကီးလာၿပီး အေရာင္လည္းပိုရင့္လာတတ္ပါတယ္။ ဒါဟာ ေဟာ္မုန္းနဲ႔ခႏၶာကိုယ္ဖြဲ႔စည္း တည္ေဆာက္ပံုအေျပာင္းအလဲေၾကာင့္ျဖစ္ရတာျဖစ္ၿပီး အမ်ားစုကေတာ့ ကင္ဆာျဖစ္ျခင္း မဟုတ္ပါဘူး။

         ညီညီညာညာရွိၿပီး အသစ္ျဖစ္ေပၚလာတဲ့မွဲ႔ေတြဟာ ကိုယ္ဝန္ေဆာင္ကာလၿပီးတဲ့အခ်ိန္မွာ ေပ်ာက္ကြယ္ သြားေလ့ရွိပါတယ္။ ဒါေပမယ့္ အရြယ္အစား၊ အေရာင္နဲ႔ ပံုသ႑ာန္ေျပာင္းလဲျခင္းေတြရွိတဲ့၊ မညီညာတဲ့ မွဲ႔ေတြေပါက္လာပါက အေရျပားအထူးကုဆရာဝန္နဲ႔တုိင္ပင္သင့္ပါတယ္။

ဘယ္အခ်ိန္မွာ မွဲ႕ေတြဟာအႏၲရာယ္ရွိႏုိင္ပါသလဲ

        မွဲ႔အမ်ားစုဟာ ကင္ဆာမဟုတ္တာေၾကာင့္ အႏၲရာယ္မရွိပါဘူး။ ရွားရွားပါးပါးျဖစ္စဥ္ေတြမွာေတာ့ အေရျပားကင္ဆာေတြထဲမွာ အလြန္ဆုိးရြားတဲ့မွဲ႔ကင္ဆာအျဖစ္ ေျပာင္းလဲသြားႏုိင္ပါတယ္။ မွဲ႔ကင္ဆာဟာ အလ်င္အျမန္ႀကီးထြားတတ္တဲ့ အမဲစက္တစ္ခုျဖစ္ပါတယ္။ အသစ္ျဖစ္လာတာလည္းျဖစ္ႏုိင္သလို နဂိုရွိၿပီးသားမွဲ႔မွ ကင္ဆာေျပာင္းလဲသြားတာလည္း ျဖစ္ႏိုင္ပါတယ္။ တခါတရံ ယားယံျခင္း၊ ေသြးထြက္ျခင္း (သုိ႔) အနီေရာင္သို႔ေျပာင္းလဲသြားျခင္းတို႔ျဖစ္ႏိုင္ပါတယ္။

          ကင္ဆာဆဲလ္ေတြဟာ အေပၚယံအေရျပားမွာပဲရွိေသးတဲ့ ျဖစ္ခါစအေျခအေနဆုိရင္ေတာ့ မွဲ႔ကင္ဆာကိုေပ်ာက္ကင္းေအာင္ ကုသႏုိင္ပါတယ္။ အကယ္၍ မကုသဘဲထားပါက ကင္ဆာဆဲလ္ေတြဟာ အေရျပားအတြင္းပိုင္းထိ ထုိးေဖာက္ဝင္ေရာက္ၿပီး ခႏၶာကိုယ္အႏွံ႔အျပားသို႔ ပ်ံ႕ႏွံ႔သြားႏုိင္ပါတယ္။

ကိုယ္ဝန္ေဆာင္စဥ္ကာလအတြင္း မွဲ႔ကင္ဆာ၏ ႐ုပ္သြင္လကၡဏာ

        ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားသည္လည္း အျခားအမ်ိဳးသမီးမ်ားနည္းတူ တူညီေသာေရာဂါလကၡဏာမ်ားကို ခံစားရေလ့ရွိပါတယ္။

1. ခႏၶာကိုယ္မွာရွိတဲ့ အစက္ေျပာက္ေတြဟာ ပံုသ႑ာန္နဲ႔အရြယ္အစားေျပာင္းလဲလာျခင္း၊ ေသြးထြက္ျခင္း၊ အနာျဖစ္ျခင္း၊ ယားယံျခင္းနဲ႔ နာက်င္ျခင္းေတြခံစားလာရပါက အေရျပားအထူးကုဆရာဝန္ႏွင့္ အျမန္ဆံုးသြားေရာက္စစ္ေဆးကုသမႈခံယူသင့္ပါတယ္။

2. ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မွဲ႔ေတြကို မိမိဘာသာသတိထားမိပါက A, B, C, D, E နည္းလမ္းျဖင့္ၾကည့္႐ႈစစ္ေဆးႏိုင္ပါတယ္။

A (Asymmetry) - မညီညာျခင္းဆိုသည္မွာ မွဲ႔တစ္ခုကို ႏွစ္ပိုင္းပိုင္းၾကည့္ပါက တျခမ္းနဲ႔တျခမ္းထပ္တူမက်တာကို ဆုိလိုျခင္းျဖစ္ပါတယ္။ ႐ိုး႐ိုးရွင္းရွင္းဆုိပါက မွဲ႔၏ပံုပန္းသ႑ာန္ကို ပံုပ်က္ေနသည္ဟုေျပာႏိုင္ပါတယ္။

B (Border) - မွဲ႔ရဲ႕ေဘးပတ္လည္ဟာ တိတိပပျဖစ္မေနဘဲ တြန္႔ေနႏုိင္ပါတယ္။

C (Color) - မွဲ႔ရဲ႕အေရာင္ဟာ အမ်ိဳးမ်ိဳးေျပာင္းလဲႏုိင္ပါတယ္။ အနီ၊ အျဖဴ၊ အျပာ၊ အညိဳ (သို႔) အနက္ေရာင္ စသည္ျဖင့္ ေျပာင္းလဲေနပါတယ္။

D (Diameter) - မွဲ႔ကင္ဆာဆုိပါက အခ်င္းဟာ 6 မီလီမီတာထက္ႀကီးေလ့ရွိေပမယ့္လည္း တခါတရံမွာေတာ့ ထုိ႔ထက္ေသးႏုိင္ပါတယ္။

E (Elevated) - မွဲ႔ရဲ႕မ်က္ႏွာျပင္ဟာ ျပားမေနဘဲ အေပၚသို႔ေဖာင္းတတ္ေနပါတယ္။

          ဒီအခ်က္ေတြနဲ႔ကိုက္ညီေနတယ္ဆိုရင္ေတာ့ အေရျပားအထူးကုဆရာ၀န္ထံ သြားေရာက္ျပသသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Drmyanmar

Unicode Version

ကိုယ်ဝန်ဆောင်ကာလမှာ ခန္ဓာကိုယ်အနှံ့အပြား (အထူးသဖြင့် ဝမ်းဗိုက်နဲ့ ရင်သားနားတစ်ဝိုက်) တွင် မှဲ့အသစ်များဖြစ်ပေါ်လေ့ရှိပါတယ်။ ရှိပြီးသားမှဲ့တွေကလည်း ပိုကြီးလာပြီး အရောင်လည်းပိုရင့်လာတတ်ပါတယ်။ ဒါဟာ ဟော်မုန်းနဲ့ခန္ဓာကိုယ်ဖွဲ့စည်း တည်ဆောက်ပုံအပြောင်းအလဲကြောင့်ဖြစ်ရတာဖြစ်ပြီး အများစုကတော့ ကင်ဆာဖြစ်ခြင်း မဟုတ်ပါဘူး။

         ညီညီညာညာရှိပြီး အသစ်ဖြစ်ပေါ်လာတဲ့မှဲ့တွေဟာ ကိုယ်ဝန်ဆောင်ကာလပြီးတဲ့အချိန်မှာ ပျောက်ကွယ် သွားလေ့ရှိပါတယ်။ ဒါပေမယ့် အရွယ်အစား၊ အရောင်နဲ့ ပုံသဏ္ဍာန်ပြောင်းလဲခြင်းတွေရှိတဲ့၊ မညီညာတဲ့ မှဲ့တွေပေါက်လာပါက အရေပြားအထူးကုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ မှဲ့တွေဟာအန္တရာယ်ရှိနိုင်ပါသလဲ

        မှဲ့အများစုဟာ ကင်ဆာမဟုတ်တာကြောင့် အန္တရာယ်မရှိပါဘူး။ ရှားရှားပါးပါးဖြစ်စဉ်တွေမှာတော့ အရေပြားကင်ဆာတွေထဲမှာ အလွန်ဆိုးရွားတဲ့မှဲ့ကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ မှဲ့ကင်ဆာဟာ အလျင်အမြန်ကြီးထွားတတ်တဲ့ အမဲစက်တစ်ခုဖြစ်ပါတယ်။ အသစ်ဖြစ်လာတာလည်းဖြစ်နိုင်သလို နဂိုရှိပြီးသားမှဲ့မှ ကင်ဆာပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပါတယ်။ တခါတရံ ယားယံခြင်း၊ သွေးထွက်ခြင်း (သို့) အနီရောင်သို့ပြောင်းလဲသွားခြင်းတို့ဖြစ်နိုင်ပါတယ်။

          ကင်ဆာဆဲလ်တွေဟာ အပေါ်ယံအရေပြားမှာပဲရှိသေးတဲ့ ဖြစ်ခါစအခြေအနေဆိုရင်တော့ မှဲ့ကင်ဆာကိုပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ အကယ်၍ မကုသဘဲထားပါက ကင်ဆာဆဲလ်တွေဟာ အရေပြားအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်ပြီး ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း မှဲ့ကင်ဆာ၏ ရုပ်သွင်လက္ခဏာ

        ကိုယ်ဝန်ဆောင်အမျိုးသမီးများသည်လည်း အခြားအမျိုးသမီးများနည်းတူ တူညီသောရောဂါလက္ခဏာများကို ခံစားရလေ့ရှိပါတယ်။

1. ခန္ဓာကိုယ်မှာရှိတဲ့ အစက်ပြောက်တွေဟာ ပုံသဏ္ဍာန်နဲ့အရွယ်အစားပြောင်းလဲလာခြင်း၊ သွေးထွက်ခြင်း၊ အနာဖြစ်ခြင်း၊ ယားယံခြင်းနဲ့ နာကျင်ခြင်းတွေခံစားလာရပါက အရေပြားအထူးကုဆရာဝန်နှင့် အမြန်ဆုံးသွားရောက်စစ်ဆေးကုသမှုခံယူသင့်ပါတယ်။

2. ကိုယ်ဝန်ဆောင်ချိန်မှာ မှဲ့တွေကို မိမိဘာသာသတိထားမိပါက A, B, C, D, E နည်းလမ်းဖြင့်ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။

A (Asymmetry) - မညီညာခြင်းဆိုသည်မှာ မှဲ့တစ်ခုကို နှစ်ပိုင်းပိုင်းကြည့်ပါက တခြမ်းနဲ့တခြမ်းထပ်တူမကျတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းဆိုပါက မှဲ့၏ပုံပန်းသဏ္ဍာန်ကို ပုံပျက်နေသည်ဟုပြောနိုင်ပါတယ်။

B (Border) - မှဲ့ရဲ့ဘေးပတ်လည်ဟာ တိတိပပဖြစ်မနေဘဲ တွန့်နေနိုင်ပါတယ်။

C (Color) - မှဲ့ရဲ့အရောင်ဟာ အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ အနီ၊ အဖြူ၊ အပြာ၊ အညို (သို့) အနက်ရောင် စသည်ဖြင့် ပြောင်းလဲနေပါတယ်။

D (Diameter) - မှဲ့ကင်ဆာဆိုပါက အချင်းဟာ 6 မီလီမီတာထက်ကြီးလေ့ရှိပေမယ့်လည်း တခါတရံမှာတော့ ထို့ထက်သေးနိုင်ပါတယ်။

E (Elevated) - မှဲ့ရဲ့မျက်နှာပြင်ဟာ ပြားမနေဘဲ အပေါ်သို့ဖောင်းတတ်နေပါတယ်။

          ဒီအချက်တွေနဲ့ကိုက်ညီနေတယ်ဆိုရင်တော့ အရေပြားအထူးကုဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Drmyanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top