Kantharyar Centre
×

အေမရိကန္သမၼတေရြးေကာက္ပြဲမွာ ေဒၚနယ္ထရန္႔ အႏုိင္ရျပီးေနာက္ လူအမ်ားက တြယ္ခ်ိတ္ေတြကို တပ္ဆင္ျပီး သေကၤတတစ္မ်ဳိးကို ျပသလာၾကပါတယ္။ မက္ေဆ့ခ်္ကေတာ့ ေရြးေကာက္ပြဲကာလတစ္ေလွ်ာက္ ေဒၚနယ္ထရန္႔ ေစာ္ကားေျပာဆုိခဲ့တဲ့ ခြဲျခားဆက္ဆံခဲ့ေသာ အုပ္စုတုိင္းကုိ သူတုိ႔နဲ႔အတူတူရွိေနတဲ့အေၾကာင္း အားေပးစကားဆုိတဲ့ အဓိပၸါယ္အျဖစ္တပ္ဆင္ေနၾကတယ္လို႔ ဆိုပါတယ္။

လူျဖဴမဟုတ္တဲ့သူမ်ား၊ လိင္တူႏွစ္သက္သူမ်ား( LGBT အုပ္စုဝင္မ်ား)နဲ႔ ထရန္႔ရဲ႕ အေမရိကကို ေၾကာက္ရြ႔ံစိတ္ပူေနတဲ့ လူအုပ္စုအားလုံးကုိ “ကၽြႏု္ပ္က သင္တုိ႔ကို အႏၱရာယ္ေပးမယ့္သူမဟုတ္ပါ။ သင္တုိ႔နဲ႔ အတူတကြရပ္တည္ႏုိင္ဖို႔ ဆႏၵရွိတဲ့လူပါ” ဆုိတာကို ျပတဲ့ မက္ေဆ့ျဖစ္ပါတယ္။ ရုိးရွင္းတဲ့ သတင္းစကားတစ္ခုျဖစ္ေပမဲ့ အစြမ္းရွိပါတယ္။

ဒီေဆာင္ရြက္မႈက ေရႊ႕ေျပာင္းေနထုိင္သူေတြနဲ႔ ဘာသာျခားေတြ၊ မတူကြဲျပားတဲ့သူေတြကို အေလးထားတဲ့ ေထာက္ပံ့ေပးခ်င္တဲ့ရည္ရြယ္ခ်က္န႔ဲ ျပဳလုပ္ေနတာျဖစ္ပါတယ္။ အေမရိကန္ သမၼတသစ္ ထရန္႔ရဲ႕ ၾကိမ္းဝါးမႈေတြေၾကာင့္ မလုံျခဳံဘူးလို႔ ခံစားေနရတဲ့သူေတြအတြက္ အေရးပါျပီး အဓိပၸါယ္ရွိတဲ့လႈပ္ရွားမႈ တစ္ခုျဖစ္ပါတယ္လို႔ ဆိုပါတယ္။ လူမႈမီဒီယာေတြေပၚမွာ လူေတြက သူတုိ႔ရဲ႕ ကိုယ္ေတြ႔ဇာတ္ေၾကာင္းေလးေတြကို မွ်ေဝထားျပီး တြယ္ခ်ိတ္ေလးေတြထုိးျပီး သတင္းစကားပါးလ်က္ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရပြီးနောက် လူအများက တွယ်ချိတ်တွေကို တပ်ဆင်ပြီး သင်္ကေတတစ်မျိုးကို ပြသလာကြပါတယ်။ မက်ဆေ့ချ်ကတော့ ရွေးကောက်ပွဲကာလတစ်လျှောက် ဒေါ်နယ်ထရန့် စော်ကားပြောဆိုခဲ့တဲ့ ခွဲခြားဆက်ဆံခဲ့သော အုပ်စုတိုင်းကို သူတို့နဲ့အတူတူရှိနေတဲ့အကြောင်း အားပေးစကားဆိုတဲ့ အဓိပ္ပါယ်အဖြစ်တပ်ဆင်နေကြတယ်လို့ ဆိုပါတယ်။

လူဖြူမဟုတ်တဲ့သူများ၊ လိင်တူနှစ်သက်သူများ( LGBT အုပ်စုဝင်များ)နဲ့ ထရန့်ရဲ့ အမေရိကကို ကြောက်ရွံ့စိတ်ပူနေတဲ့ လူအုပ်စုအားလုံးကို “ကျွနု်ပ်က သင်တို့ကို အန္တရာယ်ပေးမယ့်သူမဟုတ်ပါ။ သင်တို့နဲ့ အတူတကွရပ်တည်နိုင်ဖို့ ဆန္ဒရှိတဲ့လူပါ” ဆိုတာကို ပြတဲ့ မက်ဆေ့ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ သတင်းစကားတစ်ခုဖြစ်ပေမဲ့ အစွမ်းရှိပါတယ်။

ဒီဆောင်ရွက်မှုက ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဘာသာခြားတွေ၊ မတူကွဲပြားတဲ့သူတွေကို အလေးထားတဲ့ ထောက်ပံ့ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာဖြစ်ပါတယ်။ အမေရိကန် သမ္မတသစ် ထရန့်ရဲ့ ကြိမ်းဝါးမှုတွေကြောင့် မလုံခြုံဘူးလို့ ခံစားနေရတဲ့သူတွေအတွက် အရေးပါပြီး အဓိပ္ပါယ်ရှိတဲ့လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်လို့ ဆိုပါတယ်။ လူမှုမီဒီယာတွေပေါ်မှာ လူတွေက သူတို့ရဲ့ ကိုယ်တွေ့ဇာတ်ကြောင်းလေးတွေကို မျှဝေထားပြီး တွယ်ချိတ်လေးတွေထိုးပြီး သတင်းစကားပါးလျက်ရှိပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top