Kantharyar Centre
×
Credit:Trend Myanmar
Unicode Version
ချစ်သူစုံတွဲတိုင်းကတော့ ကိုယ့်ဘေးက ချစ်သူဟာ ကိုယ့်ရဲ့လက်တွဲဖော်အစစ် ဟုတ်မဟုတ် သိချင်ကြတာချည်းပါပဲ။ တကယ်တော့ ဘဝရဲ့ လက်တွဲဖော်၊ တကယ့်ကို ချစ်ရသူဆိုတာ ပုံပြင်ဇာတ်လမ်းတွေထဲမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ အပြင်လက်တွေ့ဘဝမှာလည်း တစ်ယောက်ကိုတစ်ယောက် တကယ်ကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးပြီး ရွှေလက်တွဲသွားကြတဲ့သူတွေ အများကြီးပါ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ရွှေလက်တွဲမြဲဖို့ဆိုတာ နားလည်ယုံကြည်မှု၊ ဖေးမမှု၊ ချစ်ခြင်းမေတ္တာ စတဲ့အရာတွေကတော့ အများကြီး လိုအပ်တယ်ဆိုတာတော့ အားလုံးအသိပါပဲ။ ကိုယ့်ကိုချစ်တာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် သူဟာ ကိုယ့်ဘဝလက်တွဲဖော် ဖြစ်နိုင်သလားဆိုတာကိုတော့ အောက်က အချက်လေးတွေက ပြောပြပေးနိုင်ပါတယ်။
၁။ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်တာနဲ့ ဘာတွေတွေးနေတယ်ဆိုတာ နှစ်ယောက်စလုံး သိနေပြီ။
၂။ သူမပါပဲနဲ့ တစ်ချို့ကိစ္စတွေကို မလုပ်နိုင်တာ မဟုတ်ဘူး။ မလုပ်ချင်တော့သလိုကို ခံစားနေရပြီ။
၃။ ကိုယ့်ကိုယ်ကို ပြောင်းလဲချင်စိတ်တွေ ဖြစ်ပေါ်အောင် သူက အမြဲလုပ်ပေးနေသလိုပဲ။
၄။ ကိုယ်ဒေါသထွက်တဲ့အချိန် ကိုယ့်စိတ်တွေ ပြန်လည်တည်ငြိမ်သွားအောင် ဘယ်လိုလုပ်ပေးရမလဲ သူသိတယ်၊ စိတ်ဖိစီးမှုတွေက လွတ်မြောက်သွားအောင် သူကူညီပေးနိုင်တယ်။
၅။ ဘယ်အရာမျိုးတွေကို သင့်ကိုဒေါသထွက်စေတတ်သလဲဆိုတာ သူအသေအချာသိတယ်။
၆။ သူနဲ့အတူရှိချိန်တိုင်း သင်ဟာ စိတ်ထဲငြိမ်းငြိမ်းချမ်းချမ်းရှိတယ်။
၇။ နှစ်နဲ့ချီ အတူရှိလာပြီးတဲ့နောက်ပိုင်း သင့်မသိစိတ်ထဲ သူသာ သင့်ဖူးစားရှင်ဆိုတာ သေချာလာတယ်။
၈။ လက်ရှိအခြေအနေကို သင်ပျော်ရွှင်ကျေနပ်နေမိတယ်။
၉။ တစ်ရက်၊ နှစ်ရက်လောက် ခွဲနေလိုက်ရတာနဲ့ သင်တို့နှစ်ဦးစလုံးမှာ ပြောစရာစကားတွေ အများကြီး ဖြစ်သွားတယ်။
၁၀။ မသိရင် မွေးကတည်းက သိလာခဲ့ကြတဲ့ လူနှစ်ဦးလိုပဲ။ တစ်ယောက်ကိစ္စ တစ်ယောက် အားလုံးသိနေကြတယ်။
၁၁။ နှစ်ဦးသား သဘောမတူတဲ့ ငြင်းခုန်ရတဲ့ကိစ္စတွေ ရှိပေမယ့် နောက်ဆုံးတော့ အမြဲတမ်း တစ်ဖက်တည်းမှာပဲ အတူရပ်တည်ကြတယ်။
၁၂။ သူတို့မိသားစုကိုလည်း ကိုယ့်မိသားစုလိုပဲ သဘောထားမိနေပြီ။
၁၃။ တစ်ယောက်အတွက် သီးသန့်အချိန် တစ်ယောက်ဘယ်လိုပေးရမယ်ဆိုတာလည်း နှစ်ဦးစလုံး သိနေကြပြီ။
၁၄။ သူနာကျင်ရင် သင်ပါ နာကျင်ရပြီ။ သူပျော်ရင်လည်း သင်ကပါ အတူလိုက်ပျော်ပေးတတ်တယ်။
၁၅။ သူကလည်း သင်လုပ်တဲ့ အူကြောင်ကြောင်လုပ်ရပ်တွေအပေါ် ချစ်စရာကောင်းတယ်လို့ အမြဲမြင်တယ်။ သင်လည်း အတူတူပဲ။
၁၆။ သင့်အိပ်မက်တွေ အကောင်အထည်ပေါ်လာစေဖို့ သူအမြဲကူညီပေးတယ်။
၁၇။ သင်တို့နှစ်ယောက်ဟာ မောင်နှမတွေလို၊ သူငယ်ချင်းတွေလို တကယ့်ကို လိုက်ဖက်တဲ့ အတွဲလို့လည်း အားလုံးက သိထားကြတယ်။
၁၈။ သင့်စိတ်ထဲမှာ သူနဲ့ဆိုရင် အားလုံးလုံခြုံနွေးထွေးသလို အမြဲခံစားရတယ်။
၁၉။ ဘဝမှာ သူနဲ့ကျမှ အရာရာဟာ အထူးတလည် ကြိုးစားလုပ်ဆောင်နေစရာမလိုပဲ အားလုံးအဆင်ပြေပြေလေး ဖြစ်နေတယ်လို့ ခံစားလာရတယ်။
၂၀။ သူက သင့်ရဲ့ကောင်းကွက် ဆိုးကွက်အားလုံးကို လက်ခံပေးပြီး ချစ်ပေးတယ်။
၂၁။ သူဟာ သင့်ဘဝလက်တွဲဖော်လို့ မသိစိတ်က ယုံကြည်နေတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top